“မိုက်တယ်”

“ဂန့် ကွာ”

“လန်းလိုက်တဲ့စော်”

ဟူပြီး ယနေ့ ခေတ်လူငယ်အတော်များများပြောနေကြလေပြီ ဘန်စကားလို့ ဆိုရမလားမသိ အချို့ စကားလုံး အသုံးအနူန်းများမှာ အလွန်ပင်ရိုင်းပျလှသည် မိန်းခလေးဆို မိန်းခလေးဟုမခေါ် စော် စော်နှင့်ပြောနေသည် ထိုစကားလုံးမှာသူတို့ လူငယ်ချင်းတော့နားလည်ကြသည် အသက်ကြီးကြီးလူကြီးတွေတော့နားမလည်နိုင် အဲဒီအခါလူကြီးတွေကို လူငယ်တွေက Date အောက်တယ် “ချီး”(ချေး) Brain တွေတဲ့ ခေတ်မမီဘူးတဲ့ သူတို့ ကိုသူတို့ ခေတ်ရှေ့ ပြေးနေသည်ဟုထင်နေကြသည် လူကြီးများသည်ခေတ်နောက်ကျခြင်းမဟုတ် အသက်အရွယ်ကြီးပြင်းလာပြီး မှတ်ဥာဏ်စွမ်းရည် အနည်းငယ်နိမ့်ကျလားခြင်းသာဖြစ်ချင်ဖြစ်ပေလိမ့်မည်

ယခင်တုန်းက “ကျွန်တော်” “ကျွန်မ” ဟုပြောဆိုကြသည် ယနေ့ ခေတ်တွင် ထိုသို့ သုံ

လျှင် “တောသား” “တောသူမ”ဟူသော အမြင်ဖြင့်ကြည့်ကြသည် “ငါ..ငါ” “I…I”ဖြင့်တစ်ခါတည်း ငါ တစ်အိုင် နိုင်လွန်းကြသည် သာဓကအားဖြင့် “ကျွန်မ” “ကျွန်တော်ပြောမလို ပါ့” လို့ မပြော “I..ပြောမလို့ံ’’ တဲ့  ကြားရသူမှာ တမျိုးကြီးဖြစ်သည်နားဝင်ဆန်းနေသည် ထိုသို့ မှာနူတ်ရိုင်းခြင်းဟုမဆိုလောက်သော်လည်း မြန်မာလူးမျိုးတစ်ဦးအနေဖြင့် မပြောသင့်ပေ အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပေသည်

ယနေ့ ခတ်တွင် စကားပြောရာလျှင် ဆဲရေးဆိုရေးမပါသည်က ခပ်ရှားရှားပင် လွန်ခဲ့သော ရက်သတ်တစ်ပါတ်တွင် ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ကို

ဖြူ်ထံတွင်သူ၏ သူငယ်ချင်ထံမှဖုန်းလာရာ ကိုဖြူမအားသဖြင့် ကျွန်တော်သူ့ူအစားကိုင်လိုက်ရာ ဆဲရေးများဖြင့် ကျွန်တော်အားနူတ်ဆက်လိုက်ပါတယ် နိုင်ငံခြားရောက်နေသောသူငယ်ချင်းများ မိမိသူငယ်ချင်းသည် လက်ကိုင်ဖုန်းများကိုင်တာမှန်ပါသည်သို့ သော် အကြောင်းအမျိုးမျိုးကြောင့်ဖုန်းကို ကိုယ်နှင့်အမြဲတမ်းလိုလို မယူဆောင်နိုင်တဲ့ အတွက် ဖုန်းခေါ်ရာတွင် သတိထားစေချင်ပါသည် ထိုနေရာတွင်ကျွန်တော်မဟုတ်ပဲ မိမိအဖေအရွယ်လောက် လူတစ်ဖြစ်နေပါက “ငရဲ”့မင်းထံတွင်ကိုယ်တိုင် စရင်းပေးသလိုဖြစ်နေပေလိမ့်မည်

ယခင်ကဆဲသည်မှာအလွန်ရိုင်းသည် အောက်တန်းကျသည် “ဟိုကောင်” “ဟိုကောင်မ” ဟုပြောလျှင်ပင် ပြောသူကို နားခေါင်းရူံ့ ကြသည် သို့ သော် ယခုအခါ လူငယ်များအကြားတွင် ယောက်ျားလေးများသာမက မိန်းခလေးများပါ ဆဲနေကြလေပြီ ရန်ဖြစ်သည့်အခါဆဲပွဲကြီးကျင်းပနေသလားဟုထင်ရလောက်အောင်နူတ်မှာအလွန်ဆိုးလှသည် ရန်ဖြစ်သည်ဆိုမထားနှင့် တစ်ဦးနှင့်တစ်ဦးငြင်းလျှင်ပင် ဆဲသည့်စကားလုံးများကတစ်လုံးနှင့်တစ်လုံး ပါနေသည် အချို့ သောမိန်းကလေးများဆိုလျှင် မိန်းကလေးသာဆိုသည် သူတို့ ၏နူတ်မှာယောက်ျားလေးများတိုင်းပင် တစ်နေ့ လုံးဆဲစကားများသားထွက်နေသည် ဆဲရေးဆိုးရေသည် ဘုရားမကြိုက်သောအလုပ် ပင်ဖြစ်သည် ထို့ အထူးရှောင်ကြဉ်ရန် လိုအပ်ပေသည်

မဟုတ်မမှန်ပြောဆိုခြင်းသည်လည်း နူတ်မကောင်းခြင်းဖြစ်သည် ယနေ့ အခါတွင် လိမ်ညှာပြောဆိုခြင်းသည်မှာ လူကြီးရော လူငယ်အားလုံးပြုနေကြသည် သူမသိပါဘူး

ဟူပြီးတစ်စတစ်နှင့်လိမ်လိုက်သည်ထိုသိုလိမ်ဖြန်များသောအခါ ထိုသူသည် လိမ်သားရသွားသည် စကားပြောတိုင်းပြောတိုင်းတွင် သူ၏ပါးစပ်မှ လိမ်စကားများသာထွက်နေသည် လိမ်ဖြန်များလာပြီး လိမ်ရမည်ကိုလည်မကြောက်တော့ လိမ်သည်ကိုမပေါ်အောင်လိမ် လိမ်သည်ကိုမပေါ်အောင်ထပ်ညှာ ညှာပြီးရင်းညှာနေသည် အချို့ သူများက ဆိုပြန်သေးသည် ကလေးကိုလိမ်တာလောက်တော့ဘာမှမဖြစ်ပါဘူးတဲ့ ကလေးဆိုသည်မှာ သူညှာတာ သိချင်မှသိမှာပါ သို့ သော်လူငယ်ဟူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏်တာဝန်ကို ပခုံးလွှဲထမ်းဆောင်ရမည့် အနာဂတ်၏ သား သမီးများပင်ဖြစ်သည် တိုင်းပြည်ကောင်းမွန်တိုးတက်ရန် လူမျိုးပေါ်မူတည်သည် လူငယ်တို့  နူတ်အမူအရားကောင်းမွန်မှသာကိုယ်အမူအရာကောင်းမွန်ပေမည် ကိုယ်အမူအရာကောင်းမွန်းမှသာ ဆောင်ရွက်သမျှသောအလုပ်တို့ ကောင်းမွန်ပေလိမ့်မည် ထို့ ကြောင့်နူတ်ကောင်းမွန်ရန် အလွန်ပင်မလိုပေဘူးလား ထိုသို့ နူတ်ကောင်းမွန်ရန် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်း ဆဲရေးတိုင်းထွာမူ့ မပြုခြင်း လိမ်ညှာပြီးမပြောခြင်း အကြိုးမရှိသောစကားမပြောခြင်းတို့ ဖြင့် အစဉ်သတိပြုနိုင်ကြပါစေသတည်း…………………………

About khinmintatthu

khinmin tatthu has written 150 post in this Website..