ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၇)

maungmoenyoAugust 1, 20101min1681

ပြည်သူလူထု၏ဘဝအခြေနေမှန်

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကကြွေးကြော်ခဲ့သော – လွတ်လပ်ရေးသည်ပထမ၊ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယ ဟူသောကြွေးကြော်ချက်များမှသည်၊ လူ့အခွင့်ရေးအခြေခံလိုအပ် ချက်ဖြစ်သော “စားဝတ်နေရေး”လိုအပ်ချက်အဆင့်သို့လျှောကျမှန်းမသိလျှောကျသွားခဲ့သည်မှယခုအထိပင်။ လွတ်လပ်ခါစအရှေ့တောင်အာရှတွင်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဘဝမှသည် (၁၉၈၈)တွင်ကမ္ဘာ့အဆင်းရဲဆုံးအဆင့် သို့ကျသွားအောင်ပြုလုပ်နိုင်စွမ်းပြည့်ဝသောစစ်ဗိုလ်ချုပ်များ၏အစွမ်းသတ္တိကားဩချရလောက်အောင်ပင်မ ဟုတ်ပါလား။ ယခုအခါမှာတော့ တိုးတက်သောအနောက်နိုင်ငံများအကြားတွင်ပင်မဟုတ်၊ အာရှဒေသတွင် ပင်ဆေးဖေါ်ကြောဖက်ပင်အလုပ်မခံရတော့သည်မှာရင်နင့်ဘွယ်ပင်။ “မဆလ”ခေတ်တွင်ပြဌာန်းခဲ့သောအည မညဖြစ်စဉ်(၃)ရပ်တို့တွင်အပါအဝင်ဖြစ်သော “အပေါ်ထပ်ဆောက်အအုံ” နှင့် “စီးပွားရေးအခြေခံ”တို့၏ သဟဇာတမညီမျှမှုကိုနှစ်ရှေကာလကြာ အဆင့်ဆင့်သောပါတီအဖွဲ့အစည်းဆင့်ဆင့်တို့ကဖုံးဖိလိမ်ညာခဲ့ကြသမျှ (၁၉၈၈)တွင်မှပေါက်ကွဲကာလူထုအုံကြွမှုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဆိုခဲ့သော “စား၊ဝတ်၊နေရေး” အခြေခံတို့တွင်။ ဝတ်ရေး၊နေရေးဟူသောအခြေခံကိုပင်ယခုအခါလှည့်မကြည့်နိုင်တော့သည့် ဘဝသို့ရောက်နေပါပြီ။ လာမည့်ရွေးကောက်ပွဲ၏လှည့်ကွက်များကိုလူထုကကောင်စွာသိရှိပြီးဖြစ်သည်မှာယုံးမှားဘွယ်မရှိပါ။ ပြီးခဲ့သော(၂၀၀၈) အခြေခံဥပဒေကိုနိုင်ငံတဝက်နီးပါးမုန်တိုင်းဒဏ်အလူးအလဲခံနေရချိန်တွင်စစ်အစိုးရက ဗြောင်မဲလိမ်၍ရာနှုန်းပြည့်နီးပါးဖြင့်အတင်းအကျပ်အတည်ပြုခဲ့သည်မှာအထင်အရှားပင်။ ပြည်တွင်းရောပြည်ပ ကပါညံနေအောင်ဝိုင်းဝေဖန်ကြသော်လည်းတုပ်တုပ်မျှမလှုပ်ရုံမက၊ လက်လှမ်းမှီရာတို့ကိုပင် တိုး၍ဖိနှိပ် ဒုက္ခပေးခဲ့သည်။ ဒေါ်စုအပါအဝင်ထင်ရှား၍လူထုအုံကြွမှုကိုဖြစ်ပေါ်စေနိုင်မည့်ခေါင်းဆောင် ဟူသမျှကိုလူထု နှင့်အဆက်အသွယ်ဖြတ်လိုက်သည်။ သမိုင်း၏ဖြစ်စဉ်အမှန်များအားလုံးတို့ကိုစစ်အစိုးရက ဖုံးကွယ်ခြင်းဖျောက် ဖျက်ခြင်းစသည်တို့ကိုအရှိန်အဟုန်တိုးဖြှင့်ဆောင်ရွက်နေပါပြီ။ ဥပမာ-အာဇာနည်နေ့ဟူသော အဓိကကျသည့် အထိမ်းအမှတ်နေ့ကို နှစ်စဉ်ပြောက်ကွယ်အောင်လုပ်လာယုံမက၊ ယခင်နိုင်ငံတော်ခေါင်းဆောင်များအဆက် ဆက်ကသွားရောက်အရိုအသေပြုပန်းခွေချရသောအစဉ်အလာမှသည်၊ ယဉ်ကျေးမှုမှုဝန်ကြီးဌာနကကြီးမှူးသော ‘”ပြပွဲ”ယောင်ယောင်အဆင့်သို့လျောကျသွားသည်မှာရင်နင့်ဘွယ်ပင်။ “အာဇာနည်”ဟူသောဝေါဟာရ၏ အဓိပ္ပယ်ကိုနားလည်ကြပါလေစ။ နောင်အခါယင်း’အာဇာနည်နေ့’ကို’စစ် သည်များအောက်မေ့ဘွယ်နေ့’ ဟုဗျောင်ကျကျနာမည်မပြောင်းလျင်ကံကောင်းသည်ဟုဆိုရမည်။ “တော်လှန်ရေးနေ့” မှသည် “တပ်မတော်နေ့”အဖြစ်ပြောင်းသွားသည်ကိုကြည်ပါ။ လူထုအနေဖြင့်လာမည့်ရွေးကောက်ပွဲအပေါ်မျှော်လင့် ချက်မထားသလိုမဲသွားပေးချင်မှပေးမည်။ ယင်းအခြေနေမျိုးရောက်အောင်စစ်ဗိုလ်ချုပ်များကလည်း ဖန်တီးနေသည်။ ယခုအခါအထူးသဖြင့် NLD နှင့်ပြည်ပအတိုက်အခံများကမဲမပေးဘဲသပိတ်မှောက်ကြ ရန်တိုက်တွန်းနေသည်။ မဲရုံသို့မဲလာထဲ့ခြင်းမထဲ့ခြင်းကားစစ်အစိုးရအတွက်ပြသနာကြီးကြီးကျယ်ကျယ် မဟုတ်ပါ။ စင်စစ်အားဖြင့်မဲလာမထဲ့လေကြိုက်လေပင်။ ဆိုခဲ့ပြီးသည့်အတိုင်းဗဟိုနှင့်ပြည်နယ်တိုင်းဒေသကြီး မဲဆန္ဒနယ်များမှအပကျန် ခရိုင်၊မြို့နယ်နှင့်ရပ်ကျေးတို့တွင်သာမဲ”ကလဖန်ထိုး”ရာတွင်နဲနဲလက်ဝင်မည်။ နိုင်ငံတကာကိုမိမိတို့ရွေူးကောက်ပွဲသည်မည်မျှတရားမျှတကြောင်းဘယ်ပုံသက်သေထူမည်နည်း။ ယင်းကိစ္စသည်သာစစ်အစိုးရအတွက်လက်ဝင်မည့်ကိစ္စပင်။ တခုတော့ရှိသည်။ အောက်ချေအဆင့် နေရာများအတွက်ကားကန့်ကွက်မှုများရှိဘို့အလားအလာရှိသည်။ ဝမ်းနဲဘွယ်ကောင်းသည်ကား ပြည်သူလူထု၏ဘဝတွင်နှစ်ပရိစ္ဆေဒများစွာကတည်းကကိန်းအောင်းခဲ့သောရာထူး၊သီးသန့်အခွင့်အရေး၊ခံစားခွင့်တို့ကို “ဖား”ပြီး၊ “ပေး”ပြီးမှယူရသောအကျင့်ဆိုးတို့သည်သံမှိုကုံသို့စွဲဝင်နေသည်မှာအဆိုးဆုံးသောလူနေမှု ဘဝပင်။ ဝန်ထမ်းအဆင့်ဆင့်တို့တွင်လည်းလဘ်ပေးလဘ်ယူမှု၊အကျင့်ပျက်ချစားမှုတို့မှာပြင်ယူရ အခက်ခဲဆုံးအဆင့်တွင်ယနေ့ရောက်ရှိနေပါသည်။ မွေးဖွားသည့်အချိန်ဆရာဝန်ဆရာမတို့ကိုငွေကြေး မတန်တဆအပြင်ပိုမိုဂရုစိုက်ရန်လက်ဆောင်များပေးရသည်မှအစ၊ သေလျင်တောင်သတင်းလာမေးသူတို့ကို အသုဘအတွက်စည်ပင်သာယာရေးအစရှိသောဌာနဆိုင်ရာတို့ကိုမည်းသို့မည်မျှပေးလိုက်ရကြောင်းတခမ်းတ နားပြောနေကြရသည့်အဖြစ်မှာလူတိုင်းအိမ်ထောင်တိုင်းဆိုလျင်မှားအံ့မထင်ပါ။ ယင်းသာရေးနာရေးကိစ္စများ အပြင်အခြားကိစ္စဆိုလျင်ဆိုဘွယ်မရှိဆိုသည်ကိုဆက်စပ်တွေးယူကြပါ။ အစိုးရကလည်းလူထုကိုလုံးဝဂရုမစိုက် သကဲ့သို့လူထုကလည်းအစိုးရ၏မျှတမှုမရှိသောစည်းကမ်းဥပဒေတို့ကိုမည်သို့မည်ပုံလှည့်ပတ်ချိုးဖေါက်ရမည်ကိုမနက်မိုးလင်းချိန်မှမိုးချုပ်ချိန်အထိလူတိုင်းစေ့စဉ်းစားနေကြသည်၊ ငွေကြေးများများသုံးနိုင်လေဥပဒေချိုးဖေါက် ရာတွင်ထိရောက်မြန်ဆန်လေပင်။ ထိပ်ဆုံးပိုင်း “ငတိ” လုပ်သူဗိုလ်ချုပ်မှူးကြီးကစ၍ဗျောင်လိမ်နည်းများကိုသ တင်းစာမှနမူနာကောင်းများနေ့စဉ်နှင့်အမျှပြနေမှတော့၊ လူထုသန်း(၆၀)တို့ကနေ့စဉ်ဘဝရပ်တည်ရှင်သန်ရေး (ချမ်းသာကြွယ်ဝရေးအတွက်မဟုတ်ပါ)နောက်လိုက်ကောင်းများအဖြစ် လိမ်ကြလှည့်ကြကောက်ကျစ်ကြ သည်မှာထူးသော်လည်းမဆန်းတော့ပါ။ ခေတ်ပြောင်းစနစ်ပြောင်းလျင်နောင်တက်မည့်အစိုးရကပြုပြင်ရေး လုပ်ရာတွင်အဓိကတွေ့မည့်အခက်အခဲပါ။ ယင်းကားယနေ့မြန်မာပြည်သူလူထု၏ဖုံးမရဖိမရတော့သော အခြေအနေမှန်တွေဖြစ်သည်။  အမှန်ဆိုရလျင်လာမည့်ရွေးကောက်ပွဲ၌မဲမပေးဘဲသပိတ်မှောက်ခြင်းသည်စစ်ဗိုလ်ချုပ်များအတွက်နိုင်ကွက်တခုဟုပင်စာရေးသူကောက်ချက်ချပါရစေ။ သာဓကကား ပြီးခဲ့သော (၂၀၀၈)ဆန္ဒခံယူပွဲရလာဒ်ကိုကြည့်ပါ။

One comment

  • timothy

    August 4, 2010 at 11:17 am

    Today, the bad news but obvious intention of the murderous Junta, their plans to deploy and use hard-cored criminals to win the election, came out as a leaked document in various media. What we knew is the apparent dedication of Junta to grab the power by ushering the false unjust election, using whatever dirtiest methods under the sun. The oppressed of Burma got no chance to match the brutality of evil regime in this planned election. The majority of people in Burma endured the hell of their daily lives twined with corruption, nepotism, bribery, back-stabbing and they do survive in cruel system. Somehow it will be interesting research topic for would-be academic. What can people of Burma do about it? None. Useless Nations of UN and lip services of the USA and the West serve the Junta with wild applauded tunes for their celebration to rig the election. The only solution is for patriotic soldiers to join the public to show their discontent to Junta`s submission of Burma authority to China and lately North Korean. It should hurt enough people in military who love to resurrect the name of Army and the fortune of sicked mother country. The public can join hand and boycott the election together with NLD and ethnic brothers. Recently Wa authority declare no go zones in all their territories for any election activities. All opposition party members to withdraw their participation in unjust election out of daily frustration forced by ruling junta`s persecutions. Only unity against the nearest evil Junta will bring the mother country to liberty. Useless Nations, democratic countries and China/ Asean stated clearly that Burmese affair will only be sorted out by Burmese in their country. None of them are interested to stick their nose in internal affairs of sovereign country. If we the Burmese clear about the faith of our life, understanding the apparent status of defenceless at the mercy of incredibly ruthless Junta, then it is not difficult for all Burmese to boycott the election at all cost wholeheartedly. Do or die. No other choice. I encourage NLD to declare war on unjust 2008 constitution, order the people not to give vote in election, order the soldiers to come out of military barracks to join hands with people. This is an absolute solution for Burma. The heartless junta must be shown the brave heart of opposition, its ruthless dedication for liberation and aggressiveness of leadership we had all seen and witnessed in the world revolutionary history. This is the time to call all out war to Junta, to match their wit and win the game of the day. Doing nothing of current policy is submission to Junta. It is policy of Failed. We all must united against the Junta.

Leave a Reply