အာဇာနည်

မှန်ကန်မူ သစ္စာတရားနဲ့

ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ

မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥသြသံတွေ မည်ဟီးလိုက်စမ်းပါ

ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် အလံတော်

ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉

ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉

ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉

ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ

ဟော့ဒီမှာ ငါတို့ရဲ့ ၀မ်းနည်းခြင်း မျက်ရည်တွေ

ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ

ဇူလှိုင် ၁၉

အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့

အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ

ကျွနပ်တို့ ရှိုက်သံဂီတ မှာနိုးထပါလော့

အို..၈၈မှာကျဆုံးခဲ့ရတဲ့ ငါ့ညီမလေး

ငါတို့၇ဲ့ အောက်မေ့ဖွယ်နေ့မှာ မင်းဝိဥာည်နဲ့ အလံတစ်ဝက်လွှင့်ထူပေးပါ

အို ..ယုံကြည်ချက်အတွက် ကောင်းကင် မမြင်ရတဲ့ ညီလေးရေ

မင်း လိပ်ပြာနဲ့ လာပြီး ဥသြဆွဲပေးပါ

ဒါဟာ…လွမ်းဆွတ်မူ အတွက်နေ့ရက် ဖြစ်တယ်

ဒါဟာ..ကျေးဇူးတရားအတွက် တုန့်ပြန်မူ ဖြစ်တယ်

အို.. အမိမြန်မာပြည်

သင့်နှလုံး အိမ်မှာ ငါတို့ရဲ့ အလွမ်းတွေနဲ့ မျက်ရည်တွေသာ

တသွင်သွင် စီးစေလော့……….။

About htet way

has written 133 post in this Website..