စိန်ကြက်ဆင်November 21, 20131min40920
ရွှေဂုံတိုင်ပွိုင့်မှာ ကားရပ်ထားတုန်း ဖုံးဝင်လာတယ် လမ်း၄ဝက ကျနော့်ပစ္စည်းတွေ သင်္ဘောနဲ့ သွင်းပေးနေတဲ့ ကုမ္ပဏီကဗျ အဲ့က အမ်ဒီအန်ကယ်ကြီးက ကနေ့အားရင် ကျနော့်နဲ့ တွေ့မယ်တဲ့ သူလည်းဒီနေ့အားတုန်း အေးအေးဆေးဆေး ဆုံမယ်တဲ့ သူနဲ့ကျနော်က လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လူချင်းရင်းနှီးပီးသား ကျနော်ဟိုမှာ ရှိစဉ်ကတည်းက သူလိုချင်တဲ့ စက်ပစ္စည်းတွေ ကျနော်ရှာဝယ်ပေးရင်း ခင်မင်ရင်းနှီးကျတာ သူလည်းသူ့အလုပ်ကိစ္စ မိသားစုကိစ္စနဲ့ဆိုတော့ တခါတလေ သူ့ရုံးရောက်ရင်တောင် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်တာ။ ကျနော်လည်း မြို့ထဲကဘဏ်မှာ ငွေသွင်းပီးရင် အားတဲ့အကြောင်း ပြန်ပြောလိုက်လေရဲ့ ……….. ။ ဒီလိုဗျ …… လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့ဗျာ ကျနော့်အစ်မကြီးက ဖုန်းဆက်ပီး သူဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ ခြံထဲကပစ္စည်းတွေ ရွှေ့ဖို့ခိုင်းလာပါတယ်။ ကျနော်လဲ နောက်ရက်ကားခေါ် အလုပ်သမားခေါ်ပီး အပြီးရွှေ့ပေးရတာပေါ့ အမေနဲ့ အမတွေက […]