Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရင်းထိ ခံကြည့်လိုက်မယ်ဆိုရင်တော့…

Phyo Thit LuuOctober 11, 20131min188425

ဟားဟားဟား… ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ ဘာကိုစဉ်းစားမလဲဆိုတာ ကျမ တန်းပြီးတော့ သိလိုက်ပြီလေ။ အိပ်ရာပေါ်က ကိစ္စကို တန်းစဉ်းစားကြတယ် မဟုတ်လား။ ၇ဝ ရာခိုင်းနှုန်းလောက်သော ဒီစာရဲ့ ခေါင်းစဉ်ကို ဖတ်မိတဲ့သူတွေက ဒီလိုပဲ လိင်ဆက်ဆံတဲ့အကြောင်းအရာဖက်ကို ဦးတည်စဉ်းစားမိမယ်ဆိုတာ ကျမ သိနေပါတယ်လေ။ ပြောတော့လည်း မြန်မာ့ယဉ်ကျေးမှုအရ လိင်ကိစ္စအကြောင်း မပြောကောင်းဘူး ဘာဘူးနဲ့ သူတို့တွေစိတ်ထဲက စဉ်းစားနေတာတွေကိုကျ မသိတာမှတ်လို့နော့။

ထားလိုက်ပါလေ ဒါတွေက။ ဒါပေမယ့် အခု ကျမပြောချင်တာကတော့ စကားလုံး တစ်လုံးကြောင့် တချို့ချို့သော သူတွေအပေါ်မှာ ဘဝနဲ့ရင်းပြီးတော့ ဖိနှိပ် အနိုင်ကျင့် စော်ကား ခွဲခြား အကြမ်းဖက်ခံခဲ့ကြရတယ်ဆိုတာလေးကို ပြောပြချင်လို့ပါ။

ဟိုးလွန်ခဲ့တဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကျမ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ ဒေသတစ်ခုမှာပေါ့နော်… ဂန်ဒူး xxx မိန်းမလျာ xxx သုံးဘီးကားနဲ့လာ xxx သုံးဘီးကား ဂီယာထိုး xxx ဂန်ဒူး-ီးချောင်းကျိုး … ဆိုတဲ့ ဆောင်ပုဒ်လိုလို သီချင်းလိုလို စကားစုတစ်ခု ရှိနေခဲ့တယ်…………။

ဂန်ဒူး xxx မိန်းမလျာ xxx သုံးဘီးကားနဲ့လာ xxx သုံးဘီးကား ဂီယာထိုး xxx ဂန်ဒူး-ီးချောင်းကျိုး… ဟား ဟား ဟား… ဟား ဟား ဟား

ထားဝယ်ဒေသရဲ့ ရိုးရာတေးတပုဒ်အလား ဘယ်အချိန်ကတည်းက ဘယ်သူက စပ်ဆိုးခဲ့မှန်းမသိ၊ ဘာကိုရည်ရွယ်ချက်နဲ့ ဘယ်အချက်ကို ထိစေချင်တာလဲဆိုတဲ့ အဓိပ္ပါယ်ကို မသိပေမယ့် ဒီသံစဉ်တစ်ပုဒ်ကတော့ လိင်စိတ်ခံယူမှု ကွဲပြားကြတဲ့ (အထူးသဖြင့် လိင်တူချင်းကို ချစ်ခင်နှစ်သက်ကြတဲ့) ဟိုမိုဆယ်ချူရယ်တွေရဲ့ ရင်ထဲကို စူးစူးနစ်နစ်နဲ့ ခံပြင်းနာကျင်စွာ ဝင်ရောက်စေခဲ့တယ်ဆိုတာ ခံစားဖူးသူတိုင်းပဲ ပိုသိမယ်ထင်ပါရဲ့။

ထားဝယ်ဒေသဆိုတာကတော့ တနင်္သာရီတိုင်းအတွင်းမှာ တည်ရှိနေတဲ့ မြို့ကြီးတစ်မြို့ပါပဲ။ အဲဒီမြို့မှာ နေထိုင်ကြတဲ့ လူမျိုးတွေကတော့ ထားဝယ်လူမျိုးလို့ ခေါ်ဆိုကြတာပေါ့။ သူတို့ရဲ့ ရိုးရာပွဲတော်တွေ၊ ယဉ်ကျေးမှုတွေ၊ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ သီးသန့်တည်ရှိနေပေမယ့် သူတို့တွေအားလုံးရဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားမှာတော့ မြန်မာလူမျိုးဆိုပြီးတော့ တည်ရှိနေတဲ့ လူမျိုးစု တစ်ခုဆိုပါတော့။

အရင်တုန်းကနဲ့ အခုချိန်ထိ အပါအဝင်ပါပဲ ထားဝယ်လူမျိုးစုတွေ တော်တော်များများရဲ့ စိတ်ထဲမှာတော့ သူတို့ကို မြန်မာ၊ ဗမာလူမျိုးဆိုပြီးတော့ ပြောလိုက်ရင် မကြိုက်ကြတာ အမှန်ပါပဲ။ ဘာဖြစ်လို့ မကြိုက်တာလဲ၊ ဘယ်အချက်ကြောင့်လဲဆိုတာကိုတော့ လူတိုင်း တိတိကျကျ ပြောဖို့ရန်လည်း ခက်ခဲတယ်။ ဒါပေမယ့် မြန်မာစကားပြောတဲ့သူတွေ အထူးသဖြင့် ထားဝယ်လူမျိုးစုတွေရဲ့ ခေါ်ဝေါ်အရ ပုဂံတွေကိုဆိုရင်တော့ မျက်စိစပါးမွှေးစူးပြီး ကြည့်မရတာလည်း အမှန်ပါပဲ။

ကျမက အဲဒီထားဝယ်လူမျိုးစုတွေထဲက မိသားစုတစ်ခုကနေ ပေါက်ပွားကြီးပြင်းလာခဲ့တဲ့သူတယောက်ပါ။ ကျမ ငယ်ငယ်လေးကတည်းက အရုပ်ကလေးတွေနဲ့ ကစားရတာ၊ ဈေးဝယ် ဈေးရောင်း ထမင်းချက်တမ်း ကစားရတာတွေကိုပဲ စိတ်ဝင်တစား ကစားခဲ့တယ်။ ကျမက ကျမမိသားစုအတွက်ဆို တစ်ဦးတည်းသော သားဖြစ်ပေမယ့် ကျမဆီမှာ ဝမ်းကွဲညီတွေ ညီမတွေမှ အများကြီးပဲ။ သူတို့တွေ အကုန်လုံးက ကျမကို တခါတလေ ကလေးသဘာဝ စကားများရန်ဖြစ်ကြရင် ဂန်ဒူး… ဂန်ဒူး ဆိုပြီးတော့ ခေါ်ကြတယ်။

ကျမ အိမ်က မိသားစုဝင်တွေက ကျမ အရုပ်ကလေးတွေနဲ့ ကစားတာ၊ ထမင်းဟင်း ချက်တမ်းကစားတာတွေကို ကျောင်းမနေခင်စအရွယ်မှာတော့ ဘာမှ ထွေထွေထူးထူးနဲ့ ပိတ်ပင်တားမြစ်တာ မရှိခဲ့ပေမယ့် ကျမ အလယ်တန်းကျောင်းသား အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ကျမ သနပ်ခါးလိမ်းရင် မှန်ကြည့်ပြီး နဖူးက ဆံပင်လေးကို သိမ်းပြီးလိမ်းတာတောင် ပိတ်ပင်မှုတွေ လုပ်လာခဲ့တယ်လေ။

ကျမက လမ်းလျှောက်ရင် နည်းနည်းနွှဲ့တယ်။ ပြီးတော့ ကျမက စကားပြောတာကအစ အပြုအမူ နေထိုင်ပုံတွေအားလုံးမှာ နူးညံသိမ်မွေ့နေတတ်တယ်။ လူတိုင်းနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တယ်။ အဲဒီလို နေထိုင်တဲ့ အချက်ကြောင့်ပဲ ကျမကိုလေ ကျောင်းက သူငယ်ချင်းတွေရော တခြား ရွာထဲက သူတွေတော်တော်များများကပါ ဂန်ဒူး… ဂန်ဒူးနဲ့ ခေါ်ကြတယ်။ အဲဒီလို ခေါ်ခံရတဲ့အချိန်မှာဆို ကျမ ဘာဖြစ်လို့မှန်းမသိဘူး စိတ်ထဲမှာ တော်တော်လေးကို ရှက်မိတယ်။ ဂန်ဒူးဆိုတဲ့ အဓိပ္ပါယ်တိတိကျကျကို ကျမ မသိဘူး။ ဒါပေမယ့် ကျမ သိတာက ဂန်ဒူးဆိုတာ မိန်းမတယောက်လို နေထိုင်ချင်တဲ့ ယောက်ျားတွေကို ခေါ်တာလို့ပဲ အဲဒီတုန်းက သိတာကိုး။

ဂန်ဒူး xxx မိန်းမလျာ xxx သုံးဘီးကားနဲ့လာ xxx သုံးဘီးကား ဂီယာထိုး xxx ဂန်ဒူး-ီးချောင်းကျိုး… ဟား ဟား ဟား… ဟား ဟား ဟား

ဒီလိုမျိုး သီချင်းလိုလို ကဗျာလိုလို သံချပ်လိုလို စကားစုတစ်ခုကို ဝိုင်းပြီးတော့ ဆိုပြီး စနောက်ခံလိုက်ရတဲ့အချိန်မှာဆိုရင် ကျမ အဲဒီနေရာမှာတင် သေသွားချင်စိတ် ပေါက်မိတယ်။ ကျမ ထူပူပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိလောက်အောင်ပါပဲ။ ကျမ စိတ်ထဲမှာ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံလာတဲ့အချိန်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေချင်တာ တစ်ခုပဲ ရှိတော့တယ်။

ဘာဖြစ်လို့လဲဆို ကျမ လူမှန်းစသိတတ်ကတည်းက သူများနဲ့မတူပဲ နည်းနည်းထူးခြားနေခဲ့တယ်လေ။ ကျမ သူများ ယောက်ျားလေးတွေလို ကြမ်းကြမ်းတမ်းတမ်း ကစားရတာမျိုး မကြိုက်ဘူး။ ပြီးတော့ ကျမ စတင်ရင်ခုန်စတတ်တဲ့အချိန်မှာ ယောက်ျားလေး အချင်းချင်းကိုပဲ သာယာတတ်မက်နေခဲ့တယ်။ ချစ်ခင်နှစ်သက်နေခဲ့တယ်။ အဲဒါတွေကို ကျမ စတင်ခံစားမိလာတဲ့အချိန်ကတည်းကစလို့ အခုဏက ဂန်ဒူး… ဂန်ဒူး ဆိုတဲ့ စကားလုံးတစ်ခုဟာ ကျမကို တော်တော်လေး ခြောက်လှန့်နေခဲ့တယ်။

အမှန်တိုင်းပြောရရင် ကျမက ယောက်ျားလေးအချင်းချင်းကို သဘောကျတယ်ဆိုပြီးတော့ ကိုယ့်ဖာသာကိုယ် မိန်းကလေးတယောက် ဖြစ်ချင်တဲ့သူ မဟုတ်ပါဘူး။ ကျမ ဆီမှာ မိန်းမသွေးတွေ ကြွတက်နေလိမ့်မယ်။ အဲဒါတွေက ကျမ မိန်းကလေးတယောက်လိုပဲ ဝတ်စားဆင်ယင်ပြီးတော့ နေထိုင်ချင်တာ မဟုတ်ပါဘူး။ ကျမ က ယောက်ျားလေးတယောက်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ နေထိုင်ချင်တယ်။ ကျမ ချစ်သူကိုလည်း ယောက်ျားလေး တယောက်လို ပုံစံမျိုးကိုပဲ ချစ်ခင်နှစ်သက်တာပါ။ ဆိုတော့ တစ်ခုရှိတာက ယောက်ျားချင်းကို စိတ်ဝင်စားပြီး ချစ်ပြီ ကြိုက်ပြီဆိုတာနဲ့ပဲ လူတိုင်းဟာ မိန်းကလေးဖြစ်ချင်တဲ့သူတွေ မဟုတ်ဘူး ဆိုတာပါ။ ဒါပေမယ့်ပေါ့လေ ကျမ က ကိုယ့်ကိုကိုယ် ကျနော်လို့ ပြောရတာထက် ကျမ… ကျမ နဲ့ ပြောရတာကို ပိုသဘောကျလို့ ဒီလိုပဲ ပြောတာပါ။

ကျမ ငယ်ငယ်တုန်းက ရင်ခုန်တတ်စအရွယ် ကျမ ချစ်ခဲ့ဖူးတဲ့ ကောင်လေးတယောက်ရှိခဲ့တယ်။ အဲဒီတုန်းက ကျမ သိခဲ့တာက ကျမက ယောက်ျားလေးတယောက်ကို သွားချစ်တယ်ဆိုတော့ ကိုယ်က မိန်းကလေးဖြစ်ရမယ်ဆိုတဲ့ အသိစိတ်ပေါ့။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ဒွိဟဖြစ်ရတာပေါ့။ အမှန်တိုင်းဆိုရင် ကိုယ်က မိန်းကလေး မဖြစ်ချင်ဘူး။ ဒါပေမယ့် ယောက်ျားလေးကို ချစ်ခင်တော့လည်း မိန်းကလေးအနေနဲ့ပဲ နေရမယ်ဆိုတဲ့ အသိစိတ်က ဘယ်သူမှ ရိုက်ထည့်ပေးစရာမလိုပဲ ကိုယ့်အလိုလို ထင်နေမိတာ။

အဲဒါနဲ့ပဲ တိတ်တိတ်ပုန်းနေထိုင်ရင်း ကိုယ့်စိတ်ကို အမျိုးမျိုးပြုပြင်တာပေါ့နော်။ ငါက ယောက်ျားလေး ဖြစ်တဲ့အတွက် သူတပါးတွေလိုပဲ မိန်းကလေးကို ကြိုက်နိုင်အောင် ကြိုးစားရမယ်ပေါ့။ ကျမ ပတ်ဝန်းကျင်မှာကလည်း ကျမ တွေ့ရတာ ယောက်ျားအချင်းချင်းကြိုက်ပြီဆိုတာနဲ့ မိန်းကလေးတယောက်လို ဝတ်စားနေထိုင်ကြတဲ့ သူမျိုးတွေကိုပဲ တွေ့ရတာကိုး။ ဆိုတော့ကိုယ်ပဲ တစ်ခုခု မှားနေသလိုလို၊ ကိုယ့်ဖာသာကိုယ် မလုံးမလဲနဲ့ မဖြစ်နိုင်တဲ့ ပြုပြင်လုပ်ယူလို့မရတဲ့ ကိုယ့်ရဲ့စိတ်ကို ဖျောက်ဖျက်ပြစ်ဖို့ အတင်းကြိုးစားခဲ့တယ်။

ဆိုတော့ ကျမက ဘာဖြစ်လာလဲ… ယောက်ျားလေးအဖြစ် မွေးဖွားလာပေမယ့် မိန်းကလေးလို နေထိုင်ချင်ကြတဲ့ Transgender (Male to Female) တွေကို တွေ့ပြီဆိုတာနဲ့ ဆဲတာတို့၊ သူတို့က ကိုယ့်ကို စလာပြီ နောက်လာပြီဆိုရင်ပဲ ဝိုင်းရိုက်တာ၊ ထိုးကြိတ်တာတွေဖြစ်တဲ့ ကိုယ်ထိလက်ရောက်တွေကို ကျူးလွန်တတ်လာခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆို ကျမက ကျမစိတ်ကို ဖျောက်ဖျက်ဖို့ ကြိုးစားရင်းနဲ့ မုန်းတီးမှုတွေက စိတ်ထဲမှာ အခြေခံလာခဲ့ပြီလေ။ ဂျီမမြင်ရင် မုန်းတီးရမယ်ဆိုတဲ့စိတ်က အဲဒီမှာတင် စပြီးတော့ အခြေခံတော့တာပဲ။

ဒီလိုစိတ်ဓါတ်ရဲ့ နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတယောက်ဟာ ကိုယ်တိုင်ဖြစ်နေပေမယ့် ကိုယ့်ရဲ့စိတ်ကို ကျိုးစားဖုံးကွယ်လိုမှုနဲ့ တပါးသူအပေါ် ရန်မူတာ အမုန်းထားတာ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေအထိ ဖြစ်လာစေတာပေါ့။ နောက်ပြီး ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ကိုယ်မိသားစုတွေကို မုန်းတီးလာတယ်။ သူတို့တွေအားလုံးရဲ့ ဝေးရာကို ထွက်ပြေးချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။ နောက်ဆုံး ကိုယ့်ဖာသာကိုယ် မုန်းတီးမှုတွေ ဝင်လာရင်းနဲ့ ကိုယ့်အသက်ကို တန်းဖိုးမထားတော့ဘူး။ သတ်သေဖို့ဆိုတဲ့အတွေးတွေ တခါတလေ ဖြစ်ပေါ်လာခဲ့ဖူးတာပေါ့။

ဒါပေမယ့် ကျမ ကံကောင်းခဲ့ပါတယ်။ ကျမ စိတ်ကို ကျမ နားလည်ပြီးတော့ လက်ခံလာနိုင်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ရပါတယ်။ ကျမ ကျေနပ်တယ်။ အခုချိန်မှာ ကျမ စိတ်ကို ကျမ နားလည်တယ်။ ကျမ လက်ခံတယ်။ ကျမ … ဟုတ်တယ်… အမျိုးသား အချင်းချင်းကိုပဲ ချစ်ခင်နှစ်သက်တဲ့။ ကျမ ဟိုမိုဆယ်ချူရယ် တယောက်ဖြစ်တယ်။ ဟိုမိုဆယ်ချူရယ် တယောက်ဖြစ်တော့ ဘာဖြစ်လဲ။ ကျမလည်း လူသားထဲက လူသားပဲလေ။

အဓိက အရေးကြီးဆုံးကတော့ လူတိုင်းလူတိုင်းက လွယ်လွယ်နဲ့ တသက်လူသားတွေကို ထိခိုက်အောင် ခေါ်ဝေါ်လိုက်တဲ့ အသုံးအနှုန်းတစ်ခုဟာ ခံစားရတဲ့သူတယောက်အဖို့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်၊ တဘဝလုံးအတွက် နာလန်မထူနိုင်အောင် စိတ်သောက ခံစားရစေနိုင်တယ် ဆိုတာမျိုးကို သတိထားကြဖို့ပါပဲ။

ကိုယ့်အနေနဲ့ကတော့ ဂန်ဒူး… အခြောက်… စသဖြင့် လွယ်လွယ်နဲ့ ခေါ်လိုက်တယ်။ အဲဒီလို ခေါ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ထဲက ဘယ်လိုမျိုးစိတ်ဓါတ် အခြေခံနဲ့ ခေါ်လိုက်လဲ။ တဖက်သားကို အနိုင်ယူလိုတဲ့ အချိန်တို့၊ အရှက်ခွဲချင်တဲ့အချိန်တို စတဲ့ ခွဲခြားဆက်ဆံလိုတဲ့ စိတ်ဓါတ်လေးကို အခြေခံခဲ့မယ်ဆိုရင် ယနေ့ခေတ်ကာလမှာ ပြောနေကြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူ့ဂုဏ်သိက္ခာကို မလေးစားပဲ တဖက်သူအပေါ် စော်ကားချိုးဖောက်မှုတွေဖြစ်စေမယ်ဆိုတာ လူသားတိုင်း သတိထားသင့်ပါတယ်။

ဆိုတော့ မိမိတို့အနေနဲ့သာ တပါးသူအပေါ် မေတ္တာထားမယ်၊ စေတနာထားမယ်၊ ညှာတာသနားတတ်မယ်၊ ကြင်နာတတ်မယ် အရေးကြီးဆုံး လူ့အခွင့်အရေးများကို လေးစားလိုက်နာတတ်မယ်ဆိုရင်တော့ စကားလုံးလေးတွေကအစ သတိကြီးစွာထားပြီးတော့ တဖက်သားတွေအပေါ်ကို ဆက်ဆံပေးကြဖို့အတွက် အလွန်ကို ရေးကြီးပါပေတယ်။

ကျမ အတွက်ကတော့ ဒီကနေ့အချိန်ထိ … ဂန်ဒူး xxx မိန်းမလျာ xxx သုံးဘီးကားနဲ့လာ xxx သုံးဘီးကား ဂီယာထိုး xxx ဂန်ဒူး-ီးချောင်းကျိုး… ဟား ဟား ဟား… ဟား ဟား ဟား… ဆိုတဲ့ လှောင်ပြောင်စော်ကားသံ လေးတွေဟာ နားထဲနဲ့ ကျမရဲ့ အသည်းနှလုံးထဲအထိပါ ပျံ့နှံ့နေဆဲပါ။

ကျမလိုပဲ ကျန်တဲ့ ဟိုမိုဆယ်ချူရယ်တွေလည်း ဒီလိုမျိုးအဖြစ်အပျက်မျိုးတွေ တွေ့မြင်ဖူးတာဖြစ်ဖြစ် ကိုယ်တိုင်လုပ်ခဲ့ဖူးတာပဲဖြစ်ဖြစ် ပြုလုပ်ခဲ့မိမယ်ဆိုရင် ဆင်ခြင်နိုင်အောင်ပါ။ ကျမတို့ ဟိုမိုဆယ်ချူရယ်တွေ ကြားထဲမှာကိုလည်း အပုန်း၊ အပွင့်နဲ့ စောင်းမြောင်းရန်ဖြစ်ပြီး အယူအဆမတူပဲ ကွဲပြားနေတာတွေ များစွာရှိနေခဲ့တာပဲ။ အရေးကြီးဆုံးကတော့ ဟိုမိုဆယ်ချူရယ်ဆိုတဲ့ အုပ်စုထဲမှာပါဝင်နေပေမယ့် တယောက်နဲ့တယောက် မတူညီပဲ ကွဲပြားနေတာတွေ အများကြီးရှိပြီးတော့ မတူကွဲပြားမှုလေးတွေကို နားလည်ပေးနိုင်ကြဖို့ အရေးကြီးပါပေတယ်။ ကမ္ဘာလောကကြီးထဲမှာ လူအမျိုးမျိုးရှိကြတယ်မဟုတ်လား။ အဲဒီ လူအမျိုးမျိုးဟာလည်း တယောက်နဲ့တယောက် အားလုံးမတူညီနိုင်ကြဘူးလေ။

နောက်တစ်ခု အရေးကြီးတာကတော့ နောင်မွေးလာမယ့် ဟိုမိုဆယ်ချူရယ်တွေအတွက် ခွဲခြားဆက်ဆံမှုကင်းတဲ့ စကားလုံးအသုံးအနှုန်းတွေမရှိတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခု ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ကျေနပ်မိမှာပါပဲ။

စကားလုံး… စကားလုံး… လူတွေရဲ့ ဘဝတွေအထိပါ စွဲထင်သွားစေနိုင်တဲ့ စကားလုံးတွေပေါ့လေ။

 

သွက်သွက်ခါ

25 comments

  • alinsett

    October 12, 2013 at 7:34 am

    အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါါစေ ပေါ့

    :kwi:

    ဒါပဲ ပြောတတ်တော့တယ်ကွယ်

  • Foreign Resident

    October 12, 2013 at 8:46 am

    ဘယ်လို ခေါ်စေချင်သလဲဟင် ၊ အစဉ် အတိုင်း ရေးပြပါ ။
    လွယ်လွယ် ဟာလည်း လုပ်ဦးနော် ။

    ဥပမာ အားဖြင့် ကုလား လို့ ခေါ်တာကို ကုလား တွေက မကြိုက်ဘူး ။
    အဘ အနေနှင့် ( ယဉ်ကျေးမှု ရှိသူဆိုရင် ) ပြောင်းခေါ်ပေးရမယ် ဆိုတာ သိတယ် ။
    ဒါပေမယ့် လွယ်လွယ် ဘာကို ပြောင်းခေါ်ပေးရမယ် ဆိုတာ အဘ လည်း မသိဘူး ။
    ဒီတော့ အဘ လည်း လွယ်လွယ် ပဲ ကုလား လို့ ဆက်ခေါ်နေမိတယ် ။
    ဒါပေမယ့် အဘ ကုလား လို့ ခေါ်တာ ကုလား တွေကို နှိမ်ချလိုစိတ် မပါပါဘူး ။

  • Phyo Thit Luu

    October 12, 2013 at 8:57 am

    အဘ ကလည်း ဒီလောက်လွယ်တာကြီးဟာ။
    လူတယောက် … မိန်းကလေးလို ဝတ်စားထားမှတော့ မိန်းကလေးတယောက်ဖြစ်ချင်လို့ပေါ့
    အမျိုးသားတယောက်လို ဝတ်စားထားမှတော့ အမျိုးသားတယောက်ပဲပေါ့… ဆိုတော့ ကို နဲ့ မ ကို လိုသလို ခွဲခြားသုံးလို့ရတာပဲ။ အဲဒါမှ မသုံးချင်ဘူးဆိုရင် လူတိုင်း လူတိုင်းမှာ နာမည်ရှိတယ်လေ။ အဲဒီနာမည်လေးကို အသုံးပြုလည်း ရတာပဲ။ နာမည်ဆိုတာ ဘာလို့မှည့်ထားကြလဲ။ ဒီလိုမျိုး ပြောဆိုဆက်ဆံဖို့၊ ဘယ်သူမှန်းသိနိုင်တဲ့ ဒေတာတွေရှိဖို့ စသဖြင့်အတွက်ပဲ မဟုတ်လား။ ဆိုတော့ နှိမ်ချလိုစိတ် မရှိပါဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေကြတဲ့ သူတော်ကောင်းတွေ တော်တော်များများထဲမှာလည်း နှိပ်ချလိုစိတ်တွေများပြီး တခြားသူတွေကို အသာထား… သူတော်ကောင်း အချင်းချင်းကြားမှာတင် နှိပ်ချနေကြတာတွေ ရှိနေတာပါပဲ အဘရယ်။ ဖြိုးဖြိုးလည်း ဉာဏ်မှီသလောက် ဝင်ဆွေးနွေးကြည့်တာပါ။

  • Foreign Resident

    October 12, 2013 at 9:20 am

    ” ဖြိုးဖြိုးလည်း ဉာဏ်မှီသလောက် ဝင်ဆွေးနွေးကြည့်တာပါ ”

    ဟဲ ဟဲ ၊ ညည်းကိုတော့ ဖြိုးဖြိုး လို့ခေါ်ရင် ကြိုက်လောက်တယ် ဆိုတာသိပြီ ။

    အဘ ဆိုလို / မေးချင်တာက ၊
    အခြောက် / Homo နှင့် လူချင်း ဒဲ့တွေ့ရင် ခေါ်ပြောတာကို မေးတာ ဟုတ်ဘူး ။

    သူတို့ ရဲ့ ကွယ်ရာမှာ သူတို့ လူတန်းစား ကို ဘယ်လို ခေါ်စေ / Refer လုပ်စေချင်သလဲ ။
    အဘ လည်း အခြောက် တစ်ခါမှ မ ဖြစ်ဘူးတော့ ၊
    သူတို့တွေကို ဘယ်လို ခေါ်ရင် သဘောကျမယ် ဆိုတာ သိဝူး ။

    • Phyo Thit Luu

      October 12, 2013 at 3:58 pm

      ဟုတ်တယ် အဘ။ အဲဒါ တန်းတူညီမျှမှုရှိတဲ့ စကားလုံးတစ်ခုကို တီထွင်ဖို့ လိုအပ်တယ် ထင်တယ်။ ကျနော်တို့ကတော့ လိင်တူချစ်သူများ ဆိုပြီးတော့ သုံးပါတယ်။ ဒါပေမယ့် တော်တော်များများ ဝေဖန်ချက်အရ လိင် ဆိုတဲ့ စကားလုံးပါနေတဲ့အတွက် နားဝယ်မချိုဘူးပေါ့ဗျာ။ ဆိုတော့ အခုထိ စကားလုံးကို ဘယ်ဟာအကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားနေကြတုန်းပါပဲ။ … စတန့်ထွင်တာတော့ မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံမှုတွေ လူအချင်းချင်းကြားထဲမှာ မရှိစေချင်တဲ့ သဘောလေးပါ အဘရေ… အဘတို့လည်း ဝေဖန်အကြံပေးမယ်ဆိုရင်တော့ အတိုင်းထက်လွန် ဝမ်းသာပါတယ်။ ကျနော်ပြောချင်တာက လက်ခံဖို့ … လက်မခံဖို့အရေးကို ပြောနေတာ မဟုတ်ပါဘူး။ လူ လူချင်း ခွဲခြားမှုမရှိတဲ့ စကားလုံးလေးတွေ သုံးနှုန်းရင် လူသားတိုင်းအတွက် ကောင်းမယ်ထင်လို့ပါဗျ။

      • kai

        October 14, 2013 at 3:30 am

        “ဂေး”လို့တန်းခေါ်တာကောင်းမယ်ထင်မိတယ်…
        စာအရှည်ကြီးတွေက.. ခေါ်ရခက်တယ်လေ…။
        ဒါမျိုးကျ… အင်္ဂလိပ်စာ..စကားကိုတန်းမွေးစားပြီးသုံးတာ.. ပိုထိရောက်မယ်ထင်တာပဲ..
        ဂေးအခေါ်မှာ.. နှိမ်ချနှိမ့်ချတဲ့သဘော မပါဘူးထင်တာပဲ..။ :mrgreen:

  • kyeemite

    October 12, 2013 at 9:29 am

    ဖြိုးဖြိုး ၏ ခံစားချက်၊ ရင်ဖွင့်ချက်ကိုဖတ်သွားတယ်နော 🙁

  • koyinmaung

    October 12, 2013 at 10:22 am

    ဖြိုးတို့ရဲ့ခံစားချက်လေးတွေရေးပြသွားတာစိတ်ဝင်စားဘို့ကောင်းပါတယ်….
    ဟုတ်ပါတယ်လေ ဒီလိုခံစာချက်မျိုးကလဲ ကိုယ်တွေကမှမဖြစ်ဘူးတော့
    ဘယ်သိပါ့မလဲ..ဒါပေမဲ့ တပ်ထားတဲ့ခေါင်းစဉ်ကြီးကတော့မမိုက်တာတော့အမှန်ဘဲဗျို့…………

    • Phyo Thit Luu

      October 12, 2013 at 4:03 pm

      ခေါင်းစဉ်က နည်းနည်းလေး ကသိကအောက် ဖြစ်စေမယ်ဆိုတာ သိပါတယ်။ နည်းနည်းလည်း လူကြားမှာ ရိုင်းစေတဲ့ စကားလုံးဆိုတာလည်း ဝန်ခံပါတယ်ဗျ။ အဲဒီအတွက်လည်း အနူးအညွန် တောင်းပန်ပါတယ်။ ကျနော်ပေးထားတဲ့ ခေါင်းစဉ် ရည်ရွယ်ချက်က သက်သက်မဲ့ကို ဒီလိုလေးတွေးကြမယ်ဆိုတာ သိလို့ကို တမင်ပေးထားတာပါ။ ပြောချင်တာကတော့ လိင် အကြောင်းပြောရင် မကောင်းဘူး မကောင်းဘူးနဲ့ အရမ်းကိုပြောတာ ခံရတော့ လူတွေ အဲဒီအကြောင်းကို မတွေးကြဘူးလားဆိုတာကို စဉ်းစားရင်းကနေ ကောက်ပေးချလိုက်တာပါ… တောင်းပန်ပါတယ်ဗျ။

  • ဦး ကြိမ်

    October 12, 2013 at 1:52 pm

    ဘယ်လိုခေါ်ရ မလည်း……အင်း
    ရွာထဲမှာ အသက်ကြီးကြီး ပိုင်းထဲက…ကိုဘုန်းကျော်တို့ ဆရာမိုက်ကယ်ဂျေ ာ်နီအောင်ပုတို့ကိုမေး
    ကြည့်လိုက်ပါအုံးမယ်…..

  • Ma Ma

    October 12, 2013 at 3:17 pm

    ယောကျင်္ားစိတ်ပေါက်နေတဲ့ မိန်းကလေးတစ်ယောက်ကတော့ သူ့ကို ကောင်လေးတွေက အကိုကြီးခေါ်ရင် သိပ်ပြီးတော့ သဘောကျတယ်။ အဆင်ကိုပြေလို့။

    ကိုယ်တိုင်ကျတော့ မိန်းကလေးကို ယောကျင်္ားလေးလို မခေါ်တတ်တော့ စကားပြောရင် ရှောင်လွဲပြီး ပြောနေရတာနဲ့တင်ပဲ ဒုက္ခရောက်နေရတယ်။ 🙁

  • San Hla Gyi

    October 12, 2013 at 6:53 pm

    တခုတော့ အကြံပေးချင်တယ်။ စာရေးသူ အနေနဲ့ ဒီအခြောက် သို့ ဂျော်တကီး သို့မဟုတ် မိန်းမရှာ ဒါမှမဟုတ် ဂန်ဒူး ဒါမှမဟုတ်လည်း ဂျီပုန်း နောက်ဆုံးပြောတဲ့ လိင်တူချစ်သူများ အကြောင်းက လွဲပြီး တခြားအကြောင်း မရေးတတ်တော့ဘူးလား။ တခြားအကြောင်း ရေးဖို့တော့ ပြောချင်ပါတယ်။ အခုဟာက တခါလာလည်း ဒုံလင် ဒေါင်လင် ဆိုသလို ဒီကိစ္စကနေ မထွက်တော့ဘူး ဖြစ်နေတယ်။
    ဘာလို့လည်းဆိုတော့ အဲဒီ လူတန်းစားတွေကို စာနာပေမယ့် အဲဒီလူတန်းစားတွေ ရှေ့ရောက်လာလည်း တိုင်းပြည်အနေနဲ့ သိပ်နာမည်ကောင်း ရစရာ မရှိလို့ပါ။ အဲဒါက တိုင်းပြည် ဆင်းရဲတာထက်တောင် ရှက်စရာကောင်းတယ်လို့ ခံစားရတယ်။
    နောက်ပြီး ခေါင်းစဉ်ကို တမင် အဓိပ္ပါယ် တမျိုးပေါက်အောင် ပေးရင်တော့ မြန်မာစကားတတ်တဲ့ မြန်မာလူမျိုးဟာ အိပ်ရာပေါ်က အကြောင်းကို တွေးနေတဲ့ လူမဟုတ်လည်း အလိုလိုကို အဓိပ္ပါယ်ကို နားလည်ပါတယ်။
    ခေါင်းစဉ်ဆိုတာက တကယ်တော့ စာရေးသူက ကိုယ်အနှစ်သက်ဆုံး စာသားကို ပေးလေ့ ရှိစမြဲဆိုတော့ ဒါဟာ စာရေးသူရဲ့ အတွေး အကျဉ်းချုပ်ပါ။ အဲဒီတော့ ဒီခေါင်းစဉ် ဖြစ်တဲ့ “အရင်းထိ ခံကြည့်လိုက်တော့” ဆိုတဲ့ ခေါင်းစဉ်ဟာ စာဖတ်သူတွေက အိပ်ရာခန်းတွေကို စဉ်းစားနေတာ မဟုတ်ပဲ ဖြိုးလေးကိုယ်တိုင် ဒါကို စဉ်းစားနေတာပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်တော့လည်း ဒီစာဟာ ဖြိုးလေး အနေနဲ့ အခြောက်တွေရဲ့ ဘဝကို အရင်းထိခံကြည့်ပြီးမှ ရေးထားတယ်ဆိုတာ သိသွားပါတယ်။

    • Phyo Thit Luu

      October 12, 2013 at 7:33 pm

      လူဆိုတာမျိုးက သူသန်ရာ သန်ရာကို လုပ်ကြတယ် မဟုတ်လားဗျ။ လောကကြီးမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ ဈေးယောင်းသူ၊ သူတောင်းစား၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ ကလေးအခွင့်အရေး လှုပ်ရှားသူ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ… စသဖြင့် သူ့စိတ်ဝင်စားမှုနဲ့ သန်ရာတွေကို လုပ်ကိုင်ကြတယ်လေ။ အဲဒီထဲမှာ ရည်ရွယ်ချက်တော့ အမျိုးမျိုး ရှိကြမှာပဲ။ ဆိုတော့ ကျနော်ကလည်း အဲဒီလိုမျိုးပဲ လူသားထဲက လူသားဖြစ်ပေမယ့်လည်း လူများစုနဲ့ မတူညီပဲ ကွဲပြားနေကြတဲ့ လိင်တူချစ်သူတွေဆိုတဲ့ လူနည်းစုလေးအတွက် ဖော်ပြပေးချင်တဲ့ ရည်ရွယ်ချက်လေးပေါ့။ ဆိုတော့ တခြားစာတွေက လူတွေအများကြီးက ရေးနေကြပြီးသား။ လိင်တူချစ်သူတွေအတွက် ဆိုတာမျိုးက အခုလိုလေး ရေးတာတောင် မဖြစ်သင့်ဘူး ဘာညာဆိုတော့ နောက်ထပ် ရေးဖို့ လိုအပ်သေးတယ်ပေါ့ဗျာ။ ဆိုတော့ ဆက်ရေးပေါ့။ ပြီးတော့ စာရေးဆရာတွေအတွက် ခေါင်းစဉ်က အနှစ်သာရ ဆိုတာ တန်ဖိုးရှိတယ်ဆိုတာ ဟုတ်ပါ့သပေါ့ဗျာ။ ဒါပေမယ့် ကျနော့်အတွက်ကတော့ ကျနော့်လိုရာကို သုံးဖို့အတွက် ကြားခံကတို့ တစ်စီးလည်း ဖြစ်နိုင်တာပဲလေ။ အဲဒါပေါ့ မတူညီမှုလေးတွေဆိုတာ။ ဒါကို အသိအမှတ်ပြုပြီးတော့ လေးစားပေးဖို့ တောင်းဆိုတာပေါ့ဗျာ။ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတော့ အမျိုးမျိုးရှိကြလေမပေါ့။ ကျနော်ကလည်း ပုထုဇဉ် လူသားပဲဆိုတော့ လိင်ကိစ္စဆိုတာကလည်း ဘယ်လွတ်ကင်းပါ့မလဲဗျာ။

  • San Hla Gyi

    October 12, 2013 at 7:46 pm

    အင်း တခုပဲ ခင်ဗျားကို ပြောစရာ ရှိပါတော့တယ်။ အရမ်းကို ရွံတယ်။

    • Phyo Thit Luu

      October 12, 2013 at 8:25 pm

      ကျနော်ကတော့ မရွံပါဘူး။ ခင်မင်တယ်၊ လေးစားတယ်၊ လူ လူချင်းကို တန်ဖိုးထားတယ်။ 🙂

      • San Hla Gyi

        October 12, 2013 at 9:13 pm

        အပိုတွေ ပြောမနေနဲ့။ စာနဲ့ ရေးတာက လျှောက်ရေးလို့ရတယ်။ လူလူချင်း တန်ဖိုးထားတယ် ဆိုတာလည်း တန်ဖိုးထားလောက်တဲ့ လူမှ ထားလို့ရတာ။ ခင်ဗျားမှာ အဲဒီလို တန်ဖိုး မရှိဘူး။ ကျုပ် ခင်လဲ မခင်ဘူး။ ခင်ဗျားကိုလည်း မလေးစားဘူး။ ကိုယ့်ကိုကိုယ် လူဝါဒသမားလိုလို ဘာလိုလို လုပ်မနေနဲ့။ အဲဒီလို ပြောတိုင်း ကျုပ်က အထင်ကြီးတာတွေ ယုံတတ်တာတွေ မရှိဘူး။
        ကျနော့်ကိုလည်း ခင်တာတွေ လေးစားတာတွေ ခင်ဗျားအနေနဲ့ မလုပ်ရင် ပိုကောင်းပါတယ်။ ကျနော် ခင်ဗျားလို လူတွေရဲ့ လေးစားမှုကို တကယ်ကို မလိုပါဘူး။ ဒါနောက်ဆုံးရေးခြင်းပဲ။

        • ကိုရင်စည်သူ

          October 12, 2013 at 10:30 pm

          နောက်ပေါက်ပွင့်တဲ့ အခြောက်တွေက ဘာရေးရေး အဲ့အပေါက်ရယ် အဝှာအကြောင်းပဲ
          တွေးပီးရေးနေတာ … ကျုပ်လည်း ရွံ့တယ်…။ အခြောက်က လူနည်းစုလို့ ထင်နေကြပေမယ့်
          တချိန် လူများစု ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မလဲ…။ ကျုပ်ကတော့
          ဘိန်းစွဲနေသလို့ စွဲနေကြတဲ့ အဲ့လိုကောင်တွေကို သိစေချင်တာကလွဲပီး စာရိုက်ရတာတောင်
          တော်တော်ရွံ့လှပီ… 👿

  • လပ်ဘာရီး

    October 12, 2013 at 8:08 pm

    ကိုကိုကျမကို ဂန်ဒူးလို ့ ခေါ်နဲ ့..နာမယ်ရှိတယ် ကြိုက်ဘူးသိရဲ့လား..

  • ရွှေ ကြည်

    October 12, 2013 at 9:17 pm

    ဗုဒ္ဓေါ ………….. မိရွှေကြည်ပြောမယ်နော် ကိုယ့်ဘဝပေးကုသိုလ်ကံလို့သဘောထားပါ
    သူတို့အခွင့်အရေးတို့ သူတို့ကိုနားလည်ဖို့တို့ ဆိုတာတော့ ဝေးပါတယ်
    ဟုတ်ကဲ့ လူ လူ ချင်း လေးစားပါတယ် ဒါပေမယ့် အဲဒိ သူတွေကရောလေးစားရဲ့လား
    ကျားဘဝ ကနေ လာတာဆိုတော့ ရဲတင်းတယ် မစစ်စစ်ရဲ့ စရိုက်သဘဝတွေမတွေ့ရသလိုပဲ(မြန်မာပြည်မှာတွေ့ရသလောက်ကိုပြောတာပါ)
    တခါတလေ ပတ်ဝန်းကျင်ကလူတွေကို နေရထိုုင်ရခက်အောင် ပြုမူပြောဆိုတတ်တယ်။
    ကျားဘဝကလာလို့ အရှက်အကြောက်နည်းတယ်။
    ဝမ်းစာအရရှိသလို ဝဋ်ကြွေးတွေကြောင့်ဖြစ်နေသူတွေလည်းရှိပါတယ် ဒါပေမယ့်ဒါကိုသူများတွေမကောင်းမြင်တာကိုလက်ခံပေးရမယ်
    သဘာဝမကျတဲ့ကိစ္စကို သဘာဝကျတယ်လို့ငြင်းလို့မရဘူး။
    ကိုယ့်နေရာ ကိုယ့်ဘဝနဲ့ကိုယ်နေရမှာပဲ။ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး
    မိရွှေကြည်ကိုယ်တိုင် ပိန်လွန်းလို့ ငယ်ငယ်ကတည်းက လှောင်ပြောင်သံတွေကြားမှာနေလာခဲ့ရတာ အခုထိပါပဲ။
    ဒါပေမယ့် ဒါဟာ အမှန်တရားပဲ လက်ခံရမယ် ဘဝပေးကုသိုလ်ပဲ။
    ပြောင်းလဲနိုင်အောင်ကြိုးစားရမယ်။ လုပ်မရလဲ ကိုယ့်ကုသိုလ်ပဲ။

  • TNA

    October 13, 2013 at 10:28 am

    ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လျှောက်လှမ်းနေသူမို့အပစ်ပြောစရာမရှိပါဘူး။ တခုပဲ ကိုယ်ဘယ်လိုဘဝမှာပဲ ရပ်တည်ရပ်တည် ကိုယ့်ပါတ်ဝန်းကျင်ကိုတစိတ်တဒေသအကျိုးပြုနေမယ်ဆိုရင်ကောင်းပါတယ်။ ယောင်္ကျား ရင့်မာကြီးလို့ခံယူထားပြီးစိတ်ဓါတ်အဆင့်အတန်းနိမ့်ကျနေတဲ့သူတွေထက်စာရင်တော့ ဒီလိုဘဝမှာနေပြီးစိတ်ဓါတ်မနိမ့်ကျရင်ကောင်းပါတယ်။ အခုတလောယောင်္ကျားကြီးတွေလို့ပြောပြောပြီး မိန်းမလိုမိန်းမရစိတ်တွေရှိတဲ့သူတွေနဲ့တွေ့တွေ့နေရလို့ အဆင်မပြေဖြစ်နေတယ်။

  • Ko chogyi

    October 14, 2013 at 7:51 am

    စာအရေးအသားနဲ့ အတွေးအခေါ်လေးတွေကောင်းပါတယ်
    ဒါပေမယ့် လမ်းလွဲနေတာခက်တယ်။
    ပျောက်သွားပြီး မပေါ်လာတော့ဘူးထင်နေတာ
    မိုးတွင်းမြက်တွေလို ရှင်းလဲခဏပဲ ဖြစ်နေတယ်။
    လူူလူချင်းနှိမ့်ချပြီးမပြောချင်ပါဘူး။
    လူက ကိုယ့်ဘဝကိုယ်တန်ဖိုးထားမှ ပတ်ဝန်းကျင်က
    တန်ဖိုးထား လေးစားမှာပါ။
    ပုထုဇဉ်လူသားတွေ လိမ်ကိစ္စမလွတ်ကင်းတာ လက်ခံပါတယ်။
    ဒါပေမယ့် သဘာဝကိုလွန်ဆန်တာ မင်းတို့အမှားဖြစ်သွားပြီ။
    မင်းပြောတဲ့ ဟိုမိုဆက်ချူရယ်တွေရဲ့ ပတ်ဝန်းကျင်အသစ်က ဘယ်တော့မှ
    ဖြစ်လာမှာမဟုတ်ဘူဆိုတာ အခိုင်အမာပြောရဲတယ်။
    အချိန်မီ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်လောက်အောင် လွန်သွားပြီဆိုလဲ
    အချိန်မီဇာတ်သိမ်းလိုက်ပါကွာ။

  • ဦးကြောင်ကြီး

    October 14, 2013 at 9:04 am

    southခြောက်လို့ ခေါ်မယ်ဟေ့… ဟုတ်တယ်လေ.. နင်ဒို့ဂ ၆လဲ၆ တောင်လဲတောင်ဒါဂိုး…
    southခြောက်ဖြိုး
    နောက်ပေါက်ထိုး
    တောက်လျောက်ဂိုး
    ဂျောက်ရောက်နိုး..။

  • ဦးဦးပါလေရာ

    October 14, 2013 at 9:45 am

    အဲဒီ စည်းမဲ့ကမ်းမဲ့ အခြောက်မောင်ဖြိုး အနေနဲ့ လက်ရှိ ကိုယ်ဆရာကြီးလုပ်နေကျ ဂေးဆိုက်တွေမှာပဲ သွားရေးနေတာက ပိုကောင်းပါတယ်။
    ဒီဆိုက်ထဲမှာ ဒီလို အညှီအဟောက် လိင်ကိစ္စတွေနဲ့ လာမြှူဆွယ်ရင် မကြာခင် ဝိုင်းဘေ ကြမှာ စိုးလို့ပါ။

  • Wow

    October 14, 2013 at 10:05 am

    ပရောဂမှန်လို့ တုန်ဆင်းလာဂျသူများကတော့….. ချစ်စနိုးလေးစနေတဲ့ ဒဂျီးနဲ့ ဘဖော… ခပ်ရင့်ရင့်နဲ့ မချစ်ချင်ယောင်ဆောင်သူ ကြောင်ရီး…. :mrgreen:

  • Phyo Thit Luu

    October 14, 2013 at 10:43 am

    ဟိ ဟိ ဟိ… ဟိုမိုဆယ်ချူရယ်ကို အကြောင်းမဲ့ သက်သက် မုန်းတီးနေတဲ့သူတွေထဲမှာ ဟိုမိုဆယ်ချူရယ်တွေလည်း ပါဝင်နေတတ်တယ်တဲ့။ တခြားသူတွေ မုန်းတီးတာထက် ဟိုမျိုးဆယ်ချူရယ် အချင်းချင်းမုန်းတီးတာက ပိုဆိုးတယ်တဲ့။ ဒီထဲက ရွာသားတွေကို ပြောတာမဟုတ်ဘူးနော်။ တစ်ကမ္ဘာလုံးမှာ နေရာဒေသမရွေး ဖြစ်နေတဲ့ဟာလေးကို ချပြကြည့်တာ 🙂
    ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဝိုင်းပြီးတော့ ပြောဆိုဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ရှင့် <3

Leave a Reply