poem8

မိဘဟူသည် မြတ်ဆရာမည်သို့

ထိန်းကျောင်းပဲ့ပြင် ငါတို့ရင်တွင်း

လိမ္မာစေကြောင်း အစဉ်ပြုပြင်

ချော့တစ်ခါ ချောက်တစ်လှည့်

စိတ်ရိုင်းဟန်သွင်း ပြုသည့်ပမာ

သားတို့ရင်မှာ အစဉ်သာတည်း

နေ၀င်ချိန်တန် အိုမင်းမစွမ်း

အားအင်ကုန်ခမ်း နွမ်းသည့်ပမာ

သားတို့ချစ်ခရီး ပေးစွမ်းသည်သို့

ချစ်မ၀သေးခင် ပြိုလုသည့်ကမ်း

လှိုင်းဂယက်ထန်စွာ ရှိုက်ခက်သည့်အလား

ခွဲခွာမှုသည် သားတို့ရင်မှာ

မချိသာတည်း ရင်မှဖြစ်ပေါ်

ချစ်ခြင်းတရား အကြင်နာများသည်

ဆုတောင်းမှုပြု ငါးဖြာဝတ်ဖြင့်

ဦးခိုက်ရှစ်ခိုး

ရွှေမြင့်မိုရ် ပြိုမှာစိုးတည်း

                   ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..