++++++++++++++++++++++++++++

တား အရမ်း ခံစားနေရလို့ဘာဂျာ .. နားလည်ပေးဂျဘာ .. အီးး ဟီးးး

တား အရမ်း ခံစားနေရလို့ဘာဂျာ .. နားလည်ပေးဂျဘာ .. အီးး ဟီးးး

++++++++++++++++++++++++++++

 

ချစ်ခြင်း၏ အရှင်သခင်
ကျွန်ုပ် တိုင်တည်ပါရစေ …

အသင် ထည့်ပေးထားခဲ့သော
ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ
အသင်၏ ကျေးကျွန်များအား
ပြန်လည် ခေါ်ငင်လှည့်ပါ …

အသင် အသက်သွင်းခဲ့သော
ကျွန်ုပ်၏
ရင်ခုန်သံ ယန္တရားအား
လာရောက် ရပ်တန့်ပေးလှည့်ပါ …

အသင် တည်ဆောက်ပေးခဲ့သော
ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား
ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ …

အသင် ယူဆောင်သွားခဲ့သော
ကျွန်ုပ်၏ ညများစွာကိုလည်း
ပြန်လည် အသက်သွင်းလှည့်ပါ …

အသင် တပ်ဆင်ပေးခဲ့သော
ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း
ပြန်လည် သိမ်းဆည်းလှည့်ပါ …

အို … သခင်
အပင်များ
အစိမ်းရောင် သမ်းနေခြင်းသည်
သဘာဝ အလှစစ်ပင် မဟုတ်ပါလော …

အို … သခင်
ကျွန်ုပ်၏ ရင်တွင်းအား
ဝင်ကြည့်လှည့်ပါ
ထိုအပင် အားလုံးတို့သည်
ညိုမှိုင်းသောအသွင်
ဆောင်နေလေရဲ့ …

ကောင်းကင်တွင်
လမ်းလျောက်နေရသော်လည်း
ကျွန်ုပ်၏ ဦးခေါင်းထက်၌
အဘယ်ကြောင့် မြေကြီးသည်
တည်ရှိနေဘိသနည်း …

အို … သခင်
မျက်ရည်တို့ဖြင့် ပြည့်လျှံနေသော
ကျွန်ုပ်၏ မျက်ဝန်းအစုံသည်
အရာရာကို ဝေဝါးစေခဲ့ပြီးလား
သို့တည်းမဟုတ်
ကျွန်ုပ် တစ်ကိုယ်လုံးပင်
ချားရဟတ်ကဲ့သို့ လည်နေပြီလား
ကျွန်ုပ် မဝေခွဲတတ်တော့ …

အို …
ချစ်ခြင်း၏ အရှင်သခင်
အသင် ဖန်ဆင်းခဲ့သော
အချစ်၏ မီးသည်
ကျွန်ုပ်အတွက်
နွေးထွေးစေရုံထက် ပိုခဲ့ပြီ
ကျွန်ုပ် တစ်ကိုယ်လုံးအား
ဝါးမြိုနေပါပြီကော …

အို … သခင်
ကျွန်ုပ် ဒူးထောက်အပ်ပါသည်
အသင် ပစ်ခဲ့သော မြှားချက်အား
အသင်ပင် နုတ်ယူလှည့်ပါလော့ …………..။

+++++++++++++++++++++++++++
by – ကဘာကျော်ကြီး
+++++++++++++++++++++++++++

P.S … ဤကဗျာအား ရေးခဲ့တီမှာ နှစ်ပင် ချီခဲ့လေဘီ …။

ကဘာတစ်ဝှမ်း ဟိုးဟိုး ကျော်ခဲ့လေ၏ …။

အားမပေးဘာဂ လူဖြစ်ကျိုး မနပ်လေတော့မည်တည်း …..။

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။