-ရှေ့ အပိုင်းမှာ ဖော်ပြခဲ့ တဲ့ အပါချာ အကျဉ်းအကျယ်ကြောင့် အိတ်စပိုရှာပြောင်းလဲ သွားပုံ ဖြစ်ပါတယ်။

 

 

မှတ်ထားရမဲ့ အချက်ကတော့ အပါချာကို အလင်းရောင် ကောင်းကောင်းရတဲ့ အခါမှာ ကျဉ်းပြီး၊ အလင်းရောင် နည်း တဲ့ အခါ ကျယ်ရပါမယ်။

အပါချာ အကျဉ်း/အကျယ်ကြောင့် ပြောင်းလဲမှု နောက်တစ်ခုကတော့..

 (၂) DOF (Depth of Field)

 

DOF ကိုဖြစ်စေတဲ့ ကျန်တဲ့ အချက်တွေရှိပါသေးတယ်..နောက် အပိုင်းမှာ DOF အတွက် သပ်သပ်ရေးပေးပါမယ်။

Depth of Field ဆိုတာကတော့ ပြတ်သားမှုနယ် ဖြစ်ပါတယ်.. ပြတ်သားမှု နယ်ဆိုတာက ဓာတ်ပုံတွေမှာ တချို့ ပုံတွေက အားလုံး ပြတ်သားနေပြီးတော့ တချို့ပုံတွေ ကျတော့ subject ကသာ ပြတ်ပြီး နောက်ခံတွေ၊ ရှေ့ခံ တွေ အကုန်ဝါးနေတာကို ပြောတာပါ။ လူပုံက ပြတ်သားပြီး နောက်ခံ က၀ါးသွားအောင် ရိုက်ထားတဲ့ ပုံတွေတွေ့ဖူးမှာပါ.. Subject ပဲ ပြတ်ပြီး ကျန်တာတွေ ၀ါးတာကို ပြတ်သားမှုနယ် ကျဉ်းတယ် (Shallow DOF) လို့ခေါ်ပြီး၊ အကုန်ပြတ်တာကို ပြတ်သားမှုနယ် ကျယ်တယ် (Large DOF ) လို့ခေါ်ပါတယ်.. ဒီမှာ ကြည့်ဗျာ..

 

 

အပါချာနဲ့ DOF ဟာပြောင်းပြန်အချိုးကျပါတယ်..အပါချာကျဉ်းရင် (ဒါမှမဟုတ်) အပါချာ နံပါတ်ကြီးရင်  DOF ကျယ်ပါတယ်..

 

  • အပါချာနံပါတ်  ကြီး ရင်     အပါချာကျဉ်း       ပြတ်သားမှုနယ် ကျယ်
  • အပါချာနံပါတ်  ငယ်ရင်      အပါချာကျယ်       ပြတ်သားမှုနယ်  ကျဉ်း

အပါချာနံပါတ်ကို ကြည့်ပြီး DOF ကိုမှတ်မယ်ဆိုရင်.. ငယ်ရင်ကျဉ်းတယ် မှတ်မိတယ်နော်

 

 အဲဒီတော့ ကိုယ်ရိုက်ချင်တဲ့ subject ကိုပြတ်ပြီး နောက်တွေ ရှေ့တွေ ၀ါးသွားစေချင်ရင်အပါချာ f နံပါတ်ကို ငယ်ရမယ်… Portrait ရိုက်တဲ့ အခါမှာ DOF ကို ကျဉ်းတာကောင်းပေမယ့် ရှုခင်း landscape ပုံရိုက်ရင်တော့ DOF ကို ကျယ်မှ ရပါမယ်.. ဘာလို့လဲဆိုတော့ မြင်နေရတဲ့ ရှုခင်းက ပါတာတွေ အကုန်ကို ပြတ်မှ ရမှာ ကိုး

 

 

 

DSLR ကင်မလာတွေမှာတော့ အပါချာ ကို priority ထားမယ်ဆိုရင် Av, A ကိုရွေးရပါမယ်။ အပါချာ priority ထားမယ်ဆိုရင် အပါချာကို ပြောင်းလိုက်တာနဲ့ အိတ်စပိုရှာ မှန်အောင် ရှက်တာစပိက သူ့ဘာသာသူ လိုက်ပြောင်းပါတယ်။ [နောက် ပိုင်းမှာ ထပ် ရေးပေးပါမယ်။]

 

 

low lighting ဖြစ်နေတဲ့ အချိန်မှာ အပါချာကို တတ်နိုင်သမျှ ကျယ်ပါ.. ဒါမှ အလင်းများများ ၀င်နိုင်မှာ ဖြစ်ပါတယ်။    Bridge ကင်မလာတွေမှာ ကတော့ DSLR အတိုင်းလုပ်လို့ရတာ ဖြစ်တဲ့ အတွက် အားသာပါတယ်..

ဒီတော့ အပါချာ အပိုင်းမှာ မှတ်သားရမဲ့ အချက်တွေက

  • low lighting ဆိုရင် f ကို ငယ် (အပါချာ ကျယ်)
  • နေ့ခင်းဖက် နေပူတယ်ဆိုရင် f ကို ကြီး (အပါချာ ကျယ်)  f/11~f/14 လောက်ထားပါတယ်
  • မိုးအုံ့ရင် f/8~9
  • လူပုံရိုက်ရင်  လူပုံဆိုရင် DOF ကျဉ်းအောင် f ကို ငယ် (အပါချာကျယ်) ပုံသေမဟုတ်ပေမယ့် အများဆုံး f/5.6 လောက်ထားပါတယ်။
  • ရှုခင်းဆိုရင် DOF ကျယ်အောင် f ကို ကြီး (အပါချာ ကျဉ်း)

ကင်မလာ အသေးတွေမှတော့ ဒီလို အပါချာကို မပြင်နိုင်တဲ့ အတွက်မှောင်တယ်ဆိုရင် night mode ကိုပြောင်းရင် ရပါတယ်. ဒါဆို အပါချာ၊ ISO ကို အော်တို ချဲ့သွားပါတယ်။ နောက် လူပုံရိုက်မယ်ဆိုရင် mode ကို portrait mode ကိုပြောင်း၊ ရှုခင်းဆိုရင် Landscape mode ကိုပြောင်း ရပါတယ်.. အဲဒီ mode တွေကို ပြောင်းလိုက်တဲ့ အခါ ကင်မလာက သူ့ဘာသာသူတွက်ချက်ပြီး ရိုက်သွားပေးတာ ဖြစ်ပါတယ်..

 ကျန် အပိုင်းများ မကြာမီ ဆက်တိုက်ထွက်လာမည် မျှော့..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)