ဦးဦးစည်ပင် ကို သားသား ပြောချင်တာပြောလို့ ရမလား ဟင် ..

ဦးဦးက ဘာမှ ပြန်မပြောတော့ သားသား ပြောတာ ဦးဦးစည်ပင် စိတ်ဆိုးရဘူးနော် ..

ဦးဦးရေ ..သားသား ပြောချင်တာ ကြာပြီ .. ဖေကြီး က နောက်မှ နောက်မှ နဲ့ အချိန်တွေ ဆွဲနေလို့ ..

အချိန်တော့ မမှတ်မိတော့ဘူးပေါ့ ဦးဦးရယ်..

ဒါပေမဲ့ သားသား မှတ်မိတာတော့ ကားလှလှ သစ်သစ် လေးတွေ ရန်ကုန် က လမ်းတွေပေါ်မှာ တွေ့လာရတဲ့ အချိန်နားမှာပေါ့ ဦးဦးရယ်..

xxxx xxxx

သြော် ပြောဖို့ မေ့ နေလို့ ဦးဦးရဲ့ .. သားသားက ရွာမ ကျောင်းလမ်း နဲ့ ဘုရင်နောင်လမ်းမ ဆုံတဲ့ နားမှာ နေတာလေ ဦးဦးရဲ့ ။။

သားသားတို့ နားမှာ ရထားလမ်းကြီးလမ်း ရှိတယ်လေ .. အဲ့ဒီ့ နား အဲ့ဒီ့ နား ..

သားသား ဖေကြီး နဲ့ မမ က ကြည့်မြင်တိုင် က သဘောင်္တွေ နားက ငှက်ပျောဒိုင် ဆိုလား .. အဲ့ဒီမှာ အလုပ်လုပ်တယ် ဦးဦးရဲ့ ..

ညနေ ဖေကြီး နဲ့ မမ တို့ ပြန်လာခါ နီးတဲ့ အချိန် ဆို သားသား က လမ်းဆုံ နားက ဘတ်စ်ကားဂိတ် ကနေ သွားသွားစောင့်တယ် လေ ။ မေကြီးနဲ့ပေါ့ ..

ဘယ် ဘတ်စကား ဂိတ်ဆိုတာ ဦးဦး သိတယ် မဟုတ်လား ..

ဟိုလေ ဟိုလေ ဦးဦးရဲ့ .. အဲ့ဒီ့ ဘတ်စကားဂိတ် နားမှာ သားသား တို့ မြန်မာ ဘောလုံး အသင်းရဲ့ လူကြီး ပိုက်ပိုက်တွေ စုတဲ့ နေရာ ရှိတယ် လေ ..

ဟုတ်တယ် ဟုတ်တယ် .. မြစ်ကြီးနံမည် နဲ့လေ .. အဲ့ဒီ့နားပေါ့ .. အဲ့ဒီ့ နားက ဘတ်စ်ကားဂိတ်ပေါ့ … ခုတော့ ဆီဆိုင်ကြီးလည်း ရှိတယ် ။။ နောက်ပြီး ကား သစ်သစ်တွေ ရောင်းတဲ့ ဆိုင်ကြီးလည်းရှိတယ် … အဲ့ဒီ့ ကားဆိုင်ကြီးရှေ့ က ဘတ်စ်ကားဂိတ် ပေါ့ ..

အဲ့ဒီ့ ဘတ်စ်ကား ဂိတ်ကြီး အကြောင်းပြောချင်တာ ဦးဦးစည်ပင် ရဲ့ ။ ဘတ်စ်ကားဂိတ် ဆိုတာ ဦး ဦး စည်ပင်တို့ ပိုင်တာ မဟုတ်လားဟင် …

နံနက်ခင်းနေရောင်အောက်မှာ

နံနက်ခင်းနေရောင်အောက်မှာ

xxxxx xxxxxx

ခုန သားသား ပြောတာ လေ .. ကားသစ်သစ် လှလှ လေးတွေ ရောက်လာ ကာစ ဆိုတာလေ ..

မေကြီး နဲ့ ဖေကြီး ကို သွားသွားစောင့်တယ် ဆိုတာလေ ..

ဟုတ်တယ် ဦးဦး စည်ပင် ရဲ့ ။အဲ့ဒီ့ ဘတ်စကားဂိတ် နောက်က ကားသစ်လှလှ ဆိုငိ မရှိခင်ကဆိုရင်လေ သားသားတို့ ဖေကြီး နဲ့ မမ ကို သွားစောင့်လို့ မိုးရွာရင် မိုးခိုစရာ ၊ဘတ်စကားစောင့် တဲ့ အိမ် လေး ရှိတယ် ဦးဦး ရဲ့ ။ အဲ့ဒါ အဲ့ဒါ ပြောချင်တာ ။။

နေပူရင် အရိပ်ခို စရာ ၊ မိုးရွာရင် မိုးခို စရာ ဘတ်စကားဂိတ် စုတ်စုတ် လေး တစ်ခု ရှိခဲ့ တယ် ဦးဦးရဲ့ .. ဦးဦး မှတ်မိမှာပါ ..

ခုန သားသားပြောတဲ့ ကားသစ်လှလှ တွေ ရောက်လာကာစ မှာ အဲ့ဒီ့ ဘတ်စ်ကားဂိတ်နောက် က ခြံဝိုင်း ဟောင်းကြီး ကို ပြင်ပါလေ ရော ဦးဦးရယ် .. ဘာလုပ်တာလဲ ဆိုတာ သားသားတို့ တော့ သိဘူးပေါ့ ဦးဦးရာ ။

နောက် မကြာပါဘူး ဦးဦးရယ် ။။ သားသားတို့ မိုးခိုနေကျ ၊ နေပူ ရှောင်နေကျ ဘတ်စ်ကားဂိတ် အိုအိုလေးကိုလည်း အဲ့ဒီ့ လူကြီးတွေ ဖြုတ် ပြစ်လိုက်ကြတယ် လေ ။ပြီး ပလက်ဖောင်းကို လှလှပပလေး ပြန်ခင်းပေးကြတယ် ဦးဦးရဲ့ ။ မြက်တွေလည်း စိုက်၊ ပလက်ဖောင်း လှလှလေးပြန်ခင်းတော့ သားသားတို့လည်း ဘတ်စ်ကားဂိတ်ကို တစ်ခြား နေရာတွေမှာ လို ဟို ဖေကြီး ပြောတဲ့ မြန်မာပြည်က အချမ်းသာဆုံး သူဌေးကြီး စက်ရုံကထွက်တဲ့ ပစ္စည်းတွေ နဲ့ လှလှ လေး ပြန်ဆောက်မယ် ထင်နေတာပေါ့ ဦးဦးရယ် ..

သားသားတို့လည်း တစ်မျှော်မျှော်နဲ့ ပေါ့ ဦးဦးရယ် ။။ မိုးတွေ သဲသဲမဲမဲရွာတော့ အရင်လို ခိုစရာ နေရာ မရှိတော့လဲ သြော် ပြန်ဆောက်မှာပါ ။ အလှည့် မကျသေးလို့ နဲ့ တူပါတယ် ။ နေတွေ ခြစ်ခြစ်တောက်ပူ လာတော့လဲ ဘာမှ ထူးတာ မတွေ့တော့ မှ သားသား ဖေကြီးတို့လည်း သဘောပေါက်လာတယ် ဦးဦးရဲ့ ။

သူတို့ ကား လှလှ ဆိုင်ရှေ့မှာ ဘတ်စကားဂိတ် မထားချင်လို့ ဖြိုပြစ် ဖျောက်ပစ် လိုက်တယ် ဆိုတာ ။

အဲ့ဒါ အဲ့ဒီလို လုပ်လို့ ရလားဟင် ဦးဦးစည်ပင် ။ ဒါက အဲ့ဒီ့ ကားဆိုင်ကြီး မရှိခင်ကထဲ က သားသားတို့ ဆော့ နေကြ ၊ မိုးခိုနေကြ နေရာလေ ။ သူတို့ က သူဌေးကြီးတွေ မို့ သူတို့ လုပ်ချင်တာ လုပ်ပစ်လိုက်တာလား ဟင် ။ ဦးဦးစည်ပင်တို့ ကလည်း ဘာမှ မပြောဘူးလားဟင် ..

ဖေကြီး ကတော့ ပြောပါတယ် ။ ငါတို့ နင်းပြားတွေ သူတို့ လုပ်သမျှခံနေရတာ ဘဲ တဲ့ ။ ဟော ကားအသစ်တွေ အသီးသီးဝင်လာတာ မုဒိတာ ပွားချင်ပေမဲ့ ငါတို့ အတွက် ဘတ်စကား အသစ်တော့ ပါမလာ။ အနားမကပ်နိုင် တဲ့ ကိုယ်ပိုင်ကား တွေ ဘဲ ပေါ။ အဲ့ဒီ့ကားတွေကြောင့် ငါတို့ ဘက်စုံ ဒုက္ခရောက်ရတယ် တဲံ့ ။ကားကြပ်လို့ အိမ်ပြန်နောက်ကျတာက တစ်မျိုး ၊ အခုလို ကား အရောင်းဆိုင်တွေကြောင့် တစ်မျိုး ၊ အမျိုးမျိုး မရိုး နိုင်အောင် ခံနေရတာဘဲတဲံ့။

ဘာတွေလဲ တော့ သားသား မသိပါဘူး ဦးဦးစည်ပင်ရယ် ။။

သားသားသိတာတော့ သားသားတို့ ဖေကြီး အလုပ်သွားရင် အလုပ်က ပြန်လာရင် နားခိုဖို့ ဘတ်စ်ကားဂိတ်လေး ပြန်လိုချင်တာပါဘဲ ။ ပြန်ဆောက်ပေးပါနော် ။ နော် ။ အခု ဆို ကမ်ဘာကြီး နေမကောင်းလို့ နေရောင်ချည်ထဲမှာ ဟိုဟို အင်္ဂလိပ်လို မြင်းခွာပုံနဲ့ ရောင်ချည်တွေ လဲ များနေတယ်တဲ့ ။ နေမကောင်းဖြစ်တတ်တယ် ပြောတယ် ။ သိလား ဦးဦး ။

နွေ လဲ ရောက်တော့မယ် ။ ပြီး ရင် မိုးတွင်းလည်း ရောက်တော့မှာ ။ အဲ့ဒီ့ အမီလေးတော့ သားသားတို့ ကို ဘတ်စ်ကားဂိတ် လေး ပြန်ဆောက်ပေးပါနော် ။ ဦးဦးစည်ပင်နော် ။

သားသား

Bus Shelter ဖျောက်ဖျက် ခံလိုက်ရတဲ့ ဘတ်စ်ကား မှတ်တိုင် မှာ ဘတ်စ်ကား စောင့်မျှော်နေသူများ

Bus Shelter ဖျောက်ဖျက် ခံလိုက်ရတဲ့ ဘတ်စ်ကား မှတ်တိုင် မှာ ဘတ်စ်ကား စောင့်မျှော်နေသူများ

ရွာမ ကျောင်းလမ်းနှင့် ဘုရင့်နောင်လမ်းထိပ် မှ Bus Shelter မဲ့သွားရှာတဲ့ မှတ်တိုင်

ရွာမ ကျောင်းလမ်းနှင့် ဘုရင့်နောင်လမ်းထိပ် မှ Bus Shelter မဲ့သွားရှာတဲ့ မှတ်တိုင်

(လွန်ခဲ့ သော တစ်နှစ်ကျော် ကတည်း က Bus Shelter အဖြို ခံလိုက်ရတာ ၊ ပြန်ဆောက်မပေးတာ သတိထား မိ ခဲ့တာပါ ။ အခု မှ ဘဲ မနေနိုင် မထိုင်နိုင် ဘာမှ မဆိုင် ။ ဘကြီးနွား ထ ကျောင်းလိုက်တာ ပါ )

About ကထူးဆန်း

has written 107 post in this Website..