ကောင်းကင်ပြာကြီး အောက်မှာ …

Snow Wonderland …

မှတ်မှတ်ရရ  9/3/2013 နေ့မှာ ရုံးကညီမလေးတစ်ယောက် မင်္ဂလာဆောင်ကအပြန် သမီးက ၀င်ပါ့မယ်လို့ပူဆာ နောက်မှလာရအောင်ဆိုတာလဲ ပြောမရလို့ ရောက်ခဲ့ရတဲ့ နေရာလေး…

နှစ်ယောက်သား လက်မှတ်ဝယ်၊ အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ၀တ်ဆင်ပြီး ခန်းမကြီးထဲ အ၀င်မှာ

အေးစိမ့်သွားတဲ့ခံစားမှုနဲ့အတူ့ လှပတဲ့မြင်ကွင်းလေးတွေကြောင့် ပျော်ရွှင်သွားခဲ့ရပါတယ်…

1…မနှင်းဖြူလေး

1…မနှင်းဖြူလေး

2…ရေခဲရုပ်တုများ

2…ရေခဲရုပ်တုများ

3…ရေခဲအိမ်

3…ရေခဲအိမ်

4…နှင်းလျှောစီးကြမယ်

4…နှင်းလျှောစီးကြမယ်

5…ပိုလာဝက်ဝံ

5…ပိုလာဝက်ဝံ

6…သမင်များနှင့်

6…သမင်များနှင့်

…7…စန်တာကလော့

…7…စန်တာကလော့

…8…၀င်ပေါက်လေး

…8…၀င်ပေါက်လေး

9…ရေခဲနန်းတော်

9…ရေခဲနန်းတော်

10…ရေခဲပန်းအိုး

10…ရေခဲပန်းအိုး

 

အထဲမှာ အတော်ကိုအေးပါတယ်… အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ၀တ်ဆင်ထားပြီး

လွတ်နေတဲ့ လက်တွေကအေးလွန်းတော့ ကိုက်ခဲလာသလိုပါပဲ…

အပြင်မှာ လက်အိတ်ရောင်းသည်လို့ စာကပ်ထားတာကိုခုမှပဲသဘောပေါက်ရပါတော့တယ်…

မြန်မြန်ဆန်ဆန်လျှောက်ကြည့် ဓာတ်ပုံရိုက် သမီးကို နှင်းလျှောစီးမလားဆိုတော့ ချမ်းတယ်တဲ့…

ပြန်ထွက်တော့မယ်တဲ့လေ အထဲမှာ မိနစ်နှစ်ဆယ်လောက်ပဲ ကြာခဲ့တာကိုအတော်အေးတယ်…

တစ်ကယ့်ရေခဲတောင်ပေါ်များအကြာကြီးနေရရင်မလွယ်…

ဒါပေမယ့် မဲမှောင်နေတဲ့ အမိုးခုံးကြီးကိုမော့ကြည့်ပြီး စိတ်ကူးမိတာကတော့ ဒီလိုရေခဲတွေနှင်းတွေနဲ့

ကောင်းကင်ပြာကြီးအောက်မှာ ပျော်ရွှင်ခွင့်ရခြင်ပါသေးတယ်လေ….

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..