(15-4-2013) သင်္ကြန်အတက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မူဆယ်ကနေ ပြန်ခဲ့ကြပါတယ်။ လမ်းမှာ မြူတွေကျနေလို့ ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ရတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် ရာသီဥတုက အေးနေပါတယ်။ မြူတွေကျနေတဲ့ ပတ်ဝန်းကျင်ကလဲ ဆောင်းရာသီလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း တစ်မြို့ပြီးတစ်မြို့ ဖြတ်လာခဲ့ကြတယ်။

အေးတဲ့အရသာခံစားကြည့်ပါ

အေးတဲ့အရသာခံစားကြည့်ပါ

လှပတဲ့ တောင်းတန်းတွေ

လှပတဲ့ တောင်းတန်းတွေ

မြူကင်းစင်လာတော့ စိမ်းစိုလာတယ်

မြူကင်းစင်လာတော့ စိမ်းစိုလာတယ်

တောင်တက် တောင်ဆင်း ကားများ

တောင်တက် တောင်ဆင်း ကားများ

အကွေ့အကောက်များ

အကွေ့အကောက်များ

သိန်းနီမြို့နားရောက်ခါနီးမှာ သိန်းနီကို အပေါ်စီးမှ လှမ်းမြင်ရပါတယ်။ လှပတဲ့ကျောက်ဆောင်တွေလဲရှိတာမို့လို့ ခဏကားရပ်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ် ..

သိန်းနီမြို့ အပေါ်စီးမှ မြင်ရပုံ

သိန်းနီမြို့ အပေါ်စီးမှ မြင်ရပုံ

ကျောက်တောင်အလှ

ကျောက်တောင်အလှ

ဒါလဲ လှတာပဲ

ဒါလဲ လှတာပဲ

လက်ဖက်ရည်ဆိုင်လေးလဲရှိတယ်

လက်ဖက်ရည်ဆိုင်လေးလဲရှိတယ်

ကွတ်ခိုင်မြို့ထဲမှာ ပုံစားရှမ်းထမင်းဆိုင်တွေရှိပြီး ဈေးလဲသက်သာ စားလို့လဲကောင်းတယ်လို့ သိထားပေမယ့် အချိန်က ထမင်းစားချိန်မဟုတ်လို့ ၀င်မစားခဲ့ရဘူး။ လားရှိုးလောက်ရောက်ရင် နေ့လည်စာအချိန်နဲ့ကိုက်မှာမို့လို့ လားရှိုးရောက်မှပဲ ထမင်းစားဖို့ စီစဉ်လိုက်ကြတယ်။ လားရှိုးမြို့ထဲဝင်တော့ မနက် ၁၀ နာရီခွဲလောက်ရှိပါပြီ။ ဗိုက်လဲသိပ်မဆာသေးလို့ မန်စူဘုရားကို အရင်ဝင်ဖူးလိုက်ကြတယ်။ ဘုရားပေါ်ကနေ လားရှိုး တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းက လှပပါတယ်။

မန်စူဘုရား

မန်စူဘုရား

စေတီအတွင်းကဘုရား

စေတီအတွင်းကဘုရား

အရံစေတီများ (၁)

အရံစေတီများ (၁)

အရန်စေတီများ (၂)

အရန်စေတီများ (၂)

အရန်စေတီများ (၃)

အရန်စေတီများ (၃)

အရန်စေတီများ (၄)

အရန်စေတီများ (၄)

အရန်စေတီများ (၅)

အရန်စေတီများ (၅)

အရန်စေတီများ (၆)

အရန်စေတီများ (၆)

လားရှိုး

လားရှိုး

လားရှိုးမှာ နေ့လည်စာစားပြီး ပြန်ထွက်လာချိန်မှာ ရေတော်တော်ပက်နေကြပါပြီ။ အတက်နေ့လဲဖြစ်တဲ့အတွက် အရမ်းစည်ကားနေကြတယ်။ စတိတ်ရှိုးမဏ္ဍပ်တွေလဲ ရှိတာကြောင့် တော်တော်နဲ့ မြို့ပြင်ကို ပြန်ထွက်မရဖြစ်ခဲ့သေးတယ်။ လားရှိုးပြီးတော့ သီပေါ၊ ကျောက်မဲ တွေကို ဖြတ်ကျော်လာပြီး နောင်ချိုနားနီးလာတော့ တောင်ဆင်းတွေက သာယာလာပါတယ်။ ဂုတ်တွင်းဘက်ကို အဆင်းမှာ ခဏရပ်ပြီး ရှုခင်းကြည့်ခဲ့တယ်။

ကြည့်လို့မဝ

ကြည့်လို့မဝ

နောင်ချိုတံတားအကျော်မှာ နံမည်ကြီး ဂုတ်ထိပ်တံတားကို လှမ်းမြင်ရပါတယ်။ ကင်မရာ အမြန်ထုတ်ပြီး ခလုတ်နှိပ်ခဲ့လိုက်ပေမယ့် မသဲမကွဲတစ်ပုံပဲ ရလိုက်တယ်။

ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတား

နောင်ချိုကိုဖြတ်ပြီးရင်တော့ မေမြို့ရောက်ပါပြီ။ မွန်းလွဲ ၃ နာရီခွဲလောက်မှာ မေမြို့ကိုရောက်တယ်။ တစ်နေကုန် ကားစီးထားရတာမို့လို့ မေမြို့မှာ တစ်ညနားကြပါတယ်။ အလာတုန်းကတည်းခဲ့တဲ့ ဟိုတယ်ကိုပဲ ပြန်သွားပြီး အခန်းပြန်ယူ ခဏနားပြီး ညနေစာထွက်စားကြတယ်။

နောက်တစ်နေ့မနက်မှာ ဓါတ်တော်ချိုင့်ရေတံခွန်ကို မကျေပွဲသွားအုန်းမှာဖြစ်လို့ အားမွေးထားလိုက်ပါအုန်းမယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....