မိုးရာသီရောက်ပြီဆိုတော့ ခရီးမသွားဖြစ်တော့တာနဲ့ ဓါတ်ပုံအသစ်တွေလဲ မရိုက်ဖြစ်တော့ဘူး။ ရိုက်ပြီးသား အဟောင်းတွေကိုလဲ မတင်ချင်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတင်ပဲ ထူးခြားမယ်ထင်တာလေးတွေ လှမယ်ထင်တာလေးတွေတွေ့ရင် လျှောက်ရိုက်ပါတယ်။ ဒီအပါတ်မှာ နှင်းသီးပင်တွေ အသီးအပွင့် ဝေဆာနေတာ တွေ့တာနဲ့ နှင်းသီးကို အပွင့်ကနေ အသီးဖြစ်လာတဲ့အထိ မှတ်တမ်းတင်ရင်း မျှဝေပေးလိုက်ပါတယ် …
နှင်းသီးပင်တွေက စိုက်ရလွယ်ပါတယ်။ အကြမ်းလဲခံတယ်။ မိုးတွင်းမှာ ဒီအတိုင်းစိုက်ထားလိုက်ရင် နောက်တစ်နှစ်မိုးတွင်းမှာ အသီးစသီးပါပြီ။ ရေမြေပေါ်မူတည်ပြီး အပင်ကြီးထွားမှုကွာပါတယ်။ သေချာဂရုစိုက်ပြီး စိုက်မယ်ဆိုရင်တော့ တစ်နှစ်မှာ ပေ ၂၀ လောက်အထိ အမြင့်ရှိပြီး လှပတဲ့အသီးလေးတွေသီးလာမှာဖြစ်ပါတယ်။

ပုံ (၁) အဖူးစထွက်ခါစ

ပုံ (၁) အဖူးစထွက်ခါစ

ပုံ (၂) အပွင့် စပွင့်လာပြီ

ပုံ (၂) အပွင့် စပွင့်လာပြီ

ပုံ (၃) အကုန်ပွင့်သွားပြီ

ပုံ (၃) အကုန်ပွင့်သွားပြီ

ပုံ (၄) အသီးသီးတော့မယ်

ပုံ (၄) အသီးသီးတော့မယ်

ပုံ (၅) ပွင့်ရာကနေ သီးပြီ

ပုံ (၅) ပွင့်ရာကနေ သီးပြီ

ပုံ (၆) လတ်လတ်ဆတ်ဆတ်

ပုံ (၆) လတ်လတ်ဆတ်ဆတ်

ပုံ (၇) စားချင်စရာ

ပုံ (၇) စားချင်စရာ

ပုံ (၈) မိုးစက်လေးတွေတင်လို့

ပုံ (၈) မိုးစက်လေးတွေတင်လို့

ပုံ (၉) ဒီလိုပဲ သီးနေကြတယ်

ပုံ (၉) ဒီလိုပဲ သီးနေကြတယ်

ပုံ (၁၀) ၀င်းမှည့်သွားပါပြီ

ပုံ (၁၀) ၀င်းမှည့်သွားပါပြီ

ဒီအတိုင်းစားရင် အရသာသိပ်မရှိပေမယ့် သရက်သီး၊ မာလကာသီးစားသလို ငရုတ်သီးမှုန့်နဲ့စားရင် စားလို့ကောင်းပါကြောင်း ………..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....