စိန်ကြက်ဆင်November 19, 20151min19514
ကျောက်စိမ်းတိန်ညင်ဟာ ကျနော် ရဲစည်ဖြစ်ပြီးးးးး စိန်ကြက်ဆင်ကတော့ ရဲ….. ဖြစ်ကြောင်းလာပြောရင်းးးးးးး သား ပြန်လာဘီလို့ အါ့လာပြောတာ လောလောဆယ် စလုံးမှာ ဟို မျက်မှန်သားအမိ/သားအဖ သုံးယောက်ကို ထောက်လှမ်းရေး လိုက်လုပ်ဦးးးးမယ် အချိန်ရရင် ဟမ်ဘာဂါ အခန်းရှေ့ ကွမ်းစားထွေး ထွေးခဲ့မယ် …… နောက်လ အလှည့်ကျတာက ကာလီဖိုးနီးယားက ——— အိမ်အမှတ် (   )   သွားးးး ဗြီ


စိန်ကြက်ဆင်September 14, 20141min48520
 တော်သလင်းနေ ပုစွန်သေဆိုသည့် စကားအတိုင်း နေကား တောက်တောက် ပူနေသည်။ ရမ်းဂွဇွတ်ရွာ ရွာလည်လမ်းကား တံလျှပ်တို့ဖြင့် တညီးညီး ရွာလည်လမ်းဘေး တလျှောက် အစီအရီ ပေါက်နေသော ကြက်ဆူပင်တန်းကား နေမင်း၏ ဒဏ်ကို ကြံ့ကြံ့ခံခံရန် မစွမ်းသာချေ။ အစဉ်သဖြင့် ကူးလူးစုန်ချီ အစည်စည် ဖြစ်နေတတ်သော ရမ်းဂွဇွတ်ရွာကား ယနေ့အဖို့ လွန်စွာ တိတ်ဆိတ် ခြောက်ကပ်လို့ နေသည်။ အကြောင်းမူကား ယနေ့ရွာတွင် အသုရှိလို့ နေပေသည်။ သေခြင်းတရား ဟူသည်ကား ပုထုဇဉ် လူသားတို့အတွက် မဆန်းပင်သော်ငြား ယခုအဖြစ်အပျက်ကါး ရမ်းဂွဇွတ်ရွာအတွက်မူ အတန်ငယ် ဆန်းပြားလို့ နေပေသည်။ ပြောရမည် ဆိုပါလျှင် ယနေ့သည် တရွာလုံးအတွက် ပထမဆုံးသော အသုဘပွဲ ဖြစ်ခြင်းကြောင့် ဆန်းပြားခြင်းလော သို့မဟုတ် သေမင်း၏ ပထမဆုံး တပ်လှန့်မှု […]


စိန်ကြက်ဆင်September 14, 20141min35818
အရက်၂ပုလင်းနှင့် ရဲစည်မသာ ဒီစာကို ကျော် အတော်အားတင်းပီး ရေးခဲ့ရတာပါ အမှားတွေ ပါမဆိုးလို့ တစ်ညလုံး အထပ်ထပ် အခါခါ ပြင်လိုက် ဖျက်လိုက်နဲ့ ရေးခဲ့ရတာပါ…..။ ရွာသူားတွေ ဒီစာကို ဖတ်နေစဉ်မှာပဲ ရိန်း(သူ့ကိုယ်သူ ရိန်းလို့ပြောတာပဲ အဲဗားမူးပီး ဘယ်ညာ ယိမ်းနေလို့) ထာဝရအိပ်စက်နေလောက်ပါဘီ …… …… …… ဟောဒီ ရမ်းဂွဇွတ်ရွာရဲ့ ဗတ်ဆဲလား ဟောဒီ ရမ်းဂွဇွတ်ရွာရဲ့ ဗတ်အမူးသမား အောက်ပါ ကလောင်များရှင် ….. ယွဲစီ(ခ) ကွဲစည်(ခ) စောဖွပြေး(ခ) ခင်ခက်ခက်ခေါ(ခ) ကွိကွိ(ခ) ဗေပိန်ချူံး(ခ) စောဂဲမွေး(ခ) ဆိုင်းဆိုင်းဝင်းအောင်(ခ) ဆလိုင်းဂျက်ဒယ်နီရယ်(ခ) နိူင်မူးယွဲ အသက်(၃၇)နှစ်သည် လွန်ခဲ့သော ၂နှစ်ကြော်ခန့်ကပင် စတင်ခံစား နေရသော “ေ- ွးကျူမာ” ရောဂါဖြင့် ဆရာဝန်များ မိတ်ဆွေများ […]


  ဒီလိုရှိခဲ့ပါတယ်ဗျ လွန်ခဲ့တဲ့ အနှစ်၆ဝ လောက်က ကျုပ်အဖိုး ဦးစစ်တကောင်းတို့ရွာပေါ့ အခုလက်ရှိ ဧရာဝတီတိုင်းခေါ်မလားပေါ့ အဲ့အရပ်မှာ အနောက်ရိုးမရယ် ဧရာဝတီမြစ်ရယ် အနီး အင်္ဂပူဆိုတဲ့ မြို့နဲ့ ၅၆ဖာလုံလောက်မှာ ရမ်းဂွဇွတ်ဆိုတဲ့ ရွာတရွာရှိလေရဲ့ အိုက်ဒိရွာမှာ ဖြစ်ခဲ့ဖူးတဲ့ အဖြစ်လေးကို ကျုပ်အဖေက ကြုံခဲ့ဖူးလို့ ပြန်ပြောပြ ပါရစေ…..။ အိုက်ဒိ ရမ်းဂွဇွတ် ရွာဆိုတာ အိမ်ခြေ တစ်သောင်းကျော်လောက် ရှိသတဲ့ အင်မတန်လည်း စည်းကားခဲ့တယ်တဲ့၊ အဲ့ရွာကို ဟိန်ဒူ ငါးမူး၊ မူစလင် တမတ်၊ တရုတ် တမတ်သွေးပါတဲ့ အူးခိုင်ရီး ဆိုတဲ့ လူက ရွာလူကြီးအဖြစ် အုပ်ချုပ်သတဲ့။ ခုခေတ်အခေါ်ဆို သဂျီးပေါ့ အဲ့ဒီ ရမ်းဂွဇွတ် ရွာကြီးဟာ သဂျီးဂဒေါ် ထက်မြက်မှုကြောင့် အင်မတိ အင်မတန် စည်းလုံးညီညာ […]


  လွန်ခဲ့သော ၂ရက်ခန့်က ဖြစ်သည်။ ကျနှတ်တို့၏ ဇာတ်လိုက်ကျော် အလွတ်စုံထောက် စိန်ကြက်ဆင် တယောက် ကျနုတ်၏ ရုံးခန်းရှိရာ ပန်းဆိုးတန်းလမ်း အထက်ဘလောက်သို့ ဆိုင်းမပါ ဗုံမဆင့် ရောက်ရှိပြီး သကာလ မဆိုင်းမတွပင် အောက်ပါစကားကို ပြောလိုက်လေတော့သည်။ စိန်ကြက်ဆင်။ ကဲ ကိုယ့်လူရေ ခင်ဗျားတို့ စာအုပ်တိုက်အတွက် အလွန်တရာ အရောင်းသွက်စေမဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းကြီး တပုဒ်တော့ ရလာလေရဲ့…. ၊ အကြောင်းစုံ ပြောရမှာတော့ဖြင့် အချိန်လိုတာမို့ မင်္ဂလာတောင်ညွန့် မဆလာစက် မှတ်တိုင်နားက မပြူး(မျက်ပြူး)တို့ အသုပ်ဆိုင် သွားကျစို့ဗျာ….. ၊ အိုက်မှာ ကျုပ်လိုက်လာတဲ့ အမှုအကြောင်း ပြောရင်း အသုပ်လည်းစား ဟိုဘက် ကုလားဘုရားကျောင်း ရေတံလျှောက်က ကျလာတဲ့ မိုးရေကို ဒန်ဇလုံနဲ့ခံထားပီး ပြန်ကျိုလို့ လက်ဖက်ခြောက် […]


ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ……… အားလုံးသော  …….. ဂျာနယ်လစ်များ ဓာတ်ပုံဆရာများ စာရေးဆရာများ ပုံနှိပ်တိုက်များ စာအုပ်ထုတ်ဝေရေးများ ဝင်ငွေ သောင်းသောင်း ဖြဖြရကြလေသည်။ ထို့အပြင် ၂၃ရက်နေ့ ယုဒဿန်ခန်းမတွင် ကျင်းပမည့် ဈာပနအခမ်းအနားတွင် များစွာသော လူပရိတ်သတ်ကြီးတို့သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းကျမည် ဖြစ်ရာ တီရှပ်ထုတ်သူများနှင့် ဆေးတံဆိပ်ရိုက်သူများ ထောကြပြန်သည်။ နေပူသော ရာသီဖြစ်သဖြင့် ရေသန့်များ ရောင်းကောင်းပါလိမ့်မည်။ တက်ရောက်လာသူများ ကွမ်းတဗြစ်ဗြစ် ဆေးလိပ်မီးတဖွားဖွား ဖြစ်နေပါလိမ့်မည်။ အထူးအခွင့်အရေးရသူများ ကဗျာရွတ်ခွင့် အမှတ်တရစကား ပြောခွင့်များ ရကြပေမည်။ တချို့တချို့သော ပုဂ္ဂိုလ်များသည် “ကျော်တို့ တိုင်းပြည်မှာ ဦးဝင်းတင်လို လူမျိုးတွေ၊ ဦးဝင်းတင်လို စိတ်ဓာတ်တွေ၊ ရဲရဲတောက် မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားကျရမယ်” အစရှိသဖြင့် မစားရဝခမန်းများ အာဘောင်အာရင်း သန်သန် […]


ဒါက ဒီလိုရှိပါတယ် ခင်ည ……။ ဒီ မတ်လကုန်ပေါ့ ဧပြီလဆန်း (၁)မှ (၅)ရက်ကြား တနေ့နေ့ပေါ့ဗျာ။ မန်းဂဇက်က ရွာသူ/သားတွေ စုပေါင်းပီး ဟင်းချက်ပွဲ လုပ်မလားလို့ စဉ်းစားမိပါတယ်။ ဆိုတော့ကာ …….. ဟောင်ကောင်က ဇနီးမောင်နှံ(ကျော့်ကို ဖေ့ဘွတ်မှာ အစားနဲ့ ဒုက္ခပေးတဲ့ ၂ယောက်) လည်းပြန်ရောက်မှာမို့ လူစုံမယ် ထင်သဗျာ။ နောက်ပီးတော့ ………. အန်တီမမ ဦးမိုက်(မဒမ်မိုက်) အစ်မသဲနူအေး ကိုဆွေ အစ်မအိ မဝေ ကိုကမ်းဝေး မမဆွိ(အဝေးရောက်) ကျနော် တက်တူးဆြာမင်းသုဝေ(သူ့ယောက်ဖက စားဖိုမှူး) တို့လည်း အားမယ်ထင်တော့ အားဖြည့်စေချင်တယ်။ Location and Plan နေရာကိုတော့ ကျနော့် မှော်ဘီခြံ/ သူငယ်ချင်းရဲ့ ရမိုင်ခြံ/ ဒါမှ မဟုတ် တနေရာရာပေါ့ဗျာ။ ချက်ဖို့ပြုတ်ဖို့ […]


ယခုတလော သတင်းဂျာနယ်တွေ ဖတ်ရတာ ငြီးငွေ့လာတာရယ် ဖတ်စရာ စာအုပ်လဲ သိပ်မရှိတော့တာရယ်ကြောင့် အရင်ကတည်းက ဝယ်စုထားတဲ့ စာအုပ်တွေထဲ စာရေးဆရာ ဗိုလ်မှူးကြီးသောင်းဝေရဲ့ စစ်သားဘဝအမှတ်တရများဆိုတဲ့ စာအုပ်အတွဲလိုက် ပြန်ဖတ်ဖြစ်နေတယ်။ အဲ့ဒီစာအုပ်အတွဲ ဖတ်နေရင်းလက်စ တချိန်က ကြားဖူးခဲ့ တွေ့ဖူးခဲ့တဲ့ တပ်ထဲက ဖြစ်ရပ်မှန်ဟာသလေးတွေ ပြန်သတိရလို့ ဒီစာလေး ချရေးဖြစ်တာပါ။ သိပ်တော့ ရယ်စရာ မဟုတ်ပေမဲ့ ကျနော်တို့နဲ့ မနီးစပ်တဲ့ လောကက အဖြစ်တွေကို စာဖတ်သူများအတွက် တဆင့်ပြန်လည် ဝေငှလိုက်ပါတယ်။ ကာယကံရှင်တွေလဲ ဒီစာကို ဖတ်မိရင် တချိန်ကအကြောင်းလေးတွေကို ပြန်တွေးရင်း ပြုံးရယ်ဖြစ်မယ် အမှတ်တရဖြစ်မယ် ထင်ပါတယ်။ အင်း ….. ဟယ် ( ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ပဲရတယ် ) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတစ်ရင်းမှာပေါ့ဗျာ ကျောင်းဆင်းခါစ ဒုဗိုလ်လေးတဦး […]


စိန်ကြက်ဆင်November 21, 20131min37420
ရွှေဂုံတိုင်ပွိုင့်မှာ ကားရပ်ထားတုန်း ဖုံးဝင်လာတယ် လမ်း၄ဝက ကျနော့်ပစ္စည်းတွေ သင်္ဘောနဲ့ သွင်းပေးနေတဲ့ ကုမ္ပဏီကဗျ အဲ့က အမ်ဒီအန်ကယ်ကြီးက ကနေ့အားရင် ကျနော့်နဲ့ တွေ့မယ်တဲ့ သူလည်းဒီနေ့အားတုန်း အေးအေးဆေးဆေး ဆုံမယ်တဲ့ သူနဲ့ကျနော်က လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လူချင်းရင်းနှီးပီးသား ကျနော်ဟိုမှာ ရှိစဉ်ကတည်းက သူလိုချင်တဲ့ စက်ပစ္စည်းတွေ ကျနော်ရှာဝယ်ပေးရင်း ခင်မင်ရင်းနှီးကျတာ သူလည်းသူ့အလုပ်ကိစ္စ မိသားစုကိစ္စနဲ့ဆိုတော့ တခါတလေ သူ့ရုံးရောက်ရင်တောင် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်တာ။ ကျနော်လည်း မြို့ထဲကဘဏ်မှာ ငွေသွင်းပီးရင် အားတဲ့အကြောင်း ပြန်ပြောလိုက်လေရဲ့ ……….. ။ ဒီလိုဗျ …… လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့ဗျာ ကျနော့်အစ်မကြီးက ဖုန်းဆက်ပီး သူဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ ခြံထဲကပစ္စည်းတွေ ရွှေ့ဖို့ခိုင်းလာပါတယ်။ ကျနော်လဲ နောက်ရက်ကားခေါ် အလုပ်သမားခေါ်ပီး အပြီးရွှေ့ပေးရတာပေါ့ အမေနဲ့ အမတွေက […]


စိန်ကြက်ဆင်November 12, 20131min37819
ပြောပြချင်ပါတယ် … တကယ်ကို ပြောချင်လွန်းလို့ပါ … တခါတည်း ကြိုပြီး မေတ္တာရပ်လိုတာက စာအရေးအသား သိပ်မတတ်တဲ့ အခါကျ ဆဲသလိုများ ဖြစ်နေရင် ခွှင့်လွှတ်ပေးပါလို့ နော …….. ။ အဘ အဘဘယ်က စတင်ဖြစ်ပေါ်လာသလဲ ကျနော်လဲ မသိပါ။ နယ်တွေဘက်မှာတော့ အဘဆိုတာ အဖေကို ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။ ဆိုတော့ အဘလို့ အခေါ်တပ်တဲ့အခါ အဖေလို့ အဓိပ္ပါယ်ရစေတယ်ထင်တယ်။ ကျနော်တော့ အမေ့ကို အားနာလို့ ဘယ်သူ့ကိုမှ တသက်လုံး အဘ မခေါ်ခဲ့ဖူး။ အတင်းအကျပ် မဟုတ်တောင် မခေါ်မနေရလို ဖြစ်နေတဲ့ အစိမ်းရောင် အသိုင်းအဝိုင်းထဲ ၁၃နှစ်ကျော် နေခဲ့တာတောင် တခွန်းမှ မခေါ်ခဲ့ဘူး။ ကျောင်းဆင်းပြီးလို့ တာဝန်ကျတဲ့ တပ်ရောက်ရောက်ချည်း တပ်ရင်းမှူးကို “ဟုတ်ကဲ့ ဗိုလ်မှူးကြီး” ” ဟုတ်ကဲ့တပ်ရင်းမှူး” အလိုဘဲ ခေါ်ခဲ့တယ် တိုင်းမှူးလဲ ဗိုလ်ချုပ်ဘဲ … သူ့ထက်ကြီးလဲ ဗိုလ်ချုပ်ကြီး […]


ဟုတ်ကဲ့ ဗုံးတလုံးလုပ်ဖို့ အဓိက လိုအပ်တာကတော့ ၁ ယမ်း ၂ စနက်တံ ၃ သံတုံး သံစ ၄ နာရီ ၅ ကော်ဗူး ၆ ပလပ်စတစ်ဘူး တို့ဖြစ်ပါတယ်။ ———————————————– ၁။ယမ်း ယမ်းကိုတော့ ကပစကို တင်ဒါသွင်းနေတဲ့ ဦးပိုင်နဲ့ရင်းနှီးတဲ့ ကုမ္ပဏီတွေက ဝယ်ယူနိူင်ပါတယ်။ ၂။စနက်တံ စနက်တံကိုတော့ လက်ပံတောင်း စီမံကိန်းနဲ့ ရွှေတူးတဲ့ တရုတ်တွေဆီက ဝယ်ယူနိူင်ပါတယ်။ ၃။သံတုံး သံစ သံတုံး သံစတွေကိုတော့ အင်းစိန်နား MEC တာယာစက်ရုံရှေ ့ သံရည်ကြိုစက်ရုံကနေ ဝယ်ယူနိူင်ပါတယ်။ ၄။နာရီ နာရီဆို ချယ်ရီဦးဘဲ စိတ်ချရတယ်လို့ ပြောပါရစေ။ ၅။ကော်ဗူး ကော်ဗူးကိုတော့ လက်သင့်ရာ လူကြီးသားသမီး ဆိုင်တွေက အားပေးနိူင်ပါတယ်။ ၆။ပလစ်စတစ်ဘူး ပလပ်စတစ်ဘူးတွေကိုတော့ နှင်းနှင်းခိုင် ကုမ္ပဏီထုတ် VeVeဗူးတွေနဲ့ ပြုလုပ်နိူင်ပါတယ်။ […]


တနေ့သ၌ ကျနုပ်သည် ကန်တော်ကြီး ပတ်လမ်းအနီးရှိ ကျနုပ် နေထိုင်ရာ တာမွေဗြဲလျှမ်းခြံကြီးအတွင်း ညနေချိန်ဝယ် နေ့တဒူဝ ကိစ္စများ ဆောင်ရွက်ပြီးသကာလ ခြံအနောက်ဘက် ကပ်လျှက် အလုပ်သမားဆေးရုံကြီး၏ ရေခဲတိုက် တာဝန်ခံ ကိုရင်အံ ပေးလာသော ၃ရက်နှပ် လက်ဘက်ရည်ကြမ်းနှင့်အတူ ယင်းဆေးရုံနှင့်မနီးမဝေး ဗလီရှေ ့ရှိ ညနေခင်းမှသာရနိူင်သော မနက်မရ ပလာတာအား မြိန်ရှက်စွာ စားသုံးပီးနောက် အေးအေးလူလူ စာရေးစာဖတ်ရန်အလို့ငှာ ကျနုပ်ဘဝ၌ ထူးဆန်းအံ့ဩဖွယ်ရာ ကြုံတွေ့ခဲ့ရသော ဤဖြစ်ရပ်မှန် ဇာတ်လမ်းအား နောင်လာနောက်သားတို့ သိစိမ့်သောငှာ အကျဉ်းချုံး၍ ရေးသားတင်ပြလိုက်ရပေသည်။ ကြီးမားသော ဆုံးရှုံးမှု ထိုင်းနိူင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေ တစ်နေရာရှိ ကြီးမား ခန့်ညားလှသော စံအိမ်ကြီး တစ်လုံး၏ လေသာဆောင်တွင် အသက်အရွယ်အားဖြင့် ၅ဝခန့်ရှိ၍ ခန့်ညားချောမောပြီး အနောက်တိုင်းဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင်ထားသော […]


အပိုင်း ( ၁ ) ဗိုလ်မှူးသူရခင်လတ်(ငြိမ်း)၏ နွေရာသီ အထူး(ကျား)စခန်း နေရာကား မှော်ဘီမြို ့ အနီး ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အနီးတွင် အထူးဖွင့်လှစ်ထားသော Camp တခုတွင် ဖြစ်သည်။ သင်တန်းကျောင်း ဦးစီးဦးဆောင်သူ သူရခင်လတ်သည်ကား အရပ်ခပ်ပြတ်ပြတ် အသားအနည်း ညိုမှောင်ကာ စူးရှသောမျက်လုံးတစုံဖြင့် အတန်ငယ် မျက်မှောင်ကုတ်၍ အဝေးတနေရာသို့ စူးစိုက်ကြည့်နေလေသည်။ စစ်စိမ်းရောင် ခပ်ရင့်ရင့် ပါရာကျု ဆုထ့်သည် လေထဲတွင် တချက်၂ချက်မျှ ဖျတ်ကနဲ လွင့်သွားသည်မှ အပါ ကျစ်လစ်သန်မာသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှပေသည်။ ထိုစဉ် အနောက်နားမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ပီး တလက်စတည်း “ဘာထူးသလဲ ဗိုလ်ကြီးဒုံ? ” ” ဒီနေတော့ သင်တန်းသား တယောက် ဝမ်းသွားနေလို့ သင်တန်း […]