ဆင်သွားရင်လမ်းဖြစ်တယ်လို့
ဆိုရိုး စကား ရှိပေငြားလည်း
ဒီတော ဒီတောင်ထဲမှာ ရှိတဲ့
ဆင်တွေက စောက်ပျင်းတွေရယ်….။
လမ်းအသစ် ပြောင်းလျှောက်ဖို့ ဝေးစွ
ရှိပြီးသား လမ်းဟောင်းပေါ်တောင်မှ
ဖြောင့်ဖြောင့်တန်းတန်း မသွားချင်ကြလေပဲ
ဘေးဖဲ့ဖဲ့ ဆင်းချင်နေကြသေးလေတော့
လမ်းဟောင်းကြီးက ပေါက်တဲ့နေရာကပေါက်
ကုန်းကမူ ခြုံနွယ်တွေပိတ်တဲ့နေရာကပိတ်
အရိပ် ဆိုတာကလည်း ကျိုးတို့ကျဲတဲနဲ့
ဆင် ငပျင်းတွေကတော့
လမ်းဟောင်းပေါ်မှာပဲ
ယဲ့တဲ့တဲ့ မူရာမာယာ ကောင်းကောင်းနဲ့
ဆက်လျှောက်နေတုန်း
နောက်က သတ္တ၀ါလေးတွေမှာတော့
ခလုပ်တိုက်တဲ့ အကောင်ကတိုက်
ချောင်းအရိုက်ခံရတဲ့အကောင်ကရိုက်
အမဲအလိုက်ခံရတဲ့အကောင်ကလည်းရှိရဲ့
ဆင်တွေ မစဉ်းစားကြပုံများ ပြောပါတယ်
အကောင်တွေ ကြီးသလောက်
စဉ်းစားရမဲ့ ကိစ္စကိုတောင်မှ ပျင်းနေပုံ
ရှိပြီးသားလမ်းထက်
သာလွန်ကောင်းမွန်မဲ့ လမ်းသစ်တစ်ခု
အခုပဲဖောက်လိုက် ကြပါတော့လား
အင်အားတွေနှမြောနေတာလား
ကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှု မရှိလေရော့သလား
လမ်းကြောင်းအဟောင်းပေါ်မှာပဲ
တင်ကလေးလှုပ် နှာမောင်းလေးယမ်းပြီး လျှောက်နေကြပုံကိုက
အမြင်ကပ်စရာကောင်းလိုက်တာ…………။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010