ဪ …….. ဖြစ်မှ ဖြစ်ရလေ ……..
ရွှေဂုံတိုင်ပွိုင့်မှာ ကားရပ်ထားတုန်း ဖုံးဝင်လာတယ် လမ်း၄ဝက ကျနော့်ပစ္စည်းတွေ သင်္ဘောနဲ့ သွင်းပေးနေတဲ့ ကုမ္ပဏီကဗျ အဲ့က အမ်ဒီအန်ကယ်ကြီးက ကနေ့အားရင် ကျနော့်နဲ့ တွေ့မယ်တဲ့ သူလည်းဒီနေ့အားတုန်း အေးအေးဆေးဆေး ဆုံမယ်တဲ့ သူနဲ့ကျနော်က လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လူချင်းရင်းနှီးပီးသား ကျနော်ဟိုမှာ ရှိစဉ်ကတည်းက သူလိုချင်တဲ့ စက်ပစ္စည်းတွေ ကျနော်ရှာဝယ်ပေးရင်း ခင်မင်ရင်းနှီးကျတာ သူလည်းသူ့အလုပ်ကိစ္စ မိသားစုကိစ္စနဲ့ဆိုတော့ တခါတလေ သူ့ရုံးရောက်ရင်တောင် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်တာ။ ကျနော်လည်း မြို့ထဲကဘဏ်မှာ ငွေသွင်းပီးရင် အားတဲ့အကြောင်း ပြန်ပြောလိုက်လေရဲ့ ……….. ။
ဒီလိုဗျ ……
လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့ဗျာ ကျနော့်အစ်မကြီးက ဖုန်းဆက်ပီး သူဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ ခြံထဲကပစ္စည်းတွေ ရွှေ့ဖို့ခိုင်းလာပါတယ်။ ကျနော်လဲ နောက်ရက်ကားခေါ် အလုပ်သမားခေါ်ပီး အပြီးရွှေ့ပေးရတာပေါ့ အမေနဲ့ အမတွေက ခရီးသွားနေကျတော့ ဒီမောင်တကောင်တည်း သိမ်းကြုံးလုပ်ရတော့တာပေါ့။
အိမ်ရွှေ့ပြီးတော့ အဲ့အိမ်မှာဘဲ ၂ရက်နေဖြစ်တယ်။ နောက်ရက် မော်လမြိုင်က သူငယ်ချင်းနဲ့ သူ့ယောက်ဖ ရောက်လာလို့ အပြင်မှာ မချိန်းတော့ဘဲ အိမ်မှာဘဲ ပုလင်းထောင်ပီး ၃ယောက်သား အိမ်သစ်တက်ပွဲလုပ်လိုက်ကျတယ်။ ဆိုတော့ကာ တစ်လုံးကုန်တော့ အရက်သမားတို့ ထုံးစံ မဝသေးတော့ အနီးနားက ဈေးဝယ်စင်တာကိုသွားပီး ထပ်ဝယ်ကျတာပေါ့ အဲ့ကအပြန်မှာ ကျနော့်တို့နဲ့အတူ မိသားစုတစ်စု ဓာတ်လှေကားပေါ် ပါလာကျတယ် ၃နှစ်ခန့် ကလေးတယောက်ရယ် သူ့အဖေနဲ့အမေရယ် အန်တီကြီးတယောက်ရယ် နောက်ပီး အသက်၂ဝလောက် ခပ်လန်းလန်း ခပ်လှလှလေး တယောက်ရယ် ဓာတ်လှေကားထဲ အတူဆုံတော့ ထုံးစံအတိုင်း ရယ်ပြနှုတ်ဆက်ရတာပေါ့ တိုက်ဆိုင်ချင်တော့ သွားမဲ့အထပ်က အတူူတူဖြစ်နေရဲ့။
ကျနော့်တို့ အထပ်က အခန်း၆ခန်းရှိတယ်ဗျ ၃ခန်းဆီ မျက်နှာချင်းဆိုင် ခုနက မိသားစုက ကျနော်တို့နဲ့ အထပ်တူ မျက်နှာဆိုင် အခန်း( ) C ဗျ …..။ဒါနဲ့ဘဲ ကိုယ့်အခန်းကိုယ်ဖွင့် နောက်တော့ ကောင်မလေးက ရေလည်လန်းတယ်နော် ဆိုတဲ့ စကားလေးတခွန်းလည်း ကျနော့်တို့ အရက်ဝိုင်းထဲ အမြည်းတခုသဘော ရောက်လာတယ်ပေါ့။
နောက်ရက်ကျတော့ ကျနော်လည်း အလုပ်ကိစ္စနဲ့ မြို့ထဲသွားဖို့ ဖြစ်လာတယ် အခန်းတံခါး သော့ခတ်ပီး ဓာတ်လှေကားထဲ အဝင်မှာ ဟို့နေ့က ကျနော်တို့တွေ့ခဲ့တဲ့ ခလေးမက သူ့ဘော်ဒါ ခလေးမတယောက်နဲ့ အတူပြန်တွေ့လေရဲ့ ဟိုနေ့ကလို အိမ်နေရင်းပုံစံ မဟုတ်တော့ဘဲ အပြင်သွားမဲ့စတိုင်ဆိုတော့ ပိုပြီးလှတာပေါ့ဗျာ။ အစ်ကိုတို့က အခုမှပြောင်းလာတာလား ဆိုတော့ သူ့အကြောင်းတွေးတာ ခဏရပ် သူမေးတာလေး ဟုတ်ကဲ့ဖြေ နောက်ပြီး မဟုတ်ဘူးပြန်ပြော ဒါကျနော့် အမအိမ် ကျနော်က သူတို့ပစ္စည်းတွေ လာပြောင်းပေးရင်း အိမ်လာစောင့်ပေးတာ ဘာညာပေါ့။ နောက်တော့လဲ အောက်ထပ်ရောက် ကိုယ့်လမ်းကိုယ်သွားကျတာပေါ့။ ကျနော်ကတော့ အမတော် မရှိခိုက် သူ့စီးတော်ယာဉ်ကို သွားထုတ်ဖို့ ပါကင်ထဲလာတယ် အဲ့မှာလည်း ထပ်တွေ့ပြန်တာပဲ သူတို့နှစ်ယောက်က ဟွန်ဒါကား အပြာရောင်လေးနဲ့ဗျ သူမကို ထပ်ပြုံးပြရင်း ကျနော်လည်း မြို့ထဲသွားဖို့ထွက်လာခဲ့တာပေါ့ဗျာ …………။
အလုပ်ကိစ္စပြီးလို့ ကျနော့်အသိ အန်ကယ်ကြီးဆီ သွားတွေ့တော့ သူနဲ့စကားစမြည်ပြော သူ့မိန်းမနဲ့ ကလေးတွေက တောင်ကြီးတန်ဆောင်တိုင်ပွဲ သွားလည်ရင်း အမျိုးတွေဆီရောက်နေတယ်တဲ့၊ သူ့သမီးကြီးကလဲ အလုပ်ကိစ္စနဲ့ စင်္ကာပူကို မနေ့က သွားနေတယ်တဲ့။ ဆိုတော့ မတွေ့တာလဲကြာ နောက်ပီး တချိန်က သူ့ဆပလိုင်ယာ ကျနော်က အခုကျနော့် ဆပလိုင်ယာသူ ဖြစ်နေတာ့ စားရင်းသောက်ရင်း အလုပ်စကားပြောမယ် ဆိုတော့ နားအေးပါးအေး ပန်းလှိုင်အိမ်ယာဘက် နှစ်ယောက်သား ထွက်လာခဲ့တယ်။
အစက ကျနော်က မြို့ထဲတနေရာရာ ပြောသေးတယ်။ ဆြာသမားက သူ့အိမ်မှာ ကားပြန်ထားပီး ကျနော့်ကားနဲ့ အဲ့သွားမယ်ဆိုတော့ ကျနော်လဲ လိုက်ပို့ရတာပေါ့။ ဂေါက်ကွင်းထဲကဆိုင်မှာ ဝိုင်တလုံးဖွင့် စားရင်းသောက်ရင်းပေါ့ဗျာ စကားပြောကျတာပေါ့။ သူက ဒီကိုလာနေကြဗျ ဒီမှာလည်း မြေတကွက်နဲ့ ကွန်ဒိုတခန်းဝယ်ထားတယ်တဲ့။ တနာရီခန့်ပေါ့ သူ့ဖုန်းလာတယ် အေး ….. ဦးရောက်နေပီတဲ့၊ စောင့်နေတယ်တဲ့ ဒီမှာ ဧည့်သည်တယောက်နဲ့ စကားပြောနေတယ်တဲ့ ဧည့်သည်နဲ့လဲ မိတ်ဆက်ပေးမယ်တဲ့ နောက် မိနစ်၂ဝလောက်ကြာတော့ ကျနော့်နောက်ကျောဘက်က ခြေသံနဲ့မွှေးရနံ့ အတူတွဲပီး ဝင်လာတယ် တော်ယုံဆို ကျနော်က ဆိုင်ဝင်ပေါက်ကို နောက်ကျောပေး ထိုင်တတ်တဲ့သူ မဟုတ်ပေမဲ့ ဆြာသမားက နေရာကြိုဦးထားတော့ မတတ်နိူင်ဘူးရယ်။
အဲ့ဒီမှာပေါ့ဗျာ
အထက်က ကျနော်ရေးထားတဲ့ သူမ(ခေါ်)ခလေးမပေါ့ ….။ သူနဲ့ သူ့သူငယ်ချင်း ကျနော့်ဘေးနဲ့ ရှေ့တည့်တည့်ကို ရောက်လာတယ်။ မြင်မြင်ချဉ်း အံဩတဲ့စိတ်ကို ခဏမြိုသိပ်ပီး အရင်ဆုံးပြုံးပြလိုက်တယ်။ သူမတို့၂ယောက်စလုံးကလဲ ပြန်ပြုံးပြလေရဲ့ ပတ်ဝင်းကျင်မှာတော့ နိူင်ငံခြားသားတွေရော မြန်မာတွေပါ အကုန်ဝိုင်းကြည့်ကျတယ်။ ဒါပေမဲ့ အရုပ်ဆိုး အကျည်းတန်တော့ မဟုတ်ဘူးရယ် ခလေးမ၂ယောက်လုံးက အတော်ချော အတော်လန်းတာကိုး။ နောက်ပီး သွားတဲ့လာတဲ့ပုံစံ ထိုင်ခုံမှာ ဝင်ထိုင်တဲ့ပုံစံ အကုန်လုံး သပ်သပ်ရပ်ရပ်နဲ့ အဆင့်အတန်းရှိတယ်ဗျ။ အဖေနဲ့ သားသမီး (၃)ယောက် ပုံစံပါဘဲ။ အန်ကယ်ကြီးက ရှမ်းလူမျိုးဗျ ဖြူဖြူချောချော အရပ်မြင့်မြင့်နဲ့ ဟိုကလေးမကလည်း ဖြူဖြူချောချော ပိန်ပိန်သွယ်သွယ် နောက်ပီး ၂ဝစွန်းဆိုတော့ ခလေးရုပ်ကလေး၊ ဘေးကနောက်တယောက်ကလည်း ချောချောလေးရယ် ပတ်ဝင်းကျင်တခုလုံး ဘင်ဂါလီနဲ့ဗေလုဝ စပ်ကျထားတဲ့ ကျနော်တယောက်ဘဲ အကျည်းတန်နေတာ ( ကိုဗေဂျီး ဆောရီးဗျာ ဆောရီး )
ဒါနဲ့ပေါ့ဗျာ ……
သူတို့၂ယောက် မှာစရာရှိတာမှာ စားသောက်ပေါ့ သူတို့ကတော့ မသောက်ဘူးပေါ့ဗျာ ကျနော့်နဲ့လည်း စကားတွေဘာတွေ ပြောကြဆိုကြပေါ့ အချိန်၁နာရီလောက် ကြာသွားတယ်။ အဲ့နောက်မတော့ သူမတို့စီးလာတဲ့ ကားကို ဆြာသမားနဲ့ခလေးမ ယူသွားတယ်ပေါ့ဗျာ။ ကျန်ခဲ့တဲ့ နောက်တယောက်နဲ့ ကျနော်က ကျနော့်အမကားနဲ့ ပန်းလှိုင်ကနေ ပြည်လမ်းပေါ်က ပြင်သစ်ဘာသာသင်တန်းကျောင်းရှေ့ အဲ့ကလေးမကို ပြန်ပို့ပေးရမပေါ့။ ကားမောင်းလာတဲ့ လမ်းတလျှောက် ကျနော့်မှာ စဉ်းစားခန်းတွေ ဝေဝေဆာဆာဘဲဗျို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးနှောက်တွေခြောက်ပီး ဘယ်လိုမှကို တွေးမရတာ။ သူတို့ရဲ့ ငယ်ရွယ်တဲ့အသက်၊ အတတ်ပညာ၊ ရုပ်ရည်နဲ့ ဒီလိုကိစ္စမျိုးမှာ ပတ်သတ်မှုတွေအတွက် ကျနော် စဉ်းစားလို့မရဘူး
လမ်းတလျှောက်ကားမောင်းရင်း အဲ့ကလေးမနဲ့တော့ စကားပြောဖြစ်တယ်။ ဒါပေမဲ့ဗျာ သူတို့နှစ်ယောက်ရဲ့ အနေအထိုင် အပြောအဆိုက (တဲလန့်ခေါ်မလားပေါ့) အတော်သပ်ရပ်တော့ ကျနော့်မှာ စကားပြောဖို့တောင် အတော်ရှိန်သဗျာ ကိုယ့်ဆီက စည်းလွတ်ဘောင်လွတ် စကားမျိုး မထွက်အောင် အင်မတန် စဉ်းစားပီး ပြောရဆိုရတာ။ ရှင်းရှင်းပြောရရင် ကေတီဗွိတို့ မာဆတ်တို့ သွားပီး မူးမူးနဲ့ ရိသဲ့သဲ့ပြောရတာက တမျိုးပေါ့ဗျာ။
ဒီလိုနဲ့ဘဲဗျာ
ဂျန်းရှင်းစကွဲခေါ်မလား အဲ့နားရောက်တော့ ခလေးမကဆင်းမယ်တဲ့ သူ့သင်တန်းချိန် ၄၅မိနစ်လောက် လိုသေးလို့ ဆိုင်ခဏသွားမယ်တဲ့ မဆင်းခင်မှာ ကျနော့်ကို လိပ်စာကဒ်ပေးတယ်၊ နောက်ပီး အလွန်လှတဲ့ စကားတခွန်းကိုလဲ ပြောသေးသဗျ “သမီးက ဆိုင်တဖက် သင်တန်းတဖက် ကိုယ်ရေးကိုယ်တာကိစ္စလဲ ရှိတာမို့ ကိုယ်ပိုင်ချိန်အတော် နည်းပါတယ်တဲ့ တွေ့ရတာ ဝမ်းသာပါတယ်တဲ့ ကိုယ့်ညီမလို ခင်မင်နိူင်ပါတယ်တဲ့” သင်တန်းမရှိရင် ဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ရှိတတ်ပါတယ်တဲ့။ ဒီရက်ပိုင်းတော့ စာမေးပွဲရှိလို့ အိမ်မှာဘဲ အနေများတယ်တဲ့။ ကျနော်လည်းဗျာ မအောင့်နိူင်တဲ့အဆုံး စကားတခွန်းမေးလိုက်မိတယ် အန်ကယ်စိုးနဲ့ဟိုညီမ သိတာကြာပီလား ဆိုတော့ တနှစ်လောက် ရှိနေပါပီတဲ့၊ အန်ကယ့် သူငယ်ချင်းတယောက်နဲ့ မိတ်ဆက်ပေးမယ် ဆိုလိုတဲ့ သူမလိုက်လာတာတဲ့ ဦးဖြစ်နေတယ်တဲ့။
ဆိုတော့ဗျာ
ဒါဟာ ဖြစ်ရပ်မှန်ပါ၊တဖက်သူတွေ ထိခိုက်နစ်နာမှာ စိုးလို့ အသေးစိပ်တော့ မရေးလိုပါဘူးဗျာ။ ကျနော့်ဘဝမှာတော့ ထူးထူးဆန်ဆန်း တွေ့ကြုံမှုပါ။ အရင်ကတော့ ကေတီဗီတွေ စင်တင်စားသောက်ဆိုင်တွေ တက်သစ်စ မော်ဒယ်လ်တွေ ဒါတွေဟာ ငွေကြေးချမ်းသာပြီး သုံးနိူင်ဖြုန်းနိူင်သူတွေရဲ့ ဈေးကွက်တခုဆိုတာ သိပြီးသားပါ။ ကျနော်ရောက်ခဲ့ဖူးတဲ့ နေရာတွေမှာလဲ စတက်ဖ်ပါတီဆိုပြီး ခေါ်ခေါ်သွင်းလာတဲ့ လူတန်းစားတရပ်ရှိတယ်ဆိုတာ ကျနော်သိဖူး ကြားဖူးပါတယ်။ ဒါပေမဲ့ ခုလို အသက်အရွယ် ၁၉-၂ဝ တန်း အမျိုးသမီးငယ်တွေ ဒီလောကထဲကို ဝင်လာတာ။ ဈေးကွက်တခုဖြစ်လာတာ အများသူငှာ မသိသေး မတွင်ကျယ်သေးပေမဲ့ မြန်မာပြည်က တလွဲစွန့်ဦးတီထွင်သူတွေကိုတော့ နည်းနည်းချဉ်မိပါတယ်။ ကျနော် အံဩမိပါတယ်။
တကယ်ပါဗျာ။
အကယ်၍များ အခန်းမျက်နှာချင်းဆိုင်က ထိုမိန်းမငယ်ကို ကျနော် နောက်တကြိမ် ပြန်ဆုံရင် ဘယ်လိုမျက်နှာထားရမလဲ ကြိုးစားပြီး တင်ကြိုလေ့ကျင့်ထားရမယ် ထင်တယ်ဗျာ ………။
ဪ …. မေ့လို့ လူကြီးတွေ ပြောသွားတဲ့စကား အလကားတော့ မဟုတ်တန်ရာဘူး ….။
ခေတ်ကိုက … အဲ့လို … အဲ့လို
ဆိုတော့ …… ပြောချင်တာတော့ အများကြီးရယ် ……
ဒါနဲ့ဘဲ ကမာ္ဘအေးဘုရားလမ်းပေါ် ရောက်နေတုန်း ရေဆာတာနဲ့ နီးစပ်ရာ စတိုးဆိုင်မှာ အအေးဝယ်သောက်မိတယ် ကျွဲရိုင်းရော ရှပ်ပ်ရော သိပ်မအေးလို့ ရှိတာပေးကွာဆိုတော့ စပွန်ဆာဆိုတဲ့ အားဖြည့်အချိုရည် ထုတ်ပေးလေရဲ့ ကျနော်လည်း တကျိုက်တည်းမော့အပြီး ကိုယ့်ဟာ သကိုယ် ပြုံးမိတယ် ……
ဪ စပွန်ဆာ စပွန်ဆာ လူကြီးကြိုက် … မင်းကြီးကြိုက်
ဖြစ်မှဖြစ်ရလေ
20 comments
အဘဖားသက်ပြင်း
November 21, 2013 at 7:24 pm
ဖြစ်မှဖြစ်ရလေ အူးလေးရယ်….
🙁
ရဲစည်
November 21, 2013 at 7:50 pm
ဝမ်းနည်းတယ်လားကွယ် ……
:harr:
alinsett
November 21, 2013 at 8:41 pm
ဪ…ဖျစ်မှ ဖျစ်ရလေ….ခလေးမ ရယ်….
:kwi:
Foreign Resident
November 22, 2013 at 5:22 am
၁ ။
ဟင် ၊ ဘာ မှလဲ မ ဘာ ခဲ့ပါလား ။
ဟိုက လူကြီးတန်မဲ့ စေတနာနှင့် အပြီးအစီး ပို့ပေးတာကို ၊
အားနာ ပါးနာ လေးနှင့်တောင် မ ဘာ ခဲ့ဘူးလား ။
၂ ။
” ထိုမိန်းမငယ်ကို ကျနော် နောက်တကြိမ် ပြန်ဆုံရင် ဘယ်လိုမျက်နှာထားရမလဲ ”
သာမီးကလေးတို့ကဖြင့် ရိုးဟိုးဟိုး နေပြီ ၊
လုံးဝ ဂရုမစိုက်လို့ကို ၊
ပြန်မပြောပါနှင့်လို့ ၊ လာမတားတာပေါ့ ။
KZ
November 22, 2013 at 7:30 am
ဖြစ်မှ ဖြစ်မှရလေ ယွဲရယ်။
အာ့ဆို သာမီး အသက် ဆို ဘာမှ သုံးစားမရတော့ဘူးပေါ့နော်။
:hint:
Wow
November 22, 2013 at 8:52 am
ဒါချိုငါ့တို့အရွယ်ကို စပွန်စာလို့ တလွှဲမထင်ဂျတော့ဘူးပေါ့…
KZ
November 22, 2013 at 12:00 pm
နာ သိပြီ၊
နာ တို့ အရွယ်က စပွန်စာပြန်ပေးရတဲ့ ခေတ်။
ဝါးးးး
ဘယ်သူ့ပေးကြမုန်းးးးးးး
ကောင်းပြည့်လေး ပေးမားးးး
အလင်းရောင်လေး ပေးမားးးးး
စုအူး ဆောင်းအူးမှပါ။
မဟာရာဇာ အံစာတုံး
November 22, 2013 at 9:37 am
လောကဂျီး
အင်မတိ အင်မတန်မှ
ပျက်စီးနေလှချေဘီဒဂါးးးး
ဒုတ်စွ … ဒုတ်စွ …
ခင် ခ
November 22, 2013 at 9:40 am
ဒီတစ်ခါ အအေးဝယ်သောက်ရရင် စပွန်ဆာဆိုတဲ့ အားဖြည့်အချိုရည် မသောက်ဖူးသေးလို့ သောက်ကြည့်အုံးမှဘဲဗျာ။
sorrow weaver
November 22, 2013 at 9:47 am
နာ့ညီမ…နာ့အစ်မသာဖြစ်နေခဲ့မယ်ဆိုရင် ….ကြေကွဲ ….
kyeemite
November 22, 2013 at 11:05 am
…ဇတ်လမ်းကိုတော့ယုံချင်ပါတယ် ယွဲစီရယ်…ဒါပေမဲ့… 😀
ရဲစည်
November 22, 2013 at 8:16 pm
မယုံလည်း မတတ်နိူင်ဘူးရယ် …..
:harr:
လုံမလေးမွန်မွန်
November 22, 2013 at 12:26 pm
ပေါက်ကွဲတယ်နော်.. မနေ့ညနေက ဖုန်းနဲ့မန့်တာ မရောက်ဘူး.. 🙁
ဒသန… မချောသော ကောင်မလေးများသည် ချောသောကောင်မလေးများထက် အန္တရာယ်နှင့် ပိုဝေးသည်.. 🙂
TNA
November 22, 2013 at 4:38 pm
အင်းရင်လေးဘာဘိ ရင်လေးဘာဘိ။ အဲဒီကောင်မလေးများ နောက်ပိုင်းကျတော့ အိမ်ထောင်ပြုရင်သူ့ယောင်္ကျားသနားစရာ ပေ့ါ။
ရဲစည်
November 22, 2013 at 8:02 pm
နောက်ပိုင်းကိစ္စထက် …. မိန်ခလေးငယ်တွေ အဲ့အလုပ်ကြီးကို လွယ်လွယ်ရလို့ .. ဘယ်သူမှ မသိလောက်ပါဘူးဆိုပီး လုပ်လာကျရင် မြို့ထဲရွာထဲ အတော်ဒုက္ခများမယ်ထင် …..
TNA
November 23, 2013 at 4:32 pm
အင်း ဘယ်သူ့မှာတာဝန်ရှိပါလိမ့်။ စနစ်လား ခေတ်လား မိဘလား
အရီးခင်
November 22, 2013 at 4:51 pm
အောင်မယ်လေး။ ဘာများလဲလို့။
အထူးအဆန်း လုပ်ပြီး (ကထူးဆန်း ကို မဆိုလို) “ဪ …….. ဖြစ်မှ ဖြစ်ရလေ” တွေ ဘာတွေ လာလုပ်နေတယ်။
ပြောရင်လဲ အသက်ကြီး တာတွေ၊ အတွေ့အကြုံ ပိုတာတွေ ကို လာပြီး ထိခိုက်ဦးမယ်။ 🙄 😉
မပြောလဲ မဖြစ်တော့ ပြောရမယ်။
အသေအချာ နားထောင်ဟဲ့ …. မောင်ရဲစည် ရဲ့။
ယဉ်ကျေးမှု မတူတဲ့ အသိုင်းအဝိုင်း ၂ခု မှာ တွေ့နေရတဲ့ အချက်လေး တွေပါ။
ဝါးလုံးရှည်နဲ့တော့ မရမ်းပါဘူး။ ဒါပေမဲ့ တစ်ချို့ မက အများလို့ မြင်နေရတာ။
အသိုင်းအဝိုင်း(၁)
သီလ ဆိုတာ ခါးဝတ်ပုဆိုး လို မြဲရမယ်လို့ ပြောကြလေ့ရှိတယ်။
ဘာသာရေး ကိုင်းရှိုင်း တာဘဲလား။ စိတ်တကယ်ပါတာလား။ ဟန်ပြလား။ မိရိုးဖလာမို့လား။
မိသားစုအရေးမို့ အလုပ်ကြိုးစားပါတယ်။
ရိုးသားတဲ့ ဦးနှောက်မလို၊ တတ်ကျွမ်းတဲ့ ပညာဉာဏ်ရှိစရာမလို၊
ကြိုးစားရတာက အပေါင်းအသင်းဆန့်ပြီး အခွင့်အရေးရဖို့ အကွက်တွေကို အိတ်ထဲ ထည့်ထားနိုင်ဖို့ဘဲ။
လူလူချင်း လှည့်စားတတ်ဖို့ဘဲ။
အဲဒီက နေ ငွေ ဆိုတာ သဲ့ဝင်လာတာဘဲ။
အလွယ်ရတဲ့ ငွေ ဆိုတာ တော်ရုံ တန်ဖိုး မထားဘူး။
ထားနေစရာလဲ မလိုဘူး။
တိုင်းပြည် တစ်ပြည်လုံး ကရတာ။ သုံးပါလေ့။
ဘီယာအရက်ဝိုင်း မှာ အလိမ်အညာစကား တွေ အပြည့်နဲ့ ဘယ်အကွက် က ငွေထွက် မယ် ဆိုတာကို သူဌေးကြိုက်ရုပ်မိန်းကလေး နဲ့ မြီးတတ်ဖို့ဘဲ။
ဒီလို နေရာ မှာမှ ဂွင် ရတာ… တဲ့။
သိက္ခာ လား။ ငွေရှိရင်ပြီးရော။ ရှိပြီးသား။
အိမ်က မိန်းမ နဲ့ ကလေးတွေ လား။ ငွေပေးထားတာဘဲ။ သူတို့ လဲ သုံးချင်ရာသုံး။ လုပ်ချင်ရာလုပ်။
မိသားစု ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးမှုလား။ မခံစားဘူးတော့ ဘယ်သူမှ မက်မောမနေဘူး။
လက်ရှိမှာ မက်မောနေတာက ငွေ ကို ရေလို သုံး နေရရင်ပြီးတာဘဲ။
ဒီ မိန်းကလေး တွေလား။ ငွေပြနိုင်ရင် အဖိုး အရွယ် ကိုလဲ မောင် ခေါ်နိုင်သပေါ့။
သူတို့ မျက်စိထဲ ငွေကလွဲ လို့ ဘာမှ မတွေ့ တော့ဘူး။
ထမင်းနပ် မမှန်သူ တွေ၊ နေစရာမရှိသူတွေ လား။ မြင်သားဘဲ။
စာနာဖို့ လား။ သူတို့ ကံ ဘဲလေ။ ကိုယ် က ဘာကူလုပ်ပေးလို့ ရမှာလဲ။
သူတို့ အတိတ်ကံ က မကောင်းရှာဘူးကိုး။
အသိုင်းအဝိုင်း (၂)
ဘာသာရေး ဆိုတာ သိပ်ပြီး အလေးထားတာ မတွေ့ဘူး။
လူသားချင်းစာနာဖို့ စိတ်ဓာတ် ဆိုတာ တမင်ကျင့်စရာမလို ဘဲ နားထဲ ရောက်နေပြီသား။
ကိုယ့်ပြည်တွင်း မှာတောင်မဟုတ်။ အပြင်က သူတွေ ကိုတောင် စာနာဖို့ အသင့်ဘဲ။
မချမ်းသာလဲ လိုတဲ့ နေရာ မှာ လိုတဲ့ လူတွေကို အိတ်ထဲက ပိုက်ဆံ ပေးဖို့ အသင့်ဘဲ။
ငါတို့ စားရသလို သူတို့လဲ စားရပါစေ ဆိုတဲ့ စေတနာ အပြည့်။
အရက်၊ ဘီယာ၊ ဆေးလိပ် လား။
ရှောင်နေကြပြီ။
သီလ မမြဲမှာစိုးလို့ မဟုတ်။ ကျန်းမာရေး ထိမှာစိုးကြလို့တဲ့။
ဘဝ နေမှုအတွက် ကြိုးစားရပါတယ်။
ပညာတတ်ရင်တတ်သလို နေရာတင့်ကြ၊ ဝင်ငွေမြင့် ကြတဲ့ နေရာမို့ ကြိုးစား ရကြိုးနပ်ပါတယ်။
အနောက်တိုင်းက လူတွေ ဆိုတာ မိသားစု ကို အလေးမထားဘူးတဲ့။ (ငယ်တုန်းက သိခဲ့ဘူးတာ၊ ဒါလဲ ဦးနှောက်ဆေးခံ ခဲ့ရတာလားမသိ)
အရင်က ဘယ်လိုရှိတယ်တော့ မသိ။
ဒီနေ့ခေတ်မှာ ငွေကြေးထက်တောင် မိသားစု ဘဝကို တန်ဖိုးထားကြတယ်။
တစ်နှစ် ၂ခါလောက် မိသားစု ခရီးထွက်တယ်။
မိဘ တွေ နဲ့ ခရစ်စမတ်တိုင်းမှာ အချိန်ဖြုန်းတယ်။
ဒီအတွက် ပိုက်ဆံစုကြတာ။
စနေ၊ တနင်္ဂနွေ ပန်းခြံတွေမှာ ရေကူးကန်တွေမှာ ကလေးထိန်းနေတဲ့ အဖေတွေ ၊
အဖေ့ လက်ဆွဲ အဖေ့ မျက်နှာကြည့်ပြီး စကားတွေ တွတ်ထိုး နေတဲ့ အပျော်မျက်နှာနဲ့ ကလေးတွေ ၊
သူတို့ ကို ပြုံးကြည့် နေတဲ့ အမေ တွေ အပြည့်။
ညပိုင်းမှာ ကလေး အိမ်ရာဝင် ပုံပြင် မဖတ်ပြရ ရင်တာဝန်မကျေ သလိုခံစား ရတယ် ဆိုတဲ့ အဖေ တွေ ရှိတာ ပုံပြင် စာအုပ်ထဲ ရေးထားတာမဟုတ်။
ငွေကုန်ခံ ပြီး တရားဝင် လက်မထပ်ဘဲ အတူနေသူ တွေ မှာလဲ မိသားစုကိုချစ်ပြီး တာဝန်ယူ တတ်တဲ့ စိတ်တွေ ရှိတာပေါ့။
ဒီ လူတွေလား။
အပို အလွယ် ရတဲ့ငွေ အများကြီးမှ မရှိတာကိုး။
ချွေးနဲစာ ကိုယ့်လုပ်အားလေး နဲ့ ရတဲ့ငွေ က မများဘူးလေ။
ဒီတော့ ဒီလို နူးညံ့တဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာ ကို ဘဲ မိသားစု ကို ပေးနိုင်တာဘဲ။
ဒီ အသိုင်းအဝိုင်း (၂) က လူတွေကို
သနားတယ်။
သမီးအရွယ် မိန်းကလေး တွေ ကို အာရုံ စိတ်ကူးထဲ တောင် မထည့်နိုင်တာကို။
နိဂုံးချုပ်ရရင်
ဟဲ့ ဒီမှာ မောင်ရဲစည် (ဒေါ်မြလေး အသံ (သို့) ကောလိပ်ဂျင်နေဝင်း အသံ နဲ့ ဖတ်ပါ)
မင်းမှာ မိသားစု ရှိပြီးဖြစ်လဲ ငွေ လက်ဖျားသီး နေရင် ဘယ်လို ပုံနေမယ် ဆိုတာ ..
ကျုပ် မြင်နေတယ်နော်။
ဟင်း … ဟင်း … ဟင်း။ 😛
ပုံ
အကြားအမြင် ရွာ့ ကဘာ ဆြာမကြီး
မြစာကလေး
မှတ်ချက် – ကျုပ် အချစ်တုံး လေး ရဲ့ စာမို့ မဖြစ်မနေ ဝင်အားပေးသွားသည်။
😉
အသိုင်းအဝိုင်း(၁) သို့
ရှက်စရာ ထင်ရင်လဲ ရှက်ကြပါ။ ရှက်ရင် ပြင်ကြပါ။
ရှက်စရာ မဟုတ်။ ကိုယ့် ကုသိုလ် ကိုယ့်အကျိုးပေးမို့ ဆိုလဲ … နေမြဲ ပေါ့။
သူကြီး ကို ဒုတ်နဲ့ထိုးမယ်။
လူတွေ အကျင့်ပျက်တာ ဘာသာရေးကြောင့်မဟုတ်။ ဘာမှမဆိုင်။
အရှက်တရား ၊ သိက္ခာ ထက် ငွေ ကို မတရားမက်နေကြလို့ ဖြစ်တာ။
အပျော်များတတ်ကြလို့ ဖြစ်တာ။
သာယာမှုကို အလွယ်လိုက် ထိန်းနိုင်စွမ်းမရှိလို့ အဲဒါအတွက် ငွေနောက်လိုက်နေကြရင်း တိုင်းပြည်ပါနစ်နေရတာ။
(အထင်)
😉
ရဲစည်
November 22, 2013 at 7:55 pm
ဟမငေး …. ပေါ့ပေါ့ပါးပါးဘဲတွေးပါ အရီးရယ်
အနော့မှာ အရပ်အခေါ် ဆမာဂလာ မကလိန်းတဲ့ ရောဂါရှိသဖြင့် ဘာဆိုမှ မဘာပါကြောင်း ….
အရီးရေးပြထားတာတဲက တခုတော့ သတိထားမိတဲ့ အချက်က အနောက်မှ ခေတ်ပြောင်းနေတာ ဟုတ်လောက်တယ် …. ကျနော့် မိတ်ဆွေ မိသားစုတွေကိုကြည့်ရင်း သတိထားမိလာတယ် …..
သဂျီးပြောသလိုပေါ့ စနစ်ကြောင့်မဟုတ်
ဗုံဗုံ
November 22, 2013 at 7:49 pm
အော်….ဖစ်မှဖစ်ရလေ…ကွဲစည်ရယ်… 😥
အာဂ
November 23, 2013 at 4:03 pm
အဲဒါ အ က အကြီးကြီး အကြီးကြီးပဲဗျ..။ တစ်ခါဘူးမှ မတွေ့ဘူး မကြားဘူးသေးဘူး။ အခုမှ..။ တကယ့် အကြီးကြီး