မင်္ဂလာပါခင်ဗျာ 。。。

ကျနော် အခုတင်ပြချင်တာကတော့ facebook အကောင့်တခုရှိယုံနဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၊ ချစ်သူရည်းစား၊ ရပ်နီးရပ်ဝေး တွေအတွက် အသုံးတည့်နိုင်မဲ့ လတ်တလောမှာ အသုံးတွင်ကျယ်နေတဲ့ Wechat လို့ခေါ်တဲ့ ဖုန်းတွင်းသုံး ဆော့ဖ်ဝဲလေး တခုအကြောင်းပါ ခင်ဗျ။ တချို့များလဲ သိပီးသား သုံးဖူးပီးသား ဖြစ်နေမှာပါ၊ ဒါပေမဲ့ ကျနော် တွေ့ရသလောက်တော့ သိပ်အသုံး မတွင်ကျယ်သေးဘူးလို့ ထင်ပါတယ်။ မန်းလေးမှာတော့ ကျနော်နဲ့ ကျနော့် သူငယ်ချင်း မိသားစုတွေ တော်တော်များများ သုံးနေကြပါတယ်။ အင်တာနက် ကော်နက်ရှင် သိပ်မကောင်းရင်တောင် အသုံးပြုနိုင်ပါတယ်။ အရင်ကတော့ Wechat ကို လူတော်တော်များ မကြိုက်နှစ်သက်တာကတော့ တရုတ်ပြည်က Developer တွေလုပ်ထားတာကတကြောင်း၊ တရုတ်စာနဲ့ပဲ ရတာကတကြောင်း၊ အကောင့် Sign up လုပ်ရတာကလဲ တရုတ်ဖုန်းနံပါတ် တလုံး လိုနေတာကြောင့် မန်းလေးက လူတော်တော်များသာ သိကြပီး၊ တရုတ်ပြည်နဲ့ အဆက်အသွယ် ရှိသူတွေပဲ လုပ်ငန်းကိစ္စ၊ ပါဆင်နယ်ကိစ္စတွေ အသုံးများပါတယ်။

ခုချိန်မှာတော့ အင်္ဂလိပ်ဘာသာနဲ့ အင်တာနေရှင်နယ် သုံးနိုင်ပီမို့ ( ဖုန်းထဲတွင် ဗမာဖောင့်ပါ ရလို့ ) အရင်လို တရုတ်ဖုန်းနံပါတ်မလို Facebook အကောင့်တခုနဲ့တင် ချိတ်ဆက် အသုံးပြုနိုင်ပီ ဖြစ်ပါတယ်၊ နောက်တခုက Apple device, Android device ၂ခုစလုံးအတွက် ထွက်လာပီမို့ အားလုံး အဆင်ပြေမယ်ထင်ပါတယ်။ပြီးတော့ လူကြီး လူငယ် မရွေး ရှင်းရှင်းလင်းလင်းနဲ့ သာမာန် Gtalk သုံးသလိုမျိုး လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ အောက်မှာ ကျနော် ဓာတ်ပုံလေးတွေ တင်ထားပေးပါတယ်။ အသစ်အဆန်း စိတ်ဝင်စားသူများ www.wechat.com မှာ ဒေါင်းလွတ်ရယူနိုင်သလို မိမိဖုန်းအတွင်းရှိ Google Play,Anzhi , Apple Store အစရှိတဲ့ မိုဘိုင်း အပလီကေးရှင်း မားကတ်တွေမှာလဲ အခမဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

wechat 1

www.wechat.com ရဲ့ ပထမဆုံး မြင်ရမဲ့ မူလစာမျက်နှာ

fb connect

ဖုန်းနံပါတ်နဲ့ ဆိုင်းအပ် လုပ်မှာထက် ပိုလွယ်ကူတဲ့ နည်းလမ်း

အသုံးပြုနိုင်မဲ့ features

အသုံးပြုနိုင်မဲ့ features

အသုံးပြုနိုင်မဲ့ features

အသုံးပြုနိုင်မဲ့ features

 

 

 

 

 

 

 

 

 

 

 

 

အဲ အောက်မှာ ထပ်ပီး တချို့ကို ဘယ်လို သုံးသလဲ ဆိုတာလေး ပုံလေးနဲ့ ပြထားပါတယ်ခင်ဗျ …………။

ကိုယ့်ပတ်ဝင်းကျင် အနည်းဆုံး မီတာ၅၅ မှာ ငုံးနေတဲ့သူတွေကို ရှာဖွေတာ

ကိုယ့်ပတ်ဝင်းကျင်မှာ အနည်းဆုံး မီတာ၁၀၀ကနေ အများဆုံး မီတာ ၁၀၀၀ အထိ အသုံးပြုသူတွေကို ရှာနိုင်ပါတယ်

Push to talk လို့ြေ

Push to talk လို့ပြောရမဲ့ voice chat

party member အချင်း ဒာတ်ပုံ အသံဖိုင် အစရှိသဖြင့် ပို့နိုင်တယ်

party member အချင်းချင်း ဓာတ်ပုံ အသံဖိုင် အစရှိသဖြင့် ပို့နိုင်တယ်

စုံတွဲတွေအတွက် 。。。 ကွိကွိ

စုံတွဲတွေအတွက် 。。。 ကွိကွိ

ဟုတ်ကဲ့ပါ ပိတ်သတ်ကြီး ခင်ဗျာ 。。。。 ဂလောက်ဆိုရင်ဖြင့် အခက်အခဲမရှိ ဆိုရှယ်ဆော့ဖ်ဝဲလေးတခုကို လွယ်လွယ်ကူကူ မိမိနဲ့ မိမိပတ်ဝင်းကျင်ရှိ မိတ်ဆွေ၊ သူငယ်ချင်းတွေအကြား အသုံးပြုနိုင်မှာပါ ……။

ဥပမာ အားဖြင့် ပြောရမယ် ဆိုရင်ဖြင့် Voice Chat ကိုသုံးပီး ” သဂျီး …. သဂျီး ပွိုင့် ၁သိန်းပြည့်ပီ ပေးတော့လို့ … ” သူအိပ်နေတုန်း မက်ဆေ့ပို့ထားနိုင်သလို ပြန်မဖြေက emotion ပုံလေးတွေနဲ့ ခြိမ်းခြောက်နိုင်ပါတယ်။

Live Chat ကတော့ ကိုအောင်ပုအတွက် ပိုအသုံးတည့်မယ် ထင်ပါတယ်၊ သူများအီအီးပါနေတာတွေ မူးပီးဂွေးဇိပေါ်နေတာတွေကို ချောင်းရိုက်စရာ မလိုဘဲ ကိုယ့်ဟာကို ရိုက်ပီး အမြင်ကပ်သူများ ဆီသို့ ပို့ပေးနိုင်ကြောင်းရယ်ပါ။   :kwi:

အစားအသောက်မက်သူတွေကလဲ Group Chat မှာ ဘယ်လောက် ငတ်ချီးကြတယ်ဆိုတာ သူများတွေ မနာလိုအောင် တဖုန်းဖုန်း ဓာတ်ပုံတွေ တင်ပီး …..  ညှော်နိုင်ပါတယ် ခင်ဗျ ……

 

ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ … ရွာသူ/သား အချင်းချင်း ဗဲဒီးကလို့စ် ကွန်မြူနီကေးရှင်း တည်ဆောက်နိုင်စေဖို့ပါဘဲ ……  :)

အဲ ….. သတိထားရမဲ့ အချက်ကတော့ ပထမဆုံး ကိုယ့်အကောင့်ကို တည်ဆောက်တဲ့အချိန် ပေးမဲ့ User name နဲ့ ID မှာပေါ်မဲ့ နာမည်ကို တခုတည်း ဖြစ်စေလိုပါတယ်။ ၂ခုဖြစ်နေရင်လဲ အချင်းချင်း invite လုပ်တဲ့အခါ မှတ်မိနေဖို့ လိုပါတယ် …… ။

ဥပမာ အားဖြင့် ကျနော့်ကို ရှာချင်တယ်ဆိုရင် …… ကျနော့် Nick Name ( or ) User Name က Yee Xie ဖြစ်ပေမဲ့ တကယ်ရှာရမှာက yeexie01 (or) yeetecentdev (or) yeedev024 ဖြင့်ရှာနိုင်ပါတယ် ခင်ဗျ 。。。。。။

နောက်ဆုံး အထူးတလည် မေတ္တာရပ်ခံခြင်တာကတော့ Wechat ကို www.wechat.com မှဖြစ်စေ၊ မိမိဖုန်းနှင့်သက်ဆိုင်သော App Store for iTunes, Google Play Store for Android, BlackBerry App World and Marketplace for Windows Phone တို့မှ ဒေါင်းလုပ်သော်လည်ကောင်း၊ www.myanmarmobileapplication.com တို့မှ အလဂါး ဒေါင်းလုပ်ဆွဲစေချင်ပါတယ်ခင်ည။ တည့်တည့်ပြောရရင် တယောက်က ဒေါင်းလုပ်ဆွဲပီး Zapya နဲ့ Share ခြင်း မလုပ်ကြဖို့ အထူးပန်ကြားလိုပါတယ် ခင်ဗျ ။

အသေးစိတ် သိရှိလိုပါက http://www.wechat.com ,  http://www.en.wikipedia.org/wiki/WeChat တို့တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

 

မန်းဂဇာတ် ပိတ်သတ်ကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ …………..။

wechat

 

 

PS>> အထက်ပါ အကြောင်းအရာများကို ရေးသားရန်အတွက် dev.team ထံတွင် ခွင့်ပြုချက် တောင်းခံပီးဖြစ်ကြောင်း 。。。。。。

တော်ကြာ ပြဿနာက ကိုယ့်ဘက် လှည့်လာမှာစိုးလို့ 。。。。 ကွိ ကွိ ( ခရရ်ဒစ်ထ် တူ ကိုအောင်ပု )

:harr:                                         :kwi:

 

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း