–
–
—
–
–
–
–
–
–
–
၁၈ ရက်နေ့ မန်းလေးသွားမဲ့ ကိစ္စပျက်ပြီး ၁၉ ရက်နေ့မှ သွားဖြစ်ပြီးသကာလ ဥပေါက်ရှိရာမန်းလေးမှာ ဥပေါက်နဲ့တူတူ လမ်းသလားကြရင်း မဲမဲမြင်ရာ ဆော်ကြပြီးတဲ့ နောက်..၂ ယောက်ထဲပြရမှာ ထက် ပိုမိုစုံလင်စေရန် ကလုလင် ပါ ပါဝင်အားဖြည့်ပြီး 3in1 photography ပြခန်းလေး ကို ဖွင့်လှစ်လိုက်ပါ ဂျောင်း…..
Post Views: 564
30 comments
sein chu
July 25, 2013 at 4:22 am
ရေ ရေ လည် လည် မိုက်တယ် ဗျာ
ဆရာသမားအားလုံးကိုဦးညွတ်သွားပါတယ်………။
kyeemite
July 25, 2013 at 8:40 am
ဥပေါက်လက်ရာတွေကိုတော့ တော်တော်လက်ဖျားခါတယ်ဗျာ…
ကင်မလာသေးသေးနဲ့တောင် လန်ထွက်နေတယ်…
ကိုလုင်တို့ ဆြာအုပ်တို့လက်ရာတော့ ဆိုဖွယ်မရှိပြီ..
အောက်ဆုံးနှစ်ပုံမှာ လူပုံပါအောင်စောင့်ရိုက်ထားတာချီကျူးတယ်ဗျို့
“ထို့ကြောင့် ဤလူကြီးကို ဥပေါက်ဟုခေါ်သည် ” ဆိုတဲ့ပုံမှာ ဥပေါက်အရိုက်အနှက်ခံရခြင်းပေါ့ 😆
KZ
July 25, 2013 at 8:43 am
လေးစားပါတယ် ဆြာအုပ်။
နံပတ် ၄ မှာ အသက်ရှုရပ်သွားလို့။
Ma Ma
July 25, 2013 at 9:23 am
ဆရာသမားတွေချည်းပဲမို့ ပုံတွေက
ဘယ်လိုပြောရလဲ ဘယ်လိုပြောရမလဲ …. (ဝတ်မှုန်ရွှေရည်လေသံဖြင့်ဖတ်ပါ) 😀
Ma Ei
July 25, 2013 at 9:28 am
ကိုပေါက်ရဲ့ မိုးတိမ်တွေ…
ဆြာအုပ် ရဲ့မယ်နု အုတ်ကျောင်း…
Mလုလင် ရဲ့ မေမေရဲ့သား…
အတော်လှတယ်…
ကြိုက်တယ်…
ရွှေတိုက်စိုး
July 25, 2013 at 9:54 am
ပွဲလာပါဆိုတော့ မလာကြပဲနဲ. ချိန်းပွဲ သွားရိုက်ကြတာ မုန်းထာအေ…
ဟိုတရပ်ထဲသား လူဆိုး ရယ်..
မြက်ပင်တွေကြား ရူးရူးထိုင်ဖလားဝါးနေတဲ့ ဥလေးကြီးရယ်..
အာကြီး ကလုရယ်………
မုန်းထာအေ………..
ဓာတ်သေဒွေက မိုက်သမှ…………
ရွှေတိုက်စိုး
July 25, 2013 at 9:55 am
အော်မေ့လို. စိတ်ဆိုးဒယ်.. ဒါကြောင့် ဓာတ်ပုံတွေ အကုန် ကူးသွားတယ်..
သုံးယောက်လုံးမိုက်လား……….မိုက်ရင် ဘီယာတိုက် ဒါဘဲ……….
ကိုသု
July 25, 2013 at 10:56 am
ဥပေါက်ရဲ့ ၁/၂ ။။ စာအုတ် ရဲ့ ၁/၄ ။ ကိုလု ရဲ့ ၃ ။။ ရေလည် ကြိုက်ဒလယ်။
ကိုပေါက်(မန္တလေး)
July 25, 2013 at 11:36 am
(20-7-2013)စာအုပ်လာရင် မနက်စောစောအာရုံတက်မှာ တောင်သမန်ကိုသွားနှက်မယ်ဆိုတော့
ရန်ကုန်ကလာတဲ့ကား မနက်ငါးနာရီမန်းလေးအရောက်တံခွန်တို်င်အဝိုင်းပါတ်မှာဆင်းခိုင်းပြီးသွားကြို။
မှောင်တောင်မဲတဲ တောင်သမန်ကို သွားလက်အဆော့ မိုးတိမ်တွေညို့နေလို့နေမထွက်တော့စိတ်ပျက်။
ပြန်လာတော့ အသိကယ်ရီနဲ့အပ်ပြီး ထည့်လို်က်တော့ ကုသိုလ်တော်ဘက် ရောက်သွားပါသတဲ့။
ညနေစောင်းမှာတစ်ခါ မန်းလေး-တံတားဦးအသွားလမ်းအတိုင်းသွားပြီးဖောင်တွေပေါ်တက်ရိုက်
သူများသဘောင်္ပေါ်ကို အပြုံးလေးတစ်ချက်နဲ့ခွင့်တောင်းပြီးတက်။
သင်္ဘောခေါင်မိုးကဆော်မယ်လုပ်တော့ မိုးတိမ်ကဖျက်။
အဲဒါနဲ့ ရွှေကြက်ကျဘုရားပေါ်တက်ပြီးစစ်ကိုင်းတံတားကို အမိဖမ်း။
နောက်ရက်(21-7-2013) ကျနော်မအားတော့ တစ်ယောက်ထဲလွှတ်ပြီးရိုက်ခိုင်းရပါတယ်။
သူလဲသူ့မိတ်ဆွေခေါ်ပြီးမင်းကွန်း စစ်ကိုင်း ကောင်းမူ့တော် အင်းဝ တစ်ရက်ထဲသွားခဲ့ပါသတဲ့။
ကျနော်မပါတဲ့ အဲဒီနေ့က တိမ်တွေလွှတ်လှဆိုဘဲ။
(22-7-2013)ဝါဆိုလပြည့်မနက် ကျနော်က မဒမ်ပေါက်ကို လိုက်ပို့။
ဖြစ်ချင်တော့ မန်းလေးတောင်ပေါ်ရောက်အသွား သူကတော့ ကုသိုလ်တော်ထဲမှာ။
ဒါနဲ့ နေ့လည်တစ်နာရီပြန်ချိန်း။
ရွှေကျောင်းကြိးသွားလက်ဆော့ ဒီတစ်ခါတော့ရန်မဖြစ်ခဲ့ရ။
မော်ဒယ်ငှားပြီးဓါတ်ပုံတွေရိုက်.။
(ဒီပုံက မတင်ရသေး)
နောက်တော့ ဝိုင်ကေကေဝိုမှာ ကြေးအိုးသောက်ရင်း ဘီယာစား။
ပြီးတော့လမ်း30အတိုင်းအပေါ်တက်ပြိးအောင်ပင်လယ်ကို သွားပြီးလက်ဆော့။
(အဲဒီမှာ တစ်ခါ လုပ်ကြံတာ ခံရတာ ပုံပါလာမှဘဲသိတော့)
အဲဒီကမှ မန်းလေး-မိုးကုတ်မြို့ရှောင်လမ်းအတိုင်းမန်းလေးတောင်အရှေ့ဘက်ကနေပါတ်ပြီးသွား။
မြောက်ဘက်ခြမ်းအရောက်မှာ မြင်ကွင်းလှတော့ဆင်းရိုက်။
အဲဒီကမှာ အိုးဘိုရွှေကျင်ကနေ ဧရာဝတီမြစ်ရေတက်လို့ရေဝင်နေတဲ့ ညောင်ကွဲကနေစပြီး သွား.
ဖောင်တွေပေါ်တက်ရို်က်ပေမယ့် နေရောင်မလှတော့ ပုံမရ.။
ဒါနဲ့ဘဲပြန်ခဲ့ကြတယ်။
ပုံတွေတင်မယ်လုပ်တော့ လိုက်ချင်ပါရဲ့နဲ့ကျန်နေတဲ့ ကလု ကိုခေါ်ပြီး 3 in 1 လုပ်ဖြစ်ကြပါတယ်။
ပထမလ ကလု တင်ပါတယ်။.
အခုလ စာအုပ်တင်ပါတယ်။
နောက်လ 3 in 1 ဘယ်မှာရိုက်ဖြစ်မယ်မသိပေမယ့် ကျနော်တင်မယ်လို့ တွေးထားပါတယ်။
ကျနော်တို့က တစ်လ တစ်ခါ 3 -4 ine 1ကြမယ်လို့တိုင်ပင်ထားပါတယ်။
ရွာစားကျော် မင်းနန္ဓာ
July 25, 2013 at 12:57 pm
အော် လေးပေါက် ဘယ်သူ့ကို ချောင်းတယ်မသိ
စနိုက်ပါနဲ့ အသံတိတ် လုပ်ကြံခံလိုက်ရတယ်.. ဟွင့် ဟွင့်
ကိုပေါက်(မန္တလေး)
July 25, 2013 at 6:15 pm
ရက်ရက်စက် လုပ်ကြံသွားတာဗျာ နောက်တစ်ပုံကျန်သေးတယ်
TNA
July 25, 2013 at 4:43 pm
လှလိုက်ချက်။ လိုချင်လို့ယူသွားလို့ရမလား။ Background photo တင်ချင်လို့ပါ။
ကိုပေါက်(မန္တလေး)
July 25, 2013 at 6:16 pm
လိုချင်တာ ယူစေဗျား
မဟာရာဇာ အံစာတုံး
July 25, 2013 at 5:05 pm
ပုံတွေ လန်းဒဂျာ ..
ချပယ်ချယ်ဘဲ …
ဒါ့ထက် ဥပေါက် ဆိုဒဲ့လူဂျီး
အဲ့ဒီမှာ ချောင်းပီးရင် …
ဒီလို လာဘာအုံးလို့ …
ချောင်း(ရိုက်)စရာရှိလို့ …
ကိုပေါက်(မန္တလေး)
July 25, 2013 at 6:17 pm
အံဇာတုန်း မာလကာေဆောင်ရင် ရွာဓါတ်ပုံဆရာများအဖွဲ့မှာ
အစ အဆုံး မှတ်တမ်းတင်ပေးပါမည်။
Mr. MarGa
July 25, 2013 at 7:17 pm
အကုန် လန်းသဗျို့
ဒီတစ်ခါ ဆြာအုပ် ရေစာလျှော့ထားပါလား
အရီးခင်လတ်
July 25, 2013 at 7:39 pm
နံပါတ် ၅ ပုံ
ကပေါက်ကြီး သွားသွား ထိုင်လွန်းတဲ့ နေရာလေး ထင်ရဲ့။
မြက်တွေတောင် ပါးလို့။
ပုံတွေ အားလုံး လှပါ့ စာအုပ် ရေ။ 😛
ကိုပေါက်(မန္တလေး)
July 25, 2013 at 9:47 pm
ကိုလတ်ကြီးရေ အဲဒီနားတွေက ကျနော်အမြဲသွားနေကြနေရာတွေပါ။
အဲဒီအချိန် က နေကျဲကျဲတောက်ပူနေတဲ့ နေ့လည် ၂နာရီခွဲ သုံးနာရီလောက်။
ပုံလှတာ လိုချင်လို့ နေပူထဲစောင့်ရိုက်ခါက ရှူရူဖလားဝါးပုံဖြစ်သွားရတယ်လို့
စာအုပ်တော့ သိမယ် ဒီတစ်ခါ ရန်ကုန်ရောက်ရင်
အလင်း ဆက်
July 25, 2013 at 9:29 pm
“ထို့ကြောင့် ဤလူကြီးကို ဥပေါက်ဟုခေါ်သည် ”
အော်…ဒါ့ကြောင့်ဂိုးးး
ဦးပေါက်..က ထိုင်နေတော့…
အဟီးးး
ဂန္ဓာရီ ဆြာအုပ်
July 25, 2013 at 9:36 pm
KZ : HDR လုပ်ထားလို့ပါဂျာ..အသက်ရှုတော့မရပ်ပါနဲ့ဗျာ.. ကျုပ် တရားခံဖြစ်နေပါဦးမယ်..
ရွှေတိုက်စိုး : တိုက်တိုက်ရေ ဝါတွင်းဂျီးဗျာ.. ခင်ညား တော်တော်ဆိုးတဲ့သူပဲ.. ဘယ်နေ့လဲ ပြော
ကိုပေါက်(မန္တလေး) : အံဇာတုန်း မာလကာေဆောင်ရင် ဟုတ်လား.. ဟီဟိ ကျနော်က ညဖက်တာဝန်ယူမယ် ခွိခွိ
Mr. MarGa : ဟုတ်လား.. နောက်တခါပြန်တင်လိုက်မယ် ဟီး
အရီးခင်လတ် : ထိုင်ရုံနဲ့မပါးနိုင်ဘူးဂျ.. ရှူရှူး ကြောင့်ဖြစ်မယ် 😛
Mr. MarGa
July 26, 2013 at 6:44 pm
တိန်
ဒီအတိုင်းပဲ ကောင်းပါတယ်………. 😛
စကားမစပ် ညဖက် တာဝန်ယူရင် အကူလိုဦးမလား ဟင်
ဂန္ဓာရီ ဆြာအုပ်
July 27, 2013 at 12:43 am
ညဖက်လား
ရတယ်လေ
တွန်းပေးရမှာ 😛
ကိုပေါက်(မန္တလေး)
July 25, 2013 at 9:49 pm
စာအုပ် မင်းငါ့နောက်ကနေလမ်းလျောက်နေတဲ့အကြံကို ခုမှရိပ်မိတော့တယ်
ဒါပေမယ့် အောင်ပင်လယ်ပုံတွေအကုန်လှတော့
နေပူခံရကျိုးနပ်တယ်နော်
padonmar
July 25, 2013 at 10:56 pm
လှလိုက်တာ။
ကိုရင်စည်သူ
July 26, 2013 at 8:18 pm
ကိုလုလင်ရိုက်တဲ့ နောက်ဆုံး တစ်ပုံ ရင်ထဲထိတယ်.. မျက်ရည်တောင်ဝဲတယ်… 😥
ကိုရင် ငယ်ငယ်တုန်းက ပုံလေးနဲ့ တူလို့… 😳
Mလုလင်
July 27, 2013 at 12:14 am
အဲ့ဒီ့ မေမေရဲ့သား ပုံ ကဒီလိုဗျို ့ ……… ကျွန်တော် မန်းလေး ရောက်တော့ ကို ရွှေမင်းသား နဲ့ ဓာတ်ပုံ သွားရိုက်မယ် ဆိုပြီး ဆရာ ဦး ဖရန်ကီ ထွန်းတင် နဲ့ ကျွန်တော် တို့ သုံးယောက် ရှမ်းလေးကျွန်းဘက် သွားတာ . . ကျွန်တော့မှာ ဘာရိုက် ရမှန်းမသိဖြစ်နေတာ . . ဆရာက . . ဒီလို ယူ ကွ . . . ဒီလို ကွ . . ဆိုပြီး ပြ ပေးလို့ အဲ့ဒီ့ ပုံ ဖြစ်လာတာ ပါဗျာ . . . အဲ့ဒီ့မှာ အတွေ့အကြုံ နဲ့ အာရုံ ဝင်စားနိုင်မှု အနုပညာ ဆိုတာ ဒါပါလား လို့ သိခဲ့ရတာ ဗျို ့ . . . .။
ဂန္ဓာရီ ဆြာအုပ်
July 27, 2013 at 12:41 am
ဟုတ်ပဗျာ.. အနုပညာမြောက်ပါပေ့
ကျူပ်ကတော့ လှအောင်ရိုက်တတ်ရုံပဲရှိသေးတော့ ရှက်မိပါတယ်ဗျာ
Mလုလင်
July 27, 2013 at 12:51 am
coming Sunday ကို ပဲခူး တဲ့နော် . . ဘယ်လို လဲ ???
Foreign Resident
July 27, 2013 at 5:48 am
လှ ဒယ် ။
ဒီတစ်ခါ သင်္ဘောက ဆင်းရင်တော့ ၊
ဩဇီမှာ နားတုန်း ဓါတ်ပုံ ပညာကို လေ့လာဦးမှပဲ ။
ဝင့်ပြုံးမြင့်
July 27, 2013 at 2:14 pm
လှရက်လိုက်တာ အံ့ဘနန်းပါပဲ။ မျက်စီထဲမှာ မယ်မယ်နုအုတ်ကျောင်းနဲ့ လက်ပံ စွဲသွားတယ်။