သူမွေးဖွားလာဖို့ “သူ့မိခင်ဘယ်သူ”ဆိုတာ “သူ့မှာ” ရွေးခြယ်ပိုင်ခွင့် မရှိခဲ့ဘူး…

သူကောင်းမွန်စွာကြီးပြင်းလာဖို့ “သူဘာမှ မတတ်နိုင်ခဲ့ဘူး….

“သူ့မှာ” ရှိခဲ့တဲ့ အကြောက်တရား ဆိုတာ နေ့ဖြစ်ဖြစ် ည ဖြစ်ဖြစ် တူတူပဲ..

“သူ့”ပတ်ဝန်းကျင်မှာ မငြိမ်းချမ်းမှုတွေ နဲ့

တစုံတခုကို ရေးချဖို့ “သူသင်တဲ့ စာ”ဆိုတာဟာ ပညာ မဟုတ်ခဲ့ဘူး…

“သူ” အရွယ်ရောက်လာချိန်မှာသိလာတာက သူ့ပတ်ဝန်းကျင် မှာ အနိုင်ရတဲ့ သူတွေပဲ ဆက်လက်ရှင်သန်နေရမယ် ဆိုတဲ့ နိယမ

“သူ” ဆုတောင်းတိုင်း သူ ကြားနေတာက “ကိုယ် စိုက်တာပဲ ကိုယ်ရိတ်သိမ်းရမယ်သား တဲ့”

“သူခံစားနေတာ” က နားကျည်းမှု … နဲ့ သူ့ကိုသူစတေးမဲ့ စိတ်ဓတ်…

သူရပ်နေတဲ့ ဘက်ကို တခြား တဖက်ကကြည့်တော့ “သူက” အစွန်းရောက်…

အကြမ်းဖက်သမား ၊ သူပုန် … ဆိုတာကို “သူနားလည်တာက” သူ့လွတ်လပ်ခွင့်နဲ့ သူ့အခွင့်ရေး…

(ပုံအချို့ကို kaung Htet from burma နှင့် google မှယူပါသည်)

1 2 3 4 5 6 7 8 9

About အဂျစ်

အဂျစ် has written 3 post in this Website..

ငါ့ရဲ့ လင်းလက်မှုအတွက်ငါ့ဘဝဟာအရည်ပျော်ကျနေရတယ် ငါ့အနားလာရင်ပူပေမဲ့ ငါ့ဆီမှာအလင်းရောင်တွေရှိတယ် ငါကနေမင်းကြီးလို တော့အလင်းရောင်တွေမပေးနိုင်ပါဘူး ငါက အမှောင်ထုထဲကဖယောင်းတိုင်....@ ကျွန်ဖြစ်နေသေးသော သခင်မျိုး