Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဖတ်ရွေး အဖွဲ့သားများအလိုရှိသည် Wanted….Best Web Awards

ရွာသူားများအားလုံး မင်္ဂလာပါဗျာ….

ရေးမယ်…ရေးမယ်နဲ့ အချိန်ကြာသွားလို့ မနေ့ညကတော့စာလေးအပီးသတ်ပြီး

ဒီမနက်တင်မယ်လုပ်တော့မှ…မဟာရာဇာကပို့စ်တက်နေပြီ…

တကယ်က ကျုပ်တာဝန်လုံးလုံးပါ…အံဇာကိုလည်းကျေးဇူးတင်ပါတယ်…

ကျုပ်ဒီနေ့ ပြောချင်တဲ့အကြောင်းကတော့ ရွာရဲ့ `ဖတ်ရွေး´ ကိစ္စပါ

ဒီအကြောင်း ပီးခဲ့တဲ့ တွေ့ဆုံပွဲတုန်းကပြောမလို့ဘဲဗျ…

မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူားများတွေ့ဆုံပွဲအပျော်တွေကြားမှာ

ကျုပ်ပြောချင်တာတွေပျောက်နေခဲ့လို့ရယ်..တစ်ရွာလုံးကိုသိစေချင်တာရယ်ကြောင့်

အခုလိုပို့စ်တင်ပြောလိုက်ရခြင်းပါဗျာ…..

`ဖတ်ရွေး´ဆိုတာစတင်ဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးခဲ့သူကြီးကတော့

ဂဇက် တံခါးမှုးကြီး၊ လဘက်ရည်ချိုပေါ့ကျအဖျော်ဆရာ၊ နားစွန်နားဖျားရပ်ကွက်လူကြီး

သွားလေသူကြီး….အဲ အဲ ဖတ်ရွေးအဖွဲ့မှစိမ်းစိမ်းကားကား ထွက်ခွါသွားလေသူကြီး ကိုဘလက်ချောပါဗျာ…

သူ့ရဲ့စည်းရုံးမဲဆွယ်မှုကြောင့် ရွာထဲက မျက်စိကမှုံ လက်ကတုန်နေသူ လူကြီးသူမတချို့

အလုပ်ကိုယ်စီ မအားတဲ့ကြားက ရွာထဲရေးတင်လာသမျှ စာများထဲက အကြိုက်ဆုံး

စာလေးတွေကို ရွေးချယ်ပြီး ဆုပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ…

မန်းဂဇက်ဝက်ဆိုဒ်မှာ စာကောင်းပေကောင်းတွေများများရေးလာစေဖို့ရည်ရွယ်တာပေါ့

ပြောရမယ်ဆိုရင်…ကိုယ့်ထမင်းကိုယ်စားပီး ဂျီးတော်(သူကြီး)နွားကျောင်းဖို့ကြံစီကြတာပါပဲ..

မှတ်မိသမျှ မမှားဘူးဆိုရင်တော့..မူလပထမ ဖတ်ရွေးအဖွဲ့ဝင်တွေက

၁။ ဘလက်ချော(ယခုနှုတ်ထွက်ပြီး)

၂။ ဦးဦးပါလေရာ(ယခုနှုတ်ထွက်ပြီး)

၃။ နိုဇိုမိ(ယခုနှုတ်ထွက်ပြီး)

၎။ ပဒုမ္မာ

၅။ အရီးခင်လတ်

၆။ ကိုပေါက်(မန္တလေး)

 ၇။ အဘဖေါ

၈။ ကထူးဆန်း(ယခုနှုတ်ထွက်ပြီး)

၉။ လင်းဝေ(ယခုနှုတ်ထွက်ပြီး)

၁၀။ မမ

၁၁။ မဝေ

၁၂။ အင်ဇာဂီ

၁၃။ ကြီးမိုက်(ခုထိမိုက်နေသေးသူကြီး)

 

 

လူတွေတစ်ယောက်ပြီးတစ်ယောက်နှုတ်ထွက်သွားတော့

ဖတ်ရွေးအဖွဲ့အားနည်းလာလို့ ဖတ်ကူတွေအဖြစ်အကူအညီတောင်းတော့

အမတ်မင်း

ရွှေတိုက်စိုး

ပုခ်ျ

ဖက်တီးကက်

အလင်းဆက်

မွန်မွန်

တို့ကဖတ်ကူလာခဲ့ကြပါတယ်…(လူကျန်သွားရင်ခွင့်လွှတ်ပီး သတိပေးပါနော)

ကူခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ပါ၏။

 

….အခုဆိုရင်

20.01.13 နေ့ကတစ်ကြိမ်

man3

21.07.13 နေ့ကတစ်ကြိမ်

DSC_0173-600x338

နှစ်ကြိမ်တိုင်တိုင်အောင်မြင်ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပြီးပါပြီ…

ရက်စက်စွာ နှုတ်ဆက်ထွက်သွားလေသူ ရဲဘော်ဘလက်ချောက

ပထမအကြိမ် တွေ့ဆုံပွဲ မလုပ်ခင် တိုင်ပင်ကြကတည်းက

ဆုရစာမူတွေကို ပုံနှိပ်ထုတ်ဝေဖို့ စတင်ကြံစီခဲ့ပါသေးဗျာ…

ဒါကြောင့်ပါပဲ..ဆုရစာမူတွေအကုန် ဟတ်ကော်ပီနဲ့ပရင့်ထုတ်လို့

ဆရာဦးအောင်သင်းထံ မှတ်ချက်ကွန်မင့်ယူရန်ပို့ခဲ့ပါသေးသကောဗျာ…

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး….

ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက်စီစဉ်ကြတော့…ဘယ်လိုမှထင်မထားသူ

ရွာသူ Green Rose က ရုတ်တရက် လူအားရောငွေအားပါအိပ်စိုက်ပြီး

စီစဉ်လိုက်တော့ မန်းဂဇက်သမိုင်းဝင် စာတစ်အုပ်…အဟုတ်ထွက်ပေါ်လာခဲ့ပါလေရောဗျာ…

` Green Rose ´ကိုတစ်ရွာလုံးကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါကြောင်း

ဒီနေရာက မှတ်တမ်းပြုပါရစေ

နောက်တစ်ခါ..ရွာသူရွာသားလူငယ်တချို့ရဲ့အကြံပြုချက်အရ…

ဖတ်ရွေးအဖွဲ့ဝင်တွေကပဲ စိတ်ကြိုက်အမှတ်ပေးပြီးရွေးနေတာနဲ့စာရင်

ဖတ်ရွေးအဖွဲ့တွေက ဇကာတင်ရွေးပေးတာတွေကို

ရွာထဲမှာချပြပြီး  ရွာသူားတွေအားလုံးပါဝင်ဗုတ်ပေးရွေးချယ်တာပိုကောင်းမယ်ဆိုပြီး

ဗုတ်စံနစ်ပြောင်းခဲ့တာ…အောင်မြင်ခဲ့ပါတယ်…ပိုပြီးလည်းအဆင်ပြေပါတယ်…

ဒါပေမဲ့ပြဿနာတစ်ခုက ပင်တိုင်ရွေးချယ်ပေးနေတဲ့မူလဖတ်ရွေးအဖွဲ့ဝင်တွေ

ကိုယ့် ကိုယ်ရေးကိုတာကိစ္စတွေကြောင့် တဖြည်းဖြည်းနှုတ်ထွက်ကုန်ကြတာ..

…(မူလဖွဲ့စဉ်တုန်းက အဖွဲ့ဝင် ၁၃ယောက်ပါ)

 

အခုဆို….အင်း…ဘယ်နှစ်ယောက်ကျန်သေးလဲ

ကျုပ်ဆိုတဲ့  ကြီးမိုက်၊

 ဒေါ်ပဒုမ္မာ၊

 အရီးခင်၊

 အဘဖေါ၊

 မမ၊

 မဝေ၊

 ကိုပေါက်၊

 အင်ဇာဂီ၊

နဲ့ နောက်ဖတ်ကူတွေထဲက…

အမတ်မင်း၊ ကြောင်ဝတုတ်၊ အလင်းဆက်..ဒါပဲကျန်ပါတော့တယ်….

ဒါပေမဲ့ လူတိုင်းမိမိကိုယ်ပိုင်အလုပ်ကိစ္စတွေနဲ့ ချာလပါတ်ရမ်းနေကြတော့..

အဲဒီထဲကမှ..ပြီးခဲ့တဲ့ ဂျူလိုင်လအတွက် ဇကာတင်ပို့စ်ရွေးပေးနိုင်တာ

လေးယောက်ပဲရှိခဲ့ပါတယ်….

တစ်လလုံးတင်သမျှစာတွေကို အဲဒီလေးယောက်က အကုန်မဖတ်နိုင်၊ မဖတ်မိမှာသေချာပါတယ်…ဆိုတော့..တကယ်ကောင်း၊ တကယ်ဂဇက်ရွာသူား

များကြိုက်တဲ့ပို့စ်တွေ ဇကာတင်ဗုတ်မှာ မပါလာပဲကျန်ခဲ့နိုင်ပါတယ်….

ဒါကြောင့်လည်း ဗုတ်ပို့စ်တင်ပေးတဲ့ မဟာရာဇာအံစာတုံးက…

ရွာသူားတွေထဲက ဇကာတင်ပို့စ်ထဲထည့်ချင်တဲ့ ပို့စ်ရှိရင်

မည်သည့်ရွာသူားမဆို အံစာတုံး မေးကိုပို့နိုင်ကြောင်း ကြေငြာခဲ့ပါတယ်….

ဖတ်ရွေးစာရင်းဝင် ဆယ်ယောက်ဆိုပေမဲ့ လစဉ်အားလုံးရွေးပေးနိုင်ချင်မှရွေးပေးနိုင်တာပါ…

ဒါကြောင့် ဖတ်ရွေးပေးမဲ့သူများများလိုလာပါတယ်…

ကျုပ်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံလိုတာကတော့

ဖြစ်တည်ခဲ့ပြီးသား `ဖတ်ရွေး´ အလုပ်နဲ့ ခြောက်လတစ်ခါကျင်းပသွားမယ့်

`မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူရွာသားများတွေ့ဆုံပွဲ´ကြီးကို

အရင်ကထက်ပိုမို ပျော်ရွှင်စွာကျင်းပသွားနိုင်ရေးအတွက်

ရွာသူားများထဲက မည်သူမဆို ၀င်ရောက်ပြီးဖတ်ရွေးပေးကြဖို့

ဒီပို့စ်မှာ ကွန်မန့်လေးတွေနဲ့ စါရင်းပေးကြစေလိုပါတယ်ခင်ဗျား…

မှတ်ချက်။ ဖတ်ရွေးပေးပါ့မယ်လို့စါရင်းပေးထားသော်လည်း တစ်လတလေ

             မအားလပ်လို့ မရွေးပေးနိုင်ရင်လည်း ဒီလတော့ ကျွန်တော်/ကျွန်မ

             မရွေးပေးနိုင်ပါဘူးလို့ ကျုပ်တို့ ဗုတ်ပို့စ်တင်ပေးနေတဲ့

             မဟာရာဇာအံစာတုံးဆီမေးပို့ အကြောင်းကြားလိုက်လည်းရပါတယ်..

             ကျန်သူတွေရွေးပေးကြပါလိမ့်မယ်…ပုခုန်းတွေပေါ် ၀န်အလေးကြီး

             တင်ထားရတယ်လို့မမှတ်စေလိုတဲ့သဘောပါ….

 

ဒီတော့..ဖတ်ရွေးဝင်လုပ်ပေးမဲ့သူတွေသိထားဖို့ ကျုပ်တို့ စဉ်းစားချမှတ်ပြီး

လှမ်းလာခဲ့တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ နဲနဲပြောပြထားပါရစေ(ဒီထဲမှာ

မကြိုက်တာ၊ သဘောမမျှတာတွေပါရင်လဲ ရွာသူားတွေ လွတ်လွတ်လပ်လပ်

ဆွေးနွေးအကြံပြုနိုင်ကြောင်းပါဗျာ)

 

ဂေဇက်ချစ်သူများစာပေဆု၏ ရပ်တည်ချက်

 

 ဤဆုသည် စာမူရွေးချယ်ရေးအဖွဲ့ဝင်များမှ အများစု၏ အကြိုက်သဘောထားကိုသာ ကိုယ်စားပြုသည့်၊ ဓမ္မဓိဌာန်မဟုတ်သော ပုဂ္ဂလဓိဌာန်အရရွေးချယ်သည့် စာမူဆုသာဖြစ်သည်။

၁။  ဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေးမူဝါဒ

ရွေးချယ်ရေးအဖွဲ့ဝင်များမှ မိမိအကြိုက်သဘောထားအလျှောက် လွတ်လပ်စွာရွေးချယ်ရမည်။ ရွေးချယ်ရေးစည်းကမ်းများမှအပ အခြားကန့်သတ်မှု့မရှိရ။

ဆိုလိုသည်မှာ စာပေအမျိုးအစား၊ အနှစ်သာရ၊ အကျိုးရှိခြင်းမရှိခြင်း၊အစရှိသည့် စာပေပုံစံ၊ အရည်အသွေး -သက်ရောက်မှု့တို့အပေါ် ကြိုတင်ကန့်သတ်ခြင်းမရှိရ။

၂။ ဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေးစည်းမျဉ်း

 

(က) သတ်မှတ်ကာလ(ယခုသတ်မှတ်ကာလသည်ပြက္ခဒိန်တစ်လဖြစ်သည်)အတွင်း ဂေဇက်တွင် တင်သောစာမူဖြစ်ရမည်။

 

(ခ) ဆိုက် Admin မှ သတ်မှတ်ထားသော စည်းကမ်းများနှင့်ညီညွတ်ရမည်။

 

(ဂ)ဤဆိုက်တွင် မတင်မီ အခြားနေရာများတွင် ကြိုတင်ဖေါ်ပြထားသော စာမူဟုသိရလျှင်၊ သိလျှက်နှင့် မရွေးရ။ မသိ၍ရွေးမိလျှင် ပြန်ပယ်ဖျက်ရန်မလို။

 

(ဃ)အဖွဲ့ဝင်တဦးလျှင် အကြိုက်ဆုံးစာမူ (၃) ပုဒ်ကို စာမူခေါင်းစဉ်၊ စာရေးသူ၊ စာမူ-link်တို့ကိုဖေါ်ပြလျှက် သတ်မှတ်သော အီးမေးလ်လိပ်စာသို့ လစဉ် လဆန်း(၇)ရက်နေ့ ည ၁၂နာရီမတိုင်မီ အရောက်ပို့ပေးရမည်။

 

(င)ရွေးချယ်ရေးအဖွဲ့အတွင်းရေးမှုး(မဟာရာဇာအံစာတုံး)သည် အဖွဲ့ဝင်တို့ ပေးပို့လာသော စာမူများကို လစဉ်လဆန်း (၈)ရက်နေ့ မနက်ပိုင်းတွင် ဗုတ်ပို့စ် တင်ပေးရမည်။

 (စ) ဗုတ်ပို့စ်တင် ရွေးချယ်ပြီးနောက် လဆန်း (၁၅) ရက်နေ့တွင် ဗုတ်ပိတ်ပြီး ဆုရသူကို

အတွင်းရေးမှုး(မဟာရာဇာအံစာတုံး)မှကြေငြာပေးရမည်။

 

(ဆ) ရွေးချယ်ပြီးနောက် အမှတ်အများဆုံးရသူ တစ်ဦးထက်ပိုလျှင်- အမှတ်အများဆုံးရသူများတွင် ရွေးချယ်ရေးအဖွဲ့ဝင်များပါဝင်ပါက ရွေးချယ်ရေးအဖွဲ့ဝင်များကို ပယ်ရမည်။

 

(ဇ) ရွေးချယ်ပြီးနောက် အမှတ်အများဆုံးရသူ တစ်ဦးထက်ပိုလျှင်- ထိုအမှတ်တူနေသူများကို

အထူးဗုတ်ပို့စ်ပြန်တင်၍ ရွာသူားများကိုထပ်မံဗုတ်စေလျှက်ရွေးချယ်ပါမည်။

 

 

(ဈ) ရွေးချယ်သူတဦးဦးသည် မိမိမည်သည့်ပိုစ့်ကို ရွေးကြောင်း ပြောလိုပါက ကွန်မင့်နှင့် ပြောခွင့်ရှိပါသည်။ အခြားအဖွဲ့ဝင်ရွေးသည်ကိုမူ ဆိုက်ထဲတွင်ဖြစ်စေ အပြင်တွင်ဖြစ်စေ အခြားသူများအား ထုတ်ဖေါ်ပြောဆိုခွင့် မရှိပါ။

(ည) ဘယ်သူက ဘယ်ပိုစ့်ရွေးကြသည် ဆိုတာကိုတော့ ဗုတ်ပို့စ်တင်ပေးသူက ရွာထဲတွင်

ထုတ်မပြောပဲ လျို့ဝှက်ထားပေးရမည်။

 

ဒီလကစလို့ အကြိုက်ဆုံး(အကောင်းဆုံးဟုတ်ချင်မှဟုတ်ပါမည်) စာမူလေးတွေ

ရွေးချယ်ပေးကြဖို့နဲ့ ရွေးချယ်ပေးမဲ့ပုဂ္ဂိုလ်တွေ ကွန်မင့်မှာစာရင်းပေးကြပါလို့တိုက်တွန်း

လိုက်ပါတယ်ဗျာ။

ရွေးချယ်စာမူပို့ရမဲ့ လိပ်စာကတော့….

anzartone@gmail.com

thaungsein.25@gmail.com (ကြီးမိုက်)

 

`ကူညီကြပါခင်ဗျ´

အားလုံးကိုလေးစားခင်မင်လျှက်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

မိုက်ပီးရင်းမိုက်နေတဲ့….

ကြီးမိုက်။

၁၈/၀၈/၂၀၁၃

 

 

 

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)