Gmail လို့ ပြောလိုက်တာနဲ့  ပထမဆုံး ပြေးမြင်မိတာကတော့ ကာလာစုံ ဂူးဂဲလ် လိုဂိုနဲ့  ဖရီးကျိတ်လို့ ရတဲ့ ဂူးဂဲလ်မေးလ် ခေါ် ဂျီမေးလ် ပါပဲ… ဆယ်စုနှစ်တခုစာ လူသုံးများလာတဲ့ ဂျီမေးလ် ဟာ မကြာခင်မှာပဲ ပြောင်းလဲမှူ တော်လှန်ရေးတခုကို စတင်တော့မယ်လို့  စကားပျိုးလိုက်ပါတယ်….. http://gmail.com/blue မှာ ပြောထားတဲ့ အဆိုအရ ဂျီမေးလ်ဘလူး ရဲ့ ထူးထူးခြားခြား ပြောင်းလဲချက်ကတော့ အပြာရောင်ပါပဲ… စာသား မီနူးလ်ဘား စာကိုယ် ပုံ အစ အားလုံးဟာ အပြာရောင်နဲ့ အဖြူရောင် ရောရောကိုသာ မြင်တွေ့ ရဖွယ်ရှိပါတယ်…. သူတို့ ဟာ အညိုရောင်နဲ့  လိမ္မော်ရောင် တို့ ကိုလည်း စမ်းကြည့်ဖူးတယ်လို့  ပြောပါတယ်… ဒါပေမယ့် ရလဒ်ကတော့ ဆိုးဆိုးဝါးဝါးပါပဲ… အပြာရောင်ကို သုံးရတဲ့ ရည်ရွယ်ချက်တော့ ကောင်းကင်နဲ့ ပင်လယ်ပြင်တို့ နဲ့  သဟဇာတ ဖြစ်လို့  ကြာရှည်စွာသုံးနိုင်မယ်လို့  ယူဆရတယ်လို့  ဆိုထားပါတယ်…. သူတို့ ဟာ ဂျီမေးလ်ဘလူးကို ဖန်တီးဖို့  အချိန်ခြောက်နှစ်ယူခဲ့ရတယ်လို့  ဆိုပါတယ်…. စိတ်ဝင်စားစရာပါပဲ… တချို့ ကတော့ အေပရယ်ဖူးလ် လို့ ပြောနေပါတယ်…. ကျွန်တော်ကတော့ မထင်ပါဖူး… ဒါဟာ ဂူးဂဲလ်ရဲ့ လုပ်သင့်တဲ့ တော်လှန်ရေးတခုလို့ မြင်ပါတယ်… ဘာဖြစ်လို့ လဲဆိုတော့ ပန်းသီးလို့  အထင်ကရတောင် သူတို့ ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ရသေးတာပဲလေ… ဒီဇိုင်းဆိုတာ အပြောင်းအလဲရှိမှ လူတွေကို ရိုးအီ မသွားစေဖူးလို့ ယူဆပါတယ်… ဘယ်လောက်ကောင်းတဲ့ ဒီဇိုင်းပဲဖြစ်ဖြစ် တချိန်တော့ ပြောင်းသင့်တာပဲလေ…. ဒီ ဒီဇိုင်းကြီး တကယ်ဆို ဆယ့်လေးနှစ်လောက်ရှိပါပီ…. ကျွန်တော်ကတော့ Gmail Blue ကို သုံးဖို့ ရင်ခုန်နေရပါပီ… ရွာသူား တွေကော ဘယ်လိုလဲဗျာ….

ခင်လျက်

တိမ်မည်း

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........