ဆင်သရေကို  ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ

ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး

စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့

ကျေးဇူးပြုပြီး  ငွေရောင်ဆံခြည်တွေကိုလည်း  ငယ်မူမပြန်ခိုင်းပါနဲ့

အမေ့ရင်ခွင်ရိပ်ဆီ  ခဏတာပြန်ခိုဝင်လာတဲ့  အခိုက်အတန့်တွေမှာ

အဲဒီပိတုန်းရောင်ကေသာတွေကပဲ

အမေ့သမီးလေးကို

ဆက်မိုက်လို့ရသေးတယ်ဆိုတာ  အားပေးလှူံဆော်နေလို့လေ

 

အရိပ်စစ်

About အရိပ်စစ်

hninnu zin has written 23 post in this Website..