ပြီးဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက ၂၀၁၀ ကမ္ဘာ့ဖလားကို စပိန် ကပထမ ဟော်လန်ကဒုတိယနဲ့ ဂျာမနီကတတိယ ရရှိခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာနာမည်ကြီးသွားတဲ့သူတွေနဲ့ ကျရှုံးခဲ့ရတဲ့သူတွေအကြောင်းပါ။ သိသလောက်လေးရေးထားတာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ထင်ပေါ်ခဲ့တဲ့သူတွေကတော့ ဗိုလ်လုပွဲမှာ အနိုင်ဂိုးကိုသွင်းသွားတဲ့ စပိန်မှ အင်နီယေစတာ၊ ဂိုးသွင်းဘုရင်ဆုနဲ့လူငယ်အကောင်းဆုံးဆုကို ရသွားတဲ့ သောမက်မူလာ၊ ဘောလုံးပွဲတွေကို မှန်ကန်အောင်ဖန်တီးပေးသွားတဲ့ ဂျာမနီက ရေဘ၀ဲပေါလ်၊ တစ်ကမ္ဘာ့လုံးကဘောလုံးအလောင်းကစား ဒိုင်များ၊ ဂါနာနဲ့ဥရုဂွေးပွဲမှာ ဘောလုံးကိုလက်နဲ့ပုတ်ထုက်လိုက်တဲ့ ဆွာရက်၊ တောင်အာဖရိကသမ္မတ ဇူးမား တို့ဖြစ်ကြပါတယ်။ ကျရှုံးတဲ့သူတွေကတော့ ဥရုဂွေးနဲ့ပွဲမှာ နောက်ဆုံးမိနစ်ပင်နယ်တီလွဲခဲ့တဲ့ အဆာမိုဂျန်၊ ဗိုလ်လုပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့ ရော်ဘင်၊ အ၀ါကက်တွေကိုအများဆုံးပြခဲ့တဲ့ ဒိုင်လူကြီးဟောင်းဝပ်၊ ပြသာနာများနဲ့ပြင်သစ်၊ အသင်းကြီးတွေကိုမှကြိုက်တက်တဲ့ ဘောလုံးဝါသနာရှင်များ၊ အားကစားဂျာနယ်တွေမှာဘောလုံးခန့်မှန်းကြသော ကလောင်ရှင်များပဲဖြစ်ပါတယ်။

About thihayarzar

thiha yarzar has written 76 post in this Website..