========================

ကျနော်များ  မန်းဂဇက်မှာဆိုရင် လောလောဆယ် Media က နည်းနည်း ကွိုင်နေလို့မို့ ပုံတွေ တင်ရတာ အခက်အခဲလို ဖြစ်နေပါတယ်။ ဒီအခက်အခဲကလည်း တာရှည် မနေပါဘူး။ သဂျီး ပြင်ပြီးတာနဲ့ ကောင်းသွားမှာပါ။ အခု မကောင်းခင် စပ်ကြား ပုံတွေ တင်ချင်တဲ့ သူတွေအတွက် ပုံတင်လို့ရတဲ့ အခြား နည်းလမ်းတစ်ခုကို ပြောပါရစေဗျား။

ဒီလိုပါ …။ အင်တာနက် ပေါ်မှာပေါ့ဗျာ။ ပုံတွေကို ဝေမျှတဲ့ ဝက်ဘ်ဆိုက်တွေ များစွာရှိပါတယ်။ ဒီဆိုက်တွေမှာ မန်ဘာဝင်ဖို့အတွက်ဆိုရင်လည်း Free ပါပဲ။ ဆိုလိုချင်တာက ဒီလို ပုံဝေမျှတဲ့ ဆိုက်တွေမှာ ကိုယ် တင်ချင်တဲ့ ပုံတွေကို အရင်တင်၊ ပြီးမှ ပုံရဲ့ လင့်ခ်ကို ယူပြီး ဂဇက်မှာ ပြန်တင်ပေါ့။ ဒါဆို ပုံပေါ်ပါတယ်။

Facebook အသုံးပြုသူတွေဆိုရင်လည်း အရင်ဆုံး Facebook မှာ ပုံတင်၊ ပြီးရင် အဲ့ဒီ ပုံတွေရဲ့ လင့်ခ်ကို ယူပြီး ဂဇက်မှာ တင်လိုက်ပေါ့။ ဒီလိုနည်းတွေအားဖြင့် ပုံတွေ ပေါ်စေပါတယ်။

လုပ်ရမှာက ကိုယ် တင်ချင်တဲ့ ပုံ ပေါ်ကို Right-Click နှိပ်၊ ဒီအခါ ပေါ်လာတဲ့ Box ထဲက Copy Image Location ဆိုတာကို နှိပ်လိုက်ပါ။ ဒါဟာ ပုံရဲ့ လင့်ခ်ကို ယူလိုက်တာပါ။

ပြီးသွားရင် ဂဇက်ကို လာ၊ အရင်လိုပဲ ပုံတင်ဖို့အတွက် Post Box အထက်နားက Add Media လေးကို နှိပ်၊ ဒီအခါ ပုံတင်ရမယ့် Box ကြီး ပေါ်လာပါလိမ့်မယ်။ ဒီအခါ ဘယ်ဘက် အခြမ်းကို ကြည့်လိုက်ပါ။ Insert From URL ဆိုတာ တွေ့ပါလိမ့်မယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။

http:// ဆိုပြီး ပြထားတဲ့ နေရာမှာ စောစောက ကိုယ်ယူထားတဲ့ ပုံရဲ့ လင့်ခ်ကို ထည့်လိုက်ပါ။ ဒီအခါ (ပုံလင့်ခ် မှန်ရင်) ပုံကို ပြပေးပါလိမ့်မယ်။ ပုံရဲ့ အောက်က Caption ဆိုတဲ့ နေရာမှာတော့ ပုံအောက်မှာ ပေါ်စေချင်တဲ့ စာသားကို ထည့်ပါ။ Align ဆိုတဲ့ နေရာမှာတော့ ပုံကို ဘေး အလယ် ဘယ်နေရာမှာ ထားချင်တယ်ဆိုတာကို ရွေးပေးချင် ရွေးပေးလိုက်ပါ။ အားလုံး ပြီးသွားရင် Insert into post ဆိုတာကို နှိပ်လိုက်ပါ။

========================

Insert from URL မှ ထည့်ပါ။

========================

အောက်မှာ ဖော်ပြထားတာတွေကတော့ ပုံတွေ မျှဝေတဲ့ နာမည်ကြီး ဆိုက်တွေပါပဲ။ အဆင် မပြေတာ ရှိရင်လည်း မပြေဘူးလို့ မှတ်လိုက်ပေါ့ဗျာ။ :mrgreen:

Top 15 Most Popular Image Hosting Websites | July 2013

Flickr
Photobucket
DeviantArt
Twitpic
ImageShack
TinyPic
WebShots
Imgur
Shutterfly
SmugMug
4chan
Snapfish
Fotolog
Photo.net
Slide

 

==========================

By – မဟာရာဇာ အံစာတုံး

==========================

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။