ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူကို  ၁၀.၃.၂၀၁၃ နေ့မှာ အောင်မြင်စွာနဲ့ သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်၊ ရွာသူားအပေါင်းလည်း သာဓုခေါ်ကုသိုယ်ယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်၊

သာကေတမြို့နယ် ၊ (၁၀) မြောက်ရပ်ကွက်ထဲက ၊ ငှက်ပျောကျွန်း သီလရှင် ပရိယတ္တိစာသင်တိုက်နှင့်နယ်စပ်ဒေသတိုင်းရင်းသူလေးများစောက်ရှောက်ရေးနှင့် ပညာသင်ကြားရေးကျောင်းဖြစ်ပါတယ်

ကျောင်းရဲ့မျက်နှာစာ – photo from အိတုံး

485975_10151386829148371_553863922_n

ကျမတို့ ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ ဆရာလေးဒေါ် ဥတ္တရဉာဏီ နဲ့ ကလေးအချိုသာတွေ့ခဲ့၇ပါတယ်ကျန်တဲ့သူတွေကတော့ဘုရားဖူးသွားကျတယ်လို့ ပြောပါတယ် ဆရာလေးကိုပဲသိချင်တာလေးတွေမေးပြီး စာရေးကိရိယာပစ္စည်းတွေနဲ့ လှူငွေနဲ့ ကိုပေရဲ့ဒါန SEIKO နာရီ ကို လှူဒန်းခဲ့ပါတယ်

ကိုပေရဲ့ဒါန- photo from အိတုံး

404_10151386829088371_1135173398_n

စာရေးကိရိယာပစ္စည်းတွေ

IMG_20130310_085058

IMG_20130310_085742 အပြုံးကိုယ်စီIMG_20130310_085551

 

ဆရာလေးဒေါ် ဥတ္တရဉာဏီိရဲ့ပြောပြချက်အရသိခဲ့တာတော့

ဒီကျောင်းလေးကို (၁၉၉၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ ကျောင်းမှာ ပညာသင်ကြားပေးပါတယ်

အလယ်တန်းကလေးတွေကို ဗက ကျောင်းတွေမှာ ပညာသင်ကြားစေပါတယ်

မူလတန်းနဲ့ အလယ်တန်းတွေကို သီလှရှင်ဝတ်နဲ့ထားပြီး

အထက်တန်းကလေးတွေကိုတော့ လူဝတ်နဲ့သာနေစေပြီး

အထက(၄) သာကေတမှာ ပညာသင်ကြားစေပါတယ်

ကျောင်းသားစုစုပေါင်း ၁၀၀ကျော်ကျော်လောက်ရှိပါတယ်

မူလတန်း ၂၅ ၊ အလယ်တန်း ၆၇၊ အထက်တန်း ၇ယောက် နဲ့

တက္ကသိုလ် ၃ ယောက်ရှိတယ်လို့သိခဲ့ရပါတယ်

ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်စန္ဒာသီရိနဲ့ ဆရာလေးဒေါ်ဥတ္တရဉာဏီ တို့နှစ်ပါးဖြစ်ပါတယ်

ဒါ့အပြင် မူလတန်းပြဆရာမ ၅ယောက်ရှိပြီး

၂ယောက်ကတော့ ငှက်ပျောကျွန်း သီလရှင်ကျောင်းထွက်များဖြစ်ပြီး

ကျန်၃ယောက်ကတော့ အပြင်ကငှားရမ်းထားတာလိုသိခဲ့ရပါတယ်

ဆရာမတစ်ယောက်ကို လစာ ၅၀၀၀၀ပေးပါတယ် ၄၀၀၀၀ကိုတော့ Shine Hope Co. မှထောက်ပံ့ပေးပြီး ကျန်၁၀၀၀၀ကိုတော့ ကျောင်းမှပေးကြောင်းသိခဲ့ရပါတယ်

ကျောင်းရဲ့တစ်လကုန်ကျစရိတ်ကတော့ ၅သိန်းအထက်မှာရှိပါတယ်တဲ့

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့ပေါင်းများစွာ၇ဖို့အတွက် တစ်စေ့ကနေစတင်၇မှာပဲဖြစ်ပါတယ်

အနာဂတ်ကြယ်လေးတွေအလင်းရောင်တောက်ပစေဖို့ စွမ်းနိုင်သမျှကူညီိကျပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်

ဂုဏ်ပြုမှတ်တမ်း

IMG_20130310_085914

ဥယျာဉ်မှူးတို့ရဲ့လက်များ- photo from ကိုမတ်

New Image

မေးစရာရှိတာတွေမေး၊ လှူစရာရှိတာတွေကိုလှူ၊ ရိုက်စရာရှိတာတွေရိုက်၊

ကျောင်းထဲမှာရှိတဲ့ အင်းကြင်းပန်းတွေကို ခူးပြီး သကာလမှာတော့  အားလုံးပဲ အသီးသီးအိမ်ပြန် လမ်းခွဲခဲ့ကြပါတယ်။ ဒါဇင်ပလပ်ရဲ့ အဌမအကြိမ်မြောက်  ပညာရေးအလှူတစ်ခု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။

န၀မအကြိမ်ကို လက်ကမ်းကြိုရင်နဲ့ ၀မ်းသာပီတိတွေကတော့ အဖွဲ့သားတိုင်းရဲ့ နှလုံးသားမှာ စီဆင်းနေမယ်ဆိုတာအမှန်ပါပဲရှင် ၊

 

လေးစားစွာဖြင့်………..

ဒါဇင်ပလပ်အဖွဲ့သူ၊ အဖွဲ့သားများ

dozenplus-h-logo

 

 

 

(www.dozenplus.org)

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011