ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ..  :mrgreen: :mrgreen:

အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့…

ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ…

ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း

အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင်

မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့

ဒီပို့တင်ဖြစ်သွားပါဂျောင်းးး):mrgreen:

၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော်

၂။ ကြက်ကုန်းဘောင်ကြီးကြော်

၃။ ပုဇွန်ချိုချဉ်ကြော်

၄။ ကျောက်ပွင့်သုတ်

၅။ သီးရွက်စုံအစိမ်းကြော်…

ကိုင်း..ရှုကြလော့..

ဘူဖေးစားစရာတွေစကျွေးနေပါပြီ

ဘူဖေးစားစရာတွေစကျွေးနေပါပြီ

ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ…

ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး

ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး..

အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ…

ဒါကတော့ ဧည့်ကြိုကောင်တာနား ချိတ်ထားတဲ့ ပထမအကြိမ်ကအမှတ်တရဗွီနိုင်းပါ

ဒါကတော့ ဧည့်ကြိုကောင်တာနား ချိတ်ထားတဲ့ ပထမအကြိမ်ကအမှတ်တရဗွီနိုင်းပါ

ဒါကတော့အခမ်းအနားမစမီ လှုပ်ရှားမှုလေးပေါ့

ဒါကတော့အခမ်းအနားမစမီ လှုပ်ရှားမှုလေးပေါ့

ဒါလေးက စာအုပ်စီစဉ်သူရွာသူချောရဲ့ အမှတ်တရ အရေးအသား

ဒါလေးက စာအုပ်စီစဉ်သူရွာသူချောရဲ့ အမှတ်တရ ရေးဟန်

ဒါကတော့ ပေးမဲ့ဆုတွေပေါ့

ဒါကတော့ ပေးမဲ့ဆုတွေပေါ့

ဒါကတော့ အဝေးမြင်ကွင်းလေး

ဒါကတော့ အဝေးမြင်ကွင်းလေး

ရွှေတိုက်ရေ..မိုးပက်မယ်..ရှေ့နဲနဲတိုးအုံးကွ

ရွှေတိုက်ရေ..မိုးပက်မယ်..ရှေ့နဲနဲတိုးအုံးကွ

ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်..

တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့

“ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ”

တော်သေဘီ။

ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့

ကြီးမိုက်။

 

 

 

 

 

 

 

 

 

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)