သနားတက်တဲ့ ငါ့နှလုံးသားလေးက

အခုတော့ အရှုံးသမားဘ၀ကို ပိုင်ဆိုင်လေရော့သလား

ရင်နှစ်အောင်ချစ်ခဲ့ပြီးမှ ရနံ့ပြယ် ရွှက်ကြွေသည့်ပမာ

အပြုံးတရားကို ရင်မှာပိုက် မုန်းမြို့တော်ချစ်စခန်းက

ထွက်လှန်းဖို့ ငါအချိန်တန်လေရော့သလား ချစ်သူရေ

မင်းရင်နာအောင် ငါမလုပ်ခဲ့ပေမယ့်

ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းတွေကတော့ ခါးသီးတဲ့မိုးစက်ပမာ

မင်းထင်ရက်လေရော့သလားကွယ်

အမှတ်မထင် အရှိုက်မိခဲ့တဲ့ ပဲ့တင်သံ အပြန်ခရီးက

သစ္စာမရှိတဲ့ မင်းအတွက်တော့ ပျားရည်စက်ချစ်ခရီး ဖြစ်မယ်ထင်နေရော့သလား

ရင်မှကြွေသော မျက်ရည်စက်တွေက မင်းရဲ့ချစ်မှတ်တမ်းမှာ

ငါ့သက်သေမှတ်တိုင် စိုက်ထူဖို့ နေရာမကျန်ရော့လေသလား

ခြေရာဖျောက်မေတ္တာတိမ်တိုက်အောက်မှာ လေလွှင့်သွားတဲ့

ချစ်ပန်းတိုင်လေးက အခုတော့  ဘယ်ကမ်းဆိုက်ကပ်နိုင်တော့မလဲလေ

တစ်ခဏအလည်လာသူမဟုတ်ပေမယ့်

ရောက်ခဲ့တဲ့ အမုန်းမြို့တော်ထဲက အခုတော့လေ လွမ်းချစ်သူ ဖြစ်ရှာလေရော့မယ်ထင်တယ်

                                                              ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..