Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိန်ကြက်ဆင်နှင့် ဒန့်ဒလွတ်ချောင်းက ခေါင်းလောင်း မကြီးတကြီးအမှု

 

ဒီလိုရှိခဲ့ပါတယ်ဗျ

လွန်ခဲ့တဲ့ အနှစ်၆ဝ လောက်က ကျုပ်အဖိုး ဦးစစ်တကောင်းတို့ရွာပေါ့ အခုလက်ရှိ ဧရာဝတီတိုင်းခေါ်မလားပေါ့ အဲ့အရပ်မှာ အနောက်ရိုးမရယ် ဧရာဝတီမြစ်ရယ် အနီး အင်္ဂပူဆိုတဲ့ မြို့နဲ့ ၅၆ဖာလုံလောက်မှာ ရမ်းဂွဇွတ်ဆိုတဲ့ ရွာတရွာရှိလေရဲ့ အိုက်ဒိရွာမှာ ဖြစ်ခဲ့ဖူးတဲ့ အဖြစ်လေးကို ကျုပ်အဖေက ကြုံခဲ့ဖူးလို့ ပြန်ပြောပြ ပါရစေ…..။

အိုက်ဒိ ရမ်းဂွဇွတ် ရွာဆိုတာ အိမ်ခြေ တစ်သောင်းကျော်လောက် ရှိသတဲ့ အင်မတန်လည်း စည်းကားခဲ့တယ်တဲ့၊ အဲ့ရွာကို ဟိန်ဒူ ငါးမူး၊ မူစလင် တမတ်၊ တရုတ် တမတ်သွေးပါတဲ့ အူးခိုင်ရီး ဆိုတဲ့ လူက ရွာလူကြီးအဖြစ် အုပ်ချုပ်သတဲ့။ ခုခေတ်အခေါ်ဆို သဂျီးပေါ့
အဲ့ဒီ ရမ်းဂွဇွတ် ရွာကြီးဟာ သဂျီးဂဒေါ် ထက်မြက်မှုကြောင့် အင်မတိ အင်မတန် စည်းလုံးညီညာ သာယာဝေစည် ညီညွတ်ကျပီး အလွန့်အလွန်ကို အုံးအုံးထ အေးချမ်းကျသတဲ့ဗျာ

အဲ့ဒိ ရွာကြီးမှာပေါ့ဗျာ ….
….
….
….
….

( ကျုပ် ကျောက်စိမ်းတညင်၏ ဖခင် ဦးမဟူရာတညင် မှတ်စုပါအတိုင်း ဆီလျော်အောင် ပြန်လည်ရေးသား

သီတင်းကျွတ် လဆန်း ၄ရက်နေ့က သဂျီးအခေါ်ရှိတယ် နေ့လည် တချက်ထိုး ရွာရှိလူကုန် သူ့ဝိုင်းအတွင်း ရောက်စေတဲ့၊အရောက် နောက်ကျသွားတယ် ဘာဖြစ်ဆို ဦးဇင်းအောင်ပုက ရွာကို ရောက်နေတဲ့ ဇာတ်အဖွဲ့က မင်းသမီး မြစာကလေးနဲ့ စကားပြောတာ အတော်ကြာမှ စာဝါတန်း လွှတ်တယ်။ သဂျီးဝိုင်းထဲရောက်တော့ အနေတော် အရပ်မှာ ထိုင်ရင်း ဘေးကြည့်တော့ ရွာက ကွမ်းတောင်ကိုင် မရီးဒုံတို့ မရီးမတို့ မရီးပြုံးတို့ ဇာတ်မင်းသား စိန်လှကြီးအကြောင်း ပြောရင်း ရယ်နေတာ တွေ့တယ်။
သဂျီးတဘဲ့ ကိုရီးမိုက်က မောင်းထုတော့ သဂျီးချောင်းဟန့်တယ် ပီးတော့ ….
“အဟမ်း အဟမ်း ဂနေ့ ရွာသူားဒွေကို ကျုပ် အခေါ်ရှိတာက ကျုပ်တို့ ရွာမယ် လွန်ခဲ့တဲ့ အနှစ် ၄ဝလောက်က ဒန့်ဒလွတ်ချောင်းထဲ ကျသွားခဲ့တဲ့ ကျုပ်ဂျီးဒေါ် ဘုရားအမ ကျောင်းအမ ရွာ အရှေ့ပိုင်းက ထန်းညက်ဖိုပိုင်ရှင် အရီးဒေါ်ဇာ လှူထါးတဲ့ ခေါင်းလောင်း မကြီးတကြီးကို ပြန်ဆယ်ဖို့ အထက် ပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားချက်နဲ့ အခု သာယာဝတီ နယ်ဘက်က ဇာတ်မင်းသမီး မြစာကလေးနဲ့ အဖွဲ့ ရောက်လာတယ်ဆိုတဲ့ အကြောင်းပါဘဲ။”

“အဟမ်း အဟမ်း ….. ရွာသူားတို့ သိတဲ့အတိုင်း ဒီခေါင်းလောင်း မကြီးတကြီးကို အများမသိချိန်မှာ တနယ်သား မင်းတပ် မတူပီဘက်က ငအင်ဂီဆိုသူ ယူသွားရာက ဒန့်ဒလွတ်ချောင်းလယ်မယ် ပြုတ်ကျခဲ့တယ်ပေါ့ ……။”

ဒါပေသိ ရွာသူားတို့ မသိတာက ဒီ ခေါင်းလောင်း မကြီးတကြီးကို ရွာမှာစတင် သွန်းလုပ်ခဲ့တဲ့ ဦးဇင်းအူးအောင်ကြီးနဲ့ သူ့ညီ ပန်းပဲဆြာ အူးဂိမ္မာန်တို့ အပြောအရ ခေါင်းလောင်းကြီးဟာ နက္ခတ် ၅လုံးနဲ့ တဝက်ပေါ်နေခဲ့လို့ ဖားနက္ခတ်မိပီး ရေမှာပျော်ချင်နေတာတဲ့….တိုက်တိုက်ဆိုင်ဆိုင် မတူပီသား ငအင်ဂီ ယူသွားတုန်း ဒန့်ဒလွတ် ချောင်းအကူးမှာ ကျခဲ့တာပဲ ….။

ဆိုတော့ကါ ရွာဦးကျောင်း ဆရာတော်နဲ့ မူလအလှုရှင် အရီးဇာတို့ သဘောအရ ပြန်ဆယ်ခဲ့ကျပေမဲ့ မအောင်မြင်ခဲ့ကျဘူး အခုခါကျ ဇာတ်မင်းသမီး မြစာကလေးကို ဘိုးတော်ပါနဲ့ ဘိုးတော်ဆါ ဆိုတဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ညီနောင်က ပြန်ဆယ်ပေးလိုကြောင်း အိပ်မက်ပေးလာတယ်၊ အခုလည်း ကျုပ်တို့ရွာကို ရောက်လာပီ …. လိုရင်းပြောရရင်တော့ ရွာသူားတွေကို အသိလည်းပေး ဆယ်ယူရေးမှ တတ်နိူင်သလောက် လုပ်အားကူညီပေးစေချင်တယ် ဆိုတာပါဘဲ…..။”

သီတင်းကျွတ် လပြည့်နေ့မှာ ရွာထိပ်က ဇရပ်မှာ မြစာကလေးတို့ အဖွဲ့ ခေါင်းလောင်း ဖော်ဖို့ “အောင်အတိတ်ထူ တဘောင်စိပ်ယူ” တယ်လို့ ကြားတယ်။ အင်းဝိဇ္ဇာဆြာခက အိုက်တဘောင်ကို ဖော်ဖို့ ပေစာရွက်တွေနဲ့ အလုပ်ရှုပ်နေတယ် ….. အဲ့ တဘောင်ဆိုတာက ဟိုးရှေးရှေးကတည်းက ဘယ်သူက တိုင်မှာ မီးသွေးခဲနဲ့ ရေးထားခဲ့မှန်းမသိ ကျုပ်တို့ငယ်ငယ်ကတည်းက မြင်ဖူးတယ် နားမလည်လို့ ….။

“နေအညို လေအပြို ဆည်းဆာမှောက် နီးရာ အရောက်ကြည့်ကွဲ့
စီးသာနောက် ရေပြင်ဝယ်
ထွေအစဉ် ဆန်ကာတက်မဲ့
မည်းနက် ကျောက်၂တုံး
စောင့်ရုံးလို့ အဖြေရှာ
ဆွေအစဉ် အခါမြတ်ပါလို့
ခင်းကွဲ့ အောင် ၃ (အောင်ပီ အောင်ပီ အောင်ပီ ) ”

ဘာတွေမှန်းတော့ မသိ ကဗျာလိုလို အဲ့စာတွေကို အင်းဆြာခက ပေရွက်တွေနဲ့ ကူးပီး မကြာခင် အဖြေပေါ်မယ်တဲ့….။

ကျုပ်တို့ကြည့်နေတုန်း ဇာတ်မင်းသား စိန်လှကြီးရယ်၊ အူးဇင်းအောင်ပုရယ် ရောက်လာပီး တိုးတိုး တိုးတိုးနဲ့ ဘာပြောတယ်တော့ မကြားရဘူး …. ဘေးနားက ရှေ့မီ၊နောက်မီ အဖွားရွှေကြည်ပြောတာက အဲ့ခေါင်းလောင်းက ၂တောင်လောက်ပဲ မြင့်တာတဲ့ ခေါင်းလောင်းမဖြစ်ခင်က ဆရာတော်က အဲ့ကြေးဆုံကြီးနဲ့ ဆေးထောင်းတာတဲ့။

ဆရာတော် ပျံလွန်တော်မူပီးတော့ အူးဇင်းအူးအောင်ကြီး ( ဘုန်းကြီးမဝတ်ခင်က ဖိုထိုးပီးကြောင်သွားလို့ ကကြောင်ကြီးလို့ ခေါ်ကျတယ်တဲ့ ) တို့က အရီးဒေါ်ဇာ ခေါင်းလောင်းလှူချင်တယ်ဆိုလို့ အိုက်ဆေးဆုံကြီးကို နည်းနည်းပြင်ပီး ခေါင်းလောင်းလုပ်ပေးခဲ့တာတဲ့၊ ဆရာတော်ဆေးထောင်းခဲ့လို့ အစွမ်းတော့ထက်တယ်လို့ ပြောပြတယ်။ ဒါပေမဲ့ အဖွားရွှေကြည်က မွေးရာပါ မျက်စိမမြင်တာမို့ ရွာကလူတွေက ဘယ်သူမှ လက်မခံကျဘူးတဲ့။ ကျုပ်လည်း နောက်နေ့ လယ်ထဲဆင်းရမှာမို့ အဘနဲ့အတူ စောစောပြန်လာခဲ့တယ်။

နောက်ရက် လပြည့်ကျော် တရက်နေ့မှာ မြို့က လူ၃ယောက် ထပ်ရောက်လာတယ်။ အဲ့ဒီ ၃ယောက်မှာ သူစိမ်းလည်း ပါလာတယ်၊ ကျန်တဲ့ ၂ယောက်ကတော့ ကွယ်လွန်သွားကျတဲ့ အရီးဒေါ်ဇာတူ ဦးလေးမတ်စိန်ရယ် အူးဇင်းဦးအောင်ကြီးရဲ့တူ ဦးလေးကျောက်လုံးတို့ပဲ….။

ဦးလေးအူးမတ်စိန် သူ့အဒေါ် အရီးဇာ မဆုံးခင်ကတည်းက ရွာကို ပြန်မလာတာကြာပီ၊ အူးလေးကျောက်လုံးကျ ငယ်ငယ်ကတည်းက အောက်ဘက်မှာ တွင်းလိုက်တူးတဲ့ အလုပ်နဲ့ သူ့အဘတို့ဆီ ပါသွားတာ ခုများကျမှ မြင်ဖူးတော့တယ်၊

နောက်ရက်ကျ ရွာက ဆိုင်းဆရာ အူးလေးနက်ချောက သူ့ရောင်းရင်း အူးလေးမတ်စိန်ရယ် အူးလေးနက်လုံး (ဦးလေးကျောက်လုံး)ရယ် သူတို့နဲ့ပါလာတဲ့ မြို့ကလူရယ်ကို ဒန့်ဒလွတ်ချောင်းဘေးက ကျုပ်လယ်တဲမှာ နေ့လည်စာ စားရင်းသောက်ရင်း စကားပြောဖို့ဆိုပီး ရောက်ချလာတယ်။ ကျုပ်က ကြက်တကောင် ချက်ပေးပီး ရွာတောင်ပိုင်းက ကြီးမွန်ဂျီးတို့ဆီက အရက်၂လုံး သွားဆွဲပေးလိုက်တယ်။ သူတို့စားကြ သောက်ကြရင်း အတော်ခရီးပေါက်မှ အူးလေးနက်ချောက စကားစလာတယ် ” ဘယ်လိုလဲ မတ်စိန် မင့်ကြီးဒေါ်ဂျီး အကြီးဇာ လှူထားတဲ့ ခေါင်းလောင်း ကိစ္စ “တဲ့၊

အူးလေးမတ်စိန်က သောက်လက်စ ခွက်ကို အသာချပီး ” ဒီလိုရှိတယ် ကချောရ အစတော့ ကျုပ်လည်း ကျုပ်ဂျီးဒေါ်ကြီး လှူထားတယ်ဆိုတဲ့ ဆင်ခြူလောက်ရှိတဲ့ ခေါင်းလောင်းကိစ္စ စိတ်မဝင်စားဖူးရယ် ပြန်ဖော်လည်း ဖော်ပေါ့ ဒီလောက်ကြီးမှ မဟုတ်တာ တရက်ကျ ကျုပ်တို့ ရောင်းရင်း ကကျောက် ကျုပ်အိမ်ကို ပေါက်ချလာပါရော သူကအခု တရုတ်မတယောက်နဲ့ အိမ်ထောင်ကျပီး တရုတ်ပြည်ဘက်က ကျွန်းတကျွန်းရောက်နေသဗျ အိုက်မှာ အရင်လို တွင်းမတူးတော့ပဲ စားသောက်ဆိုင် တခုဖွင့်ပီး စာဖိုမှုးလုပ်နေသတဲ့လေ တဖက်ကလည်း အင်္ဂလိပ်အခေါ် ကျူလီယာခေါ်မလား ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်သတဲ့ အခုဒီကိစ္စ ဘယ်လိုပုံသိတယ်ထင် ကျုပ်ကို လာတိုင်ပင်လို့ လိုက်လာတာ တဖက်က အကူအညီရအောင် ကျုပ်မိတ်ဆွေ အလွတ်စုံထောက် စိန်ကြက်ဆင်ကိုပါ တပါတည်း ခေါ်ရတဲ့ အကြောင်းကတော့ သူက မြစာကလေးတို့ ဇာတ်အဖွဲ့နောက်ကို အကြောင်းကိစ္စ တခုနဲ့ လိုက်စုံစမ်းနေတာမို့ ဗျို့ …. ကျန်တာတော့ ကကျောက်ဆက်ပြောလိမ့်မယ်ဗျ….။

ကျုပ်ကတော့ အူးလေးကျောက်လုံးကို သိပ်သဘောမကျဘူးရယ် တိုင်းတပါးနေလို့ လားမသိ စကါးပြောရင် အမ်ဟမ်းဆိုတာကို အခါ ၂ဝလောက် ထည့်ပြောတယ်၊ သူပြောတာတော့ အိုက်ခေါင်းလောင်းက ကြေးမဟုတ်ဘူးတဲ့ ဆရာတော်က ဆေးဝိဇ္ဇာမို့ ရွှေသားအတိပီးတဲ့ ဆုံနဲ့ သိဒိ္ဓအောင်အောင် ဆေးထောင်းတာတဲ့ အိုက်အကြောင်းကို သိတာက အူးဇင်းအောင်ကြီးတဲ့ ဆရာတော်ပျံတော်မူတော့ ဒီဆုံကြီးကို နောင်လာနောက်သားတွေ လောဘတက်မဆိုးလို့ အခုသဂျီး အူးခိုင်ရဲ့ဦးလေး ဦးဂိမ္မာန်နဲ့ အရီးဒေါ်ဇာတို့က အပေါ်က ကြေးအုပ်ပီး ခေါင်းလောင်း အဖြစ်နဲ့ ရွာဦးစေတီမှာ ထါးခဲ့တာတဲ့ အဲ့ဒါဘယ်လိုပေါက်ကြားတယ် မသိ မတူပီသား ငအင်ဂီက အတင်းလာယူချိန်မှာ ရေထဲကျသွားတာတဲ့ ခေါင်းလောင်းအပြင် ဆရာတော်မောင်းထောင်းတဲ့ ရွှေတိုင်ကို ကြေးအုပ်ထါးတဲ့ တံခွန်တိုင်ရယ်၊ မိုးကြိုးခထားတဲ့ အင်ကြင်းသား ခေါင်းလောင်းထိုးတုတ်ပါ ပါသွားသတဲ့။ အဲ့ဒါတွေက အင်မတန် သမိုင်းဝင်ပီး အဖိုးတန်သတဲ့လေ၊ အခုပါလာတဲ့ ဇာတ်မင်းသား စိန်လှကြီးက မတူပီသား ငအင်ဂီနဲ့ အမျိုးစပ်သလို သဂျီးအူးခိုင်ရီးနဲ့ အမျိုးလည်း မကင်းဘူးတဲ့။ သူတို့က နယ်လှည့်ပီး ဇာတ်လည်းက အဲ့လို ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေကို ရှာဖွေတူးဖော်သတဲ့။

ညနေ ၃နာရီလောက်ကျ ကျုပ်အဘ ဦးစစ်တကောင်းနဲ့ ဦးခိုင်ရီးတပည့် ကိုရင်မိုက်တို့ တဲကို ပေါက်ချလာပါရော၊ ဦးလေးချောတို့ တသိုက်လည်း လက်စသတ် စကားစဖြတ်ပီး ဒန့်ဒလွတ်ချောင်းထဲ ရေဆင်းချိုးကျလေရဲ့ ဦးလေးမတ်စိန်က ရေမကူးတတ်လို့ ကမ်းစပ်မှာဗျ ကျုပ်ကတော့ ကျုပ်အဘ နွားစာစဉ်းခိုင်းနေလို့ တဲမှာပဲ ရှိတယ်။ အဘရယ် ကိုရင်မိုက်ရယ် ဆရာစိန်ကြက်ဆင်ရယ်က ကမ်းစပ်မှာ မတ်တပ်ရပ်ပီး အကြောင်းကိစ္စတစ်ခုကို ဆွေးနွေးငြင်းခုံနေလေရဲ့ ဆရာစိန်ကြက်ဆင်က မဖြစ်နိူင်ဘူးဆိုတဲ့ သဘော ခေါင်းတခါခါဖြစ်နေတာကို တွေ့နေလေရဲ့ …..။

ကွမ်းတရာညက်လောက်ကျ ကျုပ်လည်း အလုပ်ပီးတော့ ချောင်းစပ်ဘက် ဆင်းလာခဲ့တာပေါ့ ဦးလေးနက်ချောနဲ့ ဦးလေးကျောက်လုံးတို့ ရေပြိုင်ကူးရင်း မောတယ်ထင် နှစ်ယောက်သား ရေပေါ်ပက်လက်လှန်ပီး အသာကူးလို့ အမောဖြေ နေကျတယ်…။ ချောင်းစပ်က ကြည့်ရင် ညနေစောင်း နေညိုညိုမှာ ကျောက်တုံးမဲမဲကြီး ၂တုံး ရေကို ဆန်တက်နေသလိုဘဲဗျို့ ကျုပ်လည်း ကြည့်ကောင်းနေတုန်း ဗြုန်းဆို ……

အောင်ပီ အောင်ပီ အောင်ပီ ဆိုတဲ့ ဆြာခရဲ့ အသံဝါကြီးကို ကြားရတဲ့အပြင် ရွာသဂျီး ဦးခိုင်ရီးနဲ့ ဇာတ်မင်းသမီး မြစာကလေးအပါအဝင် ဇာတ်အဖွဲ့သားတွေရော ရွာသူားတွေပါ ရှမ်းအိုးစည်တွေတီးပီး ရောက်လာကျသဗျို့ အဲ့အဖွဲ့တည်း မင်းသားစိန်လှကြီးကိုတော့ မတွေ့ဘူးဗျို့။ ဆရာစိန်ကြက်ဆင်နဲ့ ကျုပ်အဘ ဦးစစ်တကောင်းတို့ နှစ်ယောက်ကတော့ ခပ်ကြောင်ကြောင် ဖြစ်ပီး ဘာလုပ်ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ ဦးလေးမတ်စိန်ကို လက်ကုပ်ခေါ်ပီး ရွာဘက် ခပ်သုပ်သုပ် လျှောက်သွား ကျလေရဲ့ …..။

ဒီလိုဗျ အစောက ပြောပြခဲ့တဲ့အတိုင်း ရွာ့ဇရပ်မှာ ဝိဇ္ဇာ၂ပါးဖြစ်တဲ့ ဘိုးတော်ဦးပါနဲ့ ဘိုးတော်ဦးဆာတို့ ရေးထါးခဲ့တဲ့

“နေအညို လေအပြို ဆည်းဆာမှောက် နီးရာ အရောက်ကြည့်ကွဲ့
စီးသာနောက် ရေပြင်ဝယ်
ထွေအစဉ် ဆန်ကာတက်မဲ့
မည်းနက် ကျောက်၂တုံး
စောင့်ရုံးလို့ အဖြေရှာ
ဆွေအစဉ် အခါမြတ်ပါလို့
ခင်းကွဲ့ အောင် ၃ (အောင်ပီ အောင်ပီ အောင်ပီ ) ”
တဘောင်အတိုင်းဆို ဟိုလူကြီး ၂ယောက် ညနေစောင်း အရက်သောက်ပီး ရေဆင်းချိုးတဲ့အချိန် အဖြစ်နဲ့ အင်မတန် သွားတိုက်ဆိုင်တာကိုး….။

အဲ့ညနေမှာဘဲ သဂျီးဦးစီးပီး ရွာသူားတွေရော ဇာတ်အဖွဲ့တွေပါ အားကြိုးမာန်တက်နဲ့ ခေါင်းလောင်း မကြီးတကြီးကို အသည်းအသန် ရှာကျတာပေါ့၊ ရွာဦးကျောင်း တုံးမောင်းက နာရီပြန်တချက်ထိုးလို့ ခေါက်တဲ့အချိန်ကျ အားလုံးလည်း ပင်ပန်းနေကျပီ မတွေ့သေးတော့ နောက်နေမှ ဆက်ရှာကျဖို့ တိုင်ပင်ကျတာပေါ့

ဒီလိုနဲ့ အားလုံးအသီးသီးနားဖို့ သဂျီးက ခွင့်ပေးတော့ ရှာတဲ့နေရာကို အမှတ်အသားတွေပြုပီး မနက်ဖြန် မနက် ၉နာရီမှာ ပြန်ရှာကျဖို့ သဘောတူလိုက်ကျတယ် ပီးတော့ ရေတွေစို ပင်ပန်းထားတဲ့ အရှိန်ကြောင့် တရွာလုံး အိပ်မောကျသတဲ့ဗျာ …..

ကျုပ်လည်း မောမောနဲ့ အိပ်ပျော်နေတုန်း ကျုပ်အဘ ဦးစစ်တကောင်း လာနှိုးလို့ ထကြည့်တော့ ကမ်းစပ်မှာ လူတယောက်မှ မရှိဘူးရယ် ကျုပ်လည်း အိပ်မှုစုံမွှားနဲ့ အဘမေးတော့ မင်းသိချင်ရင် ရွာဦးကျောင်းသွားတဲ့ ….။ ဒါနဲ့ ကျုပ်လည်း ရွာဦးကျောင်းကို ရောက်လာတော့ လားလား ရွာသူားတွေ မနည်းပဲဗျို့ မြို့ကပုလိပ်တွေလည်း ရောက်နေကျရဲ့ သူတို့ရှေ့မှာ ဇာတ်မင်းသား စိန်လှကြီးနဲ့ ဇာတ်အဖွဲ့ကို ဖမ်းထားတာလဲ တွေ့သဗျို့ အဲဒိမှာ စုံထောက်စိန်ကြက်ဆင်နဲ့ ပုလိပ် အင်စပက်တာတို့ တစုံတရာကို ပြောနေကျလေရဲ့ …..။

ဖြစ်ပုံအကြောင်းစုံကတော့ ခေါင်းလောင်းရယ် တံခွန်တိုင်ရယ်ကို အူးဇင်းအူးအောင်ကြီးနဲ့ အူးဂိမာန်တို့ လောဘတက်ပီး အရည်ဖျော်ကာနီးမှာ ဘုရားဒကာ ကျောင်းဒကာကြီး ဆရာစိန်ကြက်ဆင်ရဲ့ ဘကြီး ဘိုးလေးဦးရွှေသိန်းက အချိန်မှီတားပီး ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက် ရေကန်ဘေးက ဆရာတော့်လွမ်းစေတီမှာ ဌာပနာထါးပီး မြှုပ်ခဲ့တယ်တဲ့ ခေါင်းလောင်းကိုတော့ ကြေးသွန်းခေါင်းလောင်းပဲ ဒယကာမကြီး အရီးဘွားဒေါ်ဇာ ကောင်းမှုနဲ့ လှူခဲ့တာတဲ့ မတူပီသား ငအင်ဂီ ယူသွားတာ မဟုတ်ဘူးတဲ့ သူက မူးပီးဟိုဘက်ကမ်းကို ဖြတ်ကူးတာ သူ့အိပ်ထဲက ကာလီမယ်တော် ပင့်တဲ့ ခေါင်းလောင်း သုဟွသူ ပြုတ်ကျကျန်ရစ်ခဲ့တာတဲ့ ဒါကို လောဘမသတ်နိူင်တဲ့ အူးအောင်ကြီးနဲ့ ဦးဂိမ္မာန်က သူတို့ဆွေမျိုးတွေကို အရယူခိုင်းတာတဲ့

အခုတော့ စုံထောက်ကျော် စိန်ကြက်ဆင် ဖော်ထုတ်လို့ အကုန်ပေါ်သွားပေမဲ့ လက်ရင်း တရားခံ ဦးဇင်းအောင်ကြီးတူ ဦးကျောက်လုံးနဲ့ ဦးဂိမ္မာန်တူမ မြစာကလေး တို့ကိုတော့ အဲ့သည်ညက အမိမဖမ်းလိုက်နိူင်ဘူးတဲ့ …..။
ပြီးပါပြီ။
သဗ္ဗေ ထပ်တရာ ပဲပလာတာ

ကျောက်စိမ်းတိန်ညင်

 

37 comments

  • kai

    August 18, 2014 at 2:39 pm

    တောက်စ်…. x ၁သိန်း..

    သဂျီးဂဒေါ် ထက်မြက်မှုကြောင့်

    တဲ့.. :i:

    • Ko chogyi

      August 18, 2014 at 3:22 pm

      ငံပြာရည်ပုလင်း စိန်ကြက်ဆင် သူကြီးကတော် ထက်တာနဲ့ ရွာစည်တာနဲ့ သိပ်မဆိုင်သလိုဘဲ

  • kai

    August 18, 2014 at 2:41 pm

    ဓမ္မစေတီ ခေါင်းလောင်းကြီး သမိုင်း

    ဓမ္မစေတီ ခေါင်းလောင်းကြီး

    >ခေါင်လောင်းတော်ဘွဲ့ – အဝိန္ဒဆောက် ခေါင်းလောင်းတော်
    အလေးချိန်- ၁၈၀၀၀ဝ ပိဿာ (တန်ချိန် ၂၉၀)
    အတိုင်းအတာ – အဝ(၈)တောင်၊ xxx (၁၂) တောင်
    သွန်းလုပ်သည့်နေ့ – သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
    ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ – သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
    ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် – သက္ကရာဇ် (၉၇၄)ခုနှစ်
    ကျော်ကြားမှု – ပျောက်ဆုံးနစ်မြှုပ်နေမှု
    ကမာ္ဘ့အကြီးဆုံး ခေါင်းလောင်းကြီး
    ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။
    ယင်းကား မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ဓမ္မစေတီ’ ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် ‘အဝိန္ဒဆောက်’ဟု ခေါ်ပါသည်။
    ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။
    ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။
    ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။

    >ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက မွန်အမျိုးသားတို့၏ ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်တို့ကို ပြည်သူများသု့ိ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက် နှစ်ပေါင်း(၁၅၀၀)ခန့်
    စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ
    ကြေးသွန်အတတ်ပညာအတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။

    လှူဒါန်းခြင်း

    မြန်မာ့ သမိုင်းတွင် မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈ဝ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။
    ဓမ္မစေတီမင်းကြီးသည် ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို အိမ်ဦးရေစာရင်း ကောက်ယူရန် တာဝန် ပေးခဲ့သည်။
    အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။
    ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။
    ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင် ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။
    အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။
    သို့သော် ခေါင်းလောင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီး အသံမမည်ဟု ဆိုသည်။)
    ခေါင်းလောင်းသွန်းလုပ်စဉ် `လောကဉာဏ´ အမည်ရှိ ဗေဒင်ဆရာတစ်ဦးက
    ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။
    သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။
    ခြောက်လုံးမှာ မိကျောင်းနက္ခတ် ဖြစ်သဖြင့် မိကျောင်းမှာ လျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို မွန်ဘာသာဖြင့် အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး
    ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲလှူဒါန်း ရေစက်ချတော်မူသည်။
    ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့် “အဝိန္ဒဆောက်’’ဟု အမည်ရ သည်။ (ရွှေတိဂုံ စေတီတော် တည်ရှိရာ ကုန်းတော်ပေါ်တွင် ပထမဦးဆုံးလှူဒါန်းသော ခေါင်းလောင်းမှာ ဓမ္မစေတီ
    ခေါင်းလောင်းကြီးပင် ဖြစ်သည်။ ယခုအခါ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။
    သုတေသန= မေယာအမ်တီ)

    >ရှေးခေတ်စာ မှတ်တမ်းများအရ ၎င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာတို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ ဓမ္မစေတီမင်း ဥစ္စာကြွယ်ဝ ပုံအရ ၎င်းမှာဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂-တောင် မြင့်ပြီး ၈-တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝပိဿာရှိ ခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်း ခဲ့သည်ဟုအဆိုရှိသည်။။

    >နိုင်ငံခြားသားများ ရောက်ရှိခြင်း

    >နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည် `ဂစပါရို ဘယ်ဘီ´သည် ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ “ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ် နေသော စာများ အပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။”
    ၁၅၃၀-ခုတွင် မွန်ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပကုန်သည် နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာ ကြသည်။ ၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ `ဖီလစ်ဒီဘရုတ်တို ရနီကုတ်´အား စီရမ်(သန်လျင်)တွင် ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင် သူ၏ဩဇာမှာ မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံအထိ ရောက်သည်။

    ယူဆောင်ခြင်း

    ခရစ်သက္ကရာဇ် ၁၆၀၈-ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုသည် ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍ အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှ လှိမ့်ချ၍ မြစ်ကမ်းနားထိ ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းသုံးသွယ်ဆုံဆည်းရာ ဒေါပုံမြစ် နေရာတွင် ဖောင်ပျက်ပြီး
    ခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့သည်။
    ဖိလစ်ဒိုဘရစ်တိုလည်း ရေအောက်သို့ ပါသွားခဲ့သည်။ ပေါ်တူဂီတို့လည်း ၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်း များအရ ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်း သေစေသည် ဟုဆိုသည်။
    ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်နစ်မြှုပ်နေသည်မှာ နှစ်ပေါင်း (၄၀၀) နီးပါးရှိချေပြီ။
    ( ဖီလစ် ဒီဘရေဒိုမှာ ရခိုင်ဘုရင့်တပ်မတော်၏ ကြေးစား စစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့ သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။
    သူအင်အားကြီးမားလာသော အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ ရခိုင်အိမ်ရှေ့မင်း မင်းခမောင်းကိုယ်တိုင်ဦးစီးသောရခိုင်ဘုရင့်ရေတပ်မတော်မှာ့သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။
    ဖီလစ်ဒီဘရေတိုလည်း သင်္ဘော သုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင် ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့် ထိပ်တိုက်တိုးလေသည်။ ရခိုင်ရေတပ်မတော်ကြီးသည်လည်း သန်လျှင်ကို မရောက်သေးသောကြောင့် ပေါ့ပေါ့လျှော့လျှော့နှင့် ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်း မင်းခမောင်း ကိုယ်တိုင်ချီတက်လာရာ ရခိုင်မင်းသားသည် ပေါ်တူဂီတို့၏ဖမ်းစီးခြင်းကို
    ခံရလေသည်။
    ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင် သည်လည်း မိမိသားတော်အသက် မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိုက်ရသည်။
    ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည် သန်လျှင်တွင် ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော တပ်မတော်ကြီးနှင့် သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။
    ဖီလစ်ဒီဘရေတိုသည်၊ တောင်ငူဘုရင် နတ်သျှင်နောင် နှင့်အတူအဖမ်းခံရပီး အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏ အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။
    သန်လျှင်တွင် ယခုတိုင် ဖီလစ် ဒီဘရေဒို၏ အုတ်ဂူရှိသေးသည်။ ( တချို့သောအကြောင်းအရာများ မှားကောင်းမှားနိူင်သည် သို့သော် သေချာသည် များကား ဖီလစ်ဒီဘရေဒိုသည်
    ခေါင်းလောင်းကြီးနှင့်အတူ နစ်မြုပ်သွား ခြင်းမဟုတ်ပေ))

    ဆယ်ယူရန် ကြိုးပမ်းမှုများ

    ရန်ကုန်ရှိ သမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ ယခုခေတ် လူကြီးများ ပင် ၎င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ-၄ဝ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄ဝ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

    ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။

    ဗြိတိသျှ တို့ ကြိုးပမ်းမှု

    ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ ရွှေတိဂုံစေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၎င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး ရစေခဲ့သည်။

    မြန်မာ အစိုးရ ကြိုးပမ်းမှု

    ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာ သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။
    မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ ဩစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၎င်းလုပ်ငန်းကို ဟက်ခြာက သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၎င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယရှိစရာ မလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီ တစ်ခုကလည်း ၎င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး “ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာ ခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ”ဟု ဆိုခဲ့သည်။
    ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည်ရရှိကြမှာ သေချာပါသည်။ ထို့ပြင် ၎င်းခေါင်းလောင်းကြီးတွင် ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။
    ၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်း ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။[2]
    ၎င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။ အချို့သော ဒီမိုကရေစီလိုလားသူများက ၎င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကိုကျော်ပြီး နောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။
    မိုက်ဟက်ခြာနှင့် ၎င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန် ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၎င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင် ၎င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။
    ထိုဆယ်ယူခြင်း လုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

    ဦးစံလင်း၏ ကြိုးပမ်းမှု

    ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းက မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာ ခေါင်းလောင်းကြီး၏ မူလနေရာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံလျှက်ရှိသည်။ ဦးစံလင်းသည် ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိတိ ဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစား ဝန်ထမ်းတစ်ဦး ဖြစ်သည်။
    ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိ ရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ
    * ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊
    * အခြားခေါင်းလောင်းတစ်လုံး၊
    * ဉာဏ်တော် ခုနှစ်တောင်စီရှိ ရွှေသားအစစ်ရပ်တော်မူ ဗုဒရုပ်ပွားတော် နှစ်ဆူ
    * ကျောက်သံ ပတ္တမြားများပါသည့် သေတ္တာ (၁၁)လုံး ယနေ့ထက်တိုင်ရှိနေသည်ဟု ဆို၏။

    ဦးစံလင်း၏ သဘောထား

    >မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်မြင့် နည်းပညာဖြင့် ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊ တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ ဲ ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှ စက်ယန္တရား ပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက် (သို့) ရေယာဉ်တစ်စီး အဓိက လိုအပ်ပါသည်။ ၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီး မိုးတွင်းတွင် ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာ ရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလို ပြောင်ရှင်းနေ၍ ဖြစ်သည်၊ နွေရာသီတွင် နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။

    ဆိုင်းမွန်အွန်လိုင်းစာကြည့်ဆိုဒ်မှ ပြန်လည်မျှဝေတင်ပြသည်။

  • ဇီဇီ ခင်ဇော် (15102012)

    August 18, 2014 at 2:44 pm

    တောက် အမြှောက် အခါ ၂ သိန်းးး
    နာ့ မယ် ဇတ် က မစ သေးဘူးး နာ က ဆုံးနေပြီ။

    :i:

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 2:47 pm

      ဒါမဲ့ ဒီ လက် ရာ လွမ်း တုန်း ရောက် အောင် ပြန် လာ လို့ အကုန် ခွင့်ပု တယ် ခွင့်လွှတ်တယ်။

      :s:

  • kai

    August 18, 2014 at 2:47 pm

    ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ ရေး ထူးခြားမှု မရှိသေး
    15 August 2014 03:45(+0630) (3 ရက် ခန့်က)
    ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံရာ မြစ်ဆုံ သုံးခု၏ ရေလယ်ပိုင်းတွင် ဩဂုတ် ၉ ရက်မှ စတင်ကာ ရေငုပ်ရှာဖွေ လျက်ရှိသော ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ဆယ်ယူရေး စီမံကိန်းသည် ယနေ့တွင် ငါးရက်မြောက်နေ့ အဖြစ် ယခင်နေ့များ ထက် ထူးခြားသည့် အစီအမံများဖြင့် ဆက်လက် ရေငုပ်ရှာဖွေလျက်ရှိသည်။

    ယနေ့နံနက်ပိုင်း မှစ၍ ခေါင်းလောင်းတော်ကြီး ရှာဖွေရေးတွင် ပါဝင်သော ဗညားလတ် သုံးထပ် သင်္ဘော ရှေ့ဦးပိုင်း၊ အတွင်းပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကြံပင်များ၊ ငှက်ပျောပင်များနှင့် အုန်းပွဲ၊ ငှက်ပျောပွဲများ စသည့် ရိုးရာ အစီအမံများ ဆောင်ရွက် ထားပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များနှင့် ဂါထာမန္တာန်များ ရွတ်ဖတ် သရဇ္ဈာယ်လျက် ရှိကြောင်း သိရသည်။

    ဆက်လက်၍ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ် တွင် အဆိုပါ သုံးထပ်သင်္ဘောမှ စက်လှေ နှစ်စင်းတွင် တစ်စင်းလျှင် ဆရာတော် တစ်ပါးနှင့် တာဝန်ရှိသူများ စက်လှေခေါင်မိုး ပေါ်မှထိုင်ကာ စက်လှေ တစ်ခုလုံးအား သာသနာ့ အလံများ စိုက်ထူပြီး စလုံ ရေငုပ်သမား ငါးဦးနှင့် စက်လှေသမားများ အပါအဝင် ရှေ့နောက် ထွက်လာပြီး မြစ်လယ်ရှိ မီးစိမ်းပြတိုင်အား လှည့်လည်၍ တရား ရွတ်ဖတ်မှုများ ပြုလုပ်ကြသည်။ ထိုအချိန်သည် ရေစစ်ချိန် ဖြစ်ကြောင်း သိရသည်။

    ထိုမီးစိမ်းပြ တိုင်နှင့် ပေ ၃ဝ အကွာခန့်တွင် တစ်ဖက်စီ မှတ်သားထားသည့် အနက် ရောင်ဘောနှစ်လုံးသည် မြုပ်စပြုနေပြီး အစိမ်း ရောင်ဘော နှစ်လုံးအား ထပ်မံ၍ အမှတ်အသားပြုလုပ်ပြီး ထိုအမှတ်အသား နှစ်ခုနှင့် မီးစိမ်းပြတိုင်အား လှည့်လည်၍ မေတ္တာပို့ တရားရွတ်ဖတ်မှုများ ပြုလုပ်ကြသည်။ ထို့နောက် စလုံရေငုပ်သမား တစ်ဦးမှ နှစ်နေရာတွင် ထိုအနက် နှစ်လုံး၊ အစိမ်း နှစ်လုံးအမှတ် အသားပြု ထားသည့်ကြားမှ ရေငုပ်ခဲ့ကြောင်း သိရသည်။ ရေငုပ်သမား တစ်ဦးသည် တစ် နာရီ ကျော်ကြာ ရေငုပ်နေစဉ် အတွင်း ဆရာတော် အပါအဝင် စက်လှေအဖွဲ့သားများမှ လှည့်လည်၍ တရား ရွတ်ဖတ်မှုများ ပြုလုပ် ကြသည်။

    သို့ရာတွင် ယနေ့ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရှာဖွေမှုမှာ ထူးခြားမှု မရှိသေးကြောင်းနှင့် သာကေတ၊ ရှုခင်းသာ၊ အေရှား ဘိုးလင်း အားကစား ခန်းမ အနောက်ဘက် ကမ်းတို့တွင် လာရောက်လေ့လာသူ တစ်ထောင်ကျော်ရှိပြီး ထိုဆိပ်ကမ်းမှ တစ်ဆင့် မြစ်လယ်ရှိ ခေါင်းလောင်းကြီး သယ်ယူရေး စီမံကိန်း နေရာများသို့ စက်လှေ၊ သမ္ဗာန်များ ဖြင့် သွားရောက်ကြည့်ရှု သူများလည်း ရှိကြောင်း သိရသည်။

    မောင်မျိုး(ဧရာဝတီ)
    မြဝတီ
    https://www.facebook.com/mwdmedia

  • kai

    August 18, 2014 at 2:49 pm

    ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး

    Submitted by Zay Thu on Tue, 07/29/2014 – 14:43

    နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်( ဩဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

    ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

    “ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂိ္ဂုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။

    ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၎င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆ဝပြည့်နှစ် ဝါခေါင် လပြည့်ကျော်၄ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂ရပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀ဝ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၎င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ဝါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ဝကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အဝမှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

    “ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁ဝရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။

    အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် ဩဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ ဩဂုတ်လ ၉ ရက်နေ့မှ ဩဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၎င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
    http://www.tomorrow.com.mm/?q=articles/791

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 2:54 pm

      ဪ။
      အဲလောက် ကုန်မယ်လားးး
      အရမ်းချမ်းသာတဲ့ နိုင်ငံကြီးနော်။

      :kwi:

      ခိုနီ အောက်ဆွဲတွေ
      ဒါကိုကျ အပြစ် ပြောသံ မကြားမိပါလားး

      ခိခိ :k:

  • kai

    August 18, 2014 at 2:53 pm

    Floating Cranes
    Floating Cranes, Self-Propelled Floating Crane Rental Piraeus Greece, Mediterranean
    The “Spanopoulos Group” provides fully-equipped floating cranes, all of which have been rebuilt recently, and have a lifting capacity from 40 to 300 tons, offering diverse solutions to its clients.

    The floating cranes can be used in carrying out high-standard harbour projects, as well as for loading-unloading, transshipping assignments and transportation of heavy loads.
    http://www.spanopoulos-group.com/equipment/fleet/floating-cranes.html

    • kai

      August 18, 2014 at 3:43 pm

      လက်တွေ့ကျကျ.. အဲဒီအပေါ်က ရေပေါ်နေကရိန်းတစင်းလောက် လူထုအလှူငွေရယ်.. အစိုးရငွေရယ်နဲ့ပေါင်းဝိုင်းထည့်. .ဝယ်လိုက်ရင်.. ရန်ကုန်မြစ်ကြောင်းထဲကျနေတဲ့.. ငဇင်ကာခေတ်ကနေ.. ဗန္ဓုလခေတ်.. အင်္ဂလိပ်ကိုလိုနီခေတ်.. ဂျပန်ခေတ်.. ဦးနုခေတ်..ဘိုနေဝင်းခေတ်.. ဘိုသန်းရွှေခေတ်က.. ရတနာသိုက်.. သင်္ဘောပျက်..အကုန်ဆယ်နိုင်မှာ…
      ကြားထဲက.. အစစ်.. ရှင်မွေ့နွန်းနဲ့မင်းနန႖ာတို့ရဲ့.. အချစ်ဇတ်လမ်းအဓိကဇတ်ကောင်.. မိချောင်းအရိုးတောင်ရနိုင်သေး..။
      အိုဘယ့်..
      ပရဆေးလောက…။ ေ-ာက်တလွဲကို.. စနစ်တကျလုပ်တတ်တဲ့.. မဟာသာကီ(အတု)များပါတကား.. :k:

      • ကန္နားစီး မိဂီ

        August 18, 2014 at 3:57 pm

        ဒါညား လွယ်းးး လွယ်လေး…ရယ်..
        သဂျင်းမီး မကြာခန မိန့်တဲ့အတိုင်း မြစ်ဆုံ ဆိုလား အမျှစ်ဆုံ ဆိုလား ..အဲ…တာယီးသာ ပြန်စလိုက်…
        ရန်ငုံ မြစ်ကြီးလည်း ကောသွား .. မြစ်ထဲကဟာတွေ အကုန် ….ဆယ်စားရိတ်လည်းမကုန်ဘူး ..အလွယ်လေး ရ …
        အရင် မြစ်ကြောင်းနေရာလည်း … အကွက်ရိုက်ပီး မြေကွက်ရောင်းစား …
        မီလျံ ဘစ်ဇနက်…

        အားးးဟိ

        သာခိန်မျိုးဟေ့ ..ဒို့ဘာမန်…

  • ကန္နားစီး မိဂီ

    August 18, 2014 at 3:06 pm

    အဲ့နား မော်ဒယ် သွားရှုရင်ကောင်းမား တွေးနေတာ ..
    ပထမရက် ဗိုလ်တထောင် နောက်ရက် ဒလ … အားးဟိ
    နီးနေဘာဘီ…

    :mrgreen:

  • ဦးကျောက်ခဲ

    August 18, 2014 at 3:49 pm

    ကျောင်းနေဘက် သူငယ်ချင်းတစ်ဦးရဲ့ ကိုယ်တွေ့ပါ…
    အနှီသူကောင့်သားက ယခုလက်ရှိ ပြည်ပမှာ တာဝန်ထမ်းဆောင်နေပါသည်…
    —————————————————————–
    ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့များ နှင့် ကြုံခဲ့စဉ်က
    August 14, 2014 at 3:53pm
    ၁၉၉၈ လောက်က ဖြစ်မည်။ ထို အချိန် က ကျွန်တော်သည် Survey company တစ်ခုတွင် အလုပ်လုပ်နေသည်။ ထို အချိန်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး တွေလုပ်နေကြချိန်ဖြစ်သည်။ တရက်တွင် YCDC မှ ကျွန်တော်တို့ ကုမ္ပဏီကို အကူအညီတောင်းလာသည်။ သူတို့ ရှာဖွေရေးလုပ်နေသော နေရာကို position တိုင်းပေးရန်ဖြစ်သည်။ ကုမ္ပဏီက Survey Instrument များလည်း ရောင်းသောကြောင့် marketing အဖြစ် ကူညီပေးခြင်းလည်းဖြစ်သည်။

    Chief surveyor နှင့် ကျွန်တော်တို့ သန်လျက်စွန်းရောက်သွားကြသည်…ထိုနေရာမှ ခပ်လှမ်းလှမ်း ကိုက် ၁၀၀ဝ လောက်ရေထဲတွင် ရှာဖွေရေး လုပ်နေသော သင်္ဘောတစ်စီးတွေ့သည်။ စက်သမ္ဗာန်ဖြင့် သွားပြီး ထိုသင်္ဘောပေါ်သိုရောက်ခဲ့ကြသည်။ ရန်ကုန်မြို့တော်စည်ပင်မှ ဦးစီးပြီး ခေါင်းလောင်းကို ရှာနေကြခြင်းဖြစ်သည်။ ဒုတိယအဆင့် ရှာဖွေနေခြင်းဖြစ်သည်။

    ကနဦးရှာဖွေခြင်းကို ရေနံကုမ္ပဏီများမှ သူတို့ ၏ ကမ်းလွန်ရေနံရှာဖွေရေးသုံး တိုင်းတာရေးကိရိယာများ ဖြင့် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ အရာရှိတစ်ယောက်က ကနဦး တိုင်းတာ တွေ့ရှိမှု အစီရင်ခံစာ မိတ္တူ တစ်ခုကို ပြသည်။ မှတ်မိသလောက် ပါဝင်သော ကရိယာများမှာ GPS, Magnetometer, Gravity Meter, Sonor နှင့် အခြား နှစ်ခုသုံးခု (အမည်မမှတ်မိ) ပါသေးသည်။ ထို ကရိယာတို့ ၏ တပ်ဆင်ထားရာ တည်နေရာတွေကိုလည်း ပုံဖြင့် ပြထားပေးသည်။

    ထို့နောက် တိုင်းတာတွေ့ရှိသော အရာဝတ္ထုများ ကို အနှစ်ချုပ်ဖေါ်ပြပေးထားသည်။ တွေ့ရှိချက်များ တွင် ခေါင်းလောင်း ဟု အတိအကျရေးသားထားခြင်းမရှိပါ။ ပုံ သဏ္ဌာန် အရွယ်အစား…လားရာ (orientation) ရေ အနက်ပေ၊ မြစ်ကြမ်းပြင်အောက် အနက်ပေ နဲ့ တည်နေရာ ကိုဩဒိနိတ်တွေပါသည်။ ဥပမာ – အချင်း ၁ဝ ပေခန့် စက်ဝိုင်းပုံ အရာဝတ္ထုု တစ်ခု ရေအောင် အနက် ပေ ၃ဝ နှင့် မြစ်ကြမ်းပြင်အောက် ၂၅ ပေ။ လွန်းပုံ အရာဝတ္ထု အရှည် ၇၅ ပေ အကျယ် ၂၅ ပေ၊ ၃ဝဒီရီအတိုင်းလဲလျောင်းလျက် ရေ အနက် ပေ ၅ဝ နှင့် မြစ်ကြမ်းပြင်အောက် ၁ဝ စသည်ဖြင့်ဖြစ်သည်။ ခေါင်းလောင်း သည်အပေါ်ကကြည့်ပါက စက်ဝိုင်းပုံ မျိုး မြင်ရမည်ဖြစ်သည်။ ထို့ အပြင် ထူးခြားသည်မှာ တစ်ချို့နေရာတွေတွင် အရာ ဝတ္ထု များသည် မြစ်ကြမ်းပြင်အောက် မတူ ညီသော အနက်ပေ တွင် အပေါ်အောက် ထပ်နေတာမျိုး တွေလည်းရှိသည်။ နေရာ အများအပြားမှာ တွေ့ခြင်းဖြစ်သည်။ ထိုအထဲကမှ ဖြစ်နိုင်မည့် နေရာ ကို သတ်မှတ်ပြီး ဒုတိယဆင့်ရှာနေခြင်းဖြစ်သည်။

    YCDC မှရှာနေသော နေရာသည်ပုဇွန်တောင်ချောင်းဆုံတစ်ဝိုက်ဖြစ်ပြီး ရေစီး ကြမ်းသည်။ သူတို့ရှာနေသည်မှာ သံပိုက် အကြီးစား (တံတားဆောက်ရာတွင် သုံးသည့် ဘိုးပိုင်တိုင် Steel Casing) ကို ရိုက်ထည့်ပြီး အထဲမှ ရွှံ့များသဲများကို မှုတ်ထုတ်ပြီး တိုင်းတာတွေ့ထားသော အရာဝတ္ထု ကို မြင်ကြည့်ထိကြည့်ပြီး ခွဲခြားနိုင်ဖို့ဖြစ်သည်။

    အရာရှိတစ်ယောက် က ရေပိုက်ဆက်တစ်ခု ယူလာပြသည်။ ကြေးဖြင့်လုပ်ထားသော ရေပိုက် ထိ်ပ် ဆက် အပြား (ဖလန်းပြား) ဖြစ်သည်။ စောစော က ပိုက်ထဲအတွင်းထဲမှာ တွေ့ခြင်းဖြစ်သည်။ ပိုက်တစ်ခုလုံး လွတ်လွတ်ကျွတ်ကျွတ် ဆွဲမ မရ၍ ချိ်န်း ဘလောက်ဖြင့် ဆွဲမရာမှ ပြတ်ပါလာသော အပိုင်းဖြစ်သည်။ ထို ၈ လက်မလောက် ကြေး ပြား အဝိုင်း တွင် နတ် (nut) စုတ်ရန် ဝ.၅ လက်မအရွယ် အပေါက် လေးပေါက်ပါသည်။ ထို အပေါက်များ ကိုသေခြာကြည့်ပါက အပေါက်များသည် လွန်သွားဖြင့်ဖေါက်ထားခြင်းမဟုတ်ဘဲ စို့ ဖြင့် ရိုက်ဖေါက်ထားသည်ကို တွေ့ရသည် အကြောင်းမှာ အပေါက်သည် တဖက်တွင်အနည်းငယ်ရှုးသွာသောကြောင့်ဖြစ်သည်။ ငဇင်ကာ လက်ထက် က (နှစ်ပေါင်း ၄၀ဝခန့်က) စက်မှုပညာ အခြေအနေ နှင့် တူ သည်ဟု ပြော ပြသည် (တွင်ခုံတွေ မထွန်းကားသေးဟု ဆိုလိုသည်)။ ထိုရေပိုက်အပြတ်သည် သင်္ဘောပျက်မှဖြစ်သည်။ မြစ်ကြမ်းပြင်အောက်မှာ မီးသွေးများလည်းတွေ့တာမှတ်မိ သည်။ ကာဗွန်နည်းဖြင့် စမ်းသပ်ကြည့်လျှင် မည်သည့်ခေတ်လောက်ကဆို တာ သိရမည်ပြောသည်။

    လောကီနည်းဖြင့် လုပ်နေကြသော အဖွဲ့များလည်းပါသေးသည်။ တစ်ရက်တွင် ဘိုးတော်လိုလို ပုဂ္ဂို လ်တစ်ယောက် ရောက်လာပြီး ရွတ်ဖတ် သရဇ္ဇာယ် ကာ မြစ်ထဲကို ဖောင်ငယ်တစ်ခု မျှော လိုက်သည်ကို တွေ့လိုက်မိသည်။ ညနေပိုင်း တွင် ထို ဘိုးတော်နှင့် သင်္ဘော ပေါ်မှ လူအများ ပြောနေတာ ကြားမိသည် “….ထူးတော့ ထူး တယ်. (xxx) ရေ့….ဖောင်က မြစ်ကို ဆန်တက်သွားပြီဗျ…..” တဲ့။ ကျွန်တော် လည်း ထကြည့်လိုက်တော့ လွန်ခဲ့တဲ့ သုံးလေးနာရီက မျှောလိုက်သော ဖောင်ငယ် က မြစ် ညာဖက်ကို သွားနေသည်တွေ့သည်။ ခက်တာ က ဒီရေပြန်တက်နေချိန်ဖြစ်သည်…ထို့ကြောင့် ထိုဖောင် က ဒီရေနှင့်ပြန်ပါလာခြင်းသာဖြစ်သည်။

    YCDC က အရာရှိပြောပြသည်က ထို ဖြစ်နိုင်ခြေရှိသော နေရာ ကိုခြုံမိမည့် သံ ပိုက် အကြီး ကြီး (ပေ ၅ဝ – ၁၀ဝ အချင်း)ဖြင့် မြစ်ကြမ်းပြင်ထိရိုက်ထည့်ပြီး အထဲက ရွှံ့တွေသဲတွေ ကို မှုတ်ထုတ်ပြီး ရှာဖို့ရာ ငွေကြေး နှင့် နည်း ပညာ အခက်အခဲရှိနေသည်ဟုပြောသည်။ ပြီးတော့ အဲဒီအောက်က အရာ သည် ခေါင်းလောင်းဖြစ်ချင်မှလည်းဖြစ်မည်…ထို အခါနောက်တစ်နေရာ ကို ပြောင်းရှာရမည်။ ဗူးပေါက်တာ မလိုချင် ရေပါတာကိုပဲ လိုချင်သော သူတွေခေတ်ဖြစ်ရ ျ ် လုပ်ရတာလွယ်မည်မထင်ခဲ့ပါ…..နောက်တော့ လည်း ခေါင်းလောင်းရှာသည့်သတင်းတွေ ပြန်လည် မှေးမှိန်သွားသည်။

    အခုရှာနေသောသူများသည်လည်း ထို စဉ်က ကနဦးတိုင်းတာ တွေ့ရှိချက်များဖြင့် လုပ်နေသည်ဟုယုံကြည်သည်။

    ————-
    ကျော်နိုင်ဝင်း
    14-8-14

  • kyeemite

    August 18, 2014 at 3:51 pm

    အရေးအသားကိုတော့ ကြိုက်သဟေ့..အိုဘယ့် အသင်ကျောက်စိမ်းတိန်ညင် ခိခိ :k:

  • ကျောက်စိမ်း တိန်ညင်

    August 18, 2014 at 4:12 pm

    ဘယ်နဲ့ ကျော့် ခေါင်းလောင်း ဇာတ်လမ်းက ဓမ္မစေတီ ခေါင်းလောင်းဘက် ရောက်သွားရတာတုန်း ကိုဟွကို ရယ်စရာ ရေးတာတောင် ဘာဖြစ်သွားမှန်း မသိတော့ပု ….

    ကျအု ကျအုစ်

    • ဦးကျောက်ခဲ

      August 18, 2014 at 4:29 pm

      အမ်ဟမ်း… ဂွဇက်ပိတ်သတ်က သိုက်သမိုင်းကိုစိတ်ဝင်စားလို့ပါ ဆြာစိန်ကြက်ဆင်ရယ်
      ဒန့်ဒလွတ်ချောင်းထဲတော့ ရေဆင်းမကူးခိုင်းပါနဲ့… မတော် ငါးပူတင်းတွတ်သွားမှ…
      ကျအု ကျအုစ်… ခိခိ :k:

    • kai

      August 18, 2014 at 4:49 pm

      ခင်ညားပဲပြောဒယ်..
      လေဒီပြောတာသာလုပ်….ရွာတိုးတက်မယ်ဆို…
      အခုဟာက.. လေဒီက.. ဒိုင်လေးနဲ့မှာတာတာကို.. ဖွင့်ပြတာဗျ..။
      ဒန့်ဒလွတ်ချောင်းက ခေါင်းလောင်း မကြီးတကြီးကို ဟန်ပြ.. ဒီဖက်မှာ.. သိုက်တူးတာဗျ..
      သိုက်မရပဲ.. ငပူတင်းရရင်တော့.. ကျုပ်ပါ.. အိမ်ကဆင်းရမယ်ဗျ..

      အဲဒီကျ.. မောင်မင်းကြီးသား..ကျုပ်၃လုံးပြူး… ကြည့်ရှောင်ပေလေ့..။ :k:

  • ကျောက်စိမ်း တိန်ညင်

    August 18, 2014 at 5:48 pm

    ဒါနဲ့ စကားမစပ်
    ဓမ္မစေတီမင်းခေါင်းလောင်းကြီးက တကယ် ဖော်လို့ရော ရမတဲ့လား …..

    ကျော်တို့ ငယ်ငယ်က အဖိုးပြောပြဖူးတာက မရတော့ဘူးတဲ့ အိုက်လို ပြောဖူးတယ်

    ဖြစ်နိူင် မနိူင်ကတော့ ပိတ်ကားပေါ် စောင့်ကြည့်ရမဲ့ သဘော

    • ခင် ခ

      August 19, 2014 at 11:51 am

      ရ မရ တော့ သိဘူး အဲ ဒီနားတော့ ကြည့်သူတွေနဲ့ စည်ကားဆိုဘဲ။
      ဖော်လို့ ရအောင် သုံးတဲ့ငွေက နောက်ခေါင်းလောင်းအသစ်တစ်လုံးတောင် ရနိုင်တယ်နော်။

  • Mr. MarGa (12512)

    August 19, 2014 at 11:34 am

    အဲ့ ခေါင်းလောင်းကို သွားဖော်ရအောင်ဗျာ
    လွမ်းစေတီကို ဖြိုကြဟဲ့
    :mrgreenn:

  • black chaw

    August 19, 2014 at 12:23 pm

    ဒီလိုရှိပါတယ် အိုင်ပီ ရဲစည်ရေ။
    ဓမ္မစေတီ ခေါင်းလောင်းကြီးက
    ဆယ်လို့ ရလိမ့်မယ်ဗျ။
    ၂ ပတ်အတွင်းအပြီးဆယ်ယူဖို့ ပုဂ္ဂိုလ်တစ်ဦးကို
    နဂါးက အိပ်မက်ပေးထားဆိုလား…။
    အဲ့လူနဲ့ တီဗီစတေရှင်တစ်ခုနဲ့ အင်တာဗျူးနေတုန်း
    အဲ့ နဂါးအကြောင်းပြောတာကို
    ချက်ခြင်းကြီး ရန်ကုန်မှာ ငလျင်လှုပ်ပလိုက်ပါရောလား…။
    အဲ့ဒါ နဂါး လှုပ်တာလို့ ပြောတာပဲ…ပြောတာပဲ…။
    အဲ့ဒီ ခေါင်းလောင်ကြီးမှာ မှီခိုကပ်တွယ်နေတဲ့
    မြင်အပ်မမြင်အပ် ဝိဥဉ်တွေကလည်း
    ခေါင်းလောင်းကြီးကို ဆယ်ယူသွားမယ်ဆိုရင်
    သူတို့ ခိုကိုးရာမဲ့မှာမို့
    ဆယ်ယူမယ့်သူတွေကို အိပ်မက်ပေး ဆိုလား…။
    သူတို့အတွက် နေရာတောင် ဖန်တီးပေးရဆိုလား…ဆိုလား…။
    အမည်ဖေါ်ပြလို့မရသော သတင်းရင်းမြစ်တစ်ခုမှ ဆိုပါတယ်ဗျာ…။
    အဲဒီတော့ အိုင်ပီရေ…။
    အမှုသွားအမှုလာအရ သုံးသပ်ရမယ်ဆိုရင်ဖြင့်
    ခေါင်းလောင်းကြီးဆယ်လို့ ရပါလိမ့်မယ်။
    အဲ့ဒါ…။
    :k:

    • Ko chogyi

      August 19, 2014 at 2:48 pm

      ကျော်လည်းအခြေအနေသိချင်လို့သွားကြည့် တာ
      သူတို့သင်္ဘောနား ရောက်ရုံရှိသေး မိုးရောလေရောချလိုက်တာ
      သူတို့သင်္ဘောရော ကျော့်သင်္ဘောရော နှစ်စီးပူးကျောက်မျှောလို့မနည်းပြန်မောင်းရတယ်
      တပြည့်တစ်ယောက်ကပြောတယ် ကျော်တို့လာကြည့်တာမကြိုက်လို့ ဖြစ်မှာတဲ့

      • Mr. MarGa (12512)

        August 19, 2014 at 6:32 pm

        ထန်းသီးကြွေတုန်း ကျီးနင်းသွားသကိုးဗျ… 🙂

  • မြစာကလေး (23122011)

    August 20, 2014 at 1:39 am

    { လက်ရင်း တရားခံ ဦးဇင်းအောင်ကြီးတူ ဦးကျောက်လုံးနဲ့ ဦးဂိမ္မာန်တူမ မြစာကလေး တို့ကိုတော့ အဲ့သည်ညက အမိမဖမ်းလိုက်နိူင်ဘူးတဲ့ …..။}
    ဘယ်မိလိမ့်မလဲ။
    မြ(စ်) က အရင်နယ်ချဲ့ တွေဆီပြေး
    ကျောက်စ် လ လက်ရှိ နယ်ချဲ့ တွေဆီပြေး

    { kai says: တောက်စ်…. x ၁သိန်း..}
    ဟယ် သူကြီးတို့များ “သဂျီးဂဒေါ် ထက်မြက်မှုကြောင့်” ဆိုတာနဲ့ အားကြိုးမာန်တက် အားပါပါ တောက်ခေါက်ပြီး ဆုတော်ငွေ ၁သိန်း တဲ့ဗျ။

    { ကျောက်စိမ်း တိန်ညင် says:
    ဘယ်နဲ့ ကျော့် ခေါင်းလောင်း ဇာတ်လမ်းက ဓမ္မစေတီ ခေါင်းလောင်းဘက် ရောက်သွားရတာတုန်း ကိုဟွကို ရယ်စရာ ရေးတာတောင် ဘာဖြစ်သွားမှန်း မသိတော့ပု … }
    စောဖွပြေး ရယ် လာပြီး ညှောင်နာနာ သံ နဲ့ သနားစဖွယ် ဖြစ်အောင် ပြောမနေ နဲ့။
    ရွာထဲ ဘယ်လမ်း သွားရင် ဘယ်စခန်းကို မြန်းကြမယ် ဆိုတာ သိသိချည်း ဖွ နေတာ ကိုများ။
    မသိခက်မယ်။

    http://www.bbc.co.uk/news/world-asia-28832296
    19 August 2014 Last updated at 00:03
    The search for Myanmar’s mysterious Dhammazedi Bell
    By Jonah Fisher BBC News, Yangon

    As Jonah Fisher reports, some people doubt the bell ever existed, whilst others think the search is cursed

    The fate of the Dhammazedi Bell is one of Myanmar’s murkiest mysteries and for some Burmese a lifelong obsession. Four centuries after the world’s biggest bell was last seen, a new salvage attempt is under way in Yangon (Rangoon), and it’s attracting large crowds.

    ‘Supernatural, not science’

    If they’re expecting to see sophisticated technology they’ll be disappointed. There’s a dredger and a houseboat but two old wooden vessels are being used by the diving teams.

    Operations are being guided not by GPS or advanced maps but a monk sitting on top of one of the boats.

    From a distance it seems painfully inept. We watch as young men in T-shirts put on simple diving masks before leaping into the water clutching a hosepipe for air.

    The river current is fast so after a minute or two they re-surface and are hauled back on to the boat by rope, before starting all over again.

    This is a search that has put its faith in the supernatural, not science.

    “If we just rely on modern technology we will face more problems,” says San Lin, the leader of this salvage attempt.

    He believes that Buddhist “nats” or spirits are preventing the bell being found and that only the spiritual approach that he advocates can locate it.

    “We must use our traditional ways so that the dragon spirit does not keep hold of the bell, ” he says.

    အခုဘဲဘီဘီစီ က ဒီ သတင်းပါလာပါပြီ။ မြန်မာ့ အစွမ်း ကမ္ဘာသိပေါ့။
    ရေငုတ်ရှာနေတဲ့ ပုံ ကို တောင် ဗီဒီယို ရိုက်တင်ထားသေး။
    အဲဒီ သတင်းမှာ ဘာပြောလဲဆိုတော့
    ဒိုင်ဘာ တွေမှာ နည်းပညာ နဲ့ ဆိုင် တဲ့ metal detective လိုမျိုး ပစ္စည်းကိရိယာ တောင် မပါဘဲ ရေငုတ် ဝတ်စုံလဲ မဝတ်ဘဲ ရေထဲ စွပ် ကနဲ ခုန်ချလိုက် ပြန်ပေါ်လာလိုက် လုပ်နေသတဲ့။
    ဘုန်းကြီးတစ်ပါး ကဘဲ ဘုတ်ထိပ် မှာ ထိုင်ပြီး အမိန့်ပေးနေသတဲ့။
    အဲဒီ မှာ ပုံ ပါတယ်။
    အဲဒီ သတင်းထောက် က ကင်မရာ ကိုလဲ ရေထဲ နှစ်ပြတယ်။
    ရေက နောက်လွန်းလို့ ဘာကို မှ မမြင်နိုင်တာ ကို ဒီဒိုက်ဘာ တွေ ဘယ်လိုရှာမယ် မသိတဲ့။

    ဆရာချစ်စံဝင်းကတော့
    ဒါဟာအချိန်ကုန် ငွေကုန် ပါတဲ့။
    ခေါင်းလောင်းကြီး ဆိုတာ ရှိချင်မှလဲရှိမှာ တဲ့။
    ရှိတောင် နှစ်ပေါင်း ၄၀ဝ အတွင်း ရေကြောင်း ပြောင်းလို့ နေရာ အတိအကျ မသိနိုင်တော့ တာတဲ့။
    အမှန်တော့ ဒါဟာ ရတနာတွေလဲ ရှိတယ် ဆိုတဲ့ လောဘ ကြောင့်လဲ ဖြစ်နိုင်တယ်။ ယတြာလဲ ဖြစ်နိုင်ပါတယ်။ အသိပညာ ဗဟုသုတ နည်းလို့ လဲ ဖြစ်နိုင်ပါတယ်။
    ဒီလို လုပ်နေတာ ကို မဟုတ်မှန်းသိသိ စကားဝဲ နေကြတဲ့ ပညာရှင်များ၊ ပညာတတ် များ ကိုလဲ အံ့ဩ ပါရဲ့။
    ဒီအတိုင်း စကားဝဲ နေဦးမှာ ဆိုရင်တော့ သူကြီးမင်း ပြောနေကျ …
    လက်ဆယ်ချောင်း ကို ဆယ်ခါ ( နဲများ နေသေးလား)
    🙄

    • kai

      August 20, 2014 at 5:58 am

      ဒီလိုနေရာမှာ…
      .. ပညာတတ်တွေဆိုတာထက်.. သိပ္ပံနားမလည်.. သချင်္ာမသိတဲ့.. ထိုင်ခုံချစ်.. ဆြာတော်ကြီးတွေကို.. မေးချင်မိတာ….
      အတွေးအခေါ်ပိုင်း.. ဒီဘိတ်လုပ်.. စိမ်ခေါ်သူတွေကိုတော့.. ထောင်ထဲဆွဲသွင်း..
      ဒီလိုသာသနာနာမယ်သုံးတာမျိုးကျ.. ထောင်ထဲဝင်နေရင်တောင်ဆွဲထုတ်ပေးမယ့်ပုံ..

      အိုဘယ့်.. ထေရာတို့ရဲ့ဝါဒ…
      =
      ကဲ…
      ကျုပ်ပဲကျိန်စာတိုက်တော့မယ်..
      ♩♪ ♫ ♬ ♭ ♯
      ♩ ♪ ♬ ♮ ♯♭♫
      ♫ ♬ ♪ ♩♭♫ ∮ ♪
      :k:

  • စာဖတ်လိုက်ရတာ စိတ်ညစ်တာဒေတောင် ပြေသွားတယ်..

    ဒါနဲ့.. ခေါင်းလောင်းဖော်လို့ရ မရ လောင်းကြမားဟင်င်.. :mrgreen:

  • surmi

    August 21, 2014 at 9:25 am

    Naimaungtoe Naimaungtoe
    Sat · Edited ·
    လညာတ်ပါ်ပဲါ လတူ ဂကောံဟံင် သနိင် ဓမ္မစေတီလမုဟ်ဏအ်

    ဓမ္မစေတီခေါင်းလောင်း ဆယ်နေမှုအပေါ်အမြင်သဘောထား
    =======================================

    ဤစာစုကို၂၀၁၄ခု၊ဩဂုတ်လ(၂၆)ရက် သို့မဟုတ် ဩဂုတ်လကုန် ရက်နောက်ပိုင်းမှရေးမည်ဟုမှန်းထားပါသည်။ ဘာကြောင့်နည်း။ ဆယ်ယူရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းမှ နှစ်ပတ်အတွင်းကုန်းပေါ်ရောက်မည်ဟု
    ဆိုထားသော ကြောင့်ပိုပိုလိုလိုလကုန်ရက်နောက်ပိုင်းကျမှရေးမည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် စံတော်ချိန်သတင်းစာပင်တိုင် ဆောင်း ပါးရှင်ဆရာထိပ်တင်ဝင်း၏ ဒုတိယနေ့ (၁၄.၈.၂၀၁၄) ဆောင်းပါးကိုဖတ်ပြီး သမာသမတ်ကျ၍ ဓမ္မဓိဌါန်ကျခြင်း ကြောင့် ကျွန်တော့်အား ဤစာစုရေးရန်တွန်းအား တစ်ခုအဖြစ်လည်းကောင်း၊ (၁၅.၈.၂၀၁၄) ရက်နေ့ ဆရာဦးချစ်စံဝင်း “ဓမ္မစေတီခေါင်းလောင်းရှာ နံရိုးထောက်သကဲ့သို့” အဆိုသည်လည်းကောင်း ကျွန်တော်အားရေးသား ရန်အတွက် တိုက်တွန်းသကဲ့သို့ဖြစ်ခဲ့သည်။

    ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌါန၊ သမိုင်းသုတေသနဦးစီးဌါနမှ ကြီးမှူး ကျင်းပမည့်“သမိုင်းအမွေအနှစ်ဖြစ်သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို (၃၀.၆. ၂၀၁၄) စနေနေ့ နံနက် ၉နာရီ မှ ညနေ ၅နာရီအထိ ဃ့အေမငကာ ံသအနူ တွင် တစ်နေကုန်ကျင်းပပါသည်။ ထိုအချိန်က ယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင်တက်ရောက်ပြီး ဝန်ကြီးများ ဒုဝန်ကြီးများ ညွှန်ကြားရေးမှူးချုပ်များ အရာရှိကြီးများနှင့် ပြည်တွင်းပြည်ပ ပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင် ကြီးများဖြစ်သော ပါမောက္ခကြီးများ၊
    ရေကြောင်းနှင့်ဆိပ်ကမ်းဆိုင်ရာပညာရှင်ကြီးများ၊ ဘူမိဗေဒပညာရှင် ကြီးများတို့၏ စာတန်းဖတ်ပွဲနှင့် ရှင်းလင်းမေးမြန်းပွဲလည်းဖြစ်ခဲ့သည်။ သုတေသနအတွက် အလွန်တန်ဖိုးရှိလှသော ပညာရပ် စာတန်းများ ဖြစ်သည်။ ယခုစံတော်ချိန်သတင်းစာတွင် ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်သော
    ဆောင်းပါးများ ဓါတ်ပုံ များကိုတွေ့ ရသောအခါ ထိုစာတန်းများကို အမှတ်ရခဲ့ပါသည်။

    ကျွန်တော်သည် မွန်လူမျိုးတို့၏အဖွဲ့တစ်ခုကိုယ်စား ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရသူတစ်ဦးဖြစ် ပါသည်။ ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုသည် မွန်လူမျိုးတို့အတွက်သာမက မြန်မာနိုင်ငံအတွက် သမိုင်းတန်ဖိုး ဘာသာ သာသနာ တန်ဘိုးအလွန်ကြီးမားသဖြင့် ထိုဆွေးနွေးပွဲကို အစမှအဆုံးတက်ခဲ့သည်။ ဆွေးနွေးပွဲ အတော်အရှိန် ရပြီး ကောင်းနေစဉ်မှာပင် ကျွန်တော့နောက်တန်းမှပုဂိ္ဂုဟ်တယောက်က တီးတိုးတီးတိုးနှင့် သူဆယ်လျှင် နှစ်ပတ်အတွင်း ကုန်းပေါ်ရောက်မည်ဟု ထပ်တလဲလဲဆိုနေပါသဖြင့် ဘယ်လိုလူပါလိမ့် စိတ်အထင်ဖြင့်
    နောက်လှည့်ကြည့်လိုက်ပါ သည်။ ထိုစကားကိုပင် ကျွန်တော့်အား အသွင်သွင်ပြောနေပါသည်။ လက်ဖက်ရည်သောက်နားချိန်တွင် ကျွန်တော့်အား မိတ်ဆက်ပါသည်။ ဦးစံလင်းဖြစ်ကြောင်းသိရပါသည်။ သူနှစ်ပတ်နှင့် ခေါင်းလောင်းကြီး
    ဆယ်နိုင်ကြောင်း ပြောဆိုနေ ပြန်သည်။ ကျွန်တော်နားသာထောင်သည်။ ခွန်းတုန့်မပြန်ပါ။ များမကြာမီထိုသူကျွန်တော့်အိမ်သို့ရောက်လာပါသည်။ သူရေးထားသောစာတန်းကိုလည်း ပေးပါသည်။

    ကျွန် တော်လည်းပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ဦးစံလင်းသည် သုံးကြိမ်တိုင်တိုင် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူ ရန်ကြိုးစားခဲ့ပြီးပါပြီ။ ပထမအကြိမ် ၁၉၉ရ ခုနှစ်က ရေငုံဆင်းပြီးရှာသည်။ တွေ့ပြီး အပေါ်ဘုံက အချိန်မတန်သဖြင့် မဆယ်ရန်အမိန့်ပေး၍ပြန်တက်ခဲ့သည်။ ၁၉၉၈တွင် ဒုတိယအကြိမ်ဆင်းဆယ်သည်။ တွေ့ခါနီး ဇက်ကုပ်အပေါ်တင်ဆွဲခံ ရ၍ မရခဲ့ပါ။ တတိယအကြိမ်နောက်လိုက်များအမိန့်မနာခံ၍ မအောင်မြင်ခဲ့ပါဟု ဆိုပါသည်။ ၎င်းင်း၏စာတန်းတွင် ငါးကြိမ် ခွင့်ပြုမိန့်ရခဲ့သည်ဟုဆိုသည်။ တကယ်ခွင့်ပြုမိန့်ရလျင် နိုင်ငံတော်ကဤကဲ့သို့ အကြိမ်ကြိမ်ခွင့်ပြုနေသည်ကို အငြိမ်းစားဝန် ထမ်းတစ်ဦးဖြစ်သော ကျွန်တော်အနေဖြင့်မည်သို့မျှ
    နားမလည်တော့ပါ။ နောက်ဆုံးဆုံလိုက်သော(၂၀.၇.၂၀၁၄) မော်လမြိုင်တွင်ကျင်းပသော မွန်သမိုင်းသုတေသနအဖွဲအစည်းအဝေးတွင် ဖြစ်ပါသည်။ အစည်းအဝေးနောက်ဆုံး
    အစီအစဉ် ဖြင့် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို ၎င်းင်းဆယ်ယူမည့်အစီအစဉ်ကို ရှင်းပြပါသည်။ ရှင်းပြနေစဉ်မှာပါ မိနစ်ပိုင်း မျှခေတ္တစကားပြောရပ်ပြီး ဝင်ပူးနေသည့်ပုံစံဖြစ်နေပါသေးသည်။ သမိုင်းသုတေသီများအနေဖြင့် မည်သို့ရှိအံ့နည်း။

    ကျွန်တော်သည် ပုဂိ္ဂုလ်ရေးအာဃာသမည်သို့မျှမရှိပါ။ ဓမ္မစေတီခေါင်းလောင်း
    ဆယ်ယူရေးကို အကြောင်းပြုပြီး သာသိလာရခြင်းဖြစ်ပါသည်။ ကျွန်တော်သည်လည်း မွန်လူမျိုးတယောက်အနေဖြင့် မွန်ဘုရင်ဓမ္မစေတီမင်း မွန်စာအပြည့်ပါ သော
    ခေါင်းလောင်းကြီး ပြန်ဆယ်ယူချင်သည့် ဆန္ဒသည် ကျွန်တော့်တွင် အပြည့်ရှိပါသည်။ သို့သော် ဆယ်ယူရေးအတွက် နည်းမှန်လမ်းမှန် ဓမ္မဒိဌါန်ကျကျနှင့် သဘာဝကျကျဖြစ်စေလိုသည့်ဆန္ဒအပြည့်ပါ။ သက်တန်းနှစ် (၅၀၀)ကျော်ရှိခဲ့သော ဓမ္မစေတီခေါင်းလောင်း၊ နှစ်ပေါင်း (၄၀၀)ကျော်ရေအောက်တွင် နစ်နေသော ထိုခေါင်းလောင်း၏သမိုင်းဖြစ်ရပ်မှန် သည်ဧကန်ဟုတ်၏လောဟု သံသယဝင်မှုများ ဂမီ္ဘရ ဆန်မှုများရှိလာသည်မှာမဆန်းပါ။ သို့သော်ထိုအချက်များကို ကျွန်တော် တို့၏ သမိုင်းဖြစ်ရပ်သုတေသနပြုချက်အမှန်ဖြင့် တင်ပြရပါမည်။ ဓမ္မစေတီခေါင်းလောင်းကြီး
    ရေအောက်တွင် ရှိနေသည်ကိုဆယ်လျင်လည်း ကျွန်တော်တို့သည် ဗုဒ္ဓဘာသာလူမျိုး
    များဖြစ်သည့်အလျောက် ဘုရား တရား သံဃာ ဂုဏ် အစစ်အမှန်ကိုရည်စူးပြီး
    ဝေနေယျသတ္တဝါများ အားမေတ္တာပို့အမျှဝေကာ နေရာအတိအကျ သိရန်လည်းကောင်း ရေအောက် မှ မြေပေါ်အရောက်တူးဖေါ်မည့်နည်းစနစ်ကို
    လည်းကောင်း ခေတ်မှီသိပ္ပံနည်းကျကျ အကွက်ချလျှင်မရနိုင်စရာ အကြောင်း မရှိပါ။ ယခုထိုသို့မဟုတ်ပါ။ ဂမီ္ဘရဆန်လှကြောင်းသိရပါသည်။

    မွန်လူမျိုးတို့သည် မွန်သမိုင်းကိုယုံကြည်ကြပါသည်။ ဓမ္မစေတီမင်းရေးထိုးထားသော မွန်ဘာသာကလျာဏီ ကျောက်စာ စာမျက်နှာ (်) စာကြောင်းရေ (၁၈) နှင့်(၁၉) မြန်မာဘာသာပြန်တွင် “ငါမင်းကိုယ်တိုင်သာလျှင် တိဂုံသို့ သွား၍ အချိန်သုံးထောင်ရှိသော ကြေးစင်ငွေရောလျက်သွန်း၍ လုပ်သောခေါင်းလောင်းကြီးကို သက်တော်ထင်ရှားမြတ်စွာ ဘုရား၏ဆံတော်ဓါတ် စေတီတော်အား သီတင်းကျွတ်လပြည့်ပဝါရဏါနေ့၌ပူဇော်ပြီးသည်နောက်မှ တဖန်ပြန်၍ မထေရ် တို့အား ခရီးဦးကြိုဆိုခြင်းကိုပြုရမူကားကောင်းလေစွ…”

    ထို့ပြင်မွန်ဘာသာဖြင့် သီရိသကျဝံသ ဓမ္မစေတီ ဟံသာဝတီ ဒုတိယအုပ်သည် သက္ကရာဇ် ၁၂၇၄ ခုနှင့် ပေမူမှ ပုံနှိပ်မူသို့ ထိုင်းနိုင်ငံတွင် ပုံနှိပ်ခဲ့ပါသည်။ ထိုမွန်ဘာသာဟံသာဝတီ သမိုင်းစာအုပ်သည် ပုံနှိပ်မူဖြင့် နှစ်တစ်ရာကြာခဲ့ပါပြီ။ ပေမူမှ အဆင့်ဆင့်ပွါးလာရာ မူရင်းကမည်မျှကြာသည်မသိရပါ။ ထိုစာအုပ်၏စာမျက်နှာ (၈၅) မွန်ဘာသာမှ မြန်မာပြန်မှာ- “ဓမ္မစေတီမင်းသည် သက္ကရာဇ် (၇၈၁) တနင်္လာလဂ်ဗိစ္ဆာနေ့တွင် ဖွါးမြင်သည်။ သက္ကရာဇ် (၈၃၅) အသက် (၅၁) နှစ်တွင် မင်းဖြစ်သည်။ နန်းသက် (၂၁)နှစ် သက္ကရာဇ် (၈၅၃)ခုနှစ် သက်တော် (၇၂) နှစ်တွင်အနိစ္စရောက်သည်။ ဓမ္မစေတီမင်းသည် အလှူဒါနပြုရာတွင် မရေမတွက်နိုင်အောင်ပင်များပြားသည်။ စေတီများ ရုပ်ပွားများ ကျောင်းများ တန်ဆောင်းများ ဇရပ်များ ဆောက်လုပ်လှူဒါန်းခြင်း၊ သံဃာတော်များအား
    နေ့စဉ်မပြတ်ဆွမ်းကျွေးခြင်း ပိဋကတ်တော်အစုံစုံကိုလည်းလှူဒါန်းခြင်း၊
    ရွှေမောဓေါစေတီကိုလည်း ကြီးမားအောင်ထပ်မွန်းမံခြင်း၊ သံဃာတော်များအားပစ္စည်း (၄)ပါးမပြတ်ဆက်ကပ်ခြင်း၊ ခေါင်းလောင်းကြီး အလေးချိန်တစ်သိ်န်းရှစ်သောင်းကို သွန်းလုပ်ပြီး ဒဂုံဆံတော်ရှင်သို့တင်လှူခြင်း စသည်ဖြင့် အလှူစရင်း အကျဉ်းကို ပြတော်မူသည်။ မွန်မင်းဓမ္မစေတီမင်းကြီးသည် ခေါင်းလောင်း လှူဒါန်းခြင်းနှင့်ပတ်သက်၍ မိမိသာမက မိဖုရား သားသမီးအားလုံး ကိုယ်စီလှူဒါန်းစေသည်။ ထို့ပြင်သူ၏ မူးမတ် သေနာပတိ စစ်သူကြီး သူဌေး သူကြွယ် လှူနိုင်သူအားလုံး ကို အလှူဝတ္ထုကိုယ်စီ လှူစေကြောင်းကို ၎င်းင်း၏ ဗုဒ္ဓဂယာမှာကဲ့သို့ ဟံသာဝတီသတ္တဌါန အလှူစာရင်းတွင်သိနိုင်ပါသည်။ မွန်မင်းဓမ္မစေတီ၏အလှူခေါင်းလောင်းများအနက် ပဲခူးရွှေမောဓေါတန် ဆောင်းတွင် ယခုတိုင် တွေ့နိုင်ပါသေးသည်။ ထိုကြောင့် မွန်လူမျိုးတို့က ထိုခေါင်းလောင်းကြီးရှိ သည်ကိုယုံကြည်ကြသည်။

    သို့သော်ယခုဦးစံလင်းတို့အဖွဲ့တူးဖေါ်နေသောနေရာသည် သင်္ဘောပျက်နေရာဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်အလုပ်ရုံဆွေး
    နွေးပွဲသုတေသနစာတန်းတွင် ဂျင်(မ)ဘလတ်၏ မြောက်လတီ္တတွဒ် ၁၆ ဒီဂရီ ၄၆.၀၀၈ အရှေ့လောင် ဂျီတွဒ် ၉၆ ဒီဂရီ ၁၂.၁၃ဝ နှင့်လည်းကောင်း ထိုအညွှန်းနှင့်နီးစပ်သော မြန်မာဘူမိဗေဒပညာရှင် ပါမောက္ခဦးစိုးသိန်းပြ ဆိုထားသောနေရာ နှင့်လည်းကောင်းအလှမ်းကွါပါသည်။ ကျွန်တော်နှင့်တွေ့စက ဦးစံလင်း နှစ်ကြိမ်ငုတ်ခဲ့ပြီးတွေ့သည်ဟု ဆိုသော နေရာသည် သင်္ဘောပျက်နေရာမဟုတ်ပါ။ ယခုမှ သင်္ဘောပျက်နေရာဖြစ်လာသည်။ ထိုမျှမက သင်္ဘောပျက် အောက်တွင် ရုပ်ပွါးတော်များ ရတနာသေတ္တာများသည် ယခင်ကမဖေါ်ပြပဲ ယခုမှဖေါ်ပြလာသည်မှာ စဉ်းစားစရာမှာ ခေါင်းလောင်းကြီးသာမက မက်လောက်စရာ ပစ္စည်းများပါလာပြန်ပါသည်။ ခရစ်နှစ် (၁၅၈၃)ခုနိုင်ဝင်ဘာ (၃)ရက်နေ့ ဂက်(စ)ပါရိုဘယ်လီ (Gasparo Balbi ) ၏မှတ်တမ်းတွင်ခေါင်းလောင်းပေါ်တွင် စာအပြည့်ပါသည်ဟုဆိုသည်။ ယခုဦးစံလင်း၏အဆိုတွင် နှစ်ကျိပ်ရှစ်ဆုပုံ တော်နှင့်ရတနာများအပြည့်ပါနေပြန်ပါသည်။ ဦးစံလင်း၏နောက်ထပ် ထည့်ထား သော ပစ္စည်းရတနာများသည် အချက်အလက်ခိုင်ခိုင်မာမာအထောက်အထားများဖေါ်ပြ မထားသည်မှာ စဉ်းစားစရာ ပင်ဖြစ်သည်။ ယခုဆယ်ယူမည့် နောက်ဆုံးအဖြေမှာ ဦးစံလင်းယခင်ဆယ်ယူစဉ်က
    ပေးခဲ့သော အဖြေပင်ဖြစ်လိမ့်မည်ဟု စားရေးသူတစ်ဦးအနေဖြင့် မှတ်ချက်ပြုမိပါသည်။

    ကျွန်တော်သည် မည်သူ့ကိုမျှ ပုဂိ္ဂုဟ်အာဃာတထားမှုမရှိပါ။
    ပြည်သူလူထုများအမှန်မြင်ရန်သာဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့မွန်လူမျိုးများသည် သဒ္ဓါတရားထက်သန်ကြပါသည်။ ယခုလို ဘာသာရေးလူမျိုးရေး ပါလာလျှင် ပုံအော၍ လှူချင်ကြပါသည်။ နေ့စဉ်နှင့်အမျှ ကျွန်တော့်ထံသို့ဖုန်းဆက်ကြပါသည်။ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်သည့်အခြေအနေသိလိုသည်။ ငွေလှူဒါန်းလိုသည်ဟုမေးကြပါသည်။ ဆယ်ယူရေးနှင့်ပတ်သက်၍ ကျွန်တော် သတင်းရသလောက်နှင့် ကျွန်တော့်အမြင်ကိုပြောပြပါသည်။ လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး ကျွန်တော်
    မတားကောင်းပါ။ သို့သော် ဆယ်ယူရေးအဖွဲ့တွင် လုပ်ငန်းရှင်ကြီး(မွန်လူမျိုး)တစ်ဦးနှင့် ဘဏ်လုပ်ငန်းရှင်တို့ပါဝင်နေသဖြင့် ငွေကြေးအခက် အခဲမရှိဟုထင်ပါသည်။ မိမိတို့ချွေးနဲစာဖြင့်စုဆောင်းပြီးရလာသော အလှူရှင်များအတွက် သဒ္ဓါနှင့်ပညာ သဟဇာတရှိကြရန် ကိုသာတိုက်တွန်းလိုက်ပါသည်။ ဆယ်ယူရမည့်နည်းလမ်းမှာ သမိုင်းဝင်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးနှင့်ပတ်သက်ပြီး ၂၀၁၂ခုနှစ်က အလုပ်ရုံဆွေးနွေးပွဲကျင်းပသကဲ့သို့ နိုင်ငံတော်အစိုးရအဖွဲ့မှ ကြီးမှူးကာ ဆယ်ယူရေးအဖွဲ့ဖွဲ့စီးပြီး စနစ်တကျ ရှာဖွေပြီးဆယ်ယူလျှင် ရနိုင်မည်ဖြစ်ကြောင်း စေတနာကောင်းဖြစ်တင်ပြအပ်ပါသည်။

    နိုင်မောင်တိုး
    (၁၅.၈.၂၀၁၄)
    PH – ဝ၉၂၅၄၂၇၈၆၉၂
    Email –

    • ဇီဇီ ခင်ဇော် (15102012)

      August 21, 2014 at 9:37 am

      အား ယား ယားးးးး
      အား ယား ယားးးးးးး
      ဟေ့ ~~
      အား ယား ယားးးးးး

      အဟွတ်!!၊
      မခိုင်ကြီး သီချင်း ဆို မလို့ပါ။

      :kwi:

    • kai

      August 21, 2014 at 2:00 pm

      ကြည့်ရတာ.. ခေါင်းလောင်းတော့မသိ.. ရတနာတွေတော့.. အိမ်ရောက်မယ့်သဘောရှိတယ်…

      ဆိုတော့..
      ၁ဝလေးတလေး… လောင်းမလားဟေ့..။ :k:

  • မ " တတ် ပါ့ "

    August 21, 2014 at 3:28 pm

    ပေါ်လာရင်တော့ နှစ်ပေါင်း ၄၀ဝ ကျော်မှ ပြန်ပေါ်လာသော ကဘာကျော် ခေါင်းလောင်းကြီးဆိုပြီး ကြည့်ဖို့ ကျိတ်ကျိတ်တိုး စည်ကား ဦးမှာပဲနော်…တရုတ်ပြည်က ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်ကို ပင့်ဆောင် ကြွလာတုန်းကတောင် စွယ်တော်ဖူးဖို့ တန်းစီစောင့်ရတဲ့ လူတန်းကြီးက မနည်းဆိုတော့ကာ….။
    တွေ့ဖို့ကံကြုံ ဆုံကြမယ်ဆိုရင်ပေါ့လေ။

  • ဦးကြောင်ကြီး

    September 8, 2014 at 12:52 pm

    စိန်ကြက်ဆင်
    မြိန်လျက်အင်
    ပိန်ညှက်ရွှင်
    တိမ်နတ်ရှင်
    ချိန်စက်ဝင်
    လိင်ဇာတ်ပြင်
    အိမ်သက်ခင်
    ငြိမ်လျက်ကြင်..

  • kai

    September 12, 2014 at 11:51 pm

    အနောက်နိုင်ငံတွေကတော့… သူတို့နဂါးတကယ်တွေ့သွားပုံရကြောင်း…


    Ancient ‘dragon’ beast flew right out of ‘Avatar’
    sprawling ancient flying reptile looked so much like a dragon that could have flown alongside the aerial predators called “ikran” in the film “Avatar” that its discoverers named the newfound beast after these mountain banshees.

    The pterosaur, now called Ikrandraco avatar (“draco” means “dragon” in Latin), may have stored food in a throat pouch like a pelican does, the researchers said.

    Pterosaurs were the first vertebrates (animals with backbones) to flap wings to fly. Before pterosaurs went extinct in the catastrophic impact that also ended the Age of Dinosaurs, they were the biggest animals that ever flew, with wingspans measuring up to 39 feet. (Although pterosaurs lived alongside dinosaurs, these flying reptiles were not dinosaurs.)

  • ခင် ခ

    September 13, 2014 at 12:26 am

    အခုထပ်ကြားမိတဲ့သတင်းတွေအရ
    ခေါင်းလောင်းလဲမရှိ
    နဂါးလည်းမမြင်
    ဟောင်းလောင်းနဲ့ဇတ်သိမ်းတော့မယ်ထင်

  • ဝင့်ပြုံးမြင့်

    September 13, 2014 at 4:02 am

    ဒီခေါင်းလောင်းကြီး ပြန်ပေါ်လာလို့ သမိုင်းဆိုင်ရာတွေ ကမာ္ဘလှည့်ခရီးသည်တွေဆီက ဝင်ငွေတွေ ဘာဘာညာညာပေါ့လေ အများကြီးရမယ်ဆိုရင်တောင် ဒီခေါင်းလောင်းကို ဘယ်နည်းနဲ့မှ မပေါ်စေချင်တော့ဘူး။ အဲဒီအတွက်ပေးဆပ်လိုက်ရမှာက အခု ဆယ်ယူခစရိတ်ထက် အဆမတန်ကြီးမားတဲ့ လူတွေရဲ့ ဦးနှောက်တွင်းကရောဂါ၊ သောက်တလွဲဘာသာရေးကိစ္စပေါ့။ နဂါးကို ပိုယုံသွားကြလိမ့်မယ်။ ရန်ကုန်မှာက နဂါးယုံသူတွေ သိပ်မရှိနိုင်ပေမယ့် နယ်မှာက မတူဘူး။ အိမ် ၃လုံးမှာ ၁အိမ်လောက်က နဂါးမယ်တော်ကိုးကွယ်တယ်။ အဲဒါက စဉ့်အင်တုံလေး အလယ်မှာ နဂါးရုပ်လေးရှိတယ်။ အဲဒီအင်တုံလေးထဲ ရေမပြတ်ထည့်ပေးရတာ။ နဂါးမယ်တော်က အိမ်တွင်းအုန်းရဲ့ မိန်းမ လားမသိဘူး။ အခု နဂါးကိစ္စက ယုံတဲ့လူပိုများနေတော့ မတော်တဆ ခေါင်းလောင်းကြီးသာတွေ့လိုက်လို့ကတော့ ဒီအသိဟာ နောင်မျိုးဆက်တွေထိ ဆွဲချွတ်ဖို့ မလွယ်တော့ဘူး။

    ဦးစံလင်းကတော့ ရှင်းရှင်းပဲပြောမယ်။ ရွာသာကြီးသွားကွာ။

    • kai

      September 13, 2014 at 3:32 pm

      အဲဒီရောဂါက..အမြစ်တွယ်နေတာ..ကင်ဆာထက်တောင်ဆိုးသပေါ့… မျစ်မမရယ်..။
      ဒါပေမယ့်.. နဂါးမယ်တော်က..လူတွေကို ဘဝသိပ်တော့သိပ်မထိခိုက်စေပါဘူး..
      မသကာ.. ရေကုန်ယုံပေါ့…။

      ပန်းပဲမောင်တင့်တယ်(အိမ်တွင်းမင်းမဟာဂီရိ)က.. လူတွေနည်းနည်းထိခိုက်တယ်..
      အုန်းသီး၊ငှက်ပျောသီဖိုးကုန်တာကိုး..။ သူ့မှာမိန်းမမရှိဘူးလို့ကြားဖူးတယ်..
      ညီမတွေပဲရှိတာ…။

      ထိခိုက်တာက… အမဲသားမစားရတဲ့ကိစ္စပါ…။ ကြားထဲ.. သားကြီးငါးကြီး မစားရက..ပါလိုက်သေး..။
      ဦးနှောက်ဖွံ့ဖြိုးစေတဲ့.. DHA ဓါတ်တွေက..အသားကြီးငါးကြီးမှာမှရှိတာကို..မစားခိုင်းတော့…. ကျိန်စာမိသလိုပဲ..။
      ကလေးတွေခမျာ… ဦးနှောက်ဖွံ့ဖြိုးမှုမမှီ..။ မမှီတော့.. တိုင်းပြည်မဖွံ့ဖြိုး..လုံးလည်လိုက်လို့..
      ..

      အဲဒီတော့.. အခုလိုပေါက်တတ်ကရ.. ယုံတော့တာပေါ့…။
      အဲဒါမျိုးကျ.. မဟနတို့များ.. တုတ်တုတ်တောင်မလှုပ်…။

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 3:51 pm

    ပြောပါဦးမယ်
    ရန်ကုန်မြစ်မှာ ခေါင်းလောင်းအယောင်ဆောင်ဆယ်တယ်
    မန်းဒလေးဂွစွတ်မှာ လူသေအလောင်းအယောင်ဆောင်တယ်
    နောက်ဆုံးတော့ ကျုပ်မှာ အခေါင်းထမ်းတဲ့သုဘရာဇာဖြစ်ရတာအဖတ်တင်တယ်
    ယုံလွယ်တဲ့လူတွေထဲ ကျုပ်တို့ရွာသူားတွေပါနေတာ သတိထားစရာဖြစ်သွားပြီ

Leave a Reply