မြန်မာတို့အတွက် မြန်မာအချိုပွဲ
ထမင်းစားပြီးပြီ ဆိုတော့ မြန်မာပီပီ လက်ဖက်ကလေးမြုံ့ကြတာပေါ့ဗျာ.. နှစ်ပြန်ကြော်နဲ့ပဲ ပြင်လိုက်တယ်ဗျာ..
ဒါကတော့ ဒဂျီးအတွက် လူကြီးဆိုတော့ ဂလိုလေးမှ ကြိုက်မပေါ့
ကဲကဲ လက်ဖက်စားပြီး လက်ဖက်ရည်လေးသောက်ဖို့ သွားဝယ်လိုက်ဦးမယ်ဗျို့
ကဲကဲရပြီ ကျောက်မြောင်းက နာမည်ကြီး လက်ဖက်ရည်.. ဟုတ်လားတော့မသိဘူး
လက်ဖက်ရည်မသောက်ချင်ဘူးဆိုရင်တော့
ကဲ ထမင်းစားရတာ မဝသေးဘူးရင်တော့ ကြိုက်တာသာ နှိုက်စားတော့ ဗျို့
ကျနော်ကတော့ ပဲလှော်လေးဝါး၊ ဆေးပေါ့လိပ်လေး ဖွာ၊ ရေးနွေးကြမ်းလေးသောက်ရင်း ဇိမ်ယူလိုက်ဦးမယ်ဗျို့
နောက်ကျသွားလို့မစားလိုက်ရရင်တော့ နောက် တစ်ခေါက်မှစားဗျာ
13 comments
ဦးကျောက်ခဲ
August 6, 2015 at 2:32 pm
ရှလွတ်စ်… လဘက်ရည်ကျဆိမ့်နဲ့ ပြာရည်ထုပ်လေးဆွဲလိုက်ရ…
အာကပါးစပ် လူဖြစ်ကျိုးနပ်သွားမယ် … သွားရည်ကျပါဘိ… ဂွိ :k:
ဇီဇီခင်ဇော်
August 6, 2015 at 2:45 pm
ရက်စက်လိုက်တာ ဆရာအုပ်ရယ်။
ဘာပဲပြောပြော လက်ဖက်ကို နှိုက်မြည်းသွားပြီ။
မုန့်လက်ဆောင်း က လှလိုက်တာ။
တောင်ပေါ်သား
August 6, 2015 at 3:42 pm
ဗိုက်ဆာတဲ့အချိန်မှ လာပြရသလားဗျ ၊
Ma Ma
August 6, 2015 at 11:31 pm
ပဲလှော်မဝါးခင် ဘာစားရမလဲ။
အဲဒါဘာမုန့်မှန်းမသိပဲ စားချင်လာလို့။ :kwi:
Mike
August 7, 2015 at 9:41 am
.ကောင်းပါလေ့…ကောင်းပါလေ့…စခွင်ကို လှ ျာနဲ့ယက်သွားပါေဂျာင်း :))
Ma Ei
August 7, 2015 at 12:43 pm
မနက်စာ ဘလိတ်ဖတ်လေးကို ရွှေထမင်း အုန်းသီးနိုင်းချင်းလေးရယ်
မုန့်ဦးနှောက် အုန်းနို့ဆီဆမ်းလေးကို ကော်ဖီလေးနဲ့ ဆိုရင်….
ကောင်း မှ ကောင်း နော်….
ကိုပေါက်(မန္တလေး)
August 7, 2015 at 11:23 pm
မုန့်ပျစ်စလက် ရိုက်ပြပါအုံး
ဂန္ဓာရီ ဆြာအုပ်
August 8, 2015 at 2:08 am
con မကောင်းလို့ ကောင်းကောင်း reply မလုပ်နိုင်ဘူးဗျို့
မုန့်ပစ်စလက်ဆိုတာ ဘယ်လိုလဲငင်
Ma Ma
August 8, 2015 at 6:49 am
မုန့်ပျစ်စလက်ဆိုတာ ငယ်ငယ်တုန်းကတော့ မနက်တိုင်းစားခဲ့ရတဲ့မုန့်ပဲ။
ခုနောက်ပိုင်းတော့ အတော်တွေ့ရခဲလို့ မသိတဲ့သူများသွားပြီ။
အမွှာညီအမခေါ်သွားဖို့ ရောက်ဖူးတဲ့ မြေနီကုန်းထဲကဆိုင်တစ်ဆိုင် (နာမည်မေ့နေလို့) မှာတော့ ရနိုင်တယ်။
အောင် မိုးသူ
August 11, 2015 at 9:25 am
ကြိုက်လိုက်တာ ကြိုက်လိုက်တာ
Alinsett @ Maung Thura
August 29, 2015 at 2:08 pm
.ကောက်ညှင်းရွှေကြည်ကို အုန်းသီး ”ဖွေးဖွေး”လေးနဲ့… တစ်ခုပြီးတစ်ခု …ဗိုက်ပြည့်တဲ့အထိ..
ထိုင်စားချင်တယ်..
.ပုံလေးတွေ… လက်ရာ ကောင်းချက်…
.ပုံထဲက မုန့်တွေ လက်ဖက်တွေ…တကယ် စားရရင်…လည်း အရသာရှိလိုက်မယ့်ဖြစ်ခြင်း…
😆
may july
August 29, 2015 at 3:51 pm
ခု ချိန်ကတော့ ပြာရည်ထုတ် ပေါတဲ့ အချိန်ဆိုတော့ ..
ရှိတာလေးပဲ ဆွဲလိုက်ပီဗျို့ .. သကြားလေးနဲ့ တို့ပြီး ..
လုံမလေးမွန်မွန်
August 31, 2015 at 2:46 pm
အမလေး… သရေကျလာပြီ… အပြင်မှာ တကယ်ကျွေးဘာာာာာ