Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mon LayJune 28, 20192min62472
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


Min Paing Myat ThuMay 30, 20182min12235
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


kaiApril 12, 20141min81111
ပုရိသနှင့်ဣတ္ထိယ လောကတွင်အဖို၊အမဟူ၍လိင်အရခွဲခြင်း၂မျိုးရှိသည်။ တိရိစ္ဆာန်များတွင်တော့ တီကောင်ကဲ့သို့လိင်အင်္ဂါ၂မျိုးတွဲနေသောသတ္တဝါတချို့ရှိသည်ဖတ်ဖူးပါသည်။ သတ္တဝါတခုတွင် ကျားမလိင်တွဲရှိနေပါလျှင် တိုးတက်ရာ၊စိတ်လှုပ်ရှားစရာ အားပြိုင်ညှိခြင်းရှိမည်မဟုတ်ပေ၊ လူသားတွင်  မိန်းမအင်္ဂါ၊ ယောကျင်္ားအင်္ဂါမပါသူကို “နပုန်းပဏ္ဍုတ်”ခေါ်၍ ၂မျိုးလုံးပါသူကို “ဥဘတောဗျည်း”ဟုခေါ်လေသည်။ ကျားနှင့်မ ၂မျိုးသာရှိသည်တွင် လူ့သမိုင်းယဉ်ကျေးမှုတလျှောက်ကျားနှင့်မကိုခွဲခြားဆက်ဆံခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းခေတ်များရှိခဲ့ဖူးသည်။ ရှိနေဆဲဟုလည်းဆိုနိုင်သည်။ ရောမခေတ်တွင် စစ်ထွက်ယောကျာ်းများသည် မိန်းမများကိုခွဲခြားဆက်ဆံကြသည်ဟု ဖတ်ဖူးသည်။ ကလေးမွေးပေးနိုင်သောသတ္တဝါတရပ်အထိပင်စံထားသူများလည်းရှိပေသည်။ ထို့ကြောင့် ယောကျာ်းအချင်းချင်း လိင်ဆက်ဆံခြင်းထွန်းကားဟန်ရှိကာ ကျွန်မင်းစပါတာကတ်နှင့်စစ်မင်းအလက်ဇန္ဒားတို့၏ဘဝမှတ်တမ်းများက ဤအချက်ကို မီးမောင်းထိုးပြသည်ဟုဆိုချင်သည်။ ထိုခေတ်၏”ဂေး”ဟူသည် ယခုခေတ်နှင့်တွေးမြင်စဉ်းစားပုံ လုံးဝခြားနားမည်ဟုယုံကြည်မိပါ၏။ ထိုမှသည်.. ဒုတိယကမ္ဘာစစ်ကြီးက စစ်ထဲသွားနေသောယောကျာ်းတို့၏အလုပ်နေရာများကို မိန်းမတို့လုပ်ဖြစ်သွားရန်အတွက်တွန်းပို့ခဲ့သည်။ စစ်ကြီးပြီးခေတ်တွင်တော့ စစ်ကြောင့်လျှော့သွားကျသွားသော ကျားများနေရာအတွက် အစားထိုးဖြည့်ရန်  ကျားကလေးငယ်အများစုသာ မွေးထုတ်ပေးရသော မိခင်များအဖြစ်ရောက်စေခဲ့သည်။ မိခင်များကြောင့်ပင် အမျိုးသားတို့ဤဒွန္နယာ၌ဖြစ်တည်ရှိကြသည်မဟုတ်ပါလော။ ဘာသာရေး ကမ္ဘာ့ဘာသာကြီး၄ရပ်၏ ဥသျှောင်များတွင် ပုရိသများကိုသိပ်သည်းလျှက်တွေ့ရပေသည်။ ဘာသာကြီးတို့တည်ထောင်ရာ အစမူလနှစ်များတွင် စစ်နှင့်သူ၏ပဋိပက္ခများဖြင့်သာ ကစားရပေရာ  အင်အားသုံးနိုင်သည့် […]


Phyo Thit LuuOctober 11, 20131min188925
ဟားဟားဟား… ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ ဘာကိုစဉ်းစားမလဲဆိုတာ ကျမ တန်းပြီးတော့ သိလိုက်ပြီလေ။ အိပ်ရာပေါ်က ကိစ္စကို တန်းစဉ်းစားကြတယ် မဟုတ်လား။ ၇ဝ ရာခိုင်းနှုန်းလောက်သော ဒီစာရဲ့ ခေါင်းစဉ်ကို ဖတ်မိတဲ့သူတွေက ဒီလိုပဲ လိင်ဆက်ဆံတဲ့အကြောင်းအရာဖက်ကို ဦးတည်စဉ်းစားမိမယ်ဆိုတာ ကျမ သိနေပါတယ်လေ။ ပြောတော့လည်း မြန်မာ့ယဉ်ကျေးမှုအရ လိင်ကိစ္စအကြောင်း မပြောကောင်းဘူး ဘာဘူးနဲ့ သူတို့တွေစိတ်ထဲက စဉ်းစားနေတာတွေကိုကျ မသိတာမှတ်လို့နော့။ ထားလိုက်ပါလေ ဒါတွေက။ ဒါပေမယ့် အခု ကျမပြောချင်တာကတော့ စကားလုံး တစ်လုံးကြောင့် တချို့ချို့သော သူတွေအပေါ်မှာ ဘဝနဲ့ရင်းပြီးတော့ ဖိနှိပ် အနိုင်ကျင့် စော်ကား ခွဲခြား အကြမ်းဖက်ခံခဲ့ကြရတယ်ဆိုတာလေးကို ပြောပြချင်လို့ပါ။ ဟိုးလွန်ခဲ့တဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကျမ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ ဒေသတစ်ခုမှာပေါ့နော်… ဂန်ဒူး xxx မိန်းမလျာ xxx […]


ဇီဇီSeptember 3, 20135min395354
ဟုတ်ကဲ့။ နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။ အဟွတ်။ ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   😀   ဖြစ်ပုံတွေက ဂလိုပါ။ မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။ စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။ “ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။ အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  😥 ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ […]


အပိုင်း ( ၁ ) ဗိုလ်မှူးသူရခင်လတ်(ငြိမ်း)၏ နွေရာသီ အထူး(ကျား)စခန်း နေရာကား မှော်ဘီမြို ့ အနီး ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အနီးတွင် အထူးဖွင့်လှစ်ထားသော Camp တခုတွင် ဖြစ်သည်။ သင်တန်းကျောင်း ဦးစီးဦးဆောင်သူ သူရခင်လတ်သည်ကား အရပ်ခပ်ပြတ်ပြတ် အသားအနည်း ညိုမှောင်ကာ စူးရှသောမျက်လုံးတစုံဖြင့် အတန်ငယ် မျက်မှောင်ကုတ်၍ အဝေးတနေရာသို့ စူးစိုက်ကြည့်နေလေသည်။ စစ်စိမ်းရောင် ခပ်ရင့်ရင့် ပါရာကျု ဆုထ့်သည် လေထဲတွင် တချက်၂ချက်မျှ ဖျတ်ကနဲ လွင့်သွားသည်မှ အပါ ကျစ်လစ်သန်မာသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှပေသည်။ ထိုစဉ် အနောက်နားမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ပီး တလက်စတည်း “ဘာထူးသလဲ ဗိုလ်ကြီးဒုံ? ” ” ဒီနေတော့ သင်တန်းသား တယောက် ဝမ်းသွားနေလို့ သင်တန်း […]


“သဂျီးခြောက်သွားပီ…” ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ “ဟုတ်ပါ့မလားဟယ်…. မနေ့ဃဒင် အကောင်းဂျီး၊ မာဆက်မှာတောင် တွေ့လိုက်သေးဒယ်”  “အေးလေ ငါလည်းသူနဲ့ 69ဇိမ်ခန်းမှာ တမြန်နေ့ဂ ဆုံမိဒေါ့ တဆက်ရှင်နဲ့ မလောက်လို့ အချိန်ပိုကြေး ပေးရဒါ ညည်းနေသံကြားတယ်” “အဲဒါတော့ အသိဗူးဗျာ အခုဒင် လောလောလတ်လတ် ထွက်လာဒဲ့သဒင်း၊ မယုံ ကိုယ်ဒိုင်သွား မေးဂျေ” ကကြောင်ကြီးနှင့် မန်းဂေဇက် ရွာသူားများ အချေအချ ပြောဆိုသံဖြစ်သည်။ သံသယဖြစ်မည်ဆိုလဲ ဖြစ်လောက်စရာပင်.. တိုင်းသိပြည်ကျော် ရှာပွတ်ခိုမ်ဟု နာမည်ကြီးနေသည်မှာ အကြောင်းမဲ့မဟုတ်၊ ချဲကြွေးပေးဖို့ မရှိသဖြင့် အကြံကုန် ဂဠုန်ဆားချက် လျှာပွတ်ဆေး ဖော်ရောင်းရာမှ ကံကောင်းထောက်မ၍ ကျိကျိတက် ချမ်းသာလာပြီး ဘဝမေ့ဂါ ကာမစည်းစိမ် မပြတ်ရှာဖွေ ခံစားလွန်းသူ၊ တခုမဟုတ်တခု မပွတ်ရလျင် မနေနိုင်သူဖြစ်သည်။ ယခုမူ […]


Phyo Thit LuuAugust 1, 20131min72414
ဟေ့ကောင်… ပြောစမ်း။ မင်း မိန်းမလား ယောက်ျားလား။ ပြောစမ်း ဟိတ်ကောင်။ ပါးစပ်ကလည်းပြော လက်ကလည်း ထားဝယ်ကြိမ်လုံးသေးသေးလေးတွေနဲ့ တဖြန်းဖြန်းမြည်အောင် ရိုက်နှက်ခံနေရသော ကလေးငယ်လေးဟာ အလွန်ဆုံးရှိလှမှ ၆ နှစ် ရ နှစ် သာသာရှိဦးမယ်လို့ ကျမ ခန့်မှန်းနေမိပါတယ်။ ကလေးငယ်လေးဟာ ယောက်ျား၊ မိန်းမ ခွဲခြားလို့ရလောက်အောင် ရုပ်ရည်ပင် မပေါ်ပေါက်သေး။ ကျမ မြင်နေရတာကတော့ ဘိုမရုပ်ကလေးတွေမှာ ဝတ်ပေးနေကြ ဂါဝန်လှလှလေးတွေလိုပုံစံ ဂါဝန်ကို ဝတ်ထားပြီးတော့ နှုတ်ခမ်းနီးတွေ မျက်နှာမှာ ပေကျန်နေတာပါပဲ။ ဟေ့ကောင်… မင်း မိန်းမလား ယောက်ျားလား ဆိုပြီးတော့ တခွန်းပြီးတခွန်းမေးရင်းနဲ့ တဖြန်းဖြန်းနဲ့ မရပ်မနား ရိုက်နှက်နေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ဂါဝန်အစတွေ ကွဲပြဲထွက်နေတာကိုလည်း မြင်နေရတယ်။ အဲဒါအပြင် ကျောပြင်နဲ့ လက်ပြင်တချို့နေရာတွေမှာ ကြိမ်ချက်ကြောင့် […]


July 30, 20131min76719
  ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေထဲမှာ ကန်တော်ကြီးလို့ အမည်ရတဲ့ ရေကန်ကြီးဟာလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ကန်တော်ကြီးရဲ့ ထူးခြားချက်တွေထဲမှာဆိုရင် ကျောက်စိမ်းရောင် သန်းနေတဲ့ ရေကန်ပြင်ကျယ်ကြီးရယ်၊ သစ်ပင်ကြီးတွေ ထူထပ်ပေါများနေလို့ အရိပ်ရပြီး အေးချမ်းနေတဲ့ ကျွန်းဆွယ်တွေ၊ သစ်လုံးကြီးတွေနဲ့ ကန်ပတ်ပတ်လည်မှာ လူသွားလမ်းအဖြစ် တည်ဆောက်ထားတဲ့ သစ်သားတံတားကြီးတွေ၊ ပန်းခြံတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ မွန်းမံထားလို့ပဲဆိုတာ လူတိုင်းမငြင်းနိုင်တဲ့ အချက်ပါပဲမဟုတ်လား။ ကန်တော်ကြီးရဲ့ ပတ်ပတ်လည်ကိုတော့ သံပြားကြီးတွေနဲ့ အလှဆင်ထားတဲ့ ခြံစည်းရိုးအမြင့်ကြီးတွေကို ကာရံလို့ထားတယ်။ အဲဒီခြံစည်းရိုးရဲ့ အပြင်ဖက်မှာဆိုရင် လူသွားလမ်း ပလပ်ဖောင်းကြီးနဲ့ ကားလမ်းမကြီးက ကာရံထားလို့ စည်ကားနေပါရဲ့။ ကန်ပတ်ပတ်လည် ခြံစည်းရိုးမှာဆိုရင် ရှေးဟောင်းသစ်ပင်ကြီးတွေဟာ ကြိုကြားကြိုကြားနဲ့ ပေါက်ရောက်လို့ပေါ့။ ကန်တော်ကြီးရှုခင်းသာဟာဆိုရင် မနက်မိုးသောက် အာရုံတက်ပြီဆိုတာနဲ့ ကြေးငှက်သံစုံတွေရဲ့ တွန်ကြူးသံနဲ့အတူ စတင်အသက်ဝင်လို့ လာခဲ့ပါတယ်။ […]


July 29, 20131min75120
ပြောရဦးမယ် ယောင်းမရေ။ ကျမဖြင့် တယောက်တည်း အိပ်ရာထဲမှာ လူးလှိမ့်ရင်း ခံစားခဲ့ရတာ များနေပြီမို့ပါ။ လူဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေကို တယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် ပေါ့သွားတယ် ဆိုတာပြောကြပေမယ့် ကျမတို့လို လူမျိုးတွေရဲ့ စကားကို ဘယ်သူတဦးတယောက်က အရေးတယူ နားထောင်ပေးပါ့မလဲလေ။ ပတ်ဝန်းကျင်က နားမထောင်ပေးတာကို ထားလိုက်ပါဦးတော့ အိမ်က မိသားစုဝင်တွေတောင်မှ ကိုယ့်စကားဆို အဖတ်လုပ်ပြီးတော့ အကောင်းမြင်ပေးတာမျိုးတွေမှ မရှိခဲ့တာပဲ။ အဲဒီအတွက် ယောင်းမကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျမတို့လို ဂျီမတွေရဲ့ ရင်ဖွင့်သံလေးကို မညီးမငြူ နားထောင်ပေး တတ်လွန်းလို့ပါရှင်ရယ်။ ကျမလေ အခုတလော အင်း… အခုတလောဆိုတာထက် ယောင်းမရယ် ရှင်သတိထားမိလားတော့ မသိဘူး။ ကျမနဲ့ တစ်နှစ်ကျော်ကြာအောင် ချစ်သူရည်းစားအဖြစ် ပေါင်းဖက်နေတဲ့ ကျမချစ်သူအကြောင်းကို ပြောပြချင်လွန်းလို့ပါ။ လွန်ခဲ့တဲ့ အပတ်ကပေါ့ရှင်။ […]


CourageApril 26, 20131min65816
သူသာ သူမဖြစ်ခဲ့လျှင်             ကျွန်တော်သူ့ကို စတွေ့ခဲ့ဖူးတာ အပြင်မှာမဟုတ်။ လှုပ်ရှားမှုကင်းမဲ့နေသော ရုပ်သေ ဓာတ်ပုံထဲမှာ။ ထိုနေ့က ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း စုံတွဲတစ်တွဲရယ် အပြင်မှာ မုန့်ထွက်စားဖြစ်ခဲ့တဲ့ အချိန်မှာ ကျွန်တော့သူငယ်ချင်းလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်လဲဖြစ်တဲ့ ညီလင်းရဲ့ ချစ်သူ မေသင်းရဲ့ ဓာတ်ပုံ အယ်လ်ဘန်က  စခဲ့တဲ့ ဇာတ်လမ်းလို့ပဲပြောမည်။ “ဟဲ့ ရှိုင်းမောင် ဒီမှာကြည့်စမ်း ငါ့ပုံလေးတွေမလှဘူးလား” ဆိုင်ထဲကို အရင်ရောက်နှင့်နေပြီးဖြစ်တဲ့ ကျွန်တော့ကို မေသင်းက သူ့လက်ထဲ တစ်ပွေ့တစ်ပိုက်ဖြင့်ပါလာသည့် ဓာတ်ပုံ အယ်လ်ဘန်များကို လှမ်းပေးရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ညီလင်းကတော့ မုန့်ကောင်တာတွင် စားစရာများကို မှာယူပြီးမှာ ခုံတွင်လာထိုင် သည်။ “ဘာပုံတွေတုန်းဟ။ နင်နဲ့ ညီလင်းရဲ့ မတော်တရော်ပုံတွေဆိုရင်တော့ မကြည့်ဘူး နော်။ ငါရှက်တက်တယ်” “ကောင်စုတ်။ ညစ်တီးညစ်စုတ်နဲ့။ […]


ယောက်ျားလျှာ စုံတွဲတတွဲ ခလေးရဖို့ သုတ်မျိုးစေ့ လှူခဲ့မိတဲ့ ကင်းန်ဆပ် နယ်သားတဦးခမျာ ခလေးစရိတ် တာဝန်ယူဖို့ ပြည်နယ်တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဒွတ်ခရောက်နေပါတယ်။ အသက်၄၆နှစ်ရှိ Marotta အမျိုးသားဟာ ခလေးဖခင်အဖြစ် တာဝန်မရှိကြောင်း ယောက်ျားလျှာစုံတွဲအား စာချုပ်စာတမ်းနဲ့ သုတ်မျိုးစေ့ လှူဒါန်းခဲ့ပါတယ်။ အခုဆို ခလေးမ အသက်သုံးနှစ် ရှိပါပြီ။ ဒါပေမဲ့ အောက်တိုဘာလမှာ ကင်းန်ဆပ်ပြည်နယ် အစိုးရက သူ့ကို ခလေးအဖေ ကြေငြာဖို့၊ အကြပ်အတည်း ကြုံနေတဲ့ မွေးစားမိဘကိုယ်စား ငွေရေးကြေးရေး တာဝန်ယူဖို့ တရားရုံး လျောက်ထားပါတယ်။ သူက ရုံးတော်မှာ အမှုပလပ်ပေးဖို့ ပန်ကြားပါလိမ့်မယ်။ အမှုသော့ချက်မှာ သုတ်ပိုးလှူတဲ့အခါ ဖခင်တဦးရဲ့ နောက်ပိုင်း ငွေကြေးဆိုင်ရာ တာဝန်ရှိမှု ကင်းလွတ်ချင်ရင် လိုင်စင်ရ ဆရာဝန်မှတဆင့် ပြုလုပ်ဖို့ ပြည်နယ် ဥပဒေ […]


ကို သာSeptember 11, 20121min3441
ကျွန်မတို့ အဖွဲ့ချုပ်ဝင်ဟာ ဒါကတော့ လူသားပီပီ မို့လားတော့ မသိဘူး။ အခွင့်အရေးလေးတွေ ရလို့ရှိရင် ယူချင်တဲ့ စိတ်ကလေးတွေရှိတယ်။ အဲဒီစိတ်ကလေးတွေကို ထိန်းကြပါ။ ကိုယ့်အခြေအနေလေးက နည်းနည်းကောင်းလာပြီ ဆိုလို့ရှိရင် ဖိနင်းပြီးတော့ ဒီအခြေအနေအပေါ် ဖိနင်းပြီးတော့ ကျော်ချင်တဲ့ ပုံစံလေးတွေ ကျွန်မတို့ တွေ့ရတယ်။ အဲဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်မ သတိပေးပါတယ်။ အခုလို ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့ အချိန်မှာတောင်မှ ရိုင်းရိုင်းပြောရရင် လူပါးဝချင်တယ် ပေါ့နော်။ ကျွန်မတို ဒီမိုကရေစီ ရတဲ့အခါ ကျလို့ရှိရင် ဘယ်လိုနေမလဲ။ ဒီလို စိတ်ဓာတ်တွေ မထားကြပါနဲ့။ အဖွဲ့ချုပ်ဝင်တွေကို ပြည်သူလူထုကနေပြီးတော့ ကြည့်မရဘဲ အမြင်ကပ်ရတဲ့ အခြေအနေမျိုး ဖြစ်သွားလောက်အောင်တော့ ဘယ်တော့မှ မလုပ်ကြပါနဲ့။ အကယ်၍ အခြေအနေတွေ ကောင်းသွားပြီဆိုလို့ရှိရင် ကျွန်မတို့လူတွေက နောက်ဆုတ်ပေးဖို့ လိုပါတယ်။ […]