ဂဇက်ကွန်းဖရန့်၂ ကျင်းပမယ့် SHANTI Restaurant သို့ ဂန္ဓာရီ လမ်းညွှန်
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
–
စကားချီး
ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ ဆိုင်မှာ… SHANTI Indian Restaurant ဖြစ်ပြီး. P3 မှ အစားအသောက်ကို မှာထားကြောင်းသိရလို့ ၁၄-၇-၂၀၁၃ မှာ ကန်တော်ကြီးထဲ ဝင်ပြီး shanti ကို ရိုက်ခဲ့ပါတယ်.. P3 နဲ့ မျက်နှာခြင်းဆိုင် ဖြစ်တဲ့ အတွက် p3 ကိုရောက်ရင် ရောက်ပါတယ်..
(ဖြည့်စွက်။ ။ ကျနော်သေသေချာချာ မဖတ်ပဲ p3 ဆိုပြီးတင်လိုက်ပါတယ် အန်တီဘုံမာ ပို့စ်မှာ က (ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ) တွင်လို့ဆိုတဲ့အတွက် အခုပုံတွေမှာ ပါတဲ့ P3 စားသောက်ဆိုင်ရဲ့ ညာဖက်က ဆိုင်ဖြစ်ပါတယ်)
ကနော်ကတော့ ဒီတစ်ခေါက် လာနိုင်မည်မဟုတ်သဖြင့် အန်တီဘုံမာ နှင့် တဂွ ဆီစင် သူများအား လေစားစွာ တောင်းပန်အပ်ပါတယ်.. (လာချင်လဲလာမယ်.. အခြေအနေအရပဲ)
ှSHANTI စားသောက်ဆိုင်
ကန်တော်ကြီးထဲက မျှော်စင်ကျွန်းဘက်ကို လာဖူးတဲ့ သူလဲရှိမယ်.. မလာဖူးတဲ့သူလဲရှိမယ် ထင်ပါတယ်.. ဒါကြောင့် SHANTI စားသောက်ဆိုင် ဘယ်လိုလာရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်
့တည်နေရာက လတ်/လောင် 16.795944,96.169916 မှာရှိပါတယ်.. google map မှာ ဘယ်လိုရှာရမလဲ မသိရင် ဒီမှာ ကြည့်ပါ
Taxi နဲ့လာမယ်ဆိုရင် မျှော်စင်ကျွန်း လို့ပြောပါ..
လိုင်းကားစီးမယ်ဆိုရင်
- ဗဟန်း ၃ လမ်းဘက်/သုဝဏဘက် ကဆိုရင်၄၆ ဟိုင်းလတ် (အဝါ/အစိမ်း). စီးပြီး မျှော်စဉ်ကျွန်းလို့ပြောပါ..
- မြောက်ဥက်ကလာ ဘက်ကဆိုရင် ၁၀၃ တောင်းအေ့ ဂိတ်ဆုံးစီးပါ.. ဂိတ်ဆုံးမှာ ဆင်းပြီး လမ်းပြန်လျှောက်ရမယ်..
- ရန်ကင်းက လာတဲ့ ၃၃ ကားကြီးဆိုရင် အလုပ်သမားဆေးရုံမှတ်တိုင်ဆင်းပြီး ရှေ့ကို ဆက်လျှောက်ပါ.. အဲဒီက အနီးဆုံးကိုရောက်တဲ့ ကားတွေပါ..
တာမွေဘက်က ဝင်ရင် တွေ့ရမယ့် မြင်ကွင်းများ ဖြစ်ပြီး မျှား အနီက သိမ်ဖြူဘက်က ဝင်ရင်တွေ့ရမယ့် မြင်ကွင်းတွေ ဖြစ်ပါတယ်.. ပုံတွေမှာ နံပါတ်တပ်ထားပေး ပြီး နံပါတ်တွေကို မြေပုံပေါ်မှာ ပြန် ဖော်ပြပေးထားပါတယ်..ပုံ နာမည်တွေမှာ L1 ပုံဆိုရင် မြေပုံပေါ်က L1 လို့ပြထားတဲ့ နေရာမှ ရိုက်ထားတာပါ.. L နဲ့စတာတွေက သိမ်ဖြူဘက်က ဝင်တာဖြစ်ပြီး R1, R2.. စတာတွေ ကတော့ တာမွေဘက်က ဝင်တဲ့ လမ်းကြောင်းပါ..

သိမ်ဖြူဘက်မှဝင်လျှင်








တာမွေဘက်မှဝင်လျှင်








ကန်တော်ကြီး





24 comments
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 10, 2013 at 1:12 pm
ဆြာအုပ် အပိတ်ကနေ အပွင့် ဖြစ်သွားပါဂျောင်း..
ဟီဟိ
ဂန္ဓာရီ ဆြာအုပ်
July 10, 2013 at 7:20 pm
ဟယ်သများ ပွင့်သွားပီတော့ ကိုကို အရမ်းဆိုးတာပဲ..ဟွန့်
အလင်း ဆက်
July 10, 2013 at 10:04 pm
ပွင့်သွားရင်လည်း..နည်းနည်း.. 0n ထားပါကွယ်…
😆
Foreign Resident
July 10, 2013 at 1:16 pm
ပြဿနာ နဲနဲ ရှိနေတယ် ။
အဘ ၊ နောက်ဆုံး သိရသလောက် နားလည်ထားသလောက် ကတော့ ၊
အခုတစ်ခေါက် လုပ်မယ့် ဆိုင်က P3 မဟုတ်ဘူး ။
( P3 မဟုတ်ဘူး )
အရင် တစ်ခေါက်က P3 မှာ လုပ်ခဲ့ပြီး ။
အခု တစ်ခေါက် လုပ်မယ့် ဆိုင်က P3 ရဲ့ မျက်နှာချင်းဆိုင် ဘက်က ဆိုင် ။
( P3 ရဲ့ မျက်နှာချင်းဆိုင် ဘက်က ဆိုင် )
ခက်တာက မပဒုမ္မာ က သူ့ရဲ့ ” ဖိတ်စာဝေနေပါသည် ” Post မှာ ။
နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင်
(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ) တွင်
လို့ မရှင်းမရှင်း ရေးလိုက်တော့ နားလည်မှု လွဲသွားတယ်လို့ ထင်တယ် ။
နောက်ဆုံး Information သိသူများ ၊ အမြန်ဆုံး သတင်းမှန် ထုတ်ပြန်ပေးပါ ။
( တိုက်တိုက် or ဦးကြီးမိုက် or မပဒုမ္မာ တစ်ယောက်ယောက်ပေါ့ )
kyeemite
July 10, 2013 at 3:30 pm
“နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင်
(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ) တွင်”
နေရာကတော့ အပေါ်ကအတိုင်း ဒေါ်ပဒုမ္မာပြောထားတာအမှန်ပါ…
နေရာပိုင်ရှင်ဘယ်သူလဲ ကျနော်တော့ သေချာမသိခဲ့ပါဘူး…ဒါပေမဲ့
လမ်းညွှန်အရ ပီ3 ကိုရောက်ရင် ရောက်ပါတယ်..ကျနော်တို့လည်းကြိုရောက်ပြီး
ဧည့်ကြိုလည်းစီစဉ်ထားမှာပါ..နေရာအတွက်ရော အစားအသောက်အတွက်ရော
ပီ3 ကပဲအားလုံးစီစဉ်ပေးတာမို့ ဘာပဲလိုလို ပီ3ဆိုင်ရှင်နဲ့ပဲ စကားပြောရမှာပါ…
Foreign Resident
July 11, 2013 at 10:25 pm
ရှင်းပြတဲ့အတွက် ကျေးဇူးပါ ကို ကြီးမိုက် ရေ ။
” P 3 မျက်နှာချင်းဆိုင်ဖက်က ဆိုင် နော် ၊ သိကြပြီနော် “
အလင်း ဆက်
July 10, 2013 at 2:40 pm
အဲဒိနေ ့
အလင်းဆက်က မြောက်ဥက္ကလာဘက် ကနေ
၁၀၃ စီးလာပါမယ် ။
အရင်တစ်ခေါက်က လာတဲ့အတိုင်းပါပဲ
သတင်းကြိုပေးခဲ့တာပါ
ချစ်သုဝေနဲ့ လွဲမှာ စိုးလို ့
ပြီးတော့
ချောင်းရိုုက်ဖို ့စောင့်နေမယ့်သူ မရှိလောက်ဘူး ထင်လို ့
ဟိဟိ
အခုမှပဲ မန့်ရတော့တယ်
ခုနက ဝင်ကျိပြီး မန် ့မရလို ့ပြန်ထွက်ခဲ့ရတာ
😆
kyeemite
July 10, 2013 at 3:34 pm
ဆြာအုပ်ဓါတ်ပုံတွေထဲက “L9 တွေ့ပါပြီ ဒီမှာ” ဆိုတဲ့ပုံမှာတွေ့ရတဲ့
အဝါရောင်ရာဇမတ်ကာထားတဲ့ဖက်အခြမ်းပါ….
မဟာရာဇာ အံစာတုံး
July 10, 2013 at 3:43 pm
မလာဒတ်ဒူဒွေ …
ချာအုပ် ညွှန်းဒဲ့အတိုင်းဒါ လာဂဲ့ဂျဘာ ..
အိုက်ကို ရောက်ရင် အရပ်ပုပုနဲ့ လူူဂို ချာဘာ …
ဒီလူကို ခေါင်းခေါက်ပီး ဘယ်နေရာလဲ မေးလိုက်ရင် ယားဘာဒယ် …
ခေါင်းခေါက်ပီး မေးလို့ မရရင် ..
ပါးရိုက်ပီး မေးနိုင်ဘာဒေးဒယ် .. ဟီဟိ ..
ရွှေတိုက်စိုး
July 12, 2013 at 2:17 pm
ဟဲ့ ဟဲ့ အရပ်ပုဒဲ့သူ ဆိုတော့.. နီချကားက နှစ်ကောင်ထိနေဒယ်နော်..
ချကားကျောချင်ချင်ပါ……ဒါဘဲ..
တရပ်ထဲသားချင်းဒွေ စည်းလုံးဒယ်နော်… ဒို.နှစ်ယောက် ပေါင်းပွတ်လိုက်မှာဂျ………ဟွန်.
ဂန္ဓာရီ ဆြာအုပ်
July 12, 2013 at 9:40 pm
အရပ်ပဲပုတာနော်.. ဟွန်းဟွန်းဟွန်းဟွန်း
မဟာရာဇာ အံစာတုံး
July 13, 2013 at 12:00 am
တိန် ….
နှစ်ယောက်ပေါင်းပီး ပွတ်ဂျမယ်ဒဲ့ …
ကျောက်ချာဂျီးးး
တစ်ယောက်ဂလည်း အရပ်ပဲ ပုတာ … တဲ့ …
ဘာဒင်းက မပုဒါဘဲ သိပု … ချင်းချင်းလည်း ပေါမတွားဘု … ခွိခွိ …
Ma Ma
July 11, 2013 at 8:33 am
ဂန္ဓာရီလမ်းညွှန်ဆိုတော့ ……….
အာလာဒင်မီးခွက်လေးထွန်းပြီး နံ့သာမီးခိုးတန်းလေးနောက်ကို မျက်လုံးစုံမှိတ်ပြီး လျှောက်သွားလိုက်ရမယ်ထင်တယ်။ 😆
လုံမလေးမွန်မွန်
July 13, 2013 at 12:02 pm
အဲ့နေ့…တစ်ချို့တစ်ချို့တွေနဲ့ ကြိုတွေ့မှာဆိုတော့ သူတို့လာတဲ့အတိုင်း လာခဲ့မယ်.. မသိတော့ရင် ဖုန်းဆက်မယ်..ဒါဗျဲ..
အလင်း ဆက်
July 14, 2013 at 5:26 pm
အက်ဒိနေ ့
ကန်တော်ကြီး p3ဆိုင်နားမှာ
ယောင်လည်လည်ဖြစ်နေတဲ့
အောင်ရဲလင်းနဲ့ တူတဲ့ ခပ်ချောချော ကောင်လေးကို တွေ ့ရင်
ခေါ်ကြပါနော့
အက်ဒါ
အလင်းဆက်ပါ
လူကလေး
July 15, 2013 at 10:43 am
ကဲ .. အိုးတွေကို တွေ့အောင် ရှာရမပေါ့ ..
ရွှေအိုးကြီးတွေ တွေ့အောင်ရှာ.. ရွှေအိုးကြီးတွေတွေ့ရင် ပွဲသိမ်းပြီ.. :kwi:
မိုက်ကယ်ဂျော်နီအောင်ပု
July 15, 2013 at 2:37 pm
ကျိရဒါ ရန်ဂုံမြိုု့ကြီးအတော်ကျယ်ပုံရတယ်
ကျုပ်တို့ရွာမှာဆို အလှူအိမ်ဘယ်ရှိလည်းမမေးနဲ့
လော်စပီကာသံကြားတဲ့နောက်လိုက်သွား
တန်းးးးးးးနေဒါဘဲ
ဒါပေမယ့်သူ့ရတနာမြေပုံအရတော့ ရွှေအိုးကြီးခုနှစ်လုံးရှေ့ရောက်ရင်
ဓာတ်ပုံရိုက်ခဲ့ဦးမှ
padonmar
July 16, 2013 at 8:14 pm
စာအုပ်ရေ
update အတွက် ကျေးကျေးပါ။
ခေါင်းပေါင်းကြီးနဲ့ တိုက်ပုံရှာမရလည်း လာပါဟယ်။
တီချာ့ကို ကျောင်းသားတွေက ချောင်းရိုက်ချင် အဲမှားလို့
တွေ့ချင်ကြလို့ပါ။
အရီးခင်လတ်
July 16, 2013 at 8:25 pm
အစ်မဒုံ ရေ
အပေါ်မှာ ဘပု တစ်ယောက် အတိတ်စိမ်း ပေးနေတယ်။
သူ့ကြည့်ရတာ တိတ်တိတ်လေးလာချောင်း မလားဘဲနော။
အနီးအပါး မယောင်မလည် လုပ်နေသူ တွေ့လို့ ကတော့ ဆွဲခေါ်ပြီးသာ စစ်ဆေးပေတော့။
😆
အရင်ပွဲက ဟိုနှစ်ယောက် ကိုထင်မိတာ ကို ပြန်တွေးတွေးပြီး ရီ ရီ နေမိတော့တာဘဲ။
လာချင်တယ်ဗျို့။
လွဲချင်တော့ ဒီတစ်ခေါက် လူကြုံလဲ လွဲသွားပြန်ပြီ။
ဂန္ဓာရီ ဆြာအုပ်
July 19, 2013 at 9:49 am
အန်တီဘုံမာရေ လာချင်ပေမယ့် မန်းလေးကို သွားမှာမို့လို့ မလာဖြစ်နိုင်တာ
ခွင့်လွှတ်ပါနော်
အားလုံးကိုအားနာပါတယ်
padonmar
July 16, 2013 at 9:28 pm
ဘပုဆို မှန်းလို့တတ်ပါတယ်။
ကွာတားပန် အကွက်လေးကို ခပ်ဖစ်ဖစ် ဝတ်လာမှာပေါ့။
တွေ့လို့ကတော့ ဆွဲခေါ်ပြီး ဒါ့ပုံရိုက်ကြမှာ။
မှော်ဆရာ
July 16, 2013 at 10:04 pm
တီတီ … ကျွန်တော် လာဖို့ အတတ်နှိုင်ဆုံး ကြိုးစားနေပါတယ်ခင်ဗျာ …
မှော်ဆရာ
July 16, 2013 at 10:06 pm
ပိတ်ရက်အမှီ စာရင်းမတင်နှိုင်တာကို ခွင့်လွှတ်ပေးပါ ..။
ဦးဦးပါလေရာ
July 16, 2013 at 10:37 pm
တကယ်တော့ အဲဒီနေ့မှာ အဲဒီတဝိုက် ဝရုန်းသုန်းကားလုပ်နေမှာ ဂဇက်အဖွဲ့ပဲရှိမယ်ထင်တယ်။
ဒါ့ပုံတွေ မှတ်ရမှာပျင်းရင် ကျုပ်လမ်းညွှန်မယ်-
ကန်တော်ကြီးထဲဝင် – မျှော်စင်ကျွန်းသွားတဲ့လမ်းဆုံကိုသွား- လူစုစုမြင်ရင် ဝင်အကဲခပ်-
၁- ရေခဲချောင်းရောင်းတဲ့ ပုံးလိုဟာမျိုးတွေလွယ်ထားပြီး လူကလွဲရင် ကျန်တာအကုန် စိတ်ဝင်တစားပြူးပြဲကြည့်နေကြတာတွေ့ရင်-
….အဲဒါ… ဒါ့ပုံဆြာတွေ …. အောက်ဒိုးလာရိုက်တာ…။
၂- ဆင်တူဝတ်စုံတွေဝတ်ထားတဲ့ ကလေးတွေနောက်ကို ဆရာမချောချောလေးတွေက အမောတစ်ကောလိုက်ပြီး တောင်ပြေးဆွဲ မြောက်ပြေးဆွဲလုပ်နေရင်-
အဲဒါ… ဘိုကြက်ချေးကျောင်းသားတွေ အိပ်စကပ်ရှင်းထွက်တာ….
၃- အသက်ကြီးကြီး လူကြီးတွေရယ် အသက်ငယ်ငယ် လူငယ်လေးတွေရယ် တစ်စုတစ်ဝေးထဲတွေ့ရင်-
အဲဒါ သက်ကြီးပူဇော်ပွဲလုပ်နေတာမဟုတ်ဘူး။ ဂဇက်ကွန်ဖရင့်လုပ်နေတာ…။ စိတ်ဒုံးဒုံးချပြီး ဝင်သွားလိုက်ပေတော့…..