1 အေးမြသော အရိပ်တွေပေးတဲ့ ထနောင်းပင်စိမ်းစိမ်း

1 အေးမြသော အရိပ်တွေပေးတဲ့ ထနောင်းပင်စိမ်းစိမ်း

2 ရင်ထဲထိထိုးဖောက်သွားတဲ့အစိမ်း

2 ရင်ထဲထိထိုးဖောက်သွားတဲ့အစိမ်း

 

3မြင်သမျှစိမ်း

3မြင်သမျှစိမ်း

 

“စိမ်းမြအေးရိပ်တွင် တစ်မှေးအိပ်စက်ခြင်း”

 

တစ်စထက်တစ်စ

ပူနွေးလာသော ကမ္ဘာမြေ။

ရေခဲတောင်တွေ

အချိန်မတော် ပျော်ကျ

ရေကြီးတဲ့နေရာကြီး။

မိုးခေါင်တဲ့နေရာခေါင်

လေတိုက်သောနေရာတိုက်

မြေပြိုတဲ့နေရာပြို

ဖြစ်လိုက်ပြီဆိုမှ အသဲအသန်

ယိုယွင်းလာသောဥတုရာသီနဲ့အညီ

မမျှတသောအဖြစ်အပျက်များ

ရှောင်လွှဲသွားချင်လို့မရ။

 

ဖြစ်ချင်သလိုဖြစ်နေတဲ့လောက

မမျှတခြင်းများနဲ့အမြဲကြုံ

ပေါများသူ ပေါသထက်ပေါ

ခက်ခဲသူခက်သထက်ခက်

ဘက်လိုက်တဲ့လောကပါလ

တိုင်တည်စရာလူမရှိ

သိသိကြီးနဲ့ငုံ့ခံ

လောကဓံဆိုတာ ဒါမျိုးပေါ့။

 

သဘာဝကအဆစ်ပေးလိုက်တဲ့

ဝမ်းလေးတစ်ထွာ၊

ဆန့်လိုက်တော့ အူဂင်္ဂါ

ငြိမ်သက်အောင်ဖြည့်စွက်

ခက်ခဲတဲ့နေ့စဉ်။

-ရှာရဖွေရ

မောပါ့ အချိန်တိုင်း

ခေါင်းတွေပူ

ကိုယ်တွေကိုက်

စိတ်တွေနာ

ကြံရာမရ။

လာမယ့်ဘေး

ပြေးတွေ့လို့ရအောင်

စိမ်းမြသောသစ်ပင်ရိပ်

ခဏလေးမှေးအိပ်လိုက်ပါအုံးမယ်။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

22-3-2013

 

4 အစိမ်းပေါ်အစိမ်းဆင့်

4 အစိမ်းပေါ်အစိမ်းဆင့်

5 အစိမ်းကို အစိမ်းအုပ်မိုး

5 အစိမ်းကို အစိမ်းအုပ်မိုး

 

6 အစိမ်းထဲမှာအပြာ ကြည်နူးစရာ

6 အစိမ်းထဲမှာအပြာ ကြည်နူးစရာ

7 နားခိုစရာ အပင်စိမ်းစိမ်းများ

7 နားခိုစရာ အပင်စိမ်းစိမ်းများ

 

 

 

8ပြောင်းခင်းစိမ်းစိမ်း

8ပြောင်းခင်းစိမ်းစိမ်း

 

9 ဒီအစိမ်းလေးမြင်တော့ စားချင်လို့ သွားရည်တွေတောင်ကျလာသလိုလို

9 ဒီအစိမ်းလေးမြင်တော့ စားချင်လို့ သွားရည်တွေတောင်ကျလာမိပါရဲ့

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။