နင်. အရမ်းချစ်ဖို့ကောင်းတယ်.

ပြောတိုင်း. ဟင့်အင်း. နင် က ချစ်တတ်တာပါ. ဆိုတဲ့စကားက.

ကျနော်တို့ကြားက အပြန်အလှန်ပြောနေကြ. ကွန်ဗာဇေးရှင်းပေါ့ဗျာ.

နင်ကငါ့အတွက်. ဘုရားကပေးတဲ့ လက်ဆောင်. လို့ သူကပြောတော့.

ကျနော်.က ဟင့်အင်း. ငါ့အဖေ. ကို နင့်အဖေဆီမှာ.

စိတ်ရင်းအရမ်းကောင်းပြီး ချစ်ဖို့ သိပ်ကောင်းတဲ့ သမီးလေးတယောက်

တောင်းပေးပါ ပူဆာဖူးတယ်လို့. ပြောမိရဲ့.

ဟုတ်တယ်

ကောင်းကင်ဘုံမှာ. နင့်အဖေနဲ့ ငါ့အဖေ ပုခုံးဖက်ပီး. ရယ်မောပျော်ရွှင်နေလောက်ပြီ

အော်. ငါတို့ လက်ထပ်ပွဲကို ထိုင်ကြည့်ပြီးတော့ ဆိုပါတော့

P.S အလုပ်လက်မဲ့ကျနော့်အတွက်. မောင်. နင် ဘာမှ. အားမငယ်ပါနဲ့နော်.

အနည်းဆုံးတော့ ဒီကရင်မက. နင့်ကိုမျှစ်ချိုးပြီး ကျွေးမှာပါ. ဆိုတဲ့

ပက်ကညောအတွက်. မှတ်မှတ်ယယ.

(မှတ်မှတ်သားသားနဲ့ယုယုယယ ဆိုလိုခြင်းဖြစ်သီ. သတ်ပုံဂိုဏ်း မမြင်ဇီ သဒီး)

20130916-182110.jpg

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011