Normal
0

false
false
false

EN-US
X-NONE
X-NONE

မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။

တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်..  “အမျိုးသားတယောက်သည် (မွတ်ဆလင်) အစ္စလာမ်မဟုတ်သူ အမျိုးသမီးတဦးကို လုံးဝ လက်ထပ်ပိုင်ခွင့် မရှိပါ” ဗလီတွေကနေ ဘာသာခြား မိန်းခလေးတွေကို ရအောင်ယူရင် ငွေပေးခြင်း မရှိကြောင်း တင်ပြသွားတယ်။ သိတဲ့အတိုင်း မွတ်ဆလင်များအပေါ် အမြင်စောင်းစေတဲ့ အဓိကအချက်ထဲမှာ အစ္စလာမ် ဘာသာထဲ လက်ထပ်ထိမ်းမြားခြင်းနဲ့ အတင်းသွပ်သွင်းကြောင်း စွပ်စွဲချက် ဖြစ်ပါတယ်။ တဦးခြင်းအမြင်အရဆို ဒါမျိုးဆိုတာ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘောရှိလို့ ပြောရခက်ကြီးပါ။ ဘယ်သူမဆို ကိုယ့်ဘာသာထဲ ပြောင်းလာသူကို ပံ့ပိုးကူညီချင် ကြပါမယ်၊ လူဆိုတာ အတ္တမျိုးကိုး..။ အဲဒီကလွန်ပြီး အဖွဲ့အစည်းနဲ့ စီမံကိန်းနဲ့ အောက်လမ်းနည်းသုံး ဆောင်ရွက်လာရင်တော့ လက်ခံလို့ မဖြစ်ဘူး..။

ဘာသာတိုင်းကတော့ ကိုယ့်သာသနာ ပြန့်ပွားရေး လုပ်နေကြတာချည်းပဲ…။ လုပ်ပုံလုပ်နည်း အဆုံးအဖြတ် ကျပါမယ်… ခရစ်ယာန်တွေလောက် စည်းရုံးရေးလုပ်တာ ကမ္ဘာမှာ ရှိအုံးမလား။ ကိုလိုနီခေတ်ဦးပိုင်း ကာလမှာ အတင်းအကြပ် သွပ်သွင်းမှုတွေ နေရာအနှံ့ ရှိခဲ့တယ်၊ သို့ပေမဲ့ ဆိုင်ရာဒေသ လူမှုစီးပွား အကျိုးကိုပါ မြှင့်တင် ပေးနိုင်တော့ သိပ်မဆိုးဘူး ပြောရမယ်၊ ခေတ်ပြောင်းလို့ သခင်-ကျွန် ဆက်ဆံရေး မဟုတ်တဲ့အခါ အပျော့ဆွဲ နည်းလမ်းရွှေ့သွားတယ်။ ငြိမ်းချမ်းစွာ အတူနေရေး ဦးစားပေးဆွယ်တယ်။ စစ်သွေးကြွဆိုတာ အလိုအလျောက် ဘလိုင်းကြီး ပေါ်လာတာ ဟုတ်ဖူးလေ.. ဆွပေး မြှောက်ပေးသူရှိမှ၊ စည်းရုံးလေ့ကျင့်ပေးသူရှိမှ၊ ကျောထောက် နောက်ခံရှိမှ ရှင်သန်ပေါက်ဖွားနိုင်တာ…။

အကြောင်းခံဇစ်မြစ် သိမှ ပြသနာ ဖြေရှင်းနိုင်တာမို့ အဲဒီစကားစုကို လေ့လာကြည့်ရင် မွတ်ဆလင် မဟုတ်ရင် ယူခွင့်မရှိ၊ အဲတော့ မွတ်ဆလင်များ ဘာသာခြားကို မကြိုက်တော့ မဖန်ကြတော့ဘူးလား..။ တဖက်လိင်သည် အစ္စလာမ် မဟုတ်ရင် ခြစ်ကြိုက်ခွင့်မရှိ မလိုက်နာရင် မွတ်ဆလင် မဟုတ်လို့ တားလိုက်မှ အဓိပ္ပါယ် ရှိမှာပေါ့။ အဲလို မဆိုတော့ ကြိုက်တယ်ဗျာ၊ ယူတယ်ဗျာ.. ကျမ်းစာညီအောင် ဘာသာထဲ အတင်းသွပ်သွင်းတယ်ဗျာ။ နို့မို့ရင် ယူလို့မရ၊ ယူပြီး ဘာသာမပြောင်းနိုင်ရင် ငရဲကြီးမယ်.. မွတ်ဆလင် အသိုင်းအဝန်းမှာ ကဲ့ရဲ့ပြစ်တင် ရှုံ့ချခြင်း ပေါ်တင်အလုပ် ခံရမယ်၊ မိမိတင်မက ကျန်ဆွေမျိုးသားချင်းများ မျက်နှာငယ်မယ်…။ အခုပြောတာက သိပ်ဝေးပါတယ်.. လက်တွေ့မှာ အဲလောက်ထိ မသွားဘဲ ငယ်စဉ်ဘာသာရေး သင်ကြားမှုကို ဥနှောက်စွဲနေရင် ဘယ်လိုလုပ် သွားရှင်းမလဲ..။ ဘာသာတိုင်း မိမိကိုယ်မိမိ အမွန်မြတ်ဆုံး ထင်ကြတယ်၊ သူများနဲ့ မရောနှော တဲ့အခါ ကိစ္စသိပ်မရှိဘူး.. ဟိန္ဒူဘာသာ၊ ဆစ်ခ်ဘာသာဝင်တွေဆို ကိုယ့်ဟာကိုယ် သီးခြားနေတာများတယ်။ အဲလိုမှမဟုတ်ရင် တဖက်လှည့် အားပေးအားမြှောက်ပြုရာ ရောက်နေမှာပေါ့။ တွေးမိတာလေး ပြောတာပါနော..

ကျနော့်ပုဂ္ဂလိက ဆန္ဒအရ ဘာသာတရားကို အမည်နာမတပ်ခြင်း အားမပေးလို….၊ ဖန်ဆင်းရှင်ယုံရင် ဖြစ်သမျှ ဘုရားသခင် အလိုတော်မို့ ကောင်းရင် ဂုဏ်ကျေးဇူးတော်ချီးမွှမ်း.. ဆိုးရင် သူ့အပေါ်ပုံချပြီးဖြေ..။ ကံယုံရင်လဲ ကောင်းမွေဆိုးမွေ အတိတ်ကံ အတိုင်းပေါ့ဗျာ.. ဒါဆို ဘာသာရေး ပြသနာ အတော်နဲသွားမယ် မှတ်တယ်….။ ဘာသာရေး အစွဲလန်းကြီးသူများကို အကြံပေးတာပါ။ ဘုရား၊ ဂိုဏ်းဂဏ  သတ်မှတ်ချက်တွေထက် အဆုံးအမ ဓမ္မအတိုင်း နေထိုင်ကျင့်ကြံရင် ခေါင်းစဉ်တွေ မလိုဘူး.. လက်တွေ့မှာ မဖြစ်နိုင်သလောက်ပဲ၊ ဒီတော့ တားမရ လုပ်ကြပေါ့ဗျာ..။

အထက်ပါ ဆွေးနွေးချက်ဟာ အစ္စလာမ်ဘာသာကို၎င်း၊ မွတ်ဆလင်များကို၎င်း၊ ကုရ်အာန်အသိပညာပြန့်ပွားရေး အဖွဲ့ကို၎င်း စော်ကားခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အမြင် ဖလှယ်ခြင်း ဖြစ်ပါတယ်။ စာဖတ်သူမှလည်း မှတ်ချက်ပြု ဝေဖန်ပါလျင် အပြုသဘောဆောင် ရေးသားပေးဖို့ မေတ္တာရပ်ခံသည်။

ယူကြုဖိုင်ကြည့်လိုလျင် https://www.youtube.com/watch?v=7KvKo0Z7Ggs


နောက်ဆက်တွဲ။ ဒီနေ့ လားရှိုး အဓိကရုဏ်းသတင်း ဖတ်ရတယ်။ ပို့စ်က မနေ့ထဲက ရေးထားတာ.. ဂေဇက် ဒေါင်းနေနေလို့ ခုမှတင်လိုက်တာ…။ လူမှုရေး အရှုပ်အရှင်းများဟာ ပြဿနာရဲ့ တစိတ်တပိုင်း ဖြစ်နေတာမို့ မွတ်ဆလင်လူဂျီးများ အလေးအနက်ထား စဉ်းစားဖို့လိုနေပါပြီ။ ကျမ်းစာပါ မူရင်းစာမို့ ဘာမှ မတတ်နိုင်ဆိုရင် အစ္စလာမ်တိုင်းပြည် အတော်များများမှာ ဖတ်တဝါခေါ်တဲ့ ဘာသာရေး အမိန့်ပြန်တမ်းတွေ တရားဝင်ထုတ်လို့ ရနိုင်ကောင်းပါတယ်။ ဂျီဟတ်လို စစ်ကြေငြာတာတောင် လုပ်လို့ရသေးတာပဲဗျာ.. အခြားလမ်းကြောင်းတွေလဲ ရှိနိုင်ကောင်းပါရဲ့…။

ရုပ်ရှင်မင်းသားရဲတိုက်နဲ့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီဘုရား ရှိခိုးကျောင်း ပြဿနာလည်း ဖတ်ရတယ်။ ဘုန်းဂျီးကလည်း ဘုန်းဂျီး မင်းသားကလည်း မင်းသား… သာသနာ အရေခြုံပြီး ခွင့်လွှတ်စိတ်ဓာတ် မမွေးနိုင်ရင် ဘာလို့ ခရစ်တော်တပည့် ခံနေသေးလဲဗျာ….. ဂျီးဇက်က ဘာသာပြောင်းသွားသူကို အဲလို ခွဲခြားဆက်ဆံရမယ် မှာထားခဲ့လို့လား… ရဲတိုက်ကလည်း ဗွီဒီယိုထဲမှာ တွေ့ရတာ it is about love ဆိုပြီးတော့ ပြောနေလိုက်တာ ဒေါနဲ့မောနဲ့.. ဘာသာရေးနော် ဘာသာရေး.. ဖင်မနိုင် ပဲဂျီးဟင်း မစားကြပါနဲ့… ဗျားတို့နဲ့ ငရဲမှာ လူပြည့်ပြီး လူဇိုးတွေ လာလို့မရတော့ရင် ဒွတ်ခ….။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး