အလှူမတတ် sperm ထွက်
ယောက်ျားလျှာ စုံတွဲတတွဲ ခလေးရဖို့ သုတ်မျိုးစေ့ လှူခဲ့မိတဲ့ ကင်းန်ဆပ် နယ်သားတဦးခမျာ ခလေးစရိတ် တာဝန်ယူဖို့ ပြည်နယ်တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဒွတ်ခရောက်နေပါတယ်။ အသက်၄၆နှစ်ရှိ Marotta အမျိုးသားဟာ ခလေးဖခင်အဖြစ် တာဝန်မရှိကြောင်း ယောက်ျားလျှာစုံတွဲအား စာချုပ်စာတမ်းနဲ့ သုတ်မျိုးစေ့ လှူဒါန်းခဲ့ပါတယ်။ အခုဆို ခလေးမ အသက်သုံးနှစ် ရှိပါပြီ။ ဒါပေမဲ့ အောက်တိုဘာလမှာ ကင်းန်ဆပ်ပြည်နယ် အစိုးရက သူ့ကို ခလေးအဖေ ကြေငြာဖို့၊ အကြပ်အတည်း ကြုံနေတဲ့ မွေးစားမိဘကိုယ်စား ငွေရေးကြေးရေး တာဝန်ယူဖို့ တရားရုံး လျောက်ထားပါတယ်။
သူက ရုံးတော်မှာ အမှုပလပ်ပေးဖို့ ပန်ကြားပါလိမ့်မယ်။ အမှုသော့ချက်မှာ သုတ်ပိုးလှူတဲ့အခါ ဖခင်တဦးရဲ့ နောက်ပိုင်း ငွေကြေးဆိုင်ရာ တာဝန်ရှိမှု ကင်းလွတ်ချင်ရင် လိုင်စင်ရ ဆရာဝန်မှတဆင့် ပြုလုပ်ဖို့ ပြည်နယ် ဥပဒေ ပြဌာန်းထားပါတယ်။ အဲဒီလူနဲ့ စုံတွဲက အင်တာနက် လေလံဆိုက်တခုမှာတွေ့ပြီး သုတ်ပိုးကို ဗူးခွံထဲက တဆင့် အလွှဲအပြောင်း လုပ်ခဲ့ကြတာပါ။
ဒီအမှုဟာ အခြားသုတ်ပိုး လှူသူများအပေါ် သက်ရောက်မှု ရှိပါမယ်။ သုတ်မျိုးစေ့ စုဆောင်းတဲ့ ဘဏ်များဟာ ခလေးလိုချင်သူများကို သုတ်ပိုးထောက်ပံ့ရာမှာ လှူသူအနေနဲ့ ခလေးအတွက် တာဝန်မရှိဆိုတဲ့ နားလည်မှုနဲ့ လုပ်နေကြတာပါ။ ကင်းန်ဆပ်ပြည်နယ် အစိုးရက တောင်းထားတဲ့ ခလေးစရိတ်ထဲမှာ ခလေးမွေးခ ဒေါ်လာ ၆၀၀ဝလည်း ပါဝင်ပါတယ်။
လုံးဝ မမျှော်လင့်ထားလို့ ကျနော်ပထမဆုံး တွေးမိတာ မဟုတ်တာ လုပ်တာကြတော့ အပြစ်မဖြစ် ဆိုတာပါ။ (အကောင်းလုပ်ရင်တော့ အပြစ်ပေးခံရတတ်တယ်) ဒီအမှုကို တနိုင်ငံလုံး စိတ်ဝင်စားနေပါတယ်။
ယောက်ျားလျှာ အခွင့်အရေးဌာန ဥပဒေ ဒါရိုက်တာ Minter ကတော့ အခုလို စပင်းန်မျိုးစေ့ လှူတဲ့သူဆီက ပိုက်ဆံတောင်းတာ မတရားဘူး၊ ခလေးလိုချင်သူဟာ စပင်းန်းလှူသူကို မှီခိုနေရပြီး အလှူရှင်တွေ တွန့်သွားရင် အားလုံးအတွက် မကောင်းဘူး၊ လူတွေရဲ့ ဥပဒေအပေါ် ယုံကြည်မှုကိုလည်း ပျက်ဆီးစေနိုင်ပါတယ်တဲ့။
ပြည်နယ်အနေနဲ့ ခလေးဖခင် ဘယ်သူဆိုတာ ပြည်နယ်လူမှုခံစားခွင့် လျောက်လာရင် သိရန်လိုလို့ အဆိုပါ စုံတွဲအနေနဲ့ ဖခင်ရင်းအမည်ကို ထုတ်ဖော်လိုက်ရာမှ သုတ်မျိုးစေ့ လှူဒါန်းမှု ပေါ်ပေါက်လာတာပါ။ Marotta အနေနဲ့ ဆရာဝန်မှနေ သုတ်ပိုးမလှူခဲ့လို့ ဖခင်အဖြစ် ငွေကြေး ထောက်ပံ့ရန် ပြည်နယ်ဥပဒေ ငြိနေပါတယ်။
Marottaက ခလေးနဲ့ ထင်ထင်ရှားရှားကို အဆက်အသွယ် မရှိကြောင်း၊ ခလေးအမေနဲ့လည်း အခင်မင်မပျက် ရှိကြောင်း၊ သူမအနေနဲ့ ဖိအားပေးခံရလို့ အလှူရှင်နာမည် ထုတ်ဖော်ရတာလို့ပြောပြီး ကျင့်ဝတ်ကို ကျနော် ဥပဒေအထက်မှာ ထားပါတယ်လို့ ပြောပါတယ်။
သူ့ရှေ့နေတွေကတော့ ခလေးမိဘနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကြောင့် Marottaမှာ ငွေကြေးပိုင်း တာဝန်ခံစရာ မရှိလို့ စောဒက တက်ပါတယ်။ ၂၀၀ရခုနှစ်မှာ သုတ်မျိုးစေ့ လှူသူတဦး ဖခင်ဖြစ်ပိုင်ခွင့် တောင်းဆိုတာကို ခလးအမေနဲ့ သဘောတူချက် မရှိခဲ့တဲ့ အကြောင်းပြချက်နဲ့ ပြည်နယ်တရားရုံးချုပ်မှ ပယ်ချခဲ့တဲ့ စီရင်ထုံးကို ၎င်းတို့က ထောက်ပြပါတယ်။ အခု ကျနော်တို့ အဲဒါကို ပြောင်းပြန်လှန် ကြည့်ရမယ်လို့ ပြောပါတယ်။
၂၀၀ရ အမှုတုန်းက ဖခင်ဖြစ်ခွင့် မရှိခဲ့ရင် သူလည်း အခုကိစ္စမှာ မိဘမဖြစ်သင့်ဘူး။ ပြိုင်ကား စက်ပြင်ဆရာ Marotta အင်တာနက်မှာ ဒေါ်လာငါးဆယ်နဲ့ သုတ်မျိုးစေ့ လှူဒါန်းရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့ပေမဲ့ ပိုက်ဆံမယူခဲ့ပါဘူး။ သူနဲ့ သူမိန်းမမှာ ကိုယ်ပိုင်ခလေး မရှိဘဲ မွေးစားသမီးတဦးသာ ရှိပါတယ်။ သူ့အနေနဲ့ အဆိုပါစုံတွဲ ခလေးရအောင် ရိုးရိုးသားသား ကူညီခဲ့တာပါလို့ ပြောပါတယ်။
http://news.yahoo.com/child-support-claim-rankles-sperm-donor-lesbian-couple-014725388.html
Child support claim rankles sperm donor to lesbian couple
By Kevin Murphy | Reuters
KANSAS CITY, Kansas (Reuters) – A Kansas man who donated sperm to a lesbian couple so they could have a child said on Wednesday he is shocked the state is now trying to make him pay child support.
William Marotta, 46, donated sperm to Jennifer Schreiner and Angela Bauer under a written agreement that he would not be considered the father of the child nor liable for child support. A daughter, now 3, was born to Schreiner.
But in October, the state of Kansas filed a petition seeking to have Marotta declared the father of the child and financially responsible for her after the couple encountered money difficulties.
Marotta will ask the court in a hearing January 8 to dismiss the claim, which centers on a state law that the sperm must be donated through a licensed physician in order for the father to be free of any later financial obligations. Marotta gave a container of semen to the couple, who found him on Craigslist, instead of donating through a doctor or clinic.
The case is seen as having repercussions for other sperm donors. Sperm banks routinely provide sperm to people who want to conceive a child on the understanding that the donors are not responsible for the children.
Kansas is seeking child support from Marotta, including about $6,000 in medical expenses related to the child’s birth, according to its petition.
“This was totally unexpected,” Marotta said in a phone interview. “The very first thing that went through my mind was that no good deed goes unpunished.”
The case has attracted national attention. Shannon Minter, legal director for the National Center for Lesbian Rights, said Wednesday “it is unfortunate and unfair” that Kansas is seeking money from a sperm donor.
“It certainly might have a negative effect on other men’s willingness to help couples who need a donor, which would be harmful to everyone,” Minter said.
“I also think it undermines everyone’s respect for the law when you see it operate so arbitrarily.”
Kansas officials are required under the law to determine the father of a child when someone seeks state benefits, said Angela de Rocha, spokeswoman for the Department for Children and Families. The couple was compelled to provide that information, which led to investigation of the sperm donation.
Marotta should be declared the father and subject to financial claims because he donated the sperm directly to the women and not through a physician, as required by Kansas law, the state’s petition states.
Marotta said he’s had virtually no contact with the child, but that he and Schreiner have remained cordial. He said she was pressured by the state to provide his name as the sperm donor.
“To me, ethics need to override rules,” he said.
Lawyers for Marotta argue that he had no parental rights because of his agreement with the couple and cannot be held financially responsible.
They cite a 2007 case in which the Kansas Supreme Court ruled against a sperm donor seeking parental rights because he did not have any such agreement with the mother, lawyers for Marotta said.
“So now, we are flipping the argument around,” Marotta attorney Ben Swinnen said Wednesday.
If the father had no legal parental rights in the 2007 case, Marotta should be declared to have no parental obligations in the current case, Swinnen said.
Marotta, a race car mechanic, responded to an ad on Craigslist from someone offering to pay $50 for sperm donations, but he made the donation for free. Marotta said he and his wife have no children of their own but have fostered a daughter. Marotta said he was simply trying to help a couple wanting a child.
(Editing by James B. Kelleher and Lisa Shumaker)
8 comments
ဦး ကျောက်ခဲ
January 4, 2013 at 11:54 am
ဒါတွေကိုကြောက်လို့ ဟိုဓာတ်ရှင်မင်းသမီးလေး အလှုခံတာတောင် မောင်ကျောက်က မလှုတာဗျ…..
ဘယ့်နဲ့ဗျာ…… ဗူးထဲထည့်လှုရမတဲ့…..
မလှုဘူး….
:harr:
kai
January 4, 2013 at 1:02 pm
သတင်းတခုမှာများ..လှူသူနဲ့.. လိုချင်သူလင်မယား.. ကော်ဖီဆိုင်မှာချိန်း.. အိမ်သာထဲဝင်.. တယောက်က ပြွန်ထဲထုတ်ပေး.. တယောက်ကအိမ်သာထဲပြန်ဝင်.. ပြွန်ကနေထည့်တာမျိုးတောင်ဖတ်ရဖူးတယ်..။
ဆက်စ်ကိစ္စမပါပဲ.. အဲလိုလုပ်တာကို..
ကာမေသု မိစ္ဆာစာရကံ နဲ့.. ဘယ်လိုဖွင့်တယ်မသိ..
အိုးမိုင်ဂေ့ါ.. ရှေးရိုးစွဲ-ကွန်ဆာဗေးတစ်များတို့ရေ.. :kwi:
မိုက်ကယ်ဂျော်နီအောင်ပု
January 4, 2013 at 6:59 pm
အဲ့ဒလိုကျတော့လည်း
ဇနီးဂ ဘုရားကျောင်းတက်တဲ့အခါ
လင်အတွက် ပြည့်တန်ဆာငှားပေးခဲ့ဒဲ့
ဇာတ်ထုပ်ကိုခင်ပေါ့သဂျီးမင်းရယ်
ဦးကြောင်ကြီး
January 5, 2013 at 10:09 am
ဆိုင်ဘူးလေ နွားသိုးကြိုးပြတ် သဂျီးရဲ့.. ကာမေသု မိစ္ဆာစာရကံဆိုတာ သူများအိမ်ယာ ကျူးလွန်မှုသာမက တရားလက်လွတ် ကာမပြုကျင့်တာလည်း ဆိုင်တယ်။ အဲလိုယူရင် လက်မထပ် အတူနေလည်း အတည်ပေါက်ဆိုရင် အပြစ်လွတ်ကောင်းတယ်။ သို့ပေမဲ့ စင်ဂယ်လ်ဆိုပြီး တွေ့ကရာနဲ့ ဆော်တာမျိုး၊ အတည်စိတ် မထားဘဲ ကာမဆန္ဒတခုထဲ အလို့ငှာ နှစ်ဦးသဘောတူ အာသာပြေ ဆော်တာမျိုးဆိုရင် အဲဒီကံနဲ့ ငြိတယ်။ သုတ်မျိုးလှူတာကြတော့ ကာမခံစားမှု မပါဘူး၊ ဘယ်လိုလောက် ကံမြောက်မလဲ။ အများစုဆိုရင် ဖိုသုတ်သွေး အလှူရှင် ဘယ်သူမှန်းတောင် သိကြဘူး၊ စိတ်မှန်းနဲ့ ဘရက်ပစ်လို့ မြင်ယောင်ခံစားနေရင်တော့ အပြစ်ရှိနိုင်တယ်။
မောင်ပေ
January 4, 2013 at 1:14 pm
အနော် ဓါတ်ရှင် ( ခရက်ဒစ်တူ ကိုကျောက် ) တွေထဲမှာ ကြည့်ခဲ့ဖူးတာတော့ ၊ စပန်းတွေကို ပလက်စတစ်အိတ်အကြည်လေးတွေနဲ ့ထည့်သိမ်းထားတာဗျ ။ စပန်းဘဏ်ဆိုလားပဲ
အရီးခင်လတ်
January 4, 2013 at 8:27 pm
မရိုးနိုင်တဲ့ နောက်တစ်မျိုး တရားစွဲ နည်း အသစ် ကို တော့ လက်ဖျားခါပါရဲ့။
ကိုယ့် ရုံး က ကိုယ့် ရဲ့ modern office scanner ကို သုံးပြီး ရလာတဲ့ pdf ဖိုင် လိုမျိုးတွေ ကို အီးမေးကတစ်ဆင့် ပို့ တဲ့ နည်းပညာအတွက် “$1,000 per employee for a license” ပါတဲ့ရှင်။
သူတို့ က “Distributed computer architecture and process for document management” ကို မူပိုင်ခွင့် လုပ်ထားပါသတဲ့။ တစ်ခြား အချက်တွေလဲ ပါသေးတယ်။
Company အကြီးတွေ ထက် ခပ်သေးသေး Company တွေကို စာပို့ပြီး ငွေတောင်း နေတာပါ။ လက်တစ်လုံးခြား လှည့်ပြီး ငွေညှစ် နေသလိုပါဘဲ။
http://arstechnica.com/tech-policy/2013/01/patent-trolls-want-1000-for-using-scanners/
MaMa
January 5, 2013 at 5:27 pm
သဘာဝလွန်တာတွေလုပ်ရင်းးးးးး လောကကြီးက ပိုမိုရှုပ်ထွေးလာတယ်။
ဒီလို ဒီလို ထူးဆန်းထွေလာတွေ သိရလို့ ရွာ့အလှောင်ထိပ်ခေါင် မောင်မောင်ကြောင်ကို ကျေးဇူးးးးးးးးး :harr:
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 10:42 pm
့ ရွာ့အလှောင်ထိပ်ခေါင် မောင်မောင်ကြောင် ဆိုဘဲ
နာမည်နဲ့အရမ်းလိုက်တယ်…ငွိငွိ.။
မမ နာမည်အရမ်းပေးတက်တာပဲ.။
(ခင်မင်၍.စ.နောက်ခြင်သာဖြစ်ပါသည်)