တခါက ဖြစ်ပါသည်။ တီလုပ်မကြီး မမဝေါင် သည် ရုံး၌ အမ်ဒီ၏ အခန်းသို့အသွား

အခန်း အတွင်းမှ ရေးကြီးသုတ်ပြာထွက်လာသော ဂျီအမ် မဆင်မချင် တွန်းလွှတ်လိုက်သော ဆင်နားရွက်တံခါးနှင့် ခေါင်းနှင့် ဆောင့်မိကာ

လောကကြီးနှင့် ခေတ္တခန အဆက်အသွယ် ပြတ်သွားလေသည်။ မမဝေါင် စိတ်အစဉ် သည် ရေတံခွန်ပမာ

အဆက်မပြတ်စီးနေ၏ ။ ဟုတ်သည် သူမ ရေတံခွန် တခုဘေးသို့ရောက်နေသည် ။ သူမ ပါတ်ဝန်းကျင်ကို

စူးစမ်းနေစဉ်မှာပင် လူတစု သူမအနားသို့ ရောက်လာ၏ ။ အရှက်လုံရုံမျှသာ အဝတ်ဝတ်ဆင်ထားသောကြောင့်

ဒါ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ တွေ့ဖူးမြင်ဖူးသည့် လူရိုင်းတွေ ဆိုတာ မမဝေါင် ဒက်ထိသိလိုုက်သည်။

ငါ.. ငါ .. ဘယ်ကဘယ်လို တောထဲရောက်လာပါလိမ့် … ။ တွေးလို့မှ မဆုံးသေး လူရိုင်းအုပ်စုအတွင်းမှ

ကိုယ်ကာယ တောင့်တင်းသော လူရိုင်း ၄ယောက်၏ စွေ့ကနဲ ကောက်ပွေ့ခြင်း ကို ခံလိုက်ရပြီး သူရို့

ဆောင်ယူလာသော ဝေါယာဉ်ပေါ် ရောက်သွား၏။ ထို့နောက်တွင်ကား…။

အကျဉ်းချုပ်ရေးရပါမူ လူရိုင်းရွာဟုယူဆရသောနေရာသို့ မမဝေါင် ရောက်သွားပါသည်။ ရုပ်ရှင်တွေထဲကလို

ငါ့ကို ယာဇ်ပူဇော်ကြတော့မှာလား။ သေရတော့မလား မမဝေါင် စိတ်ပူနေလေ၏။ လူရိုင်းခေါင်းဆောင် ဖြစ်ဟန်တူသော

အသားမည်းမည်း ဆံပင်ကောက်ကောက် လူဝကြီးမှ ဆုံးဖြတ်ချက် ဖြစ်ဟန်တူသော တစုံတရာပြောလိုက်လေသည်။

မမဝေါင် လူရိုင်းစကား နားမလည်သည့်အတွက် သူဘာပြောသလဲ တော့ မသိပါချေ။ ခန့်မှန်းတာဖြစ်ပါသည်။

လူရိုင်းအုပ်အတွင်းမှ အရွယ်ကောင်း အမျိုးသားတယောက် နှင့် အမျိုးသမီးတယောက် ထွက်လာပြီး မမဝေါင်ကို တွဲခေါ်သည်။

မငြင်းမိ .. အော် သတ်မယ်သေရမယ် ဆိုရင်တောင် အငြင်သာဆုံးဖြစ်ချင်တာ လူသားသဘာဝမဟုတ်ပါလား။

မမဝေါင် အထင်နဲ့အမြင် ဒီတခါ လွဲသွား၏။ ဟိုလူရိုင်းစုံတွဲက သူရို့အိမ်ဟုယူဆရသော သစ်ပင်ပေါ်တွင် ဆောက်လုပ်ထားသည့်

လင့်စင်ဆန်ဆန် အိမ် ပေါ်ခေါ်သွားခြင်းဖြစ်သည်။ ရောက်ရောက်ချင်း မမဝေါင်ကို ကမုတ်နှင့် ရေတခွက်ခပ်တိုက်ပြီး

ကျားသားရေခင်းထားသည့် အိပ်ယာ ဟုယူဆရသောနေရာတွင် အနားယူစေ၏။ စိတ်အလွန်အမင်းတုန်လှုပ်ခြောက်ခြားခဲ့ရသောကြောင့်

လားမသိ။ မမဝေါင် တယောက် မှေးကနဲ အိပ်ပျော်သွားသည်။ …
တနာရီတောင် မရှိတရှိပေ မမဝေါင် နိုးလာသည်။ ရုတ်တရက် ခေါင်းထောင်၍ မကြည့်ဖြစ်သေး။ အသံဗလံ တချို့ ကြားနေရသည်…။

အသံလာရာသို့ မမဝေါင် ကြည့်မိသည်။ ဟင်င်င်င်။

သူတို့ သူတို့ … အတိအကျဆိုရပါမူ မမဝေါင်ကို ခေါ်ဆောင်လာသော လူရိုင်းလင်မယား ၂ယောက်။..

လူရိုင်းလင်မယား ဆိုလို့ သွင်ပြင်ကို မြင်အောင် ဖော်ပြရလျင် လူရိုင်း ယောက်ျားပျိုမှာ တောင့်တင်းသန်စွမ်းသော ခန္ဓာကိုယ် ပိုင်ရှင်

ဖြစ်ပြီး ကြေးနီရောင် အသားအရေ ရှိလေသည်။ လူရိုးလုံမပျိုမှာကား ဖြူသည်ဟုလည်း မဆိုနိုင် ဝါသည်ဟုလည်း မပြောအပ်သော

စိမ်းဖန့်ဖန့် နှင့် ခပ်ဝင်းဝင်း အသားအရေရှိ၏… ။ ထားပါတော့လေ … ယခုတော့ သူတို့ …သူတို့ ၂ဦး…။

ခြေ၄-၅လှမ်းအကွာမှ ..မြင်ရတဲ့မြင်ကွင်းကို မမဝေါင် အသေအချာပင်ကြည့်နေမိသည်။… သူတို့ ..သူတို့ ၂ဦး … အားရပါးရ (-) နေကြခြင်းပင်ဖြစ်သည်။

မမဝေါင် လူရိုင်းလုလင်ပျိုကို အသေအချာ အကဲခတ်မိသည်။ ဆံပင်အရှည် တွေက ဖိုသီဖတ်သီဖြစ်နေသော်လည်း စူးရဲသော မျက်လုံးနှင့်

ထူထဲသော မျက်ခုံးတို့ ပိုင်သူဖြစ်လေသည်။ ယခုမူ သူသည် လောကကြီးကို မေ့နေသယောင် အားရပါးရ (-) နေသည်..။

တချက်တချက်တွင် စိမ်းဖန့်ဖန့် မေးရိုးကြီးများကား တင်းကနဲ ထင်းကနဲ။

ရာသီဥတုက ပူနွေးစိုထိုင်း သောကြောင့်ပင်ထင့် ..နားသယ်စပ်ဝယ် ချွေးသီးချွေးပေါက်များ …သီးနေသည်။ ကြမ်းပြင်ပေါ်

ထောက်ထားသော သူ၏ လက်ဖျံတွင်မူ အကြောများက ပြိုင်းရရိုင်း ..ပေါ်နေ၏။ သူကတော့ သူ့ကိစ္စ ပြီးမြောက်ဖို့သာ

အာရုံထားသည် ထင်ပါသည်။ မမဝေါင်ကိုလှည့်မကြည့်။

မမဝေါင် အာခေါင်တွေ ခြောက်ကပ်လာ၏။ သို့သော် မျက်လုံးကိုကား မလွှဲလိုက်နိုင်။ အထက်ကပြောခဲ့သလို ခြေ၄-၅လှမ်း

အကွာတွင် ကြွက်သားအဖုအဖုနှင့် ထုထုပြီးခရာချင်စရာ ယောက်ျား တယောက် မိန်းမတယောက်နှင့်အတူ အားရပါးရ (-) နေသည်ကိုး

မမဝေါင် အကြည့်တွေက လူရိုင်း လုံမငယ်ဆီ ရောက်သွားသည်။

သူမသည် မိန်းမချင်းပင် ငေးကြည့်ရလောက်သည့် စင်ယော်တောင်မျက်ခုံးလေးများပိုင်ရှင်တည်း။

ယခုတော့ သူမလည်း သူမ၏ ခပ်ချွန်ချွန် နှာသီးဖျားလေးတွေ ချွေးစက်လေးတွေ တွဲလဲခိုနေသည်။

ဖွံ့သော ရင်အစုံသည်လည်း နိမ့်တုန်မြင့်တုန်။ သူမတွင် ကားစွင့်၍ ဝိုင်းစက်သော တင်သားများ ပိုင်ရှိနေသည်ကိုတော့

လူရိုင်းရွာလည်မှ ယခုလင့်စင် နေအိမ်သို့ လာစဉ်လမ်းအတွင် းမမဝေါင် မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့် အထူးတလည် ရေးမဖွဲ့လိုတော့

 

ထိုစဉ် မိုးဖွဲဖွဲလေး ရွာချလာသည်…။ လူရိုင်းလုံမငယ်၏ မျက်လုံးအစုံသည် လင့်စင်အပြင်ဘက် နေလှမ်းထားသော သားရေပြားတွေဆီ

ရောက်ရှိသွား၏…။ အော်.. နေလှမ်းထားတာ မိုးရွာလာတော့ သွားရုတ်ရမယ် မဟုတ်လား။ သို့သော် လူရိုင်းမကလေးသည်

သားရေပြား တွေ ရုတ်ဖို့ထက် လက်ရှိကိစ္စကိုသာ ပိုစိတ်ဝင်စားသည်ပင်။လက်ရှိကိစ္စပြီးမြောက်မှသာ သွားရုတ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်ထင့်။

ခပ်သွက်သွက် ပင်လှုပ်ရှားနေတော့လေ၏။

 

မမဝေါင် ရင်တွေပူလာသည်။ အသည်းတွေ ဗလောင်ဆူတယ် ဟု စာရေးဆြာတွေ တင်စားပြောဆိုကြတာ

ဒါမျိုးဟု ထင်သည်။ လူရိုင်းမလေးကို ကြည့်မိရင်း.. စိတ်ထဲမှ အားကျသလိုလို ကိုယ်ပဲ သူ့နေရာမှာ ဝင်ခံစားချင်သလိုလိုဖြစ်လာသည်။

ဖြစ်လာဆို ဒင်းကလေးကလည်း မျက်တောင် ရှည်ကြီးတွေ မှေးစင်းသွားသည်အထိ တချက်တချက် အရသာခံနေတာကိုး။

ပါးစပ်မှလည်း အသံတွေ ထွက်ရင်း စိတ်လိုလက်ရ ကို (-) နေခြင်းဖြစ်သည်။

မမဝေါင် စိတ်ထဲမှ အမျိုးအမည် မသိ ဝေဒနာတွေ အစဉ်မပြတ် တိုး၍ ပွား၍သာ ဖြစ်ပေါ်နေတော့သည်။ ကိုယ့်ဟာကိုယ်လည်း ရှက်မိပါသည်။

သို့သော် သူမလည်း လောကီလူသား ပင်ပဲမဟုတ်လား။ ဆန္ဒ ရမ္မက်နှင့် အာသီသ ဆိုတာ ရှိတတ်ကြ ပေါ်တတ်ကြတာ ဓမ္မတာ ပင်တည်း။

အားရပါးရ (-) နေကြသော လူရိုင်းလုလင်ပျို နှင့် လုံမငယ်ကိုကြည့်ရင်း မမဝေါင် မချင့်မရဲဖြစ်လာသည်။ သူမသည်လည်း သွေးနဲ့ကိုယ်

သားနဲ့ကိုယ် အရွယ်ကောင်း အမျိုးသမီးမဟုတ်တုံလော…။ နေရာကလည်း လူသူမနီး တောကြီးမျက်မည်း ..။ မိမိ ဌာနေက ဘယ်သူ

တဦးတယောက်မှလည်း ပြန်မသိနိုင်သော အနေအထား။ ဒီအချိန်မျိုးတွင် ဆင်ခြင်တုံတရားသည် အလွန်အမင်း ပါးလျနေတော့မှာ မုချပင်ဖြစ်သည်။

 

ဟတ်ချိုးးးးးးးးးး…..

 

မမဝေါင် အသံထွက်နှာချေလိုက်မိသည်…။ ဟာ.. သွားပြီ … ဟို၂ယောက် ကြား သွားလောက်ပြီ..။

ဟုတ်ပါသည် …။သူရို့၂ယောက် ပြိုင်တူဆိုသလိုပင် လှည့်ကြည့်သည်။ အားနာသည့် မျက်နှာ ကိုယ်စီနှင့်…။

ဟုတ်သည်။ ဧည့်သည် ကို အိမ်ခေါ်လာပြီး ဧည့်သည် အနားယူနေတုန်း ၂ယောက်တည်း ကျိတ်ပြီး (-) နေသလို

ဖြစ်ခဲ့တာကိုး..။

အဲ့သည့်လို ဂွတီးဂွကျ အနေအထားနှင့် အချိန်က ၁၉စက္ကန့်တိတိ ကြာသွားသည်။ ထို့နောက်တွင်တော့ …။

လူရိုင်းလုလင်ပျိုထံမှ သူရို့ဘာသာစကားနှင့် မမဝေါင် ကို တစုံတခုလှမ်းပြောသည်။ နားမလည်လောက်ဘူးဆိုတာ

ကိုလည်းတွေးမိသည်ထင့် … လက်ယပ်ပြီးလည်း ခေါ်နေသေးသည်။ အော်.. သူ့လက်မောင်းသားတွေက အဆီ တစက်မှ

မရှိသည့်အတွက် ကျစ်လစ်သန်မာမှုကို အထင်းသားမြင်နေရသည်။ လူရိုင်းမလေးကိုကြည့်ပြန်တော့ သူမကလည်း ပြုံးပြီးခေါင်းညှိမ့်ပြနေသည်

ဘယ်ဘက်ပါးပြင်ဆီမှ ပါးချိုင့်လေးက လှစ်ကနဲ ပကတိရိုးသားစွာ။ အော်.. သဘောထားကြီးတဲ့ သဘော။

 

မမဝေါင် ထ-ရပ်လိုက်သည် လုပ်သင့်သည် မလုပ်သင့်သည် သူမ မဝေခွဲနိုင်တော့။

သူမရင်ထဲမှ ဆန္ဒရမ္မက်က အလျှံညီးညီး တောက်လောင်နေသည် မဟုတ်တုံလော။

ခြေ၄-၅လှမ်းစာ ခရီးသည် အဘယ်ကြောင့် မာရသွန်ပြေးရသလို ပင်ပန်းနွမ်းရိနေပါသနည်း။မမဝေါင် မသိတော့ ။

လမ်းလျောက်တုန်း လဲကျမသွားအောင်ပင် ဟန်ချက်ကို ဂရုစိုက် ထိန်းကာ နောက်ဆုံး သူတို့၂ယောက်အနား ရောက်သွားလေတော့သည်။

အော် …မိမိအိပ်နေတုန်း အားပါးတရ (-) နေကြသော ငယ်ရွယ် လှပပြီး ရှေ့သွားနောက်လိုက်ညီသော စုံတွဲ ပေပင်။

ယခု မိမိက … မိမိက သူရို့ ၂ဦးကြားဝင်၍ … အို …။

လူရိုင်းမလေးက ကိုယ်ကိုရို့ပြီး မမဝေါင် ကိုနေရာပေး၏။။ အို… သူမအပေါ်တရားပါ့မလား…။အဲ့ဒါထက် ဆန္ဒရမ္မက် အာသာပြေဖို့က

ပိုပြီး ရှေ့ဆက်လုပ်ဆောင်ရန်တိုက်တွန်းနေလေသည်။

 

သိပ် မစဉ်းစားနိုင်တော့ …။ ရှက်ရှက်နှင့်ပင် လူရိုင်းပျိုကို တချက် ငဲ့ကြည့်မိသည်။ ပကတိရိုးရှင်းစွာပြုံးလျက် ပြန်ကြည့်လေသည်။

သူ့မျက်ဝန်းနက်နက်တွေက မမဝေါင် အနေဖြင့် အားနာမနေဖို့ ရှက်ရွံ့နေဖို့ မလို ကြောင်း ပြောနေသယောင်။

ထို့ပြင် မမဝေါင်၏ ဆာလောင် မွတ်သိပ်နေမှုကို သူ့အနေနှင့် ဖြည့်ဆည်းပေးခွင့်ရတာကိုပင် ကျေနပ်ပျော်ရွှင်နေသယောင်။

 

မမဝေါင် မရွံ့မရဲဖြင့် စတင် မလှုပ်ရှား ဝံ့ဖြစ်နေသည် ။ ဒီနေရာမှာ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက

လူရိုင်းမလေးဖြစ်သည်။ သူမသည် မမဝေါင် လက်ထဲကို တစုံတရာ ထည့်ပေးလိုက်သည်။

မမဝေါင်တယောက် လက်ထဲမှ ထိုမာမာတောင့်တောင့် အဝှာကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း

ရှက်ရွံ့ အားနာဟန်ဖြင့် လူရိုင်းမလေးကို ပြုံးပြီးကြည့်လိုက်သည်။

ထို့နောက် .. ထို့နောက် တွင်မတော့ …..။

ကင်မလာဖလက်ရှ်မီးများ ပြိုးပြိုးပြက်ပြက် လက်သလို ခံစားရသည်။

ဟော .. သမီး ..သမီး သတိရပြီ။

အသက်-၆ဝကျော် အမျိုးသမီးကြီး တယောက်၏ အသံ။ သူမကောင်းကောင်းကြီး ..မှတ်မိသည် ..ဒါ မေမေ .မေမေ…

ခေါင်းကိုသိပ်မလှုပ်နဲ့လေ..။

အသံရှင်က အပြာဝတ် ခပ်ဖိုင့်ဖိုင့် သူနာပြုဆရာမ တစ်ဦး။

မမဝေါင် နံရံ မျက်နှာကျက်နှင့် ကြမ်းပြင်ကို တချက် ရှိုးလိုက်သည်။

ဒါ.. ဒါ.. ဆေးရုံ။

အော်… မမဝေါင်တယောက် ဆင်နားရွက်တံခါးနှင့် တိုက်မိပြီး မေ့မျောသွားရင်း မနေ့ညက ကြည့်ခဲ့သည့်

တာဇံကား ကို စိတ်စွဲရင်း အိပ်မက်မက်နေတာပါလား ဟု ကိုယ့်ဟာကိုယ် ၁၀၀% သဘောပေါက် နားလည်သွားပါတော့သတည်း

 

 

 

စကားကြွင်း(ဝါ) အမှားပြင်ဆင်ချက်

စာရေးသူ၏ ဂရုမပြုမိမှုကြောင့် ဤစာစုတွင် (-) ဖြစ်နေသော နေရာများတွင် “ထမင်းစား” ဟူသော စကားလုံးကို

ဖြည့်သွင်း ဖတ်ရှုပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျားးးး။

 

P.S (ဝါ) ဒုတိယံပိ ဖြည့်စွက်ချက်

အဝှာ = မုန်လာဥ

အာဟိ

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011