Image0099

ပိသတ်ကြီးရယ် ဒီနေ့မနက်ရုံးရောက်တော့…
ထမနဲတွေသူများလာပို့ထားတာနဲ့.. လက်ဘက်ရည် ကျဆိမ့်တစ်ခွက်နဲ့ အလုပ်လုပ်ရင်း စားမယ်ပေါ့..ဆိုပြီး…
ရပ်ရွာထဲမလဲ လူကြီးသူမများက ရေနွေးကြမ်းသောက်ချင်းသီ ကျန်းမာရေးအတွက် ဘယ်လိုကောင်းဂျောင်း ပြောပြထားတော့..

ထမနဲလေးနဲ့ ကျစိမ့်လေးနဲ့.. ရေနွေးကြမ်းလေးနဲ့ ဆိုရင် ငါ့စည်းဇိမ် ဘယ်သူမှ မမှီဝူးဟဲ့ ဆိုပြီး.. ရေနွေး တစ်ခွက်ထဲ့…
သောက်ခါနီး တငုံမြည်းကြည့်လိုက်တော့…..

Image0100

ဟီးးးးးးးးးး
ပိုးသတ်ဆေးစော်ဂျီးနံတယ်… ရေနွေးကြမ်းက.. နာ့ပါးစပ်ထဲ တစ်ငုံဝင်သွားဘီ….
ပထမတော့… ရုံးထဲ ပိုးသတ်ဆေးများဖြန်းနေသလားပေါ့.. နောက်တော့ မဟုတ်ဝူး.. ရေနွေးကြမ်းကနံတာ…
ရေနွေးသောက်ခိုင်းသူများ နာတစ်ခုခုဖစ်ရင် လျှော်ကြေးပေးရမယ်… ခွီး.. ဆိတ်စိုးဒယ်… :evil: :gee:

အိုက်လော့..
မသေခင် ရုံးပိတ်ရက်တုံးက ဖုံးကင်မလာနဲ့လက်ဆော့ထားတာလေးတွေ တင်သွားအူးမှ…. ဆိုပီး…

Image0097

Image0096

Image0097

တိုက်ဘေးမှာ တိုက်အသစ်ဆောက်နေတာကြည့်မိတာ…
ထူးထူးဆန်းဆန်း ကန်တော့ပွဲလေးတင်ထားတာ… အုန်းပွဲ ငှက်ပြောပွဲနဲ့…

နောက်ပီး… တိုက်ဆောက်ရင် အုတ်နဲ့ပဲဆောက်တယ်ထင်တာ အရင်က.. :mrgreen:
အခု သူတို့ဆောက်တာ အောက်ခြေ တစ်ထပ်ပြီးသွားတော့ အပေါ်တစ်ထပ်ကို သုံးထပ်သားလိုမျိုး သစ်သားနဲ့ အရင် အထပ်လုပ်တယ် ပြီးတော့မှ အိုက် အပေါ်က ဘိလပ်မြေလောင်းချတာ…

တခြားလူတွေတော့ သိပီးသား ဖစ်မှာပါ … ကိုယ်ကတော့ အခုမှမြင်ပြီး အထူး အဆန်း ဖစ်နေတာ…..

အင်း.. ဘာရယ်မဟုတ် အလုပ်နဲနဲအားနေတုံးလေး .. ပေါက်ကရ ၄၀ ဟိုပြောဒီပြော….

About Wow

has written 62 post in this Website..