1 တွဲလွဲ

1 တွဲလွဲ

2 အခိုင်အခက်

2 အခိုင်အခက်

3 အပင်လိုက်

3 အပင်လိုက်

7 တွဲရရွဲ စီရရီ

4တွဲရရွဲ စီရရီ

 

 

5 အဆင့်ဆင့် အစီအရီ

5 အဆင့်ဆင့် အစီအရီ

 

6 ၀ါလွင်လွင်

6 ၀ါလွင်လွင်

7 ၀ါဝင်းရွှေစင်

7 ၀ါဝင်းရွှေစင်

 

8 အ၀ါနဲ့အစိမ်း

8 အ၀ါနဲ့အစိမ်း

9 သဘာဝအတိုင်း

9 သဘာဝအတိုင်း

10 အဖူးအငုံမရှီ အပွင့်သက်သက်

10 အဖူးအငုံမရှီ အပွင့်သက်သက်

 

“လက်ကျန်ရှင်းတမ်း “

ဖေ့စ်ဘုတ်က ကျနော့်ဝေါပေါ်မှာ ငုဝါပန်းပုံတွေ ကို တင်ထားတာကို တွေ့ တဲ့ အဝေးက မိတ်ဆွေတစ်ယောက်ကငုဝါပန်းပုံတွေထပ်လိုချင်ပါတယ်လို့ ပြောလာပါတယ်။

သူလို့ချင်ပုံကလဲ ခပ်ဆန်းဆန်း။

ငုဝါပန်းလေးတွေအတန်းလိုက်ကျနေတာကိုလိုချင်ပါသတဲ့။

အဲတော့ သူလိုချင်တဲ့ ပန်းအနေအထားမျိုး ပွင့်နိုင်တဲ့အပင်ကိုစဉ်းစားရပါတော့တယ်။

ငုပင်ကတော့ မန်းလေးမှာပေါပါတယ်။

ရန်ကုန်ဆိုရင် စွယ်တော်ဘုရားမှာရှိတယ်။

စွယ်တော်အ၀င်ဝက မီးသတ်ဌာနမှာရှိတယ်။

ကန်တော်ကြီးထဲမှာရှိတယ်။

ကိုယ်သိတာလေးပြောတာပါ.။

မန်းလေးမှာတော့ ဆီဒိုးနားထဲမှာရှိတယ်။

တက္ကသိုလ်ဗောဓိကုန်းဘုရားနားမှာရှိတယ်။

နောက် ရဲသိပ္ပံနားမှာရှိမယ်။

ဒါနဲ့ဘဲ ငုဝါမုဆိုး လုပ်ရင်း ကျုံးနံဘေးက ဆီဒိုးနားနဲ့ကပ်ရက် ဆွမ်းဟိုတယ် ထဲကိုရောက်တော့မှ

လိုချင်တဲ့ ငုဝါပန်းကိုရပါတော့တယ်။

နောက်တော့လဲ ကပ်လျက်မှာရှီတဲ့ ဆီဒိုးနားထဲဝင်ရိုက်။

ဒါပေမယ့် အဖူးမကျန်အပွင့် သက်သက်ဆိုတော့မလှ။

ရဲသိပ္ပံကွင်းအရှေ့ဘက်က အပင်သေးသေးလေးက လဲ ပွင့်ပုံလှ။

အချို့အပင်တွေက ပွင့်တာလှပေမယ့် သူများခြံဝင်းထဲမှာ။

ဒါနဲ့ဘဲ မန်းလေးတက္ကသိုလ်ထဲအထိရောက်သွားခဲ့ပါတယ်။

ဒီအချိန်မှာ ငုဝါတွေကလဲ တုံးခါနီးပြီဆိုတော့

အခုရိုက်တဲ့ပုံတွေကို လက်ကျန်ရှင်းတမ်း လို့ဘဲသဘောထားလိုက်ပါတော့တယ်။

ကိုပေါ်က်လမ်းသလားနေသည်

24-4-2013

 

 

 

11 အတန်းလိုက်ကျနေပုံကလှပ

11 အတန်းလိုက်ကျနေပုံကလှပ

12 အ၀ါရောင်လှိုင်း

12 အ၀ါရောင်လှိုင်း

 

13 တစ်ခိုင်ထဲပါ

13 တစ်ခိုင်ထဲပါ

14 အပွင့်နဲ့ အသီး

14 အပွင့်နဲ့ အသီး

 

15 ပွင့်ပုံထူး

15 ပွင့်ပုံထူး

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။