1အစိမ်းအ၀ါနှောပါလို့ရောတိရောရာ

1အစိမ်းအ၀ါနှောပါလို့ရောတိရောရာ

2 ရွက်ဝါလွင်လွင် ရွက်နုနီကျင်ကျင်

2 ရွက်ဝါလွင်လွင် ရွက်နုနီကျင်ကျင်

3ရွက်နုတွေဝေနေပုံက အားရပါးရ

3ရွက်နုတွေဝေနေပုံက အားရပါးရ

 

4 သစ်လွင်စ

4 သစ်လွင်စ

5 တိုးထွက်သစ်လွင်

5 တိုးထွက်သစ်လွင်

 

6 ဖူးသစ်စ နုနု ကြွကြွ

6 ဖူးသစ်စ နုနု ကြွကြွ

7နီလွင်လွင်

7နီလွင်လွင်

 

“စွန့်ခွာခြင်းအ၀ါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း ”

 

ကျောက်တော်ကြီးဘုရားထဲကိုရောက်တော့ ဘုရားပုရ၀ုဏ်ထဲမှာလှည့်ပါတ်ကြည့်ရင်း

အစိမ်းအ၀ါတွေရောနေတဲ့ ညောင်ပင်ကြီးကိုမြင်ရပါတယ်။

အနီးနားကို အသေအချာကပ်ကြည့်လိုက်တော့ ပုရစ်ဖူးချီနေတဲ့ ရွက်သစ်နီနီလေးတွေကိုတွေ့ရပါတယ်။

နေ့လည်ပိုင်းကျုံးနံဘေးရောက်ပြန်တော့လည်း ညောင်ပင်မှာရွက်သစ်နီကျင်ကျင်လေးတွေရော

ဖူးစပြုနေတဲ့ ရွက်စိမ်းနုလေးတွေကိုမြင်ရပြန်ပါတယ်။

ကျနော်တို့လိုလူသားတွေက သာ အပြောင်းအလဲတွေနဲ့ အလုပ်ရှုပ်နေပေမယ့်

သဘာဝတရားကြီးကတော့ ပုံမှန်လည်ပါတ်နေမြဲပါဘဲ။

အချိန်တန်ရင် ရွက်ဝါအဖြစ်ကြွေသွားမယ်။

ရွက်သစ်တွေပရစ်ဖူးတွေထွက်လာမယ်။

နောက်ရင့်ကျက်လာတော့ စိမ်းမယ်။

ပြီးရင် ရွက်ဝါအဖြစ်ဘ၀ပြောင်းမယ်။

 

ဒါပေမယ့် ရွက်သစ်နုတွေကနေ အစိမ်းဘ၀ကို မကူးပြောင်းမီ ဘယ်လောက်များ ကြွေလွင့်သွားပါသလဲ။

ရွက်စိမ်းဘ၀ကနေ ဘယ်လောက်များ အချိန်မတိုင်မီလွင့်ပါးသွားခဲ့ပါသလဲ။

သစ်ပင်တစ်ပင်လုံးက ရွက်စိမ်းတွေရွက်ဝါဘ၀ကိုအားလုံးပြောင်းကုန်သွားပါသလား။

လို့မေးခွန်းတွေမေးမိတော့

မင်းတို့လူသားတွေရော ငါတို့လိုဘဲလား

လို့ ပြန်မေးတာခံလိုက်ရပါတယ်။

ကဲ ဘယ်လိုဖြေကြမလဲဗျာ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

21-3-2013

 

8လာပြီနော်

8လာပြီနော်

 

 

9 အလုအယက်

9 အလုအယက်

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။