အချိန်က မြန်မာစံတော်ချိန် နံနက် ၂နာရီ ၈မိနစ်ပါ ….. ၀ါတွင်း သုံးလ သူရာမေယိယ ရှောင်လွှဲလို့လားမသိ ၅ရက်မြောက်နေ့မှာဘဲ သမာဓိကို စမ်းတဲ့အနေနဲ့ စဖျားပါတယ် အရပ်ကတို့ …. ဒါနဲ့ဘဲ ဆေးတတလုံးထိုးပီး တရေးနိုးချိန် ၀င်ဖတ်တော့ မျှစ်အကြောင်း နည်းနည်းလွဲနေမလားလို့ ထင်မိလို့ တင်ပြတဲ့ သဘောပါ ….

မျှစ်ဆိုသည်မှာ

မိုးကာလ ရောက်ရင်ဖြင့် ၀ါးရုံတို့အလယ် မျှစ်ဟုခေါ်သော ၀ါးစို့တို့ အလျှံအပယ် ပေါ်ပေါက် တတ်ပါတယ်။ မြန်မာအခေါ် မျှစ်ပေါ့ … လူတို့နဲ့ အပြိုင် မျှစ်ဆိုသော အရာကို ၀က်တို့လဲ ကြိုက်ပါတယ်။ လူတို့ စားသုံးစရာ အနှီ ၀ါးစို့တို့ကို ၀က်နဲ့ အပြိုင် တောထဲမှ ချိုင်ရပါတယ် ( အသေးစိတ် သိလိုသူများ တွတ်ပီ စာစဉ်တွင် ရှု ) အနှီဝါးစို့များ၏ မူလအရောင်မှာ စွတ်စွတ်မဖြူ ခပ်ကျင့်ကျင့် အရောင်ရှိပါတယ်။ အနီးကပ် သေချာစွာ ကြည့်ပါက ၀ါးပင်တွင် ကပ်ညိနေတတ်သော အပ်၏ ထုထည်ပမာဏ ၃မီလီမီတာခန့် အရှည်ရှိ အမွှေးနှင့် အလားတူ ယားစေတတ်သော အရာများ တထွေးကြီးပါရှိပါတယ်။ သင်ဟာ တောထဲ တောင်ထဲ ရောက်နေပါက မျှစ်ဟုခေါ်သော အနှီဝါးပင်ပေါက် (၀ါ) ၀ါးစို့များကို ချက်ချင်း ဆွတ်ယူပီး စား၍မရ ရေနွေးနှင့်ပြုတ် (၀ါ) ရေဖြင့် ခပ်ကြမ်းကြမ်းဆေး၍ … ပြုတ်ဆေးပီး သကာလမှသာ ချက်ပြုတ်စားသောက်နိုင်ပါတယ်။

သီအိုရီအရ …. မျှစ် soft liner ကို ဒီအတိုင်း သုံးမရ အထက်ပါ နည်းစနစ်အတိုင်း သုံးမှသာ အဆင်ပြေပါမည်။ မယုံပါက သင် လျှာတင်မဟုတ် တကိုယ်လုံးယား + အ၀င်/အထွက်ပါ ယားလိမ့်မည်။ ပုံ/ hard liner (မျှစ်ဒိုင်)

မျှစ်ပြုတ်ရမလား? မပြုတ်ရဘူးလား?

မပူပါနှင့် တောထဲမှ ချိုးယူ ဖြတ်ယူလာသော ၀ါးစို့တို့ကို မျှစ်ဟု အခေါ်မရောက်သေးသော မခေါ်ဆိုအပ်သေးသော ဒိုင်အောက်ဆုံးအဆင့်တွင် ပထဦးစွာ အချိန်ဖြင့်ဝယ်ယူပါသည်။ ထို့နောက် အပေါ်တွင် ရှိနေသော အကြောမာ(၀ါ) အထူသားများကို ဖယ်ရှားပါသည်။ ထိုသို့မဖယ်ခင်ကပင် ၀ါးပိုးလား ( မျှစ်ချဉ်) ကြက်သောင်းလား၊ ၀ါးယောင်းလား၊ ထီးတန်းလား၊ အင်းလား၊ စသဖြင့် များသောအားဖြင့် ၀ါးပိုးကိုသာ မျှစ်ချဉ်လုပ်ရန် သပ်သပ်ခွဲ၍ ကျန်ဝါးစို့များကို သာမာန်မျှစ်လုပ်ရန် ရွေးချယ်ပါသည်။ မျှစ်ခူးသူမှသည် မျှစ်နောက်ဆုံး စားသုံးသူအထိ ရိုးရိုးတွက်ချက်ပါက အဆင့်၅ဆင့် ရှိပါသည်။

မျှစ်ချိုးသူ – မျှစ်ဒိုင်တစ် (ပြုတ်၊ ခွာ ၊ ခွဲ) – မျှစ်ဒိုင်၂ ( ဆိုး၊ ဖြန့် ) – မျှစ်ဒိုင်၃ (လက်ကားဖြန့်) – မျှစ်၎ ( အရောင်းသမား) – နောက်ဆုံးစားသုံးသူ consumer

 

မျှစ်ရဲ့ မူလအရောင်

မျှစ်တွင် အရောင်အတိအကျ သတ်မှတ်ရန် မရှိပါ။ ၀ါးအမျိုးအစားအလိုက် အရောင်ကွဲပါသည်။ သို့ရာတွင် အသင် စာရှုသူတို့ စားသုံးနေသော ဝေဖန်နေသော မျှစ်ဟူသမျှသည် ၀ါးပင်ရုံ၏ အောက်ခြေမှ နေ့မကူးမီ အချိန်အတွင်း ရေနွေးဖျောခြင်း တက်နင်းခြင်း ( ဥရောပရှိ Cider လုပ်ငန်းများ သကဲ့သို့ ) အရောင်အနည်းငယ်ဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ စသည့်ကိစ္စတို့ကို ပြုမူပီးဖြစ်ပါသည်။ သို့ရာတွင် နောက်ဆုံး ဈေးထဲရောင်းချသည့် အဆင့်ထိ ၀ါသော ( အ၀ါဆို ၀ါးခယ်မက ပုစွန်ဥလေးနဲ့ကြော်) နီသော ( ချဉ်ပေါင်၊ ရုံးပတီနဲ့ ချဉ်ရည်ချက်ရင်ချက်၊ မချက်ရင် ပုစွန်ခြောက်ကလေးနဲ့ကြော် ခပ်ခြောက်ခြောက်လေး) ဖြူစွတ်သော ( ၀က်ရိုးနဲ့ဖြစ်ဖြစ်၊ ငါးဒန်ခေါင်းနဲ့ဖြစ်ဖြစ် ) အနှီ မျှစ်ဝါ၊ မျှစ်နီ၊ မျှစ်ချဉ် တို့သည်ကား အသင် မပြုတ် ဆေးမဆိုးသော်ငြား အော်ရီဂျင်နယ်လီး ဒချိ ဒချိပင် ဖြစ်ပေတော့သည်။

မျှစ် အလေ့အထ

အထက်တွင် ဖော်ပြခဲ့သလို မျှစ်နီသော ၀ါသော ဖြူသော အလေ့အထတို့ကို ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာမကြီး ဒေါ်စောမုံညင်းတို့ကို မေးပါကလဲ သူရို့မသိနိုင်ကုန်၊ ကျနော့် မတော်လိုက်ရသော ယောက်ခမ ကျောက်ပန်းတောင်း-ပျဉ်းမနား တကြောအပိုင်စား ပျဉ်းမနား ဒေါ်ထွေး မျှစ်ချဉ်လုပ်ငန်းအား သမီးငမ်း၍ ၀င်လုံးရာမှ ဃဂနဏ သိခြင်းပင်ဖြစ်ပေသည်။ မျှစ်ဝါဆိုကြော်၊ မျှစ်နီဆို ချဉ်ရည် ဆိုသည်မူကား အနော်ရထာမင်းလက်ထက်ကလား ဘယ်မင်းလက်ထက်ကျင့်သုံးသနည်း ကျနော်လည်း မသိပါ … သေချာတာကတော့ ကျနော့်အမေရဲ့ အမေလက်ထက်လောက်တွင် ရှိနေပေပြီဟု ထထစ်ချ ဆိုနိုင်ပေသည်။

မျှစ်ကလေး ဘာကြောင့် အစင်းစင်းထ

ဇာဂနာကြောင့်ထ ဟု ပြောလိုပါသည်။ ( ကိုသူရ မဟုတ် … စကားမစပ် အဲ့လူဂျီး ခုတလော ပျောက်နေတယ် ဘာသံမှ မကြား ) မျှစ်စို့ ၀ါဝါများအား ဇာဂနာဖြင့် ခြစ်ပီးနောက် ဓါးဖြင့်ပြန်လှီးကာ အချောင်းချောင်း လေးများပြန်ရောင်းတတ်ပါသည်။ မျှစ်နီကိုမူ ဇဂနာဖြင့် ခြစ်ယုံသာ ခြစ်၍ အတုံးလိုက် ရောင်းတတ်ပါသည်။

မျှစ်နှင့် နိုင်ငံရေး ( ကလေး အတွေး )

အထက်တွင် မျှစ်အကြောင်း အကျဉ်းချုပ် သိသည့်အတိုင်း ဖော်ပြပီးခဲ့လေပီ …. ထို့ကြောင့် မျှစ်ကို မျှစ်လို့ဘဲ သဘောထားစေချင်ပါသည်။ မျှစ်ဝါကိုဘာ မျှစ်နီကိုဘာ မျှစ်ချဉ်ကိုဘာ ခွဲခြမ်းစိတ်ဖြာ ခြင်း၊ မျှစ်ဝါကကောင်းတယ် မျှစ်နီကကောင်းတယ် မျှစ်ချဉ်ကကောင်းတယ် ဝေဖန်ပိုင်းခြားခြင်းထက် ဂနေ့ ကျနော်တို့ လူ့အဖွဲ့အစည်းသည် ပစ္စုပန်အရေးမျှော်တွေးကာ လူကြီး – လူလတ် – လူငယ် မှသည် အနာဂါတ်ဆီသို့ ချီတက်ကြရာ/ကျရာဝယ် ……………………………………………………

Idealists ထက် Realists ကို ပိုမိုဦးစားပေး သင့်ကြောင်း … စသဖြင့် ဆောင်းပါးရှင်း ကိုLobby ရဲ့    ရွှေပြည်တော်ကြီးကို ဘဂျီးတို့မပါ မဆက်နိုင် ခေါင်းစဉ်ကို တင်ပြလိုက်ရပါတယ် …. ချင် ….

Troll လုပ်တာ

Troll လုပ်တာ

မယုံနဲ့

အဲ့လာ

ပရောပဂန်းနားဒွေ

:mrgreen:

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း