သံဖြူဖြင့်ဖုံးအုပ်ထားသော ငွေရောင်သစ်သားများဖြင့် သေးငယ်၍ကြာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သောဘက်ထရီကို ပြုလုပ်နိုင်ပါသည်။ မေရီလန်းတက္ကသိုလ်မှ သုတေသီများ စမ်းသပ်ထားသော ဘက်ထရီတွင်းရှိ အစိတ်အပိုင်းလေးများသည် စက္ကူတစ်ရွက်ထက် အဆပေါင်း ၁၀၀ ပိုမိုပါးလွှားသဖြင့် ကျွန်ုပ်တို့အိမ်များတွင်မူ ကိုယ်တိုင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ လီသီယမ် (Lithium) အစား ဆိုဒီယမ် (Sodium) ကို အသုံးပြုထားခြင်းကြောင့် အကြိမ်ပေါင်းများစွာ အားသွင်းအသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိနိုင်ကြောင်း သိရှိရပါသည်။ ဆိုဒီယမ်သည် လီသီယမ်နှင့် စွမ်းအင် သိုလှောင်ပုံချင်း မတူညီသည့်အတွက် ၄င်းဘက်ထရီကို ကျွန်ုပ်တို့၏ဆဲလ်ဖုန်းများ၌ အသုံးပြုနိုင်မည် မဟုတ်သော်လည်း ကုန်ကျစရိတ်သက်သာခြင်းနှင့် လွယ်ကူစွာရရှိနိုင်သော ဒြပ်စင်ဖြစ်ခြင်းကြောင့် ဆိုလာဆဲလ်များကဲ့သို့ ၁ ကြိမ်အားသွင်းထားရုံဖြင့် စွမ်းအင်ပမာဏများစွာကို သိုလှောင်ထားနိုင်မည်ဖြစ်သည်။

wood

 ယခုအသုံးပြုလျက်ရှိသော ဘက်ထရီများသည် တောင့်တင်းခိုင်ခံ့မှုကို အခြေခံပြီး ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ၄င်းဘက်ထရီများထဲတွင်ပါဝင်သည့် အီလက်ထရွန်များ ကျုံ့ခြင်း၊ ပွခြင်းကြောင့် အလွန်ပင် ကြွပ်ဆတ်လွယ်ကြပါသည်။ ဒြပ်ပစ္စည်းသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ Liangbing Hu  နှင့်အဖွဲ့သည် သစ်သားမျင်လေးများ၏ ပျော့ပြောင်းမှုကြောင့် ၄င်းတို့၏ Sodium-ion ဘက်ထရီများကို အကြိမ် ၄၀၀ ကျော် အားသွင်းခြင်းများပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ ၄င်းဘက်ထရီအား အကြိမ် ၁၀၀ ခန့် အားသွင်း အသုံးပြုပြီးသည့်နောက်တွင်မူ သစ်သားမှ စွမ်းအင်ထွက်ရှိမှု ရပ်တန့်သွားမည်ဖြစ်သော်လည်း အခြား   ပျက်စီးခြင်းများမရှိကြောင်း သုတေသနအဖွဲ့မှ ပြောကြားခဲ့ပါသည်။ သစ်သားမျင်၏ ပျော့ပြောင်းမှုသညှ်Sodium-ion ဘက်ထရီများကို ကြာရှည်ခံနိုင်ရေးပြုလုပ်ရာတွင် အဓိကပစ္စည်းတစ်ခုဖြစ်ကြောင်း သုတေသနအဖွဲ့ဝင် တွဲဖက်ပါမောက္ခ Teng Li က ဆိုသည်။
ယခုအခါ ၄င်းဘက်ထရီနှင့်ပတ်သက်၍ သုတေသနဆောင်ရွက်နေမှုအား မေရီလန်းတက္ကသိုလ်နှင့် အမေရိကန် အမျိုးသားသိပ္ပံဌာနတို့မှ အပြန်အလှန်အထောက်အကူပေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

Source:http://www.sciencedaily.com/

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)