ပျံပေဦးတော့ ညဉ့်ငှက်မလေးရေ… မင်းလွတ်ရာလမ်းကိုပေါ့ကွာ
ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေထဲမှာ ကန်တော်ကြီးလို့ အမည်ရတဲ့ ရေကန်ကြီးဟာလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ကန်တော်ကြီးရဲ့ ထူးခြားချက်တွေထဲမှာဆိုရင် ကျောက်စိမ်းရောင် သန်းနေတဲ့ ရေကန်ပြင်ကျယ်ကြီးရယ်၊ သစ်ပင်ကြီးတွေ ထူထပ်ပေါများနေလို့ အရိပ်ရပြီး အေးချမ်းနေတဲ့ ကျွန်းဆွယ်တွေ၊ သစ်လုံးကြီးတွေနဲ့ ကန်ပတ်ပတ်လည်မှာ လူသွားလမ်းအဖြစ် တည်ဆောက်ထားတဲ့ သစ်သားတံတားကြီးတွေ၊ ပန်းခြံတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ မွန်းမံထားလို့ပဲဆိုတာ လူတိုင်းမငြင်းနိုင်တဲ့ အချက်ပါပဲမဟုတ်လား။
ကန်တော်ကြီးရဲ့ ပတ်ပတ်လည်ကိုတော့ သံပြားကြီးတွေနဲ့ အလှဆင်ထားတဲ့ ခြံစည်းရိုးအမြင့်ကြီးတွေကို ကာရံလို့ထားတယ်။ အဲဒီခြံစည်းရိုးရဲ့ အပြင်ဖက်မှာဆိုရင် လူသွားလမ်း ပလပ်ဖောင်းကြီးနဲ့ ကားလမ်းမကြီးက ကာရံထားလို့ စည်ကားနေပါရဲ့။ ကန်ပတ်ပတ်လည် ခြံစည်းရိုးမှာဆိုရင် ရှေးဟောင်းသစ်ပင်ကြီးတွေဟာ ကြိုကြားကြိုကြားနဲ့ ပေါက်ရောက်လို့ပေါ့။
ကန်တော်ကြီးရှုခင်းသာဟာဆိုရင် မနက်မိုးသောက် အာရုံတက်ပြီဆိုတာနဲ့ ကြေးငှက်သံစုံတွေရဲ့ တွန်ကြူးသံနဲ့အတူ စတင်အသက်ဝင်လို့ လာခဲ့ပါတယ်။ အာရုံတက်ချိန်ရဲ့ အေးချမ်းသာယာလှတဲ့ အလှအပတွေနဲ့အတူ ကန်တော်ကြီးရှုခင်းကို အားကစားဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လူအင်အားထုကြီးက ဝါမျိုလိုက်တဲ့ မြင်ကွင်းဟာ ကန်တော်ကြီးရဲ့ ထင်ရှားမှု အောင်မြင်မှု ဂုဏ်ပုဒ်တစ်ခုပဲ မဟုတ်လား။
သန့်စင်မွန်မြတ်လှတဲ့ လေထုနဲ့အတူ လန်းဆန်းတက်ကြွမှုတွေကို ပေးစွမ်းနိုင်တဲ့ ကန်တော်ကြီးကို လူထုကြီးက ချစ်ကြတယ်ဆိုတာဟာလည်း မေတ္တာတရားရဲ့ အသွားအပြန် သဘောတရားတွေပဲ မဟုတ်လား။ တုံ့ပြန်မှုဆိုတဲ့ နိယာမသဘောတရားမှာ အသွားအပြန် ဆိုတာပါတယ်လေ။ အမုန်းတရားတွေကို ပေးမယ်ဆိုရင် အမုန်းတရားပဲ ပြန်လာမယ်။ ချစ်ခြင်းတရားတွေကို ပေးမယ်ဆိုရင် ချစ်ခြင်းမေတ္တာတွေပဲ ပြန်လာမယ်။ အခုလိုမျိုး လူထုကြီးအတွက် အေးမြငြိမ်းချမ်းမှုတွေကို ပေးနေတဲ့ ကန်တော်ကြီးဆီကို အေးမြငြိမ်းချမ်းမှုတွေပြန်လာတယ်ဆိုတာဟာလည်း သူပေးလို့ ကိုယ်ပြန်ရတယ်ဆိုတဲ့ သဘောတရားတွေပဲလေ။
နေအထွက်မှအစ နေဝင်မိုးချုပ်တဲ့အထိ ကန်တော်ကြီးကို အသက်သွင်းကြတဲ့ သူတွေထဲမှာ အထင်ကရအဖြစ်ဆုံး သူတွေကတော့ ကြည်နူးပျော်ရွှင်ဖွယ် နှစ်လိုဖွယ်ရာကောင်းတဲ့ စုံတွဲလေးတွေဆိုရင်ရော စာဖတ်သူတွေ ငြင်းပါ့မလား။
ကန်တော်ကြီးဆိုတဲ့ ရင်ခွင်ထဲမှာ ချစ်သူစုံတွဲလေးတွေဟာ ပျော်ရွှင်ကြည်နူးစွာနဲ့ လက်ခြင်းချိတ်လို့ တွဲလျှောက်ရင်း ပျော်ရွှင်ခဲ့ကြတယ်။ တချို့စုံတွဲတွေကလည်း ထီးရိပ်လေးကိုခိုလို့ သစ်ပင်တွေရဲ့ ပင်စည်တွေကို အကွယ်ပြုရင်းနဲ့ ချစ်တင်းနှောခဲ့ကြတယ်။ စုံတွဲတချို့တွေက ကန်တော်ကြီးမှာ ဖူးစာဆုံခဲ့ကြပြီးတော့ ကန်တော်ကြီးရဲ့ ရင်ခွင်ရိပ်မှာပဲ မျက်ရည်မိုးတွေ ရွာသွန်းခဲ့ကြရတယ်။ တချို့သူတွေက အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ကန်တော်ကြီးရိပ်မှာပဲ အသက်စွန့်သွားခဲ့ကြတယ်။ များစွာသော အဖြစ်အပျက်တွေနဲ့ ရာဇဝင်ပုံရိပ်တွေကို ကန်တော်ကြီးဆိုတဲ့ ရင်ခွင်ရိပ်ထဲမှာ သင်ရှာကြည့်မယ်ဆိုရင်တော့ မြင်နိုင်လိမ့်မှာပါပဲလေ။
အခုနောက်ပိုင်း ကန်တော်ကြီးရဲ့ သစ်သားတံတားဘောင်နဘေးမှာ အရိပ်လေးတရိပ် အမြဲတမ်း ဖြတ်သွားနေတာကို ဘယ်သူမှ မရိပ်မိဘူးထင်ပါရဲ့။ အဲဒီအရိပ်လေးကို သေချာကြည့်မယ်ဆိုရင် ကောင်မလေးတယောက် ခါးလယ်လောက်ရှိတဲ့ ကြက်ဆံမြီးလေးကိုချလို့ မြန်မာဝတ်စုံလေးနဲ့ ကတ္တီပါကြားညှပ်လေးကိုစီးလို့ပေါ့။
သူမက အမြဲတမ်း လူတွေကို နောက်ကျောပေးပြီးတော့ ဟိုးအဝေးကြီးကို ငေးမောရင်းနဲ့ စူးစူးစိုက်စိုက်ကြီး ကြည့်နေတတ်တယ်လေ။ တချက်တချက်မှာ ရှိုက်သံ သဲ့သဲ့လေးလည်း လေထုနဲ့အတူ သူမဆီကနေ လွင့်ပါလာသလိုလို။ အဲဒီ ရှိုက်သံလေးရဲ့ နောက်မှာဆိုရင်တော့ သေချာနားထောင်ကြည့်ရင် နားကြည်းမှု မုန်းတီးမှု ယူကြုံမရမှု သည်းခံရမှု မျိုသိပ်ရမှု ခံစားထိန်းချုပ် ခဲ့ရမှုတွေ ပါဝင်နေတယ်ဆိုတာ ကန်တော်ကြီးရိပ်မှာ ခိုလှုံဖူးတဲ့ လူထုကြီး သိမှသိပါလေစ။
အနောက်နေ ကြည့်လိုက်မယ်ဆိုရင်တော့ သူမကို အရမ်းကို ချောမောလှပပြီးတော့ ဆွဲဆောင်မှုကောင်းတဲ့ အမျိုးသမီးတယောက် အလွဲမသွေ ဖြစ်မယ်ဆိုတာ လူတိုင်း ဟောကိန်းထုတ်ကြမှာ မလွဲပါဘူး။ ဟုတ်တယ်လေ။ သူမ အရမ်းကို ချောမောလှပခဲ့တာပဲ။ သူမရဲ့ အလှတွေအောက်မှာ ပျားပျားဝပ်တွား ခစားခဲ့ကြရတဲ့ လူတွေလည်း နည်းမှ မနည်းခဲ့ပါပဲ။
အခုတော့ သူမ မျက်နှာကို ဘယ်သူကြည့်ဝံ့လို့လဲ။ ဘယ်သူကြည့်ရဲလို့လဲ။ ဘယ်သူကရော သူမဆီမှာ ခစားဝပ်တွားချင်ကြသေးလို့လဲ။ ဘယ်သူကရော သူမကို လာပါ လာပါလို့ ဖိတ်ခေါ်ချင်ကြသေးလို့လဲ။
မျက်လုံးဟောက်ပတ်ကြီးနဲ့ အရေခွံတွေကွာကျနေတဲ့ သူမရဲ့ မျက်နှာကြီး။ ပါးရိုးတွေမှာ လောက်ကောင်တွေ တိုးလိုးတွဲလောင်းကပ်ညိလို့ လှုပ်ရှားသွားလာနေကြလေရဲ့။ သူမရဲ့ နားရွက်တဖက် မရှိတော့ဘူး။ သူမ နှာခေါင်းနေရာမှာတော့ အရိုးခေါင်းဟောင်းလောင်းကြီး။
သူမပြောနေတယ်။ သူမခေါ်နေတယ်။ လာခဲ့ပါတဲ့။ ဒီကိုလာခဲ့ပါတဲ့။ ဟင့်အင်း မလာဘူး။ ဟင်းအင်း မခေါ်နဲ့ မလာဘူး။ ဟင်းအင်း ငါကြောက်တယ် ငါရွံတယ်။ မလာနဲ့ မလာနဲ့ သွား သွား ထွက်သွားပါ……
“မလာနဲ့ မလာနဲ့ သွား သွား သွား…… အမေ အမေ မိပြုံး လာခေါ်နေတယ်။ မလိုက်ဘူး မလိုက်ဘူး။ အခုထွက်သွားပါ ထွက်သွားပါ။ မလိုက်ဘူး မလိုက်နိုင်ဘူး။ အား………… ”
စူးစူးဝါးဝါး အော်သံကြီးတစ်ခုရဲ့ နောက်မှာ ကျနော့် မေမေက အခန်းထဲကို ပျာပျာသလဲ ပြေးဝင်လာပြီးတော့ ကျနော့်ကို ပွေ့ထူပေးတယ်။ ချွေးတွေတကိုယ်လုံးရွှဲနစ်နေအောင် ထွက်နေတဲ့ ကျနော့်ပါးပြင်မှာ မျက်ရည်တွေလည်း အသွင်သွင် စီးဆင်းလို့ပါလား။ အော်… ကျနော် အိပ်မက် မက်နေခဲ့တာပဲ။ မေမေ ခပ်ပေးတဲ့ ရေအေးအေးလေးကို အငမ်းမရ သောက်ရင်း ကျနော့်ရင်ထဲမှာ လှိုက်လှိုက်လို့ စူးနစ်နေပါလား။
မိပြုံးဆိုတာ တခြားသူ မဟုတ်ပါဘူး။ မင်းထက်ခန့်ဆိုတဲ့ ကျနော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲလေ။ မှတ်ပုံတင်ထဲမှာ မင်းထက်ခန့် ဖြစ်နေတဲ့ မိပြုံးကတော့ သဇင်ပြုံး ဆိုပြီးတော့ နာမည်ကြီးပါလေရဲ့။
သူမ သဇင်ပြုံးဖြစ်သွားရတာကတော့ လူပျိုပေါက်စအရွယ် ၈ တန်းလောက်ကနေ စခဲ့တာဆိုပါတော့။ ကျနော်တို့ကျောင်းမှာ ကနွဲ့ကလျနဲ့ လူတိုင်းစနောက်ခံရတဲ့ ကျောင်းသား၊ ကျောင်းမှာ စာအတော်ဆုံးသော ကျောင်းသား၊ ကျောင်းသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသော ကျောင်းသားနှစ်ယောက်က ကျနော်နဲ့ မိပြုံးတို့ နှစ်ယောက်ပဲလေ။
ငယ်ငယ်ကတည်းက တတွဲတွဲနဲ့ တွဲခဲ့ကြတဲ့ ကျနော်တို့ နှစ်ယောက်ဟာ ၈ တန်းလောက်ရောက်တဲ့ အချိန်မှာတော့ ခွဲခွာရဖို့ ဖြစ်လာခဲ့တယ်ဆိုပါတော့။ မိသားစုရေး အခြေအနေရ ကျနော်က နေရပ်ဌာနကို စွန့်ခွာပြီးတော့ ရေခြားမြေခြားကို ထွက်ခွာဖို့အတွက် မိပြုံးတို့ကို ကျောခိုင်းခဲ့ရတယ်။
ဌာနေက ဆွေမျိုးတွေဆီကို ဖုန်းဆက်တိုင်းမှာ မိပြုံးရဲ့ သတင်းလေးက မယုံနိုင်စရာ ပြောင်းလဲမှုတွေနဲ့ စိတ်ဝင်တစား ဖြစ်ခဲ့ရတယ်။ ဝမ်းကွဲအစ်မတယောက်က နင့်သူငယ်ချင်း မင်းထက်ခန့်က အခု သဇင်ပြုံးဖြစ်သွားပြီတဲ့လေ။ ကြားကြားချင်းမှာ ကျနော် နားမလည်နိုင်အောင်ပဲ ဖြစ်ခဲ့ရတာပေါ့။ မိပြုံးတယောက် လုံးဝ မိန်းကလေးတယောက်လိုပဲ ဝတ်စားပြုမူနေတော့တာတဲ့။ မိသားစုကလည်း လက်မခံတော့ အခု လမ်းပေါ်ရောက်သွားပြီတဲ့လေ။
သုံးနှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ အစပျောက်သွားတဲ့ မိပြုံးတယောက် ဘယ်လိုများ ဖြစ်သွားခဲ့တာလဲဆိုတဲ့ အတွေးက ကျနော့်ရင်ကို လွှမ်းမိုးခဲ့ပါတယ်။ ကျနော် မိပြုံးကို အရမ်းတွေ့ချင်လာသလို မိပြုံးနဲ့ အဆက်အသွယ် ပြန်ရအောင် ရေမြေခြားကနေ ရှာပုံတော်ဖွင့်နေမိတယ်။
အင်တာနက်တွေ ခေတ်စားလာပြီးတော့ ဆက်သွယ်မှုတွေ ကောင်းမွန်လွယ်ကူလာတဲ့ တိုးတက်လာခဲ့တဲ့ ခေတ်ရောက်လာတော့ သတင်းစကားတစ်ခုကလည်း မြန်ဆန်စွာနဲ့ ကျနော့်ဆီကို ရောက်လာခဲ့တာပေါ့။
ကျနော့်ဝမ်းကွဲအစ်မဆီကနေ စာတိုလေးတစောင်နဲ့ သတင်းစာဖြတ်ပိုင်းလေးနှစ်ခု ရောက်လာခဲ့တယ်။ ကျနော်ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူး။ ဟင့်အင်း ကျနော် လက်မခံနိုင်ဘူး။ မဟုတ်ဘူး ဒါ မဟုတ်ဘူးလို့ ကျနော် အကြိမ်ကြိမ် ငြင်းဆန်နေမိတယ်။
ပထမ ဖြတ်ပိုင်းလေးမှာတော့ အရောင်းမွဲနေတဲ့ စာလုံးလေးတွေနဲ့ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်းတဲ့…
နောက်တစ်ခုကတော့ နာရေးသတင်းလေး…
မင်းထက်ခန့်
အသက် ၂၃ နှစ်
မိပြုံးရယ်… ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်။ ကျနော့် စိတ်ထဲမှာ မကောင်းနိုင်တော့သလို ဘာဖြစ်လို့ မိပြုံး ကွယ်လွန်ခဲ့ရလဲဆိုတာကိုလည်း သိချင်နေမိတယ်။ ကျနော့်သူငယ်ချင်းလေး အဖြစ်က ကျနော့်ကို မွေးရပ်ဌာနေကို ပြန်လာစေဖို့ အကြောင်းအရပ်တစ်ခုထဲမှာ ထိပ်ဆုံးက ပါဝင်လာခဲ့တာပေါ့။
ကန်တော်ကြီးပတ်လမ်းပေါ်မှာ နေလုံးကြီးကကျောခိုင်းသွားလို့ မှောင်ရီစပြုလာပြီဆိုတာနဲ့ မာကျူရီမီးလုံးတွေက ကြိုကြားကြိုကြား လင်းလက်လို့ နေလေရဲ့။ တချို့သစ်ပင်ကြီးတွေအောက်က ခပ်မှောင်မှောင် အရိပ်တွေထဲမှာတော့ ညဉ့်ငှက်မလေးတွေက ပျံသန်းစပြုလို့ နေကြတယ်။
ညဉ့်ငှက်မလေးတွေက ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရောင်တွေစုံလို့။ တချို့က ခေတ်ပေါ်အခွံတွေစွတ်လို့။ တချို့ကလည်း မြန်မာဆန်ဆန်နဲ့ မဟာဆန်နေကြတာကို တွေ့မြင်ရတယ်။ တချို့က နှစ်ယောက် သုံးယောက် တစ်တွဲ၊ တချို့က တကိုယ်တော်၊ တချို့က အုပ်စုလိုက်ကြီးနဲ့ ကန်ပတ်လမ်းပေါ်က ခပ်ဖြည်းဖြည်း မောင်းနှင်လာကြတဲ့ ကားပေါ်မှာ ခိုနားဖို့အတွက် ကြိုးစားနေကြတယ်။
ကားတစ်စီးလာနားလိုက် အလုအယက် ပြေးလိုက်နဲ့ သူတို့အုပ်စုအချင်းချင်းမှာ ဆဲဆို အော်ဟစ်နေကြတာကိုလည်း တွေ့မြင်နေရပြန်တယ်။ ကျနော် အဲဒီအုပ်စုတွေထဲက ညဉ့်ငှက်မလေးတယောက်ဆီကို တိုးကပ်လို့သွားခဲ့မိတယ်။
“ကို… ဒို့နဲ့သွားချင်လို့လား။ ဒို့ ကောင်းကောင်းပြုစုပေးမှာပေါ့။ ၅ ထောင်ပဲပေးပါ။ ဒို့ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေရမယ်” စတဲ့ အသံဩဩ စကားအသွားနဲ့အတူ ကျနော့်ကို ကြိုဆိုပါလေရဲ့။ ကျနော်လည်း အလိုက်တသင့် ပြန်ပြုံးပြရင်းကနေ ဒီနားမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သဇင်ပြုံး လို့ခေါ်တယ်။ မိပြုံးလို့လည်း အများခေါ်ကြတယ်။ အဲဒီ ကောင်မလေးတယောက်ကို သိလားလို့ မေးမိတယ်။
ကျနော် လူရွေးတာ မှန်သွားတယ် ထင်တယ်။ ညဉ့်ငှက်မလေးရဲ့ မျက်နှာ ချက်ခြင်းပျက်သွားတယ်။ မျက်လုံးထဲမှာလည်း နာကျဉ်းရိပ်လိုလို၊ လွမ်းဆွတ်ရိပ်လိုလိုနဲ့ အရောင်တစ်မျိုးဖြတ်သွားတာကို ကျနော် အမှောင်ထဲကပေမယ့် မြင်နေရတယ်။
ဒါပေမယ့် ခဏလေးပါပဲ။ သူ လှည့်ထွက်သွားမလို့ လုပ်တုန်း ကျနော် အမိအရ ဖမ်းဆီးထားမိတယ်။ ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျနော့်ကို မိပြုံးအကြောင်း သိနိုင်သမျှ ပြောပြပေးဖို့။ အဲဒီအတွက်လည်း အခု သူ့အလုပ်ချိန်ကို ထိခိုက်သွားမယ်ဆိုရင် ကျနော် အလုပ်ချိန်တွင်းမှာ ကျသင့်ငွေကို ပြန်ပေးဖို့ တောင်းပန်တော့ သူ ကျနော့်နောက်ကို လိုက်လာခဲ့တယ်ပေါ့။
သူမနာမည်က အလင်္ကာတဲ့။ ဒါပေမယ့် များသောအားဖြင့်တော့ သူမကို သန့်ဇင်မျိုး ဆိုပြီးတော့ပဲ ခေါ်ကြတာတဲ့လေ။ သူမက ရန်ကုန်မြစ်ရဲ့တဖက်ကမ်းက ဒလကနေ လာပြီးတော့ ဒီမှာ အခကြေးငွေနဲ့ လိင်မှုဖျော်ဖြေရေး လုပ်ပေးတဲ့အလုပ်ကို လုပ်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီနေခဲ့ပြီတဲ့။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ အလုပ်အကိုင်က ကောင်းခဲ့တယ်။ ဒါပေမယ့်လည်း ကျီးလန့်စာ စားနေရသလိုပါပဲတဲ့။ ကိုယ့်အတွက် အခကြေးငွေပေးမယ့် ဖောက်သည်တွေကို မျှော်ရင်းကလည်း မျက်လုံးက အနားပေးလို့ မရဘူးတဲ့လေ။ ဘာဖြစ်လို့လဲဆို လှည့်ကင်းတွေက လစ်ရင်လစ်သလို ဝင်ရောက်ဖမ်းဆီးတတ်လို့ပါတဲ့။
ကျနော် နားမလည်လို့ ပြန်မေးရတယ်။ လှည့်ကင်းဆိုတာတွေက ဘာလို့ဝင်ရောက်ဖမ်းဆီးတာလဲ။ ဘယ်သူတွေက လှည့်ကင်းလှည့်တာလဲလို့ပေါ့။ အဲဒီတော့ သူမက လှည့်ကင်းဆိုတာကတော့ ဒီနားတဝိုက်က ရဲစခန်းက ရဲသားတွေပဲ လှည့်တာပါပဲတဲ့။ ဒါပေမယ့် သူတို့က အချိန်မရှိဘူးတဲ့။ လစ်ရင် လစ်သလို လာလာပြီးတော့ ဖမ်းတာပဲတဲ့။ တချို့ကလည်း သူတို့ဖမ်းမိရင် ရဲစခန်းကို မပို့အောင် ပိုက်ဆံပေးရတယ်တဲ့။ ပြီးရင် သူတို့အတွက် လိင်မှုအာသာကိုပြေပျောက်အောင်လည်း လုပ်ပေးရတယ်တဲ့။ ဒါတောင်မှ သူတို့စိတ်မကျေနပ်ရင် စခန်းကိုခေါ်ပြီးတော့ နှိပ်စက်သေးတယ်ဆိုပဲ။
မိပြုံးက ကျမသူငယ်ချင်း အရင်းခေါက်ခေါက်ပါ။ ကျမတို့အတူ ဒီအလုပ်ကို လုပ်ကိုင်လာခဲ့ကြတယ် ဆိုပါတော့။ မိပြုံးအကြောင်းကို ရောက်လာတဲ့အခါကျတော့ သူမ မျက်ဝန်းမှာ နာကျည်းရိပ်လိုလို၊ ဝမ်းနည်းပူဆွေးတဲ့အရိပ်လိုလို ထင်လာပြန်တယ်။
သူမ ဆက်ပြောပြတယ်။ တစ်ည ကျမတို့တွေ ကန်တော်ကြီးစောင်းမှာပဲ ဒီလိုမျိုး ဖောက်သည်ရှာနေကြတုန်းပေါ့။ အဲဒီအချိန်ကလည်း ရဲတွေက လုပ်လို့ရမှန်းသိလာတော့ အမြဲတမ်းနီးပါး အနိုင်ကျင့်တာတွေ၊ အကြမ်းဖက်ဖမ်းဆီးတာတွေ၊ မှောင်ရိပ်ခိုမှုကို ဘမ်းပြပြီးတော့ ဖမ်းခေါ်သွားတာတွေကို ကျမတို့လိုလူတွေ အမြဲတမ်းခံနေကြရတဲ့ အချိန်ဆိုပါတော့။
မိပြုံးတစ်ယောက် ကံဆိုးခဲ့တယ် ထင်ပရှင်။ ကျမတို့တွေ ရဲလာလို့ အကုန်လုံးပြေးကြရတယ်။ အဲဒီမှာ မိပြုံးတယောက် ခြေထောက်ခေါက်ပြီးတော့ လဲကျနေခဲ့တယ်။ ကျမ နောက်ဆုံး မြင်လိုက်ရတာကတော့ ရဲနှစ်ယောက်က လဲကျနေတဲ့သူမကို ရိုက်နေတာကိုပါပဲ အစ်ကိုရယ်။ သူမ ပြောနေရင်းကနေ တချက်ရှိုက်လိုက်တာကို တွေ့လိုက်ရတယ်။
နောက်ပိုင်း ကျမတို့ သတင်းကြားတာကတော့ မိပြုံးကို ရဲတွေက ဖမ်းခေါ်သွားတယ်တဲ့။ အရင်ဆုံး ရဲစခန်းမှာ ခဏထားပြီးတော့ အင်းစိန်အချုပ်ထဲကို အရင်ပို့တယ် ဆိုပဲ။ အဲဒီ အချုပ်ထဲမှာလည်း တော်တော်လေးကို နှိပ်စက်ခဲ့ကြတယ်လို့ ကြားရတယ်။ နောက်ပိုင်းမှာ ဘာအမှုမှန်းမသိပဲနဲ့ မိပြုံးကို ထောင်ချပစ်လိုက်ကြတယ်။ ထောင်ထဲရောက်ပြီးတော့ လေးလလောက်ကြာမှာပဲ မိပြုံးတယောက် ဆုံးသွားရှာတယ်လို့ ထောင်ထဲက ထွက်လာတဲ့ ကောင်မတယောက် ပြောပြတာကိုပဲ ကျမတို့ သိလိုက်ကြရတာပါရှင်။
သူမ ငိုနေတာကို ကျနော်တွေ့နေရတယ်။ ကျနော်လည်း ဘာမှပြောမထွက်လောက်အောင်ပဲ ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ အဖြစ်ဆိုးလိုက်တာ သူငယ်ချင်းရယ်။ ဒီအကြောင်းတွေကို နင်တို့မိသားစုကရော တကယ်မသိတာလား။ မသိကျိုးကျွံပြုလိုက်ကြတာလား။ သူတို့နဲ့ လုံးဝကို မဆိုင်တော့တဲ့အတိုင်း ဥပေက္ခာပြုလိုက်နိုင်ကြတာလား။
ကျနော် ဘာကိုမှ မစဉ်းစားနိုင်တော့သလို မတွေးချင်တော့ဘူး။ ကျနော့်ရင်ထဲမှာ ဘာကိုမှန်းမသိ ဝမ်းနည်းနေတာကိုပဲ ခံစားနေရတယ်။ ကျနော့်သူငယ်ချင်းလေးအတွက် အမှန်တရားဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေက မိပြုံးကို ဒီလိုအဖြစ်မျိုးဖြစ်အောင် လုပ်ခဲ့ကြတာလဲ။ ဘယ်သူတွေက တရားခံလည်း။ တရားမျှတမှု၊ အသက်ရှင်လုံခြုံမှု ဒါတွေကရော ဘယ်မှာလဲ။
ဖြိုးသစ်လူ
19 comments
Ko chogyi
July 31, 2013 at 9:02 am
တရားမျှတမှု၊ အသက်ရှင်လုံခြုံမှုတွေလိုချင်ရင်
လမ်းကြောင်းမှန် လူ့အဖွဲ့အစည်းအတွင်းမှာ
အေးအေးချမ်းချမ်းနေထိုင်ပေါ့ကွာ။
ရာမည
July 31, 2013 at 10:27 am
ကိုဖြို်း ၊မောင်ဖြိုး မဖြိုး အဖြိုး
ရဲ တွေ ဆိုးတာလည်း ဆိုးတာပေါ့
ရဲ ဆိုတာ သူခိုး ဂျပိုး မဖြစ်ပဲ ရဲ ဖြစ်လာတာ လို့လည်း ယူဆဖွယ်ပါပဲ
အခုကိစ္စက ရဲကြောင့် သေသလို လွမ်းခြင်းဖွဲ့ထားတာ ကလာ း ….
ကိုယ်မဟုတ်တာ လုပ်စားတာလည်း အပြစ်မြင်ပါဦး
အခြောက်တစ်ယောက် မုန့်ဟင်းခါးရောင်းလို့ ဝယ်မစားသူမရှိပါဘူး
အခြောက်တစ်ယောက် ဆိုက်ကားနင်းရင်လည်း ငှားစီးမှာပါပဲ
အခြောက်တစ်ယောက် အကြော်ရောင်းလည်း ဝယ်စားကြမှာပါ
ဆိုခြင်တာက .. ကောင်းကောင်းမွန်မွန် လုပ်စားပါ ။ အားပေးမှာပေါ့
အခုတော့ဗျာ .. အိမ်ပေါ်ကဆင်းပြီး အငှားလို်က်တယ် ဒဲ့ …
ကျုပ် မေးပါဦးမယ် .. ခင်ဗျားတို့ က အော်ရီဂျင်နယ် လယ်တစ်ကွက် အမွေရထားလို့လား ?
လယ်ရှိလို့ လယ်လုပ်စားတာ သူ့ကိစ္စ
လယ်မရှိပဲ လယ်အတုနဲ့ဆိုတော့ ဘယ်လိုလုပ် သီးနှံ အောင်မလဲ …
လိုရင်းဆိုရရင်
ပြည့်တန်ဆာနှိတ်ကွတ်ရေး ဥပဒေကိုပြင်သင့်တာ
အဲ့ ဒါရှိနေရင် အခွင့်ရေး ယူကြဦးမှာဘဲ
ရဲ ကြောင့် မဟုတ် ၊ထောင်ကြောင့်မဟုတ်
ခေတ်မမှီတော့တဲ့ ဥပဒေ တွေကြောင့် !!
ခင်ဗျားတို့ကို ဖမ်းရင် ပြည့်တန်ဆာ နှိတ်ကွတ်ရေးနဲ့ ဖမ်းလို့မကောင်းဘူး
ဒါကြောင့် မှောင်ရိပ်ခို နဲ့ဖမ်းတာ
နောက်တခါမှောင်ရိပ်မခိုနဲ့
အလင်းထဲက လုပ် 🙂 : mrgreen:
ရာမည
July 31, 2013 at 10:31 am
တချို့က ပြစ်မှု ကျူးလွန်ဖို့လွယ်ကူစေဖို့
အခြောက်ဟန်ဆောင်ကြတယ်
အဲ့ အကြောင်းတွေ မကြာခင် ရေးတင်ပါဦးမယ် ။
ဦးကြောင်ကြီး
July 31, 2013 at 10:35 am
ကုန်းမိလေဒဲ့ပြုံး
အဆုံးထိလေ
ဗုံးထိသေသမို့
အိုကွယ်…
ကြေငြာလိုက်မယ်
လုပ်ကြပါ လုပ်ကြပါ
ရှင်တို့က ရဲတွေဗဲ… 😥
အလင်း ဆက်
July 31, 2013 at 10:44 am
အခုတလော
ကိုယ်ကလည်း ဝမ်းနည်းမှုကို ကျကျနန ဆုပ်ကိုင်ထားမိတဲ့အချိန်
ဒီ ဇာတ်လမ်းလေးကို ဖတ်ပြီးရော့
ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားပြန်ရော
ရာမည
July 31, 2013 at 10:54 am
စိတ်ထိန်း ကိုရင်လေး
အဲ့ လိုမျိုးတွေ ကြားတိုင်း နင့်နေရင် စောစောစီးစီး ရေဝေးရောက်သွားမယ်
သူပြောနေတာက စံလွဲ ရသတွေ
ကျုပ်ပြောခဲ့သလို ကောင်းရောင်းကောင်းဝယ်လုပ်စားပါ
အခုချက်ခြင်း လာအားပေးမယ်
မဟုတ်တာလုပ်စားရင်တော့ သူ့ ရောဂါနဲ့သူ ….
ကျုပ်ကတော့ ယောက်ကျားတစ်ယောက် အခကြေးငွေယူပြ ီး _င် ခံတာ အားမပေးနိုင်ဘူး ဗျာ
ဦးဦးပါလေရာ
July 31, 2013 at 10:52 am
ကျုပ်တို့မြန်မာနိုင်ငံမှာ
မိန်းမစိတ်ရှိတဲ့ (မိ်န်းမလျှာလို့လဲခေါ်နိုင်တဲ့)
လူကောင်းလူတော်တွေ အများကြီးမှ တကယ့်ကိုအများကြီးရှိတယ်….
သူတို့အားလုံး(အားလုံး)ဟာ မြန်မာ့လူ့ဘောင် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ
တူတူတန်တန် နေရာရထားကြတယ်။ လူလေးစားခံကြရတယ်…။
အဲဒီလူမျိုးတွေထဲမှာ-
မြန်မာပြည်ရဲ့ ထိပ်ဆုံးတစ်ကာ့ထိပ်ဆုံး လျှမ်းလျှမ်းတောက်နာမည်ကြီးအောင်မြင်နေတဲ့
နိုင်ငံခြားပြန် အထူးကု ပါရဂူ ဆရာဝန်ကြီးတွေ (ရန်ကုန်မှာတင်ဆယ်ယောက်မက)
အင်ဂျင်နီယာတွေ
အုပ်ချုပ်စီမံရေးအပိုင်းက အရာရှိတွေ
အနုပညာရှင်တွေ
အတတ်ပညာရှင်တွေ
ကျောင်းဆရာတွေ
ကုန်သည်ပွဲစားတွေ လုပ်ငန်းရှင်တွေ
မြို့မျက်နှာဖုံးလူကြီးလူကောင်းတွေ
စသည်.. စသည်ဖြင့်…
တကယ့်ထိပ်တန်းအောင်မြင်သူတွေအများအပြားရှိတယ်။ လက်ညှိုးထိုးမလွဲရှိတယ်။
ဘယ်သူမှ သူတို့ကို အထင်မသေးဘူး၊ မနှိမ်ချဘူး၊ မနှိပ်စက်ဘူး…. ခွဲခြားဆက်ဆံခြင်းမရှိဘူး…
တကယ်တော့ အနေအထိုင်မတတ်တဲ့ ငါးခုံးမလက်တဆုပ်စာကြောင့်
သူတို့ပါ ရောပြီး နာမည်ပျက်ရလို့
လူကောင်းမိ်န်းမလျှာတွေက
လမ်းဘေးနေ ဖင်လှုပ်လျှောက်ပြီး ေ-ာက်ကမြင်းထတဲ့ မိန်းမလျှာအတန်းအစားတွေကို
အင်မတန်မုန်းတီးပါတယ်။
စည်းနဲ့ကမ်းနဲ့ နေထိုင်ပြုမူလုပ်ကိုင်တဲ့ မိန်းမလျှာများအတွက် ကျုပ်တို့မြန်မာ့အသိုင်းအဝိုင်းမှာ ထိပ်ဆုံးအထိ နေရာပေးနိုင်ပါတယ်။
စည်းမဲ့ကမ်းမဲ့ နေထိုင်ပြုမူချင်တဲ့ မိန်းမလျှာများအတွက်တော့ ..
အကောင်းဆုံးက ထိုင်းနိုင်ငံကို ကြွတော်မူကြပါ….။
ကျုပ်အင်မတန်လေးစားတဲ့ အထက်တန်းစားမိန်းမလျှာများကိုယ်စားပန်ကြားအပ်ပါကြောင်း……။
ဟိုတစ်လောက မန္တလေးမှာ စီမံချက်လုပ်လိုက်တာကို မကျေမချမ်းဖြစ်နေကြတဲ့ ပုဂ္ဂိုလ်များ မီဒီယာတွေမှာ ထကြွလာတာသတိထားမိပါကြောင်း….။
Min Zarni
July 31, 2013 at 11:13 am
အပေါ်မှာ ကန်တော်ကြီး အလှကို ကျကျနန ဖွဲ့ပီး
အောက်ကျတော့မှ ညှီတော့တာပဲ…
လစ်ဘရယ်မှာလည်း လစ်မစ်နဲ့ပါကွယ်…
ဘာဘာဘာမှ မပြော်တကော ဒေါ့ဘူးလား ဟင်င်င် မားခိုမ် …???
👿
kai
July 31, 2013 at 4:15 pm
ယူအက်စ်မှာ.. ပြည့်တန်ဆာလွတ်လပ်မှုပေးတဲ့နေရာတွေရှိတယ်…
ပြည်နယ်ထဲက.. မြို့တချို့ဆိုပါတော့…။
အယ်လ်အေမှာတော့.. မရဘူးဗျို့…။
အင်ဒါကာဗာကကို.. ငွေပေးပြီးလိုက်ရှာရင်းဆွဲတာ…
ပျော်ပါးဖို့ရှိနေတဲ့သူပါ.. ဆွဲတာပေါ့…။
ပြည့်တန်ဆာမှုက.. ဘဝတသက်ဖျက်မရဘူးခင်ဗျ…
ဆိုရှယ်လို့ခေါ်တဲ့.. ကိုယ့်ဘဝမှတ်တမ်းဖျက်မရအောင်ထည့်လိုက်သမို့… ဘယ်သွားသွား.. ဘာလုပ်လုပ်ပေါ်နေရောပဲ..။
ဘဝသေတယ်ဆိုပါစို့…။
San Hla Gyi
July 31, 2013 at 7:34 pm
ရေးတာလေးက မဆိုးပေမယ့် ဇာတ်အိမ်ဖွဲ့တာက မကောင်းဘူး ဖြစ်နေတယ်ဗျ။ ခင်ဗျားရေးတာက ညဉ့်ဌက်မလေး အကြောင်းလား ညဉ့်ဌက်ဖိုလေး အကြောင်းလား ဒါမှမဟုတ် အဲဒီနှစ်မျိုးစလုံးလား။ ပြန်ရေးတာက သူငယ်ချင်း အနေနဲ့ ပြန်ရေးတော့ အဲဒီ သူငယ်ချင်းလည်း အိမ်ထောင်ကျပြီး သားသမီးရရင် သူ့သားသမီးက အဲဒီလိုဖြစ်ရင် လက်ခံနိုင်ပါ့မလား။ အခု တိုင်းပြည်က နည်းနည်း လွတ်လပ်ခွင့်လေး စရလာတာနဲ့ မဟုတ်တဲ့ နေရာတွေက ပိုပြီး အသံထွက်နေသလိုပဲ။ ပြည့်တန်ဆာများ အဖွဲ့ချုပ်တို့ သမဂ္ဂတို့တောင် ပေါ်နေပြီလားမသိ။
ဆိုလိုတာက ဒီမိန်းမလျာတို့ ပြည့်တန်ဆာတို့ကို သူတို့ဘဝတွေကို စာနာနားလည်ပေးပါ ဆိုရင် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့က သီးသန့် အဖွဲ့တွေဖွဲ့ စာတမ်းတွေဖတ် တောင်းဆိုမှုတွေ လုပ်တာကိုတော့ လက်မခံနိုင်ပါဘူးဗျာ။ ဘာလို့လည်းဆိုတော့ အဲဒီ လူမှုအဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတတ်လာလို့လည်း တိုင်းပြည်ရဲ့ အနာဂတ် လှပဖို့ သာယာလာဖို့မှ မရှိတာ။ မရှိလည်း တိုင်းပြည်ရဲ့ အနာဂတ်ကို ဘာမှ မထိခိုက်နိုင်ဘူး။ ဖြစ်ချင်းဖြစ် တိုင်းပြည် အနာဂတ်ကို နာမည်ပျက်ဖို့ပဲ ဖြစ်နိုင်တယ်။
အကျဉ်းချုပ်ကတော့ ဒီပြည့်တန်ဆာတို့ ဂေးတို့ကို sympathy လုပ်ပါဆိုရင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို လူအဖွဲ့အစည်းမှာ promote လုပ်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။
kai
August 1, 2013 at 1:10 am
spam users တွေကြော်ငြာတင်လို့.. ဖျက်လိုက်တာ.. လွန်ခဲ့တဲ့.. ၂-၃ရက်အတွင်း မှတ်ပုံတင်ထားတဲ့..ရွာသူားတွေပါပါသွားပါတယ်..။
ခွင့်လွှတ်ပါ..။
ဒီပို့စ်တင်တဲ့.. ဖြိုးလည်း.. ပြန်ပြီး.. Register လုပ်ပေးပါခင်ဗျား…။
ဦးကြောင်ကြီး
August 1, 2013 at 9:43 am
နင့်ကို စားဂျင်လို့ ဇာတ်လမ်းထွင်နေတာ ဖြိုးရေ… တင်ပေးလိုက်ပါ… သဂျီးက ငတ်နေဒါ (သဂျီးဂဒေါ်က ရန်ဖြစ်ထားလို့ သူ့ကို အကပ်မခံဒါ ကြာပီ)။
မောင် ပေ
August 1, 2013 at 3:06 am
ဖြိုးရေ
မင်းသာ ဖြတ်ဖောက်ချုပ် လုပ်ပြီးပါစေ
romatic တစ်ဒါဇင် နဲ့ နေ့တိုင်း အားပေးပါမယ့်
ပုံ ဆာဒူးပေ
မောင် ပေ
August 1, 2013 at 3:07 am
romantic ဟု ပြင် ဖတ် ပေးပါရန်
ကထူးဆန်း
August 1, 2013 at 6:36 am
အချို့ ကိစ္စတွေ ကျ လက်မခံ ချင်သော်လည်း လက်ခံ ရတာတွေ လောကမှာ အများကြီးပါ ..
ဖြိုး ပေးချင် ပြောချင်တာကတော့ ပါတ်ဝန်းကျင် အသိုင်းအဝိုင်းက လက်မခံတဲ့ အတွက် စာတော်သော သူ တစ်ဦး လမ်းဘေးရောက် ပျက်စီး သွားတာ ကို ညွှန်းချင်တယ်ထင်ပါတယ် ..
ခေတ်မီပါတယ် ဆိုတဲ့ နိုင်ငံတွေ လှု့ အခွင့်အရေး အော်နေတဲ့ တိုင်းပြည်တွေတောင် တော်ရုံလက်မခံနိုင်သေးရင် မြန်မာပြည် ကတော့ အဝေးကြီး ရှိနေဦးမှာပါ …
gay တစ်ဦးပြောတာ ပြန်ကြားယောင်မိပါတယ် .. ငါတို့လည်း ဒီလို တော့ မဖြစ်ချင် မနေချင်ပါဘူး ..ဒါပေမဲ့ စိတ်က ဘယ်လိုမှ ပြောင်းမရဘူးဖြစ်နေတယ် ..ဝတ် ရှိသရွေ့တော့ ခံရဦးမှာဘဲ … ဆိုတာလေး ဆိုတော့ … ဝတ်ကိုသာ လွှဲ ချလို့ ခံကြပေဦး ပြောရန်မှ အပ မရှိတော့ပေ….
Phyo Thit Luu
August 1, 2013 at 4:29 pm
ကျနော်တင်တဲ့ ဆောင်းပါးကို ကထူးဆန်း တယောက်ပဲ ကျနော်ရေးချင်တဲ့ လိုရင်းလေးကို တစ်ပိုင်းလောက် တွေးပေးလို့ ကျေးဇူးတင် မဆုံးပါဘူးဗျ 🙂 အခုချိန်မှာတော့ ဒီကစ္စတွေကို ရွာထဲက ပေါ်လစီအတိုင်း ကိုယ်တင်တဲ့ဆောင်းပါးကို ကိုယ်က ဦးဆောင်ဆွေးနွေး ပေးရမှာဆိုပေမယ့် အင်တာနက် အခြေအနေရ သိပ်ဝင်မရေးဖြစ်လို့ တောင်းပန်ပါတယ်။
အဓိက လိင်တူချစ်သူတွေအတွက် ရေးနေရတယ်ဆိုတာကတော့ လိင်တူချစ်သူတွေအတွက် လွတ်လပ်စွာ လိင်ဆက်ဆံခွင့်ရအောင်၊ လုပ်ချင်တိုင်းလုပ်ရအောင် ဆိုပြီးတော့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ လိင်တူချစ်သူတွေဆိုတာဟာလည်း လူသားတွေထဲက လူသားတွေဖြစ်ပေမယ့် လိင်စိတ်ခံယူမှု ကွဲပြားတဲ့အတွက် တခြားသူတွေရရှိပြီးတော့ ကိုယ်တွေမရရှိပဲ ဆုံးရှုံးနေရတဲ့ ဟာလေးတွေကို တန်းတူအရေးရရှိအောင် လုပ်ဆောင်ချင်းပဲ ဖြစ်ပါတယ် ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အာဂ
August 1, 2013 at 5:28 pm
ခင်စန်းဝင် အင်တာဗျူး ကျန်တာလေးတောင် ပိုစ့်တင်ဖို့ အတော်စဉ်းစားရဘီ..။ ဒုက္ခပဲ.။
kai
August 2, 2013 at 12:35 am
ဆက်တင်ပေးပါခင်ဗျ…။
ဘယ်သူတွေဘာပြောပြော… ဆယ်စုနှစ်အတွင်း.. ဂေးတွေနဲ့..သူတို့နဲ့ပါတ်သက်တဲ့.. အလုပ်အကိုင်အခွင့်အလန်းတွေအများးးးကြီး လာတော့မယ်ဖြစ်ကြောင်း….
Cerabino: Supreme Court ruling means Florida can take the lead …
http://www.mypalmbeachpost.com/news/news/local/cerabino…/nYX3L/
Jun 27, 2013 – Gay marriage is all about job creation. At least that’s the way our jobs-obsessed governor should see it.
=
Gay marriages expected to create wedding-related jobs in D.C.
http://www.washingtonpost.com › Business
Mar 10, 2010 – Georgetown residents Christopher Cahill and Richard Marshall consider the $75000 wedding that they’re planning for June to be their own …
လူသားဆိုတာ.. ကျား/မ ၂မျိုးနဲ့တောင်.. တော်တော်အလုပ်တွေရှုပ်ပြီး.. ဒီလိုလူ့အသိုင်းအဝိုင်း.. ယဉ်ကျေးမှုတည်ဆောက်နိုင်ခဲ့တာ..
.. ဂေးပါ,ပါလို့ကတော့.. အရှိန်၁ဆခွဲလောက်ထပ်မြန်မြန်နဲ့..တိုးတက်လာမယ့်သဘောရှိပါကြောင်း….
မဟာရာဇာ အံစာတုံး
August 4, 2013 at 9:46 am
“Everything has beauty, but not everyone sees it”
ဆိုဒေါ့ …..
နောက်ခါ မလှဘူး ပြောရင် ငိုစရာ လိုဒေါ့ဝူးပေါ့ ….။