Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

SEO သင်ခန်းစာ – website title tag optimization

Myanmar Web DesignerFebruary 26, 20133min3875
မင်္ဂလာပါ.. ဒီနေ့ကတော့ SEO ရဲ့ (အတိအကျ ပြောရရင်တော့ on page seo ရဲ့) အရေးကြီးဆုံး အသက်ဖြစ်တဲ့၊ title tag အကြောင်းကို ပြောမှာဖြစ်ပါတယ်။ ဒီတော့ နမူနာ website တစ်ခုနဲ့သင်ပေးပါမယ်။ နမူနာ website ကိုတော့ Singapore SEO (www.seo.sg) website နဲ့ ထားလိုက်ပါမယ်။ အဲဒီတော့ အရင်ဆုံး keyword research လုပ်ပါမယ်။ site ရဲ့ အဓိက ရည်ရွယ်ချက်က Singapore မှာ SEO ဝန်ဆောင်မှုတွေကို ပေးဖို့ပါ၊ အဲဒီတော့ ကျွန်တော်တို့ ရွေးသင့်တဲ့ အဓိက keywords တွေက SEO, Singapore SEO, Singapore SEO Service တွေဖြစ်ပါတယ်။ (တစ်ကယ်တော့ site တစ်ခုအတွက် ဒီထက်ပိုများသင့်ပါတယ်၊ ဥပမာပြတာမို့လို့ နည်းနည်းပဲ ရွေးပြထားပါတယ်)။ Target ကတော့ အဲဒီ keywords တွေနဲ့ www.google.com.sg မှာ တက်အောင်လုပ်ရပါမယ်။ဒီတော့ကာ ရော့အင့်ဆိုပြီး သင်ခန်းစာ မပေးခင်၊ title tag ရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြချင်ပါတယ်။ မပြောခင် နည်းနည်းမေးချင်ပါတယ်။ သင်ခန်းစာတွေကို ဒီအထိအောင် ဖတ်လာပြီးပြီဆိုတော့ google.com မှာ တစ်စုံတစ်ရာကို ရှာဖူးကြပါသလား? ရှာဖူးတယ်ဆိုရင်ကော ဘာတွေက ဘယ်လိုရှိလဲဆိုတာ သတိထားမိကြပါသလား? ထားမိမိ မမိမိ ကျွန်တော်ပြောပြတော့မယ်။၁။ title tag က search လုပ်တဲ့အခါမှာ ထိပ်ဆုံးက ပေါ်ပါတယ်။ သေချာရှင်းပြပါ့မယ်။ ကျွန်တော်တို့ နမူနာ ထားထားတဲ့ www.seo.sg website ကို သွားကြည့်ပါ။ Website ရဲ့ title ကို မှတ်သားပါ။ ပြီးရင်တော့ google.com.sg မှာ SEO price ဆိုတဲ့ keyword နဲ့ ရှာကြည့်ပါ။ နံပါတ်နှစ် နေရာလောက်မှာ တက်မယ်ထင်ပါတယ်။ Title tag မှာ ပါတဲ့ တူတဲ့စကားလုံးတွေကို bold လုပ်ပြီး ပြထားပါတယ်။

နောက်တစ်ခုအနေနဲ့ Myanmar Web Designer ဆိုက်ကိုသွားကြည့်ရပါမယ်။ အဲဒီ website ရဲ့ title မှာ ထည့်ထားတာက Myanmar Web Designer – SEO services, website design creator အဲဒါကို သိပြီးပြီဆိုရင်တော့ google.com မှာ ရှာကြည့်ပါမယ်။ google မှာ Myanmar SEO ဆိုတဲ့ စကားလုံးနဲ့ ရှာကြည့်ပါ။ တက်လာတဲ့ စာမျက်နှာကို ကြည့်ပါ။ အပေါ်ဆုံးမှာ ရှိတာက ကျွန်တော်တို့ title မှာ ထည့်ထားတဲ့ စကားလုံးတွေထဲက တူညီတဲ့ စကားလုံးတွေကို bold လုပ်ပြထားပါတယ်။     အဲဒီလို ကျွန်တော်တို့ ရှာတာနဲ့ ကိုက်တဲ့ result တွေ တက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ရှာတာနဲ့ တူတဲ့ ခေါင်းစဉ်ကိုပဲ click နှိပ်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ title tag မှာ ကိုယ်တစ်ကယ်တက်ချင်တဲ့ keyword တွေပဲ ထည့်ပါ။ ဒါမှ တစ်အချက် အကျိုးရလဒ်က ကိုယ့်ရဲ့ website ကို click နှိပ်တဲ့လူ များစေမှာ ဖြစ်ပါတယ်။ title tag မှာ space အပါအဝင် စာလုံး အလုံး ၆၀ လောက်ပဲ ထည့်ပါ။ စာလုံး width ကျဉ်းတဲ့ စကားလုံးမျိုး (ဥပမာ။   ။ l, i, t, j) ဆိုရင်တော့ များများထည့်လို့ရပေမယ့် ပျမ်းမျှ အလုံး ၆ဝ ပဲထည့်ပါ။ ၂။ search engine တွေက title tag ကို ဖတ်ပြီးတော့ ranking ပေးတာဖြစ်လို့ title tag က ကောင်းနေ၊ မှန်နေရင် ranking ကောင်းမယ်။ ၃။ user တွေက title မှာရေးထားတဲ့ အကြောင်းအရာတွေကို သေချာသိပြီးမှ click လုပ်နိုင်တဲ့အတွက်၊ တစ်ကယ့် အလားအလာရှိတဲ့ user မျိုးကိုပဲ ကိုယ့်ဆီ ရောက်လာစေတယ်။ (ဥပမာ။  ။အလုပ်အပ်မယ့်သူ၊ ကိုယ်နဲ့ နယ်ပယ်တူ ပူးပေါင်းလုပ်ချင်တဲ့သူ၊ စသည်..) ကဲ … ဒီလောက်ဆိုရင်တော့ title tag အကြောင်းကို ရှင်းလောက်ပြီ ထင်ပါတယ်။   website SEO နဲ့ ပတ်သတ်ပြီး အကူအညီ၊ ဆွေးနွေးမှု၊ စသည်တို့ကို လိုအပ်တယ်ဆိုရင်ဖြင့် myanmarwd@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။   Source: Website title tag optimization – Myanmar SEO Tutorials

5 comments

  • မောင် ပေ

    February 26, 2013 at 7:50 pm

    အကျယ်ဖတ်
    တကယ်တတ်
    ရှယ်လဖက်
    မဝယ်ငတ်
    ဖယ်တစ်နပ်

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 27, 2013 at 4:42 am

    လူခါးက လမ်းကြောင်းလေးတွေပဲ ပြပြပေးနေဒါပါလား…….
    ကျေးဇူးပါဗျို့…..
    ခြေရှည်လိုက်ပါ့အုံးမည်……..

  • လူခါး

    February 27, 2013 at 9:16 am

    ဟုတ်ကဲ့ … နောက်ဆိုရင်တော့၊ အပြည့်တင်ပါမယ်။ 🙂

Leave a Reply