၂၇ နှစ်ကျော်ကြာအောင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားသည့် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပြန်လည် ဆက်သွယ်ခဲ့သည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ပတ်ဝေ့ချွန်း Pak Ui-chun သည် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို လေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။

ယင်းမှာ ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပထမဆုံး သံတမန်ရေးရာ ပြန်လည်ဆက်ဆံခြင်းဖြစ်သည်။

မြောက်ကိုရီးယားဝန်ကြီး မစ္စတာ ပတ်ခ်သည် မြန်မာနိုင်ငံတွင် ၄ ရက်ကြာမြင့်မည်ဖြစ်ပြီး နေပြည်တော်တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် အခြား ထိပ်သီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ms. Pak Ui - chun

ယနေ့တွင် မစ္စတာ ပတ်ခ်သည် ရွှေတိဂုံဘုရားသို့ တက်ရောက်ဖူးမျှော်ပြီး အမျိုးသားပြတိုက်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီကို ရယူ၍ မြောက်အောက်လှိုဏ်ခေါင်းများ တူးဖော်ခြင်းနှင့် နျူကလီးယား စီမံကိန်းများလုပ်ဆောင်နေသည်ဟု မကြာသေးမီ ကာလက သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် မြန်မာက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း တရားဝင် ငြင်းဆိုထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ချန်ဒူးဝှမ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ဗုံးခွဲလုပ်ကြံခဲ့သဖြင့်
ထိုစဉ်က အုပ်ချုပ်နေသည့် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးများ ဖြတ်တောက်ခဲ့သည်။

အဆိုပါ ဗုံးခွဲမှုကို မြောက်ကိုရီးယားနိုင်ငံမှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စေလွှတ်လုပ်ဆောင်စေခဲခြင်း ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား မြန်မာအာဏာပိုင်များက ဗုံးခွဲပြီး မကြာမီ အသေဖမ်းဆီး ရမိခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် အာဇာနည်ကုန်း ဗုံးခွဲမှုနှင့်ပက်သက်၍ ၁၉၈၃ ခုနှစ်မှ ယနေ့အထိ မြန်မာအစိုးရအပေါ် တစုံတရာ တရားဝင် တောင်းပန်ခြင်းမရှိခဲ့ပေ။

ကိုးကား – BBC and Mizzima

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.