အပိုင်း ( ၁ )

ဗိုလ်မှူးသူရခင်လတ်(ငြိမ်း)၏ နွေရာသီ အထူး(ကျား)စခန်း

နေရာကား မှော်ဘီမြို့  အနီး ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အနီးတွင် အထူးဖွင့်လှစ်ထားသော Camp တခုတွင် ဖြစ်သည်။ သင်တန်းကျောင်း ဦးစီးဦးဆောင်သူ သူရခင်လတ်သည်ကား အရပ်ခပ်ပြတ်ပြတ် အသားအနည်း ညိုမှောင်ကာ စူးရှသောမျက်လုံးတစုံဖြင့် အတန်ငယ် မျက်မှောင်ကုတ်၍ အဝေးတနေရာသို့ စူးစိုက်ကြည့်နေလေသည်။ စစ်စိမ်းရောင် ခပ်ရင့်ရင့် ပါရာကျု ဆုထ့်သည် လေထဲတွင် တချက်၂ချက်မျှ ဖျတ်ကနဲ လွင့်သွားသည်မှ အပါ ကျစ်လစ်သန်မာသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှပေသည်။ ထိုစဉ် အနောက်နားမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ပီး တလက်စတည်း “ဘာထူးသလဲ ဗိုလ်ကြီးဒုံ? ” ” ဒီနေတော့ သင်တန်းသား တယောက် ၀မ်းသွားနေလို့ သင်တန်း မလိုက်နိုင်ဘူး ဗိုလ်မှူး လောလောဆယ် ဆေးတလုံး သွင်းပေးပြီး ခဏနားခိုင်းထားတယ် ခင်ဗျ” ဗိုလ်ကြီးဒုံ ဆိုသူမှာကား သင်တန်းကျောင်း၏ ဆေးဘက်ဆိုင်ရာ အရာရှိ ချင်းလူမျိုး ဒုံမပာ ဆိုသူဖြစ်ပေသည်။ အရပ်၅ပေ ၈လက်မခန့် မြင့်၍ အသားဖြူဖြူ ကိုယ်လုံးတောင့်တောင့်၊ သန်မာဖြတ်လတ်ဟန် ရှိသူဖြစ်သည်။ ဆီးဂိမ်းနှင့် အာရှအားကစား ပြိုင်ပွဲတွင် အလေးမနှင့် သံလုံးပစ် ရွှေတံဆိပ် ၄ခုရ အားကစားသမားဟောင်း တဦးလည်း ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး Maအောင်လှိုင်၏ စစ်မြေပြင် အရဲရင့်ဆုံး ဆေးတပ်သားစုကို ရခဲ့ဖူးသူလဲ ဖြစ်ပေသည်။

လတ်။   ။ ဘယ်သူတုန်းဗျ ၀မ်းသွားတာ? စိုးရိမ်ရရင်တော့ ဆေးရုံ လွှဖို့ပြင်ပေတော့။

မာ။     ။ တပ်ကြပ်လန်တူးချာပါ ဗိုလ်မှူး တင့်ကားတပ်ရင်းကပါ မနေ့က သူတို့တွေ သင်တန်းနားချိန် ဂွေးသီးကို ငရုတ်သီးအစိမ်းမှုန့် ငံပြာရည်နဲ့ တို့စားကျတယ်ပြောတယ်၊ ကျန်တဲ့သူတွေတော့ ဘာမှမဖြစ်ဘူး သူ့ကျမှ အခါမသင့်လို့ပါ။ ဒုတပ်ကြပ် အိရွှေကိုတော့ ဆေးလိပ်တအားသောက်လို့ သတိပေးဆုံးမ လုပ်ထားပါတယ်။

လတ်။    ။ ကောင်းပါတယ်ဗျာ ဆက်လုပ်ပါ စစ်ကသျှာ ဆိုတာ ကြံ့ ခိုင်မှုလိုတယ်ဗျာ၊ အဲ့ဒါမှ မရှိရင် အနာဂတ်အတွက် ရင်လေးစရာပဲ။ ခင်ဗျားလဲ ကွမ်းစားတာလျော့ဗျ ကိုယ်တိုင်ကဆေးပညာရှင် အသက်လဲ မငယ်တော့ပါဘူး ကြိုက်တယ်ဆိုပေမဲ့ အရွယ်က စကားပြောနေပီလေ။ ပြောသာ ပြောတာပါ ကျုပ်လဲ တပက်လောက် သောက်ချင်လာပီ အေ့ခ်ျ

ဗိုလ်မှူးခင်လတ်တယောက် စကားစဖြတ်ရင်း ဘောက်ဆတ် ဘောက်ဆတ်ဖြင့် အာမီရမ်များထားရာ ရိပ်သာဘက်သို့ ထွက်ခွာသွားစဉ် ကွင်းထဲမှာ စစ်ကသျှာများ၏ ” ကျား …. ကျား … ဖြစ် … ဖြစ်.. မီးယပ် … မီးယပ် … တိုက် .. တိုက် ” ဆိုသော ဟစ်ကြွေးသံများကား လေထဲတွင် လွင့်ပျံ့  နေလေတော့သတည်း …… ။

:mrgreen:

အပိုင်း ( ၂ )

ကတောက်စ် …

တပ်သားစိန်တုံတယောက် တောက် တချက် ပြင်းပြင်းခေါက်ရင်း ဂျာနယ်ကို ပစ်ချလိုက်သည်။ ဘာဖြစ်တာတုန်းကွ? အခန်းဖော် အုံကြီး၏ အမေးမဆုံးခင်ကပင် … အလဂါးပါကွာ ဂျာနယ်တွေများ ရေးစရာရှားလို့ ဟိုဟောင်ကောင်က တရုတ်-အာဖရိကန် မင်းသမီး ကျောက်စ်ကျိချွှဲ လေကွာ သူ့ရင်သားကို ဒေါ်လာ ၁.၄သန်းနဲ့ အာမခံထားသတဲ့။ ဒါမျိုးက လတ်လတ်ဆတ်ဆတ်ရှိတုန်း အသုံးချရတာကွ။ နာမည်ကြီးချင်တာနဲ့ လျှောက်လုပ်တယ် သူ့ပရိတ်သတ်တွေလဲ နည်းနည်းတင်းနေကျတယ်။ သူ့ကိုသဘောကျတဲ့ ထိုင်ဝမ်ဘောဇိ လျောင်ဝေေ၀တောင် ဒေါသထွက်နေသတဲ့။

တပ်သားမောင်အုံ။     ။ အေးကွ ခုပြည်တွင်းမှာလည်း နန်းစုရတီဖောတို့  ၀ါဆိုဘလက်ဦးလေးတို့လဲ ဟော့နေတယ်တဲ့ …. ။

တပ်သားစိန်တုံ။      ။ ဟုတ်လား … ဒင်းတို့က ငါတို့ကို အရေးလုပ်မှာ မဟုတ်ပါဘူးကွာ … ။ ဒါနဲ့ ဂွေးသီးစားပီး ချေးပန်းနေတဲ့ ဆရာလန်တူးချာ အခြေအနေ ဘယ်လိုလဲ? ကောင်းသွားပီလား? သူတို့ တင့်ကားအဖွဲ့တွေက လုပ်လိုက်ရင် အလွန်တွေဘဲ … ဟူး

တပ်သားမောင်အုံ။      ။ ဒါနဲ့ ငါတို့ဆေးမှူး လူပျိုကြီးက ကိုရီးယားကားထဲက မင်းသမီး ဟဂျီဝန်ကို ရေလည်ခိုက်တယ် ဆိုဘဲ။ ဒီတခေါက် ကိုရီယားသင်တန်းပါရင် သွားတွေ့မယ် ဆိုလား … ဟေဟေ့ ၀ါးးးးး အိပ်ချင်ပီကွာ မနက် PT ဆင်းရမှာ အိရွှေဆိုတဲ့ကောင်ကလဲ ဆေးလိပ်ကို မီးခိုးထွက်အောင် သောက်နေတာ ခြင်ဆေးဖြန်းနေတာ ကျနေတာပဲ … ခွီး …။

အပိုင်း ( ၃ )

နတ်နန်းထဲတွင် ဖြစ်သည်။

ကနားစီး မီဂီတယောက် ကိုကြီးကျော်အကျ ဘလက်လေဘယ်အတု တလုံးနှင့် အဖော်ပြုရင်း အတွေးနယ်ချဲ့ နေလေသည်။ ခုတလော စီးပွားရေးက မကောင်း ကိုယ်တော်ကြီး၊ကိုယ်တော်လေး တို့လည်း ဘယ်လမ်းသလားနေသည် မသိ သူမကိုပင် ပစ်ထားလေရက်သလားထင် … ဧည့်သည်လာလို့ ဖိတ်ပြန်တော့ သူတို့မစီး ဟိုကျားပဲ ၀င်ဝင်စီးပီး တဂါးတဂါးနှင့် ဖြစ်နေသည်။ ခုတလော ကျန်းမာရေးက မကောင်း အသားအရည်တွေ နည်းနည်းခြောက်လို့ နေသည်။ မတ်စိန်မ အကြံပေးလို့ ယောဂဆရာမ ဖက်ဖက်ကပ်ထံ သွားလေ့ကျင့်ရာ ပေါင်ကြောပြတ်ပီး တပတ်လောက် ဆန့်ငင်ဆန့်ငင် ဖြစ်သွားတာပဲ အဖတ်တင်သည်။ ဧကန်န စပီလားမသိ ဖတ်မပြောကောင်း မဆိုကောင်း တောင်ပြုန်းပွဲတော့ အမှီကျဲခြင်နေသည်။ မနှစ်က ပွဲမှာ ကိုယ်အသကုန်အမ်းထားတဲ့ တက်သစ်စ လူကြမ်းမင်းသားလေးကို တာမွေက ကနားပျောက်မ မဲမဲသွ တယောက် အတင်းလုံးပီး ၀င်နှပ်သွားတာ အခုထိ စိတ်ထဲမကျေ။ ဒါမျိုး တကျင်းစားကျော်တာတော့ ဒီလောကမှာ နာစရာ ဒီနှစ်တော့ ဒင်းကို အပီချေဖို့ စိတ်ထဲတင်းထားသည်။ ဟိုမော်ဒယ်သင်တန်းဆြာ ဂျွန်စည်မ ဆီက အစင်လန်းလန်းလေး တယောက်လောက်ကို အောက်ကြေးနှိုက် ဖို့ကျတော့လည်း ရေမလန်း လူမလန်း ဖြစ်နေသည်။

ဂီစိန်မတယောက် အိပ်ရာထဲ တလူးလူး တလွန့်လွန့် ဖြစ်နေရင်း အိပ်မပျော်သည်နှင့် အမေရိကန်အဆိုတော် မာရိုင်းယား ကိုင်ယမ်း၏ သူနဲ့သာဆိုရင် ( With you ) သီချင်းအား အထပ်ထပ်အခါခါ ဖွင့်နားထောင်ရင်း အိပ်မက်ထဲတွင် တချိန်က ချစ်ဦးသူ မင်းရဲဆက်နှင့် လိုက်တမ်းပြေးတမ်း ကစားနေလေတော့ သတည်း ……။

ဒချိ ..ဒချိ

အထူးတောင်းပန်ချက်

ဤသရော်စာသည် လူပုဂ္ဂိုလ် တစ်ဦးချင်းအား သရော်ခြင်း မဟုတ်၊ အကြောင်းအရာ ကိုသာ သရော်ခြင်းဖြစ်ကြောင်း နားလည်ပေးစေအပ်ပါသည်။

ပိတ်သတ်ကြီး ဆက်လက်အားပေးပါက .. အပိုင်း(၂)တွင်

အသားအရေနှင့်အလှအပဆိုင်ရာ ပညာရှင် နန်းအိအိပါ

ဓာတ်ပုံပညာရှင် ပေါက်ပေါက်( မန္တလေး)

မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံ လုံကောင်ကြီး ( မှုံမှုံ )

ဗြိတိသျှ အဆိုကျော် စီလင်းဒီဆွေ

စင်ကာပူ အစားအစာရေးရာဝန်ဂျီး ဂိုလျောက်ခိုင် တို့အကြောင်းအား ထည့်သွင်းရေးသား သွားပါမည် …။

ဆြာယေးဆြာမ မာမီယဲ၏ အချိန်နှင့် ကွန်နက်ရှင်ကြောင့် ယခုအပိုင်း (၁)တွင် ပါဝင်ရမည့် အရက်ဆုံရာအစီအစဉ်မှ တက်သစ်စ အဆိုတော် ကြီးမိုက်မိုက်လေး၏  မိသားစုကို ဆန့်ကျင် အိမ်ပေါ်မှဆင်းပီး ဘ၀နှင့်အနုပညာအတွက် ခက်ခဲစွာရပ်တည်ရပုံများကို သီးသန့်ဖော်ပြပေးမည် ဖြစ်ပီး ဤစာစု ဖြစ်ပေါ်လာရေး တွန်းအားပေးခဲ့သူ အမေရိကန်နိုင်ငံမှ သီလရှင်ဆရာမလေး Miss Pussy Cat အကြောင်းအားလည်း ထည့်သွင်းဖော်ပြပေးမည် ဖြစ်ပါတယ်ချင့် …..။

ဒညင့် ဒညင့်

 

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း