အများကြီးမဟုတ်ပါဘူး….

သူ့လက်ကလေးကိုသာကိုင်ခွင့်ရချင်ရဲ့.

အရာအားလုံးကို.မပိုင်ဆိုင်ချင်ခဲ့ပါဘူး…မျက်ဝန်းရွှန်းရွှန်းလေးကို….

မြင်နေရုံနဲ့ကျေနပ်တတ်ခဲ့တဲ့ကောင်..

အချစ်အစစ်က..ပိုင်ဆိုင်ခြင်းမှမဟုတ်တာပဲ….ချစ်နေဖို့ပဲလိုတာပါ…..

တိမ်တွေကဘယ်တော့မှမပြိုပါဘူး….

ပြိုခဲ့ရင်လည်း..တိမ်မဟုတ်ဘူးတဲ့…

လေထုက ..တစ်ကိုယ်စာ…လွင့်ပါးပျောက်ကွယ်သွားသလိုမျိုး…

အေးစက်…..ဆို့ပိတ်မွန်းကျပ်လို့….

ကောင်းကင်တောင်မှောင်သွားသလိုမျိုး…..

အရာရာဟာ..မှုန်ဝါးလို့…

နွမ်းပါးတဲ့ဘ၀ကိုပဲ…ဆဲချင်တယ်…

ကျိုးကြောင်းဆင်ခြင်ဥာဏ်တိမ်တဲ့သူတွေကြား…

မင်းနဲ့ငါ မိုးခါးတွေပဲ တစ်ကိုယ်စာရွာ

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ