ညီမလေးရေ
အကိုရန်ကုန် ကို ထွက် ခွာ မယ့် ကားကြီးပေါ် တက်ပြီး အကို နေရာ ယူလိုက်တယ်။ အကိုဘေးမှာ ပစ္စည်းတွေ ချပြီး အသက် သုံးဆယ်လောက် လူငယ်တစ်ယောက်က ကားအောက် ကို ဆင်းသွားတယ် လေ။ကား ထွက် ဖို့ ငါးမိနစ် အလိုပါပဲ။ ဒီချိန်မှာ ကောင်လေးဆီကိုဖုန်းဝင်လာတယ် ။ကောင်မလေး တစ်ယောက်ရဲ့ အသံပါ။ ဖုန်းသံက ကျယ်တော့အကိုလည်း သဲ့ သဲ့ ကြား မိပါတယ် ။
ကိုကြီး ညီမလေး က နုတ်ဆက် ဖို့ ဆိုင်ကယ် နဲ့ ထွက်လာတာ ကလေး တယောက်ကိုတိုက်မိမလို ဖြစ်သွားတယ် ။ အဲ့ဒါ ဘရိတ် အုပ်လိုက်တော့
ဆိုင်ကယ်ကစက်နိုးလို့ မရ တော့ ဘူး။ ဖိနပ်လည်း ပြတ်သွားတယ် ။ အကျီ င်္ကြေသီးတစ်လုံးလည်း ပြတ် ကျသွားတယ် ။ ခြေဖမို့ လေး လည်းပေါက်သွားတယ်ကိုကြီး…တဲ့။
ဒီမလေးရေ အကို နားမှာ ကပ်ပြောနေကြတော့ အကို လည်းကြားမိပါတယ်ကွယ်။ကောင်မလေး စကား ဆုံးတော့ ကောင်လေးက
မင်းဘာဖြစ်သွားသေးလဲ..အကို ပြန်လာမယ် ..ခြေတောက် က တော် တော် များလားစသဖြင့် ညီမလေးရယ် ကောင်လေးက ပူ ပင်နေလိုက်တာ
သူ့မျက်နှာမှာချွေးတွေစို့ လို့ အော် အချစ်ရဲ့ အားတွေ နဲ့ အသွင်ပြောင်းလို့ ပူပင် မှုကို ဖြစ်စေတယ်တယ် ထင်ပါတယ်
ညီမလေးရယ်။ခဏကြာတော့ ကောင်မလေး ရောက်လာတယ် ထွက် ခွာ ဖို့ စတင်နေတဲ့ကားဘေးမှာ ဆိုင်ကယ်လေးနဲ့ ပြီးတော့ မှန် လုံကားပေါ်က သူ့
အကိုဆိုတာကိုဖုန်း နဲ့ ပြောနေတယ် ။
အကို စိတ်ပူမှာ စိုးလို့ မှီအောင်လာရတာ..ဘာမှ မဖြစ် ပါဘူးသွားပါစိတ်ချမ်းသာအောင်သွားနော်တဲ့ ။
ညီမလေးရယ် ဘယ်လောက်လှ လိုက် သလဲ။ တယောက်နဲ့ တယောက် စိတ်ပူမှာ စိုးလို့ ပြောနေကြလိုက်တာ အော် ..စိတ်ပူတာအချစ်ပဲလေ။ကောင်လေးကလည်းသူ့ ချစ်သူကို ခြေဖမို့က မပြောလောက် တဲ့ ဒါဏ်ရာလေးကို ဆေး ထည့် ဖို့ ဂရုစိုက် ဖို့မှာနေ
လိုက်တာညီမလေးရယ် တကယ် နွေးထွေးစေပါတယ်။
ညီမလေးရေ အချစ်မှာ အား တူ ဖို့ မလွယ်ပါဘူး။ အခုလို ခွန် အား တူတဲ့အချစ်နဲ့ ချစ်နေလိုက်ကြတာ အကိုတော့ အားရပါတယ်။ တခါက အကို မြင် ဖူးတဲ့ကောင်မလေးကတော့ သူ့ ချစ်သူက ခရီး သွားတော့ မယ် ဆဲဆဲ မျက် ၀န်း လေး ခဏမြင် ချင် လို့ တဖွဖွ တောင်းဆိုတာတောင် လိုက် မလာရှာပါဘူး။ကောင်လေး ခမျာကား ဂိတ်ကနေ အဝေးကိုမျှော် လို့ လာနိုး ငယ် မျှော် ခဲ့ရရှာတယ် ။
အချစ်မှာ အား မတူတာလို့ အကို ဆိုချင်ပါတယ်။ ညီမလေးလည်း အချစ်ကိုသေချာရွေးချယ် ပါ တယောက်နဲ့ တယောက် သေချာ ချစ် ကြဖို့ မလွယ်တဲ့ လောကကြီး ထဲမှာချစ်ခြင်း တူရာကို ရွေးပါ ညီမလေးရယ်။ နောက် တစ်ယောက်ကတော့ ဝေးကွာခြင်းဒါဏ်ရာနဲ့ လွမ်းဆွတ် မှုတွေကြုံတွေ့နေရတဲ့ အခါ သူ့ ချစ်သူဆီ ဖုန်း ဆက်နေတယ် ။ အကိုက မေးတယ် မင်းကွာ..ဖုန်း ဆက်တော့ ပိုက် ဆံကုန်တာပေါ့ တခါ လောက် ဆက်ရင် လည်းရသားနဲ့ဆိုတော့ အကိုရယ် ကျွန်တော်က သူ့ အသံလေးနဲ့ ခွန်အား ဖြစ်နေတာပါ၊ သူ့အသံနဲ့ မြို့ပြ ကြီးမှာ ရဲဝံ့ နေတာပါတဲ့
..ကဲ ညီမလေး ဘယ်လောက် လှပတဲ့ နှလုံးသားလဲ။ တကယ် ချစ် တော့ စွဲ လန်း မှုကိုအသံ လေး နဲ့ အား ဖြည့် တာဆိုပဲ။ညီမလေးရေ ဒီ ခေတ်ကြီးထဲမှာအကိုကတော့သူမှသူဆိုတဲ့ အစွဲ ရှိတဲ့ ချစ်မေတ္တာရှင်တွေ နည်းနည်း ရှားကုန်ပြီ လို့ပြောချင်ပါတယ်
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာ လေး တစ်စ အမှတ်ရ မိပြန်တယ်
ချစ်ခြင်းတစ်စ
သမုဒယအပူ
သူ့မှ သူဆိုတဲ့ အစွဲ..တဲ့

ညီမလေးရေ့ မျက်နှာ များ ကြသူတွေ ကြားထဲ ဒီလို အလွမ်းနဲ့ စွဲ လမ်းမှုကိုအကို လေးစားပါတယ်။လူနှစ်ယောက် ဟာ စကားပြောဖေါ် ခံစားဖေါ် ဖြစ်မှ အေးတူပူအမျှ ဖြစ်နေမှ ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ လှပ မယ် မဟုတ်လား။
အကို စိတ်ထဲ အမျိုးသမီး လေး တယောက်ကို အမှတ်ရ မိပြန်တယ် ညီမလေး။သူကအသံသာတယ် ချိုသာတဲ့စကားကို ပြောတတ်တယ်။သို့သော် ချစ် တယ် ဆိုတာကိုသူမသိဘူး။ အလေး အနက် မထား ခဲ့ ဘူးလေ။ သူ့ ဘ၀မှာ အချစ် ဆိုတာကို
ခပ်ပေါ့ပေါ့ပဲ တွေး ထား ပါတယ်။ လောက ကြီးရဲ့ လက် ညှိုး ညွှန်ရာရေ ဖြစ် တတ်တဲ့ သဘာဝကို ပဲ သူ အထင်ကြီး တယ်။
ညီမလေး လည်း လောကီ လောကုတ္တရာနှစ်ဖြာကိုတွေးပါနော် ။ အခုလို အရွယ် ငယ်တုန်းမှာ တွေးခေါ် စဉ်းစား မှုတွေနဲ့ ဘ၀ကို ဘယ်လို ထူထောင် မလဲတိုးတက်အောင် ဆောင်ရွက် မလဲ၊ ပြီးတော့ မှန်ကန်မှု သစ္စာတရားကို အသက် နဲ့ထပ်တူချစ် မြတ်နိုးပါနော် ။ဘယ် အရာ ဆိုပေါ့ပေါ့
မတွေးပါနဲ့လို့အကိုပြောပါရစေ
ညီမလေးရေ လူ့ ဘ၀ဟာ တိုတောင်း လွန်းပါတယ် ဒီတိုတောင်း တဲ့ဘ၀လေးမှာကိုယ့် ရဲ့ လမ်းကိုကိုယ်ရွေးဒတဲ့ အခါ အသံတူ တဲ့ သူအချင်းချင်း ၊
ဝါသနာတူသူချင်း ပဲ လက်တွဲ လို့ ရှည် ကြာ မယ်လို့ အကို ထင် မိပါတယ်။
နောက် အချစ်ကြီးချစ်တတ်သူ တစ်ယောက်အကြောင်းကို ပြောချင် သေးတယ်ညီမလေး။သူက အကို့ တပည့် ကဗျာ ဆရာလေးပါ။ သူသိပ် ချစ် တဲ့ ကောင်မလေးကသိပ် စကား တတ်တယ် ။ ဗျူ ဟာ သိပ်ကောင်းတယ် လေ။
စကားလုံးတွေ ချွဲ နွဲ့ တတ်တော့ ကဗျာဆရာလေးလည်း တွယ် တာနှောင်ဖွဲ့ သိပ်ချစ် ခဲ့တယ် ။မောင် .. သိပ် လွမ်းတယ် ကွယ်…. မောင့်ကို သတိရနေတာဒါမျိုးတွေ ပြောတတ် တယ် လေ။ တနေ့ ခရီး တခုကို သွားတော့ အကို တပည့်ကဗျာဆရာလေးက ဖုန်း ပြောနေပါတယ်။ ဖုန်းထဲ ကဗျာလေးတွေရွတ်ပြ တဖက်က လည်းသံသာ ကြည် မြ တဲ့ စကားတွေနဲ့ ။သူတို့ ရဲ့ အချစ်ကို အကိုတော့ စံ တင်
ခဲ့ပါတယ် ညီမလေး။
ခရီးတခု သွားရတာ ကျန် ရစ်ခဲ့ တဲ့ ချစ်သူကို အရမ်း သတိရ တယ် ဆရာတဲ့ ။အလွမ်းကို ဖေါ်ကြူး ပြ သေးတယ် ညီမလေးရယ်။ညီမလေးက ပြောအုံးမယ် အချစ်ဆိုတာ ဘ၀ရဲ့ လက်ညိုး ညွှန် ရာ အောက်မှာပျောက် ဆုံး တာပဲ လို့ ။ တယ်သေချာ တွေးရင် ချစ် ခြင်းတူ ဖို့ လိုတယ် ။ဘ၀ဆိုတာကို သေချာ တိကျ စွာ လှပအောင် ပုံဖေါ်တဲ့ နေရာမှာ စစ်မှန်တဲ့ အချစ်ဆိုတာ လည်း လိုပါတယ် ညီမလေးရယ် ။လောက အလှ ဆင် ဖို့ ၊ တွယ်ရာမဲ့လူသားတွေကို လွတ်လပ်မှုနဲ့ တရား မျှတမှု ဘက်ကို ဆွဲခေါ် ဖို့ လို အပ် သလို
ကိုယ့် နှလုံးသား ပျော်ရွှင် ဖို့ လည်း လို အပ် တယ်လို့ အကိုထင်ပါတယ်။ကဗျာဆရာလေးနဲ့ အကို ခရီးက ပြန်လာတော့ ဝေးကွာနေတဲ့ သူ့
ချစ်သူရဲ့ မျက်ဝန်းလေးကို သူမြင်ချင် ၇ှာတယ် တဲ့ ။ ဒီတော့ ဖုန်း ဆက်ပြီးအိမ်ရှေ့ ကို ည ၁၀နာရီလောက် ခဏ ဆင်းပါ လို့ နှစ်မိနစ်လောက်လေးပါ သူကြည့်ပါရစေ တဲ့ ။ ညီမလေး က ပြောအုံးမယ် အဖြစ် သည်း လိုက်တာလို့ ။ အကိုကတော့ခံစား ပေးလို့ရပါတယ် ။ တကယ် စွဲ လမ်းသူတယောက်မို့ သူ ကတွေ့ ချင်ရှာတာပါ။ဒီလောက် စွဲ လမ်း နေရင်တော့ ဝေဒနာ၇လိမ့်မယ် ဆိုတာ လည်း အကိုသတိပေးခဲ့ပါတယ်။အစွဲ အလမ်းဟာ လူကို တွေဝေစေတယ်။ လွမ်းစိတ်ဟာထိုင်းမှိုင်းစေပါတယ် ။ တရား သဘောနဲ့ ကြည့်ရင် တော့ စွဲ လမ်းစိတ်ကိုပါးအောင် ပယ်သတ်ရမယ် လို့ အကို သတိပေး ခဲ့ပါတယ် ညီမလေးရယ်။ ဖုန်း ဆက်တော့ ကဗျာဆရာလေးရဲ့ ချစ်သူက လူတွေ အမြင်မှာ ဘာထင် မလဲ
..ဒီလို ခိုးကြောင်ခိုးဝှက် မလုပ်ချင်ဘူးလို့ ပြန်ြေ့ပာတယ်။ သူ့ ဘက်ကလည်းမှန်ပါတယ် လေ။ ကောင်မလေးက အဆောင် မှာနေတာ
အလုပ်လုပ် ရင်း အဆောင် သဘော သူငယ်ချင်းတွေ စုငှားနေကြတာလေ။ သူငယ်ချင်းတွေ တစ်မျိုး ထင် မယ် တဲ့။ အကိုကတော့ ကဗျာဆရာလေးရဲ့ ချစ်သူလေးကိုလေးစား မိပါတယ်ကွယ် ။ ကဗျာဆရာလေးက တော့ ပေါက်ကွဲ နေပါတယ်။ညီမလေးဆိုဘယ်လို စဉ်းစား ပေးမလဲ။
ညီမလေးရေ ချစ်သူကို တကယ် ချစ်ပါ။ အေးအတူ ပူအမျှ စိတ်နဲ့ခံစားဖေါ် အဖြစ် နေထိုင်ပေးပါ နားလည် တတ်သူ အဖြစ် နဲ့ ချိုသာတဲ့ စကားတွေ ပြောပါ။ဘ၀မှာလက်တွဲ ဖေါ် ဟာ အေ၇းကြီးပါတယ် ။ သို့သော် မိန်းကလေး တစ်ယောက်ရဲ့
ရှိသင့်တဲ့ ကိုယ်ကျင့်တရား ကိုတော့ လက် ကိုင် ထား၇မယ် ။အရှက်တရားအကြောက်တရား ဆိုတာ ၇ှိရမယ် ညီမလေး။ မိန်းကလေး တစ်ယောက်ရဲ့ အလှ ဟာ သူ့ရဲ့သိက္ခာပဲ မဟုတ်လား။
ညီမလေး လည်း စကားပြောတိကျပါစေ၊ ချစ်သူတယောက် ကို သေချာ ဆန်းစစ် ဝေဖန်
နိုင်ပါစေ။ ကိုယ့် အလှကို ကိုယ် ထိန်းလို့ သတိတရားနဲ့ လောက အလယ်မှာ တည်
ငြိမ်သူ ၊ လေးစားလောက်သူ ဖြစ်ပါစေလို့ အကို ဆန္ဒပြု လိုက်ရပါတယ်ကွယ်။

About htet way

has written 133 post in this Website..