images

“Don’t feed the troll”

အင်တာနက်ပေါ်မှာ ပြောလေ့ရှိတဲ့ စကားပါ.. သူများ Troll လုပ်တာမခံနဲ့ Troll သားကောင် အဖြစ်မခံနဲ့ဆိုတဲ့သဘောပါ..

သူများနိုင်ငံတွေမှာတော့ Forum တွေ Internet ပေါ်မှာ ပြောကြဆိုကြတာတွေ ကြာပြီဆိုတော့ ဒီ ကိစ္စက သိပြီးသားဖြစ်နေပြီ (အင်တာနက်ပါးဝနေပြီပေါ့).. ကိုယ်ဆီမှာတော့ Social Media တွေ အခုမှအားကောင်းလာတော့ နည်းနည်းစိမ်းနေသေးတယ်ထင်တယ်.. ဒါပေမယ့် အဲ့လို Trolling တွေပေါ်လာမယ့် အရိပ်အရောင်တွေ တွေ့နေရပြီ..

ပထမဆုံးရှင်းပြရမှာက Trolling သဘော.. သူများစိတ် အနှေက်အယှက် ဖြစ်အောင် ကသိကအောင့်ဖြစ်အောင် ပြော/ရေး ပြီး တမင် ဆွတာပါ.. အဓိပါယ်မရှိတဲ့ကိစ္စကို ဟုတ်ပါတယ်လို့ ဇွတ်ပြောပြီး အ ချင်ယောင်ဆောင်တာ၊ လူအများက ဒါအမှန်လိုယူဆတဲ့ ကိစ္စကို ဟိုဟာအမှန်ဆိုပြီးဝင်လုပ်တာ တွေပါပါတယ်.. အဲ့လိုမျိုးလုပ်ပြီး လူတွေရဲ့အာရုံစိုက်မှုကိုယူပါတယ်.. သူပြောလိုက်တဲ့ စကားတစ်ခွန်းကိုပဲ လူအများက ပြန်ရှင်းတဲ့လူရှင်း၊ ရန်တွေ့တဲ့လူကတွေ့၊ ပေါက်ကွဲတဲ့လူက ပေါက်ကွဲ.. အဲ့လိုဆို သူ့ရဲ့ Trolling အောင်မြင်ပါတယ်.. ကြည့်ပြီး ရယ်နေရုံပေါ့.. အများအားဖြင့် လူချင်းမမြင်ရတဲ့ Social Media တွေ Internet Forum တွေမှာတွေရတတ်ပါတယ်..

ဥပမာ အာဇာနည်နေ့ နီးလို့ လူအများက ဗိုလ်ချုပ်အကြောင်း အာရုံကျနေ ရေးနေကြတဲ့ အချိန်မျိုးမှာ ဗိုလ်ချုပ်မကောင်းကြောင်း ကလိတဲ့ ရိတဲ့သဘောလေးရေးလိုက်ရင် ဘယ်လိုဖြစ်မလဲ.. အဲလိုရေးတဲ့ နေရာမှာ Troll လုပ်သူ ဘယ်လောက် ပညာပါပါရေးနိုင်လဲ ဆိုတာလည်းအရေးကြီးတယ်.. ဗလိုင်းကြီး မကောင်းပြောတာ၊ဆဲတာမျိုးထက် ယုတ္တိရှိအောင် ရေးနိုင်ရင် ဗိုလ်ချုပ်ကို ချစ်တဲ့လူတွေ ခံရခက်နိုင်ပါတယ်.. (ဥပမာ။ ဂျပန်တွေခေါ်သွင်းလာတာ အမြော်မြင်နည်းလို့.. အလုပ်ကြံခံရတာ ကိုယ်ကိုကိုယ် အထင်ကြီးလွန်းလို့.. စတဲ့ ဆွဲထုတ်လိုကောင်းတဲ့ အစတွေကိုင်ပါမယ်).. ပြီးတော့ ခပ်ပါးပါးလေးရေးနိုင်ရင် Troll လုပ်ပြီးပဲရေးတာလား တကယ်ကိုစိတ်ထဲရှိလို့ ရေးတာလားဆိုတာလည်းခွဲရပိုခက်သွားတယ်.. အဲ့တော့ ပွဲပိုဆူပါမယ်..

အခုခတ်မှာ ဆရာဝန်နှစ်မျိုးပဲ ရှိတယ်.. ဘာမှ မတတ်လို့ ဆေးကု မစားတဲ့ ဆရာဝန်ရယ်၊ ပိုက်ဆံ မက်လို့ ရမ်းကုစားတဲ့ ဆရာဝန်ရယ်.. အဲ့လိုမျိုးလေးပေါ့.. ဥပမာဆိုတော့ သိသာအောင် ရေးထားတာ။ ဒါထက်ပါးအောင် ရေးထားတာမျိုးဆို တကယ်ရေးတာလား တမင် ဖွ (trolling) တာလားမသိရတော့ဘူး.. ဆရာဝန်တွေ ဖတ်မိပြီး နာကြ၊ ပြန်တုန့်ပြန်ကြ ဖြစ်ရော.. တကယ်ဆရာဝန်တွေကို ကြည့်မရလို့ရေးတာတွေလဲ ရှိတဲ့ အချိန်ဆိုတော့ ပို Troll လုပ်လို့ကောင်းပါတယ်.. ခွဲရလည်းခက်ပါတယ်..

ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံတဲ့ လူကြားထဲသွားပြီး ဦးသိန်းစိန်က ဘယ်လိုသာကြောင်းသွားပြော ရင်လည်းရတာပဲ.. မြန်မာ အချင်းချင်းပဲယူထားတာ.. အပြောမဟုတ် လက်တွေ့လုပ်ပြနေတာ စသည်ဖြင့်..

အဓိက ကတော့ လူတွေရဲ့ Attention ကိုဆွဲယူလိုက်တာပဲ.. အပျော်သဘောလုပ်ကြတာများပါတယ်.. ဒါပေမယ့် ခံရတဲ့သူတွေကျတော့ ဒေါသတွေထွက်၊ တုန့်ပြန်ရေးကြနဲ့ အလုပ်အကိုင် ပျက်ပါတယ်.. အဲ့တော့ အကောင်းဆုံးက Don’t feed the troll တဲ့.. Troll မှန်းသိရင် သူလိုချင်တဲ့ Attention မပေးပါနဲ့တဲ့ (starve the troll of attention by ignoring it).. Troll အစစ်လား တကယ်သူ့ အမြင်ကို ရေးနေတာလား ဆိုတာ ခွဲဖို့ ဆိုရင်တော့ သူ့ Profile pic အစစ်ဟုတ်မဟုတ်၊ သူ့ Account သက်တမ်းကြာပလား၊ သူ့ရဲ့ နောက်ဆက်တွဲ Response တွေအရကော တကယ်ပဲ အ တာလား၊ အချင်ယောက်ဆောင်ပြီး Trolling လုပ်နေတာလားခွဲ လိုရတတ်ပါတယ်တဲ့.. ဒါပေမယ့် တခါတလေ Troll လုပ်ပုံ ပါနပ်ရင်တော့ ခွဲရခက်ပါတယ် လို့ ပြောကြပါတယ်..

Just for Information ပေါ့.. Social Media တွေမှာ Troll အစစ်တွေနဲ့တွေရင် အချိန်ကုန်နေမှာ စိုးလို့.. ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ Google မှာ Don’t feed the troll လို့ ရေးရှာကြည့်လိုက်ပါ..

 

Zaw Thant

About Zaw Thant

Zaw Thant has written 9 post in this Website..