ကျွန်တော့ website NayOkkar.com မှာ လွှင့်တင်ထားသော ပုံများကို ရေဘေးအတွက် ဝယ်ယူလှူဒါန်းနိုင်ပါသည်.။ +++ ဈေးနှုန်း ၁၅၀၀ဝ ကျပ် မှ ၅၅၀၀ဝ ကျပ်ထိ အစားစား သတ်မှတ်ထားပါတယ်။ ဈေနှုန်းများကို website မှာကြည့်နိုင်ပေမယ့် အဲဒါဟာ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပြီး မိမိ တတ်နိုင်တဲ့ ပမာဏ အတိုင်း ညှိနှိုင်း ဝယ်ယူနိုင်ပါတယ်။ ဆိုလိုတာက ဒီပုံကို ဒီဈေးရမှ ဆိုတာမျိုးမဟုတ်ပါဘူး. ကိုယ်ကြိုက်တဲ့ပုံရဲ့ သတ်မှတ်ထားတဲ့ ဈေးကိုမတတ်နိုင်ဘူးဆို ရင် ကိုယ်တတ်နိုင်တဲ့ ဈေးပေးပြီး ဝယ်ယူ လှူဒါန်းနိုင်ပါတယ်။ ဒါကြောင့် ဒီဓာတ်ပုံကိုပဲ ဝယ်ယူလိုက်တဲ့ ဈေးနှုန်းခြင်း ကွာခြားနိုင်ပါတယ်။ ကျနော့အနေနဲ့ ဝယ်ယူတဲ့ သူလဲ ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ကိုယ်လိုချင်တဲ့ ပုံကလေး ရရှိသွားစေချင်လို့ပါ။ […]


ထမင်းစားပြီးပြီ ဆိုတော့ မြန်မာပီပီ လက်ဖက်ကလေးမြုံ့ကြတာပေါ့ဗျာ.. နှစ်ပြန်ကြော်နဲ့ပဲ ပြင်လိုက်တယ်ဗျာ.. ဒါကတော့ ဒဂျီးအတွက် လူကြီးဆိုတော့ ဂလိုလေးမှ ကြိုက်မပေါ့   ကဲကဲ လက်ဖက်စားပြီး လက်ဖက်ရည်လေးသောက်ဖို့ သွားဝယ်လိုက်ဦးမယ်ဗျို့   ကဲကဲရပြီ ကျောက်မြောင်းက နာမည်ကြီး လက်ဖက်ရည်.. ဟုတ်လားတော့မသိဘူး လက်ဖက်ရည်မသောက်ချင်ဘူးဆိုရင်တော့   ကဲ ထမင်းစားရတာ မဝသေးဘူးရင်တော့ ကြိုက်တာသာ နှိုက်စားတော့ ဗျို့ ကျနော်ကတော့ ပဲလှော်လေးဝါး၊  ဆေးပေါ့လိပ်လေး ဖွာ၊ ရေးနွေးကြမ်းလေးသောက်ရင်း ဇိမ်ယူလိုက်ဦးမယ်ဗျို့ နောက်ကျသွားလို့မစားလိုက်ရရင်တော့ နောက် တစ်ခေါက်မှစားဗျာ


— — — — — — — — —   နောက်ဆုံး post တင်ပြီး ၁ နှစ်နဲ့ ရ လ အကြာမှာ သရဲဝင်ခြောက်လိုက်ပါဦးမယ်.. ပထမတော့ fb မှာပဲတင်နေတာပါ.. မမခင်ဂျော်ရဲ့ တောင်းဆိုချက်ကို မလွန်ဆန် နိုင်တဲ့ အလျောက် ရွာသားတွေ သားရေ ယိုစေဖို့ မြန်မာတို့ရဲ့ မြန်မာ ဘီယာတော့ မဟုတ်ပါဘူး မြန်မာစားစရာလေးတွေကို အသိတစ်ယောက် ရိုက်ခိုင်းလို့ ရိုက်ပေးထားတာပါ..     ကဲဗျာ ခင်ဗျားတို့ကို စကြွေးချင်တာကတော့ ပန်းစွယ်တော်က မြန်မာဟင်း set ပါပဲ.. ကြက်သားဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ငပိချက် တို့ စရာနဲ့ ဘာရွက်ကြော်လဲတော့မသိဘူး စားဗျာအားတော့မနာကြနဲ့ ကျတော်က အားရပါးရစားမှ ကြိုက်တာဗျ   အအီပြေသရက်သီးသုတ်လေးလဲ မမေ့နဲ့ဦးနော ဝါတွင်းကာလ […]


– – – – – – – – – – – – – – – – – – – မန်းလေးဂဇက် (သဂျီးကတော့ မြန်မာဂဇက်လို့ အင်ပရု လုပ်ထားပေမယ့် ဂလိုပဲခေါ်မယ်) အဖွဲ့ဝင်များရဲ့ တတိယ အကြိမ်တွေ့ဆုံပွဲ ကို ယခင် ဒုတိယ အကြိမ် ကျင်းပထားတဲ့  SHANTI စားသောက်ဆိုင်  မှာပဲ လုပ်ဖြစ်မယ်ပြောတာကြောင့် လမ်းညွှန်လေးကို  တတိယအကြိမ်မြောက် ထုတ်ဝေလိုက်ပါ ကြောင်း.. ယခင်က မလာဖူးတဲ့ ညီအကို မောင်နှမနများ ဒီလမ်းညွှန်က ကူညီပေးနိုင်ပါလိမ့်မယ်.. ကျနော်ကတော့ လေဒီအုပ် နဲ့ ပြင်ဦးလွင်ကိုလိုက်ပါ သွားရမှာ ဖြစ်တဲ့ အတွက် ဒီတခေါက်လဲ မလာနိုင်တော့ပါ။ ဦးမိုက်နဲ့ ဦးပေ အနော့ကို ခွေးလွှတ်ပါနော့။ […]


    – – – – – – – – – – – – – – – – – – – – – –   တစ်ခါမှမရေးဘူးလို့  .. ဒါကဗျာလို့ဆိုရင် ရမလား အရူး အချစ်အတွက် အသက် စွန့်ခဲ့ကြသတဲ့ အချစ်အတွက် ဘဝ စွန့်ခဲ့ကြသတဲ့ အချစ်ကြောင့် မူးကြသတဲ့ အချစ်ကြောင့် ရူးရသတဲ့ ဒါကို သူတို့ကိုယ် သူတို့ အချစ် သူရဲကောင်းတဲ့ တချိန်က ဟားတိုက်ပြီး ရီခဲ့တယ်. ကုမရတဲ့ အရူးတွေ ပေါ့ ခုတော့ ငါ အဲဒီ အရူးတစ်ယောက်ဖြစ်ချင်တယ် […]


  – –    ဥပေါက်၊ ဂန္ဓာရီ နှင့် လုလင် ( 3in1 photo gallery )  တောင်ပြုံးပွဲ အသွား မန်းလေးမှ အချိန်နေ့ဝက်လေးရတုံး ရရာလေးရိုက်လာခဲ့တာပါ.. ကျူပ်ရဲ့ထုံးစံအတိုင်း အနှောက်အယှက်က အမြဲ.. အရင်လ သွားတုန်းကလဲး မိုးတောင် မအုံ့တဲ့ မန်းလေး ကျုူပ်လဲရောက် တိမ်တွေထူနေပြီး မိုးတောင်ရွာလို့ ငုတ်တုတ်မေ့။ သိတယ်မဟုတ်လား ဆြာအုပ်တို့ သွားရင် နွေခေါင်ခေါင် အညာပုဂံတောင် မိုးရွာချတာ အဲလို အဲလို .. လူကနေပေမယ်.့  သကြားမင်းတောင် မနေရဘူး.. ဥပေါက်နဲ့ကျတော့ အီစီကလီ လုပ်နေတဲ့ မန်းလေးက ကျုပ်လဲရောက်ရော ဒီတစ်ခေါက်လဲ မိုးအုံ့နေလို့ ဦးပိန်မှာ ဘာမှမရ ခဲ့.. နေ့လည် တိမ်လေးတွေလှတယ် ဆိုကျုံးကို ပြေးရိုက်တော့ ရေတွေက နောက်နေတာနဲ့ တလွဲ ဥပေါက်က […]


  – – – – – ဘာနာမည်ပေးရမှန်းမသိတာနဲ့ ဇူး လို့ပဲ ပေးလိုက်တယ်ယယ ရန်ကုန်တိရိစာ္တန်ရုံအတွက် ဓာတ်ပုံလိုတယ် ဆိုလို့ အကူအညီပေးတဲ့ အနေတဲ့ ရိုက်ပေးလာခဲ့တာပါ.. ကျနော့ post လေးကို အားပေးတဲ့ သူများအတွက် အကြင်နာလေး ပေးချင်ပါတယ်.. အာာာာာာ မွာာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး                          


– –   — – – – – – – –  ၁၈ ရက်နေ့ မန်းလေးသွားမဲ့ ကိစ္စပျက်ပြီး ၁၉ ရက်နေ့မှ သွားဖြစ်ပြီးသကာလ ဥပေါက်ရှိရာမန်းလေးမှာ ဥပေါက်နဲ့တူတူ လမ်းသလားကြရင်း မဲမဲမြင်ရာ ဆော်ကြပြီးတဲ့ နောက်..၂ ယောက်ထဲပြရမှာ ထက် ပိုမိုစုံလင်စေရန် ကလုလင် ပါ ပါဝင်အားဖြည့်ပြီး 3in1 photography ပြခန်းလေး ကို ဖွင့်လှစ်လိုက်ပါ ဂျောင်း…..                  


– – – – – – – – – – – – – – – – – – – – ဂဇက်ပွဲကို မလာဖြစ်လို့တောင်းပန်ပါတယ်ဗျို့.. မန်းလေးကိုသွားမှာ မို့လို့ပါ.. အမှန်ကတော့ ခုချိန်ဆိုရောက်သွားပါပြီး.. အဖြစ်အပျက်လေးကတော့- မန်းလေးသွားမယ်ဆိုပြီး ရွှေမန္တလာကားနဲ့ ည ၉ နာရီဝယ်ထားတယ်.. ရုံးကပြန်တာ ကားတွေပိတ်နေတာနဲ့ အိမ်ရောက် တော့ ၆း၃၀.. ရေမိုးချိူးပြီး ရး၃ဝ မိနစ်  မားသားက အတင်းသွားခိုင်းနေတာနဲ့ ထွက်ဖြစ်တယ်.. တာမွေကဆိုတော့ အချိန် ၁နာခွဲတောင်ပေးထားတာအေးဆေးပေါ့ ..လမ်းမှာ အဆင့်ဆင့်ပိတ်ပြီးသကာလ.. ၆ ကွေ့ကိုရောက်တယ် ကားကဆက်မရွေ့တော့ဘူး .. ကားသမားတွေတောင် ကြုံဖူးပေါင် လို့ပြောသွားတယ်. ၈းဝဝ မိနစ် နောက် […]


– – – – – – – – – – – – – – – – – – – – – – ဓာတ်သေပညာကျမ်း အပိုင်း(၁၀) July 13, 2013 at 10:49pm ရှက်တာစပိအကြောင်းတော့ ပြောပြီးပါပြီး.. ခုပြောလာခဲ့တာတွေက တခုချင်းဆီရဲ့ အကြောင်းတွေဖြစ်ပါတယ်.. တကယ်တော့ ဓာတ်ပုံ ရိုက်တယ်ဆိုတာ အပါချ နဲ့ ရှက်တာစပိ သမမျှတအောင် ချိန်ပြီး ဖန်တီးရတာပါ.. အဲဒီလို ဖန်တီးပြီးရိုက်ကူးရတာတွေကိုတော့ ပြီးရင် နောက်ပို့စ်တွေမှာ ပြောပြပေးမှာ ဖြစ်ပါတယ်. ခုပြောပြချင်တာကတော့ လန်းစ်ကနေ တဆင့်ခြင်းလာလိုက်တာ ရှက်တာ ပြီးတော့ ခုပြောမှာ […]


– – – – – – – – – – – – – – – – – – – စကားချီး    ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ ဆိုင်မှာ… SHANTI Indian Restaurant   ဖြစ်ပြီး. P3 မှ အစားအသောက်ကို မှာထားကြောင်းသိရလို့ ၁၄-၇-၂၀၁၃ မှာ ကန်တော်ကြီးထဲ ဝင်ပြီး shanti ကို ရိုက်ခဲ့ပါတယ်.. P3 နဲ့ မျက်နှာခြင်းဆိုင် ဖြစ်တဲ့ အတွက် p3 ကိုရောက်ရင် ရောက်ပါတယ်.. (ဖြည့်စွက်။   ။  ကျနော်သေသေချာချာ မဖတ်ပဲ p3 ဆိုပြီးတင်လိုက်ပါတယ် […]


– – – – – – – – – – – – – – – – – – ဓာတ်သေပညာကျမ်း အပိုင်း(၉) အပိုင်းတွေကို မရှည် ရှည်အောင်ဆွဲပြီးသကာလ.. ဆက်ပြောပါမယ်.. ရှက်တာစပိကြောင့် အိတ်စပိုရှာပေါ်မှာ သက်ရောက်မှုဖြစ်တဲ့ အတွက် ရှက်တာစပိနဲ့ အိတ်စပိုရှာဟာ တိုက်ရိုက် အချိုးကျပါတယ်.. အလင်းများများလိုချင်ရင် ရှက်တာစပိကို ကြာကြာထား၊ အလင်းနဲနဲလိုချင်ရင် ရှက်တာစပိကို နှေး.. ဆိုတော့ကာ ဥပဒေသက (၁)က မှောင်နေတဲ့ နေရာမှာရို်က်ရင် ရှက်တာစပိကို နှေး၊ လင်းတဲ့နေရာမှာ ရိုက်ရင် ရှက်တာစပိကို မြန် .. DSLR နဲ့ Bridge ကင်မလာတွေ မှာ […]


– – – – – – – – – – – – – – – – – – ဓာတ်သေပညာကျမ်း အပိုင်း(၈) ရှက်တာစပိ အခုပြောမှာကတော့ ဓာတ်သေပညာမှာ အဓိကကျတဲ့  shutter speed အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်. shutter speed ကိုမပြောခင် shutter ကိုအရင်ပြောပါမယ်.. ရှက်တာ ဆိုတာက ကင်မလာ ဘော်ဒီထဲက ပုံရိပ်ဖမ်း ဆင်ဆာ ကို မရောက်ခင် ဆင်ဆာရှေ့မှာ shutter လေးရှိပါတယ် ..  အဲဒီ shutter တံခါးပေါက်ကလေးဟာ ဓာတ်သေရိုက်လိုက်တဲ့ အချိန်တဒင်္ဂလေးမှာ ဖွင့်ပြီး ပြန်ပိတ်ပါတယ်.. အဲဒီ ရှက်တာလေးအဖွင့်အပိတ်လုပ်လိုက် […]