တသက်​လုံးဖုံးသမျှ ကုန်​းကာမှ​ပေါ် ..?

ခရီးသည္ႀကီးSeptember 23, 20131min943114

တသက်​လုံး ဖုံးသမျှ ကုန်​းကာမှ​ပေါ် တဲ့ ..

ထိထိမိမိ​ပြောချင်​လို့ ဒီစကားပုံကို​ပြောရတာ အား​တော့နာပါတယ်​ ။

ကျုပ်​ကို ပွင်​့ပွင်​့လင်​းလင်​း ​ဆွေး​နွေးနိုင်​သလို ဆဲလိုကလည်​း ဆဲ ​ပေါ့ဗျာ ။ ကျုပ်​အမြင်​ကျုပ်​ အထင်​​ပြောမှာဖြစ်​လို့ မတူတာ​တွေ ရှိမှာပါ ။

 

ကျုပ်​ခရီးသွားဟန်​လွဲ ​ရောက်​ဖူးတဲ့ရွာတစ်​ရွာမှာ အသုဘ တစ်​ခုနဲ့ကြုံ​တော့ အထက်​ကစကားပုံ​လေးသွားသတိယပါတယ်​ ။ ​သေသူက အသက်​ ၅ဝ ​ကျော်​ရွယ်​ မိန်​းမကြီး ၊ ​သေတာက ​ချောင်​းထဲခုန်​ချပြီးသတ်​​သေတာ ။

​သေပြီး ရက်​​တော်​​တော်​ကြာ​တော့ ​ချောင်​းစပ်​ကခြုံကြားထဲမှာ အ​လောင်​း​ပေါ်လာပါတယ်​ ။ ​အ​လောင်​းလည်​းဆယ်​​ရော မိန်​းမကြီးရဲ့ ​သေ​ကြောင်​းကြံတဲ့အ​ကြောင်​း ​ပေါ်လာတာဘဲ ။

 

မိန်​းမကြီးက မ​သေခင်​ နူနာစွဲ​နေပုံရပါတယ်​ ။ ဒါ့​ကြောင်​့ ရှက်​ပြီးသတ်​​သေတာပါ … ရွာ​တွေမှာအခုချိန်​ထိ အနာကြီး​ရောဂါသည်​ဆို ရွာပြင်​ထုတ်​ထားတတ်​ကြတယ်​ဗျ ။

ကျုပ်​​တွေးမိတာက …. မိန်​းမကြီးနှယ်​ သတ်​မ​သေဘဲ ကျိတ်​ကုရင်​အဟုတ်​သား… အခု​တော့ သတ်​​သေလို့ အ​လောင်​း​ပေါ်ကာမှ နူနာ ​တွေ​ပေါ်လာပြီး အရှက်​​တော်​ ဗျန်​းဗျန်​းကွဲရတယ်​ လို့ …. ။

 

အခုလည်​း ရွာထဲမယ်​ အလကား​နေအလကား ကိုယ်​့ထမင်​းကိုစားပြီး အရှက်​ကွဲစရာများဖြစ်​​နေမလား.. လို့ ။

ဒီလိုဗျာ.. ခင်​ဗျားတို့ ဂဇက်​ရွာမှာ ဗုတ်​စံနစ်​နဲ့ ဆု​ပေးကြတယ်​ ။ အရင်​တုန်​းက လူမသိသူမသိ ​ကြိုက်​ရာ​ရွေးပြီး ဆု​ပေးတယ်​ ။

အရင်​က ကိုယ်​​ရေးတဲ့စာ ဘယ်​သူဘယ်​​လောက်​ကြိုက်​သလဲ.. မကြိုက်​သလဲ မသိနိုင်​ဘူး ။ဖတ်​​ရွေးအဖွဲ့ထဲမှာပဲ လုံခြုံစွာရှိတယ်​။

အခုကြ​တော့ ​ရှေ့မျက်​နှာစာမှာ ပြူး​နေ​အောင်​ပြထား​တော့ … စဉ်​းစားကြည်​့​ပေါ့ဗျာ။

နာမည်​ရှိ လူကြိုက်​များတဲ့သူ​တွေက ဘာမှ မဖြစ်​ဘူး ။​ရေးကာစ လူသစ်​​တွေဆိုရင်​ပရိတ်​သတ်မရှိ​တော့ ​တော်​​တော်​ကြီး မျက်​နှာငယ်​ရတယ်​ဗျ ။

စင်​​အောက်​မှာ​နေတာ အ​ကောင်​းသား ၊ စင်​​ပေါ်​ရောက်​ကာမှ _င်​​ပြောင်​သလိုဖြစ်​သွား​တော့ … ကဲ ..​ရေးချင်​ပါဦးမလား … စဉ်​းစားကြပါဗျ ။

ဘာနဲ့တူသလဲ ဆိုရင်​ ​အ​ပေါ်မှာ​ပြောခဲ့တဲ့ မိန်​းမကြီးလို ဖြစ်​သွား​ရော … ။

 

​နောက်​တခုက .. မန်​ဘာမဟုတ်​ဘဲ ဗုတ်​ချင်​သလို ဗုတ်​လို့ရ​နေတာ သင်​့ပါ့မလား…စဉ်​းစားကြပါဗျ။

ကျုပ်​​မေးပါဦးမယ်​ ခင်​ဗျားတို့ အခု​ပေး​နေတဲ့ဆုက သဂျီးက ​ပေးတာလား..?

တစ်​ရွာလုံးက မဖြစ်​မ​နေ ဝိုင်​းစုပြီး​ပေးတာလား ….?

စိတ်​တူရာ တစုတစ်​ဖွဲ့က အိတ်စိုက်​​ပေးတာလား …?

 

သဂျီးက ​ပေးရင်​သဂျီးသ​ဘော ။

တစ်​ရွာလုံးက​ မဖြစ်​မ​နေအားလုံးစု​ပေးရင်​ …တစ်​ရွာလုံးသ​ဘော။

တစ်စုတစ်​ဖွဲ့က အိ်တ်စိုက်​​ပေးရင်​ ..တစ်​စုတစ်​ဖွဲ့ကဘဲ​ရွေး​ပေါ့ ဗျာ ။

ရှင်​းရှင်​း​လေးကို ရှုပ်​​အောင်​လုပ်​​တော့ အလုပ်​​တွေပို ၊မျက်​နှာလည်​းပျက်​ရ ၊အရှက်​လည်​းကွဲ (ကျုပ်​တို့ကမရှက်​ဘူး​ပြောင်​​ပြောင်​ပဲ…ဆိုတဲ့သူ​တွေမပါ)

ဆို​တော့ …. စဉ်​းစားကြပါဗျ ။

​နောက်​တစ်​ခု … ဗုတ်​နဲ့ ဆုရသူ​တွေကို အားလုံးအကြိုက်​တူတယ်​ လို့ ထင်​ပါသလား ။

ကျုပ်​​တော့မထင်​ဘူ း ။ သုံးပုဒ်​​ရွေးကြတယ်​ဆို​တော့ ….. ဖြစ်​နိုင်​စွမ်​းသီအိုရီအရ ​နောက်​ဆုံးသိပ်​မကြိုက်​တကြ်ိုက်​​တွေ (တတိယ​မြောက်​အကြိုက်​ဆုံး) တူသွားနိုင်​ပါတယ်​ဗျ .. စဉ်​းစားကြပါဗျ။

 

ကျုပ်​သ​ဘောက​တော့ လက်​ရှိကျင်​့သုံး​နေတဲ့ ဗုတ်​စံနစ်​ကို မနှစ်​သက်​ပါဘူး ။

ဆက်​လက်​ပြီး ဆု​ရွေးချယ်​​ပေးကြမယ်​ဆိုရင်​ ဒီစံနစ်​ကိုကန်​့ကွက်​ပါတယ်​ ။

ဆု​ပေးတဲ့စံနစ်​ကိုဖျက်​ချင်​ဖျက်​ …. မဖျက်​ဘဲ အ​ခြေ​နေမပျက်​​ပေးမယ်​ဆိုရင်​ ယခင်​ကလို ​ပေးတဲ့အဖွဲ့ကပဲ…တိတ်​တဆိတ်​​ရွေးသင်​့ပါတယ်​ ။

ရလဒ်​ကို ပထမ တစ်​ဦးတည်​းထုတ်​ပြန်​ပြီး ကျန်​ရလဒ်​များ ဖြစ်​တဲ့ ဒုတိယ ၊တတိယ​တွေ မထုတ်​ပြန်​ပါနဲ့ ။

 

​နောက်​ဆုံး​ပြောချင်​တာက​တော့….

လက်​ရှိ ပုံစံဗုတ်​စံနစ်​နဲ့​ရွေးပါက ကျုပ်​အ​နေနဲ့ စာ​ရေးသူအချင်​းချင်​း လည်​လှီးသတ်​သလိုဖြစ်​လို့  လုံးဝ(လုံးဝ) ပါဝင်​ပူး​ပေါင်​း​ရွေးချယ်​ ဗုတ်​မည်​မဟုတ်​ပါ​ကြောင်​း….

(ကျုပ်​ကိုလည်​းဘယ်​သူမှ အတင်​းမ​ရွေးခိုင်​းပါဘူး ၊ ကြားထဲကကြည်​့ရင်​းနဲ့ ငထွား ခါးနာ​နေလို့ပါ)

 

 

 

 

 

 

 

 

114 comments

  • KZ

    September 23, 2013 at 2:00 pm

    အဲ။
    အဲဒီ ဗုဒ် က နည်းပညာ နားမလည်လို့ ကောင်းကွက် ဆိုးကွက်ကို မသိပါဘူးဗျ။
    အဖွဲ့က ရွေးပေးတာကိုပဲ ကြိုက်တယ်လို့ ပြောရရင်လည်း အားနာစရာများဖြစ်လေမလားးးးး (ခု ကို ဆက်ရန် ရှိမရှိ မသိလို့ပါ)

    ဟိ။
    အဲဒီတော့ ဘာပြောရမှန်းမသိပါဘူးးး
    😀

  • ခရီးသည်ကြီး

    September 23, 2013 at 2:01 pm

    အားမနာတမ်​း ​ပြောနိုင်​ပါတယ်​ဗျ ။
    အထူးသဖြင်​့ ရွာလူကြီးများ မသိချင်​​ထောင်​ ​မ​ထောင်​​နေပါနဲ့ ..
    ရွာသဂျီးလည်​​း ဝင်​

  • ခရီးသည်ကြီး

    September 23, 2013 at 2:02 pm

    ရွာသဂျီးလည်​း နှာ​စေး​ မ​နေပါနဲ့ ..။

  • အဘ ဖားသက်ပြင်း

    September 23, 2013 at 2:10 pm

    တားတားဘာမှတိဝူး.
    တားတားတိတာ ပက်ကညောပဲ စိဒယ်.
    ဒချိ ဒချိ

  • Ma Ma

    September 23, 2013 at 3:12 pm

    (ရွာလူကြီးများ မသိချင်​​ထောင်​ ​မ​ထောင်​​နေပါနဲ့ ..)
    ဟားဟားဟားးးးး တော်သေးတယ်။
    ကိုယ့်ကိုယ်ကို ကလေးစာရင်းသွင်းထားလို့ ကိုယ်နဲ့မဆိုင်။ 😕

  • kyeemite

    September 23, 2013 at 3:33 pm

    အင်း ဆိုရေးရှိကဆိုအပ်လှ၏တဲ့…ခရီးသည်ကြီးကိုဒီပို့နဲ့ ထောက်ပြလို့
    ကျေးဇူးတင်ပါတယ်ဗျာ….
    ပြီးခဲ့တဲ့ ရက်တွေကပဲ ရွာသားအချို့နဲ့ ဒီအကြောင်းဆွေးနွေးဖြစ်တယ်..
    ကျုပ်ကိုယ်တိုင်လည်း ခရီးသည်ကြီးနဲ့ တစ်သဘောထဲခံစားရလို့ပါ
    ဦးပါလေရာနဲ့ ဒီတနင်္ဂနွေ နေ့ကလည်း ဆွေးနွေးအကြံတောင်းကြည့်တယ်
    အားလုံးတစ်သဘောတည်းပဲ။ ဒီဗုတ်စံနစ်နဲ့ ဗျောင်လုပ်တာ တော်တော်မှားနေကြောင်းသဘောတူကြတယ်။
    ဒါနဲ့ပဲ ဖတ်ရွေးစံနစ်ကိုပြန်သုံးသပ်လို့ ခေတ္တဖျက်သိမ်းထားဖို့
    ကျနော်ပို့စ်တောင်ရေးထားပြီးသားပါ။
    အချိန်မရလို့ဒီကွန်မန့်မှာတော့ ဒီလောက်ပဲပြောပါရစေဗျာ…
    ကျုပ်တွေးမိတာကလည်းအတူတူပါပဲ
    ဒီနေရာမှာ အရင်ကလုပ်ခဲ့ဖူးတဲ့ ဓါတ်ပုံပြိုင်ပွဲကို သတိရမိပါတယ်
    ပြိုင်ပွဲဝင်ချင်သူက ကိုယ့်စိတ်ကြိုက် ရိုက်ထားတဲ့ပုံပို့ပေါ့
    ဆုရတော့လည်း..ဝမ်းသာပီတိဖြစ်..မရတော့လဲ..ငါညံ့သေးပါလားဖြစ်
    (သဂျီးလိုလူတောင်ဆုမရပေမဲ့ ကွန်မန့်နဲ့ဟာသလုပ်ခဲ့သေး)

    အခုလုပ်နေတဲ့ `ကဗျာပြခန်း´ကိုလည်းလေ့လာကြည့်
    ကွာတာတစ်ခုက
    `ကဗျာပြခန်း´ က ကာယကံရှင်ကိုယ်တိုင် စိတ်ပါလို့ပြိုင်ပွဲဝင်ကဗျာပို့မှ
    ဗုတ်တင်ရွေးကြတာ..မရလဲနေပေါ့…ဒါတောင်နာမည်ဖွက်ထားပါတယ်
    ပြိုင်ပွဲစိတ်မဝင်စားသူတွေအနေနဲ့လည်း ရွာထဲလွတ်လွတ်လပ်လပ်ကိုယ့်
    ကဗျာကိုုယ်တင်နေတာပဲ.( တချို့ဆို သုံးကြောင်းလောက်ပါတဲ့ကဗျာတောင်တင်နေသေး..ကျုပ်ကတော့ကွန်မန့်ပေးပါသဗျာ..).
    ကျုပ်ကိုယ်တိုင်လည်း ပြခန်းမပို့ပဲ
    အားလုံးဖတ်စေချင်လို့ ဂဇက်ထဲဒီအတိုင်းတင်တာပဲ…
    ဖတ်ပြီးမန့်တဲ့လူတွေလည်းမန့်နေတာပဲ..အိုကေလို့
    ကဗျာဗုတ်ကမရွေးလည်း ရေးချင်သူကတော့ရေးတင်နေတာပဲ
    အစကတည်းက ပြိုင်ပွဲဝင်နေတာမဟုတ်လို့ စိတ်ပျက်သွားစရာလည်းမဖြစ်နိုင်ဘူး
    သူကတော့ရေးနေ တင်နေမှပါပဲ…
    ကျုပ်တို့ `ဖတ်ရွေး´ကတော့ ကာယကံရှင်ကပြိုင်ချင်တာမပြိုင်ချင်တာမစဉ်းစားပဲ
    တင်လာသမျှထဲက ဒါတွေတော့ကြိုက်ပါတယ်ဆိုတော့…
    ကျန်စာရေးသူတွေ စိတ်မှာ ဖီးလ်ငုတ်သွားနိုင်တာပေါ့…စဉ်းစားမိတာပါ…
    တကယ်တော့..ပို့စ်တစ်ပုဒ်ရဲ့ တန်ဖိုးဖြတ်ခံရမှုက အဲဒီပို့စ်မှာပေးခံရတဲ့ကွန်မန့်ပါပဲ
    အဲဒီတော့ကာမယ်……..နောက်နေ့ ကျုပ်ပို့စ်ရေးတင်ပါ့မယ်
    ကျေးဇူးတင်ပါတယ်ခရီးသည်ကြီးခင်ဗျာ…
    လေးစားခင်မင်လျှက်..
    ကြီးမိုက်။

  • KZ

    September 23, 2013 at 3:41 pm

    ဂလိုလုပ်ကြပါ့လား;းးးးးး
    အနီအများဆုံး ပို့(စ) ပိုင်ရှင်ကိုပါ ဆုပေးဖို့ အဆိုတင်သွင်းပါတယ်။
    :boss:

    အဟွတ်! (ဒီချောင်းကလည်း ဂျဂါး အကောင်းပြောမို့ပါဆို)

    အဲလာဆို အနော် ပစ်မလွဲပဲ။ ဟိဟိ

    😀

  • ခင် ခ

    September 23, 2013 at 3:57 pm

    ( သဂျီးက ​ပေးရင်​သဂျီးသ​ဘော ။
    တစ်​ရွာလုံးက​ မဖြစ်​မ​နေအားလုံးစု​ပေးရင်​ …တစ်​ရွာလုံးသ​ဘော။
    တစုတစ်​ဖွဲ့က အိ်​ပ်​စိုက်​​ပေးရင်​ ..တစ်​စုတစ်​ဖွဲ့ကဘဲ​ရွေး​ပေါ့ ဗျာ ။ )
    ခရီးသည်ကြီးရဲ့ ပိုစ့်ထဲမှာဘဲ လုပ်သင့်တဲ့ အဖြေပါနေပြီလို့ ယူဆပါတယ်။
    ကျုပ်သိတာကတော့ အဲဒီ ဖတ်ရွေးဆိုတာ တစ်စုတစ်ဖွဲ့က အိပ်စိုက်ပေးတာလို့ သိထားတာမို့ သက်ဆိုင်ရာ ဖတ်ရွေးအဖွဲ့ကဘဲ ဘယ်လုပ်လုပ်မယ်ဆိုတာ ပြောပေတော့ဗျို့။

  • ဦးဦးပါလေရာ

    September 23, 2013 at 4:03 pm

    ဒီလိုပေါ့ ကိုယ့်ဆရာရယ်–
    ဒီခေတ်က ထရံစပလိန်စီ ခေတ်လေ….
    ခေတ်ရဲ့ရောဂါကိုက ဘာမှလဲ ရှေ့ကြောင်း နောက်ကြောင်း တိုက်ရိုက်အကျိုး သွယ်ဝိုက်အကျိုး ဆိုတာတွေမစဉ်းစားပဲ
    ထစ်ကနဲရှိ အားလုံးပါဝင်တာတို့ … ဒီမို… တို့ ထရံ စပါကလင်တို့ … အဲဒါတွေဖေါချင်းသောချင်းသုံးမှ ခေတ်မီတာကလား…..

    အဲတော့ကာ … သူ့ဟာသူ ခေတ်မီမီလေး ဂိ နေတာကို ဘာမျှမတတ်နိုင်ပဲ လက်မှိုင်ချ စောင့်ကြည့်နေရပါကြောင်း …..

    တစ်နေ့ –
    အိမ်သာတို့ လင်မယားအိပ်ခန်းတို့ကို မှန် ကာတဲ့အထိ ထရံစွန်ပလွံယိုကြရင်လဲ…….
    သူ့အကြောင်းနဲ့သူ လို့သာ
    🙁

    • KZ

      September 23, 2013 at 4:19 pm

      ဦးပါရယ်။ (နည်းနည်းသဘောပေါက်လာပြီ)
      ဒီ အဖွဲ့ကပဲ ပိုက်ဆံစိုက်/အချိန်ကုန်ခံ/နာမည်ခံပြီး လုပ်နေတဲ့ ကိစ္စဟာကို။ သိတဲ့သူတွေသိပါတယ်ဗျာ။
      ဘာမှ မပါပဲ ဘုပြောပြောနေတဲ့ အရေးတွေများ ဂရုစိုက်လို့။

      ထရန်စပယ်ရန်စီဖြစ်ချင်ရင် ကိုယ့်အိမ်မှာကိုယ် လေးဘက်လေးတန် မှန်ကာကြ။
      👿

      ဂလောက်ရှိလှတာ။ စိတ်ပေါက်လာပြီ။ ဖတ်ရွေးပြန်ဖြစ်ကြည့်။
      ကျနော်ပါမယ်။
      ဆု အတွက် ပိုက်ဆံစိုက်မယ်။
      အချိန်ပေးမယ်။
      ဂဲသားရင်းအတွက်လည်း လူစည်အောင် တွေးပေးမယ်။
      ဒါမဲ့ ဘာမှမလုပ်ပဲ လာပြောတဲ့သူတွေ ဒိုင်ခံ ရန်ဖြစ်ပေးမယ်။

      အဲ!
      မီးကို ဘော်ဒီဂါတ်အဖွဲ့လေးပဲ ငှါးထားပေးနော်။
      😀

      ဟိ။
      ခုကို ဒီ ကော်မန့်နီလာဦးမှာမြင်ယောင်သေးးးးး ဟေးဟေးဟေး
      :mrgreen:

      • ခင် ခ

        September 23, 2013 at 9:26 pm

        ဒေါ်ကေဇီကလည်း ဒီပိုစ့်က မန်ဘာအုန်းသီးကျွေးထားလို့ အနီမမျှော်နဲ့ကွယ်။ မျှော် မျှော်နိုင်လွန်းတယ် သူကလည်း ဟင်း !

        • ဦးဦးပါလေရာ

          September 24, 2013 at 7:04 am

          အနီကိစ္စကတော့-
          ကျုပ် ပိုစ့်မတင်လို့ ဒေါ်ကေဇီတို့ ရှေ့ကပြေးနေတာပါ.။
          ကျုပ်သာပိုစ့်တင်ရင် အားလုံးကို ဖြတ်တက်ပြီးသားပဲ….

          ကွန်မင့်အပေါ်ရတဲ့ အနီအရေအတွက်ရော ပြိုင်ချင်သေးလား…
          ဟင်း…. ဟင်း….

      • KZ

        September 24, 2013 at 9:41 am

        အွန်။
        အနီ လာပြိုင် တဲ့ သူတွေ များလာပြီ။
        ကော်မန့်မှာ နီရကြေးဆိုလည်း အနော် ခုပေး ခု နီပါ့ဗျာ။
        ဒါနဲ့။
        ခု က ဘယ်လို လုပ်ကြမတုန်းးးးးးး

        ကျနော်တို့ အမျိုးသမီးခေါင်းဆောင်ပြောသွားတာတစ်ခု နားထဲ စွဲခဲ့သဗျ။
        ကိုယ်နေချင်တဲ့ နေရာမျိုးကို သူများလုပ်ပေးတာ စောင့်နေမဲ့ အစား ကိုယ်တိုင်လုပ်ယူသင့် သတဲ့။

        ကျနော် သဘောထားက ရှင်းပါတယ်နော့။
        ကျနော် ဒီ ရွာမှာ နေပျော်တယ်။
        ရွာကို စည်စေချင်တယ်။
        ရွာစည်အောင် ဟိုလူဒီလူ လုပ်တာတော့ မစောင့်နေတော့ဘူးးး
        တတ်နိုင်သလောက် တကိုယ်ရည်လည်း ကြံစည်မယ်။
        ကြံစည်တဲ့ သူတွေကိုလည်း တတ်နိုင်သလောက် ကူပါ့မယ်။

        ဒါ အတည်ပြောတာနော်။
        😀

    • Foreign Resident

      September 24, 2013 at 9:28 am

      Agree

      ထစ်ကနဲရှိ အားလုံးပါဝင်တာတို့ … ဒီမို… တို့ ထရံ စပါကလင်တို့ … အဲဒါတွေဖေါချင်းသောချင်းသုံးမှ ခေတ်မီတာကလား…..

      အဲတော့ကာ … သူ့ဟာသူ ခေတ်မီမီလေး ဂိ နေတာကို ဘာမျှမတတ်နိုင်ပဲ လက်မှိုင်ချ စောင့်ကြည့်နေရပါကြောင်း …..

  • အရီးခင်

    September 23, 2013 at 4:41 pm

    ပထမဆုံး ပြောလိုတာက ခီးသယ်ကြီး ရဲ့ စိတ်ထဲရှိရာ ကို ဝင်ပြီး ဝေဖန်ပေးတာမှာ ရွာအတွက် စေတနာစကား တွေ ကို ဘွားကနဲ တွေ့လိုက်ရတာပါဘဲ။ (တကယ်ဘဲလေးစားပါတယ်)
    ဒုတိယ ပြောလိုတာက ရွာထဲမှာ ဝင်ရေး မှတ်ချက်ပေး နေတဲ့ ရွာသူ/ရွာသား တိုင်းရဲ့ ရွာကို သံယောဇဉ် နဲ့ သက်ဝင် စည်ပင်စေလို တဲ့ စေတနာ ကိုလဲ အမှန်မြင်နိုင်ပါတယ်။
    တတိယ ပြောလိုတာ က အရင်ဖတ်ရွေး ဆိုတာ ရွာပိုစည် အောင် စေတနာထား လုပ်ခဲ့တာ လဲ ထင်းထင်းကြီးပါ။
    စတုတ္ထပြောလိုတာက နောက်ပိုင်း ဖတ်ရွေး အဖွဲ့ဝင် အိုကြီး အိုမ များ နှေးလာချိန် ဝင်ပြီး ဖေးမ ပေးတဲ့ လူငယ် လေးတွေ ရဲ့ စေတနာ ကလဲ လင်းလင်းလက်လက် ပါဘဲ။
    ပဉ္စမ ပြောလိုတာက လူတိုင်းဟာ အချိန်ပြည့်ဝင်ပြီး ရွာစည်အောင် မကူနိုင်ကြတာပါဘဲ။
    ဆဌမ ပြောလိုတာက စေတနာ နဲ့ အချိန် ထသတ်ကြတဲ့ သကာလ စေတနာ ခမျာ အလဲထိုးခံ နေရတာဘဲ။
    သတ္တမ ပြောလိုတာက သံယောဇဉ် စစ်ကူဝင် ပေးပေမဲ့ အချိန်ဘက် က လဲ ဘက်ပေါင်းစုံ မိသားစု အရေးတွေ ကို ဆွဲခေါ်လာပါတယ်။
    အဌမ ပြောလိုတာက ဒီ လူလက်တစ်ဆုပ်စာလေး ရဲ့ စေတနာ လောက် ကို အချိန်က ဖိထားတာမို့ ရွာကို စိတ်ရှိသလောက် စည်အောင် မလုပ်နိုင်တာ သက်သေရှိပြီး ဖြစ်လာပါတယ်။
    နဝမ ပြောလိုတာက ဒီလို ဖတ်ရွေး တွေ ဗုတ် တွေ လုပ် နေတာရဲ့ ရည်ရွယ်ချက် က ရွာစည်ဖို့ပါဘဲ။
    ဒသမ ပြော လိုတာက ရွာသူ/သား အဖြစ် သောင်းချီ ပြီး ရီဂျစ်စတာ လုပ်ထား တဲ့ သူတွေ က ချောင်းကြည့်ရုံ ကြည့် မနေကြဘဲ ကိုယ့်ကိုယ်ပိုင် စေတနာလေးနဲ့ လူတစ်ယောက် ကို တစ်ပါတ်မှာ Post တစ်ခု နဲ့ မှတ်ချက် တစ်ခု ဘဲ ပေးဦး။ ရွာသူ/သားပေါင်း သောင်းချီ ရှိနေတဲ့ ရွာမှာ ဖတ်လို့ တောင် မလောက်ဘူး။
    စည်ရုံမက ရုံလျှံတောင်သွားဦးမယ်။ 😛

    (ဒသမပြီး ဘာလာ တယ် ဆိုတာ ကို မသိတော့ လို့ ရပ်ပါပြီ)

    ထင်ရာ ပြောသည့် ဂဇက်ရွာ ကဘာ ဆြာမကြီး
    မြစာကလေး 😉

    • ခင် ခ

      September 23, 2013 at 8:54 pm

      အရီးရေ မန်ဘာဝင်တစ်ယောက် တစ်ပတ်ကို ပိုစ့် တစ်ခု နဲ့ ကွန်မန့်တစ်ခုပေးအုံးတော့ ဆိုတဲ့နေရာမှာ မန်ဘာတွေက ရေးလည်းရေးရသေးတယ် ပြီတော့ မန်ဘာမဟုတ်တဲ့သူတွေရဲ့ အနီပေးတာတို့ ဗုတ်ခွင့်အပေးခံရတာတို့ ဆိုတော့ မန်ဘာတွေက ဝိုင်းသမခံဘို့ ကိုယ့်အချိန်ကိုရင်းပြီး လက်ညောင်းခံကာ ရေရှည်ရေးကြလိမ့်မယ် မဟုတ်လို့ဘဲ ကျွန်တော်တော့ ယူဆတယ်။ တကယ်တော့ ဂဇက်က ကလောင်ကိုင်သော လက်တွေကို တန်ဖိုးထားရကောင်းမှန်း မသိဘူးလို့ဘဲ ခံစားမိနေတယ်။ လုပ်ပိုင်ခွင့်ကို မန်ဘာ နဲ့ မန်ဘာ မဟုတ်တဲ့သူ တန်တူထားခြင်းဟာ ဒီမိုဆန်တယ်ဆိုပေမယ့် ကိုယ့်အဝန်းအဝိုင်းမှာ ထိခိုက်မယ်ဆို ဘာလုပ်သင့်လဲ စဉ်စားချိန်တော့ တကယ်တန်ပါပြီလေ။

      • အရီးခင်

        September 24, 2013 at 2:51 am

        ကိုခ ရေ
        မန်ဘာတစ်ယောက် ဟာလဲ Log in မဝင်ချိန်မှာ မန်ဘာမဟုတ်သူ ပါဘဲ။
        ဒီတော့ မန်ဘာတစ်ယောက်က မန်ဘာမဟုတ်ချင်ယောင်ဆောင်ပြီး နေနေနိုင်ပါတယ်။
        သူများ ကို အနီပေးသူ ဟာ သူ့ကိုယ်သူ တော့ သိမှာပါ။
        တစ်ချို့ အတွက် တော့ ဒါဟာ သူ့စိတ်ထွက်ပေါက်ဖြစ်ချင်ဖြစ်နေမှာပါ။
        သနားစရာသူတွေ လို့သာ စိတ်မှာမှတ်လိုက်ပါ။
        ခွင့်လွှတ်ထားလိုက်ပါ ကိုခရယ်။

        • ခင် ခ

          September 24, 2013 at 8:37 am

          ရွာထဲကလူ ရွာပြင်မှာရှိနေပေမယ့် ဒီရွာသူားအချင်းကို ရွာထဲမှာဖြစ်ဖြစ် ရွာပြင်မှာဖြစ်ဖြစ် ခင်မင် ဖေးမ ကူညီကြ ဆိုရင် ပိုမကောင်းဘူးလားဗျ။ ကျွန်တော်ဖြစ်ချင်တာပြောတာပါ ဒါပေမဲ့လည်း ကိုယ့်သဘောကိုယ်ဆောင်ကာ နေကြတာပါဘဲလေ

  • အလင်းဆက်

    September 23, 2013 at 5:32 pm

    ကျွန်တော်လည်း
    ဗုတ်တဲ့ စံနစ်ကို သဘောမကျလှပေဘူး
    ကဗျာပြခန်းကိုတောင် မလွှဲသာလွန်းလို ့ဗုတ်စံနစ်ထားရတာ။
    ဒါပေမယ့် ကဗျာ က ကဗျာဆရာအမည်နဲ့ ကဗျာကို တွဲ မပြတာတို ့
    ပြိုင်ပွဲသဘော မဖြစ်ရအောင် အမှတ်တရလက်ဆောင်လောက်ပဲ လုပ်ထားတာတို့ကြောင့် ပူညံပူညံလုပ်စရာ နည်းနေလေတော့
    ဒိထက်ကောင်းတဲ့နည်း ရှိပေမယ့် မဖန်တီးနိုင်သေးတော့
    လက်ရှိ ဗုတ်စံနစ်လေးကပဲ အဆင်ပြေနေတာပေါ့။

    ပိုစ့်ကျတော့
    လူတကာ မန်ဘာမဟုတ်လည်း ဗုတ်သွားလို့ရ
    မန်ဘာသီးသန့်ကျတော့လည်း ဗုတ်သူက စိတ်ပျက်ရလောက်အောင်နည်း
    ရလဒ် ထွက်လာတော့လည်း
    ခရီးသည်ကြီးပြောသလို ကုန်းကာမှ ပေါ်သူက ပေါ်
    အရှက် ကို စင်ပေါ်တင် ခွဲပြသလို မဖြစ်စေချင်သော်လည်းဖြစ်
    ဗုတ်စံနစ်က သို့လောသို့လောတွေ များနေတောတာပေါ့

    အရင်လို ဖတ်ရွေးစံနစ်ကိုပဲ သတ်မှတ်ချက်ကလေးတွေ နဲ့ အကြောင်းအကျိုးကိုက်ကိုက် ဖြစ်သင့်တာကို ရွေးချယ်နိုင်မယ့် သူ တစ်စုက ရွေးချယ်ပေးတာမျိုးက ပိုကောင်းမယ်ထင်ပါ့
    အရင်က ဆုကြေငြာတဲ့ပိုစ့်တက်လာရင် ဆန်ခါတင်ထဲပါတာတောင် ရင်ခုန်တယ်။

    ဖတ်ရွေးကြသူတွေဟာ
    ရသ / သုတ ကို ကောင်းဆိုးဝေခွဲခံစားနိုင်စွမ်းရှိသူတွေ
    မျှတသင့်လျော်တဲ့ ဆုံးဖြတ်ချက်ချ ရွေးချယ်နိုင်စွမ်း ရှိသူတွေ နဲ့ ဖွဲ့စည်းပြီး
    ကောင်းမွန်သင့်လျော်တဲ့ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းလေးတွေ ချမှတ်ပြီး ရွေးရင် အဆင်ပြေမှာပါပဲ ။

    ===========

    လူကြီးတွေ ကြားထဲ နည်းနည်း ဝင် လေပစ်ကြည့်တာပါ။

    :kwi:

    • kyeemite

      September 24, 2013 at 9:29 am

      လေးလေးနက်နက်ဝင်ဆွေးနွေးပေးတဲ့အတွက်
      ကျေးဇူးတင်ပါတယ် အလင်းဆက်ရေ :kwi:

  • ကျွန်မလည်းအရင်ဖတ်ရွေးစံနစ်ကိုပိုသဘောကျပါတယ်။
    ဖတ်ရွေးတဲ့လူတွေက ပို့စ်တွေအားလုံးဖတ်ပြီး ဘယ်ပို့စ်ကဘာကြောင့်ရတယ်ဆိုတာ ရှင်းပြထားတာလေးတွေကြောင့် ကိုယ်လိုက်မဖတ်မိလိုက်ပေမယ့် ဪ ရသင့်ပါလားဆိုပြီး သဘောကျမိတာပါ။
    ဗုတ်ရတာက နေ့စဉ်ဝင်နေကျမန်ဘာမဟုတ်ရင် ရှိသမျှပို့စ်တွေအကုန်လိုက်မဖတ်နိုင်တော့ ခင်တဲ့လူတွေပို့စ်အရင်ဖတ်ပြီး၊အရင်ဗုတ်ကြသလိုဖြစ်နေမှာဆိုးလို့ပါ။

    • ခင် ခ

      September 23, 2013 at 9:14 pm

      ကနဦးလုပ်တဲ့ စနစ်လေးက ကောင်းလည်းကောင်းခဲ့ပါတယ် အဲဒီတုန်းက ရွာလည်းအခုထက် စည်ခဲ့သလို စာပေကောင်းလေးတွေလည်း ရေးတင်ခဲ့ကြတာ နေ့စဉ်လိုလု ရွာထဲပတ်နေတဲ့ ကျုပ်ခံစားမိသဗျ။
      နောက်တော့ဘယ်လိုကဘယ်လို ဗုတ်ရတာပေါ်လာလဲတော့ မသိဘူး။ ဆယ့်ငါးရက် နှစ်ပက်လောက် ပေါ်တင်ကြီး ဗုတ်ရမယ့် ပိုစ့်တွေရွာ တံခါးဝမှာ တင်ထားတော့ အဲဒီလက ကိုယ်ငါးချဉ်ကိုယ်ချဉ် ပြီးရေးထားတဲ့ ပိုစ့်ကလေး မပါရင်ဘဲ သူကပြုံးပြပေမဲ့ ကိုယ်ကမဲ့ တယ်လို့ထင်မိတာလည်း ရှိမိပါရဲ့ နန်းတော်ရာသူရေ။ တကယ်တော့ ပဠေဟိဆန်လေ လူစိတ်ဝင်စားမှုများလေ ဆိုတဲ့ဘသာဝတရားလေးကို မမေ့ကြရင်ဖြင့်

      • ဟုတ် ဦးခရေ..အရီးပြောသလိုကလည်း ကိုယ်တွေကိုယ်တိုင်က တတပ်တအားမပါနိုင်တာလည်းပါပါတယ်။
        စေတနာနဲ့အချိန်နဲ့ယှဉ်လာတော့စေတနာကအလဲထိုးခံရတယ် ဆိုတဲ့စကားလည်းမှန်ပါအိ
        အမာခံ ဦးခတို့၊ဖေပေါက် ကျန်ကျန်သော စသည် စသည်တို့အဖွဲ့တစ်စုလေးရှိနေလို့သာတော်တော့သည်မို့လား
        ရသမျှအချိန်လေးမှာတော့ သုံးခွင့်သာတိုင်းရောက်လာမှာပါ။
        ဖုန်းနဲ့ကတော့ အဆင်မပြေလှလို့ရယ်
        🙁

  • ရဲစည်

    September 23, 2013 at 7:44 pm

    နည်းနည်းဝင်ပွားပါမယ်
    ဒီမျိုးက လူယုံသတ်လို့ သေတယ်ခေါ်ပါတယ်
    နောက်တခုကတော့
    မိဘတွေ ခြေကုန်လက်ပန်းကျချိန် မီးစာကုန် ဆီခန်းနေချိန်
    သားသမီးတွေကို အားကိုးလို့ မရတာလဲ ပါတယ်ပေါ့
    ဒါနဲ့ပဲ
    ဒါနဲ့ပဲ
    ဒါနဲ့ပဲ
    🙂

    • အရီးခင်

      September 24, 2013 at 2:54 am

      ဟဲ့ စိန်ကြက်ဆင် ။
      မြစာကလေး ကို ကြောက်လို့ ပုန်းနေသလား။
      အခုမှ အသံမြင်ရတော့ တယ်။ 😛

    • kyeemite

      September 24, 2013 at 10:56 am

      ယွဲစည်..
      အမှန်တွေ သိပ်မပြောနဲ့လေ…
      စစ်အစိုးရ ခေတ်လိုဆို နင် အထဲရောက်နေလောက်ပြီ 😀

  • ခင် ခ

    September 23, 2013 at 9:33 pm

    ခရီးသည်ကြီးရေ သင်ကိုရွာပြင်မှာဘယ်သူဆိုတာ ကျုပ်မသိပေမယ့် ကျုပ်စိတ်ထဲရင်းနှီးနေသလိုရှိလှသာမို့ ရယ် ရွာစည် ကားရေး လက်မနှေးတတ်တဲ့ ကျုပ်အကျင့်အရ ကွန်မန့်များခဲ့မိတာ ခွင့်လွှတ်ပါလို့

  • kai

    September 24, 2013 at 12:02 am

    ဖတ်ရွေးမှာ နကိုစကထဲက..ကျုပ်မပါဘူးဗျ…။
    ရွာ့ကိစ္စမို့ ရွာလူကြီးတွေပေါင်းလုပ်တဲ့အတိုင်းကျုပ်လည်း… လိုက်ပါနေတာပါ..။
    ဗုတ်ဆိုဗုတ်တယ်..။ တင်ဆိုတင်ပေးတယ်.။

    ဆုပေးပွဲလုပ်ရင်.. ဆုတခုပို့ပေးတယ်..။
    ဆုကတော့ ကျုပ်စိတ်ကြိုက်ပါ..။ အရင်ပြောထားတဲ့အတိုင်းဆို.. လစဉ်ဆုရသူတွေဆီကနေ.. တပုဒ်ဒါမှမဟုတ်လိုချင်တလောက်ကို ပုံနှိပ်ဖေါ်ပြဖို့ရွေးတာပါပဲ..။
    ဆုဆိုတာထက်.. စာရေးဆရာဖြစ်ဖို့လမ်းပေါ်တင်ပေးတဲ့.. စာမူခလို့ပြောရင်.. ပိုမှန်မယ်ထင်တယ်..။

    စာရေးဆရာဖြစ်ပြီးသားသူဆိုရင်တော့.. ဉာဏ်ပူဇော်ခအပိုရတာပေါ့နော..။
    … ပြီးခဲ့တဲ့..ဆုပေးပွဲမှာ.. ဆရာမဝင့်ပြုံးမြင့်ရပြီး..သိသလောက် အကုန်ပွဲအတွက်ပြန်လှူသွားတာပဲ..။ အဲဒါလေး… စကားဝင်ရှည်ပါရစေ..။ :mrgreen:

  • ဖြူစိုင်း လူ

    September 24, 2013 at 5:58 am

    “အခုလည်​း ရွာထဲမယ်​ ကိုယ်​့ထမင်​းကိုစားပြီး အရှက်​ကွဲစရာများဖြစ်​​နေမလား.. လို့ ။”

    အဲဒါလည်း အကြောင်းရင်းထဲက တစ်ကြောင်း ဖြစ်မယ်ထင်မိပါ၏။ ဝါသနာရှင်များအဖို့ ကိုယ်သောက်သုံးမကျတာ လူသိရှင်ကြား ထုတ်ဖော်ပြောပြနေသလို ဖြစ်နေသလားလို့။ ပညာမပြည့်ဝသေးလို့ လက်ရည်သွေးပါတယ်ဆိုမှ သောက်သုံးလုံးလုံးမကျတာ လူပိုသိသွားသလားလို့ပါ။

    (ဝါသနာရှင်တစ်ယောက် အမြင်သက်သက်သာဖြစ်ပါကြောင်း)

  • Ko chogyi

    September 24, 2013 at 7:15 am

    ကျွန်တော်အမြင်ပြောရရင်
    ဗုတ်ရွေးတဲ့စနစ်ကို မကောင်းဘူးတော့မဟုတ်ပါဘူး အရင်စနစ်ကိုပိုကြိုက်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့၊ ဥပမာ
    ပန်းချီအနုပညာလက်ရာတစ်ခုဆိုပါတော့
    လူအများကြားထဲချပြလို့ ဝေဖန်ခိုင်းတဲ့အခါ သုံးသပ်ချက်အမြင် ဘက်ပေါင်းစုံရနိုင်ပါတယ်။
    ဒါပေမဲ့ သာမန်အမြင်နဲ့ သုံးသပ်တာမို့ ရလဒ်တစ်မျိုးဖြစ်သွားနိုင်ပါတယ်။
    ပညာရှင်တွေကို သုံးသပ်ခိုင်းတဲ့အခါ ပညာရပ်ပိုင်းဆိုင်ရာအမြင်နဲ့ သုံးသပ်တာမို့
    ရလဒ်ခြင်းမတူနိုင်ပါဘူး။
    နောက်ထပ်ဥပမာအနေနဲ့ပြောရရင်
    တေးသီချင်းတွေပြိုင်တဲ့ အိမ်မက်ဆုံရာ အစီအစဉ်လို
    အကောင်းဆုံးအဆိုရှင်နဲ့၊ ပြည်သူအကြိုက်ဆုံးဆု(ဗုတ်အများဆုံးဆု)ပိုင်ရှင် ထပ်တူမကျနိုင်သလိုပါ။
    ရွာအတွက် အကောင်းဆုံးဖြစ်မယ့်အစီအစဉ်ကို အားလုံးတိုင်ပင်အဖြေထုတ်နိုင်မယ်လို့
    မျှော်လင့်ပါတယ်။

  • ဦးကြောင်ကြီး

    September 24, 2013 at 8:11 am

    သဂျီးဂိုဒေါ့ စဂါးဝိုင်းဂ ဖယ်ထားလိုက်ပါ.. သူ့ဂို ရွာပြင်ထုတ်ထားလိုက်တာ ကြာပီ.. ဒင်းဂ မိုးပြာဒုဂိုင်းဂျုတ် (ကိုစံလှဂျီး မေးကြည့်) ၊ မွတ်စ်နှာရွက (တိမ်မည်း သက်သေရှိ၏)၊ မာမီအကျီးဇား (အောင်ပုကိုယ်ဒိုင်ပြောဒါ)၊ မာ့က်စ်ဝါဒီကွမ်မြူနိစ် (တရုတ်သဗုံ ကြေးမုံဂျီးအီးမေးလ် ဝင်ဟက်ကြည့်တော့မှ သိဒါ) ‘မ’ aလးလုံးရှင် မိစာ္ဆဒိဋ္ဌိဂျီး..။
    ဖက်ရွက်အဖွဲ့ အကြောင်းဂဒေါ့ဗျာ အပြောဂျင်ဗူး..။ စဖွဲ့ဂျိန် လူနှစ်ယောက်နဲ့တဗိုင်း (တယောက်က သူ့ခလေးပါ ခေါ်လာဒယ်ဆိုလား) ရှိကထဲက အုတ်ကထနဲ့ အတွင်းရေးမှူး သူမြင့်ဒယ် ငါမြင့်ဒယ် ပြိုင်ဂလို့ နှာယက ရာထူးထွင်ပေးထားရဒါ… ဒါတောင် သူက နှာယက ၁ ငါက နှာယက ၁ လုပ်နေဂျသေးဒယ်..။ လူနည်းနည်းများလာတော့ (ဒါလဲ စုစုပေါင်း လက်ဆယ်ဂျောင်း မပြည့်ပါဘူး) ဥက္ကဌတဲ့၊ ဒုဥက္ကဌ ၁တဲ့ ဒုဥက္ကဌ ၂တဲ့၊ အထွေထွေ အတွင်းရေးမှူး၊ ဒုအထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး ၁ ၂ ၃.. ဒါနဲ့ လူကုန်သွားလို့ အီးစီ ဗဟိုအလုပ်အမှုဇောင်တောင် မခန့်နိုင်လျှာဗူး…။ ခရီးသည်ဂျီး လုပ်ချင်ရင်တော့ အဲဒီပို့စ် ရအုံးမယ်နဲ့တူဒယ်…။ အဲဒီကြမှ စီအီးစီ ဗဟိုကော်မတီဝင် ထပ်ရှာပေါ့ဗျာ…။ :kwi:

    • San Hla Gyi

      September 24, 2013 at 9:23 pm

      ကိုကြောင်ကြီး ပြောတာ အမှန်ပဲဗျ။ နောက်နေတာ မဟုတ်ဖူး။ သဂျီးက တကယ့်ကို မိုးပြာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်။ အပြင်မှာ အဲဒီလိုကို သတင်းဖြစ်နေတာ။ ဟိုတုန်းက ကျနော့် အသိနှစ်ယောက်ဆိုရင် ကျနော် ဒီမှာ စာရေးနေတာ မသိပဲနဲ့ အဲဒီ မန်းဂေဇက်ဆိုက်ဒ်ရဲ့ အယ်ဒီတာဆိုတဲ့လူက မိုးပြာဆိုတဲ့ ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်လို့ ပြောနေကြတာ ကိုယ်တိုင် ကြားခဲ့ဖူးတယ်။ အဲဒါ ကျုပ်က သဂျီးဘက်က ရှေ့နေလိုက်ပြီး အဲဒီလိုတော့ မဟုတ်လောက်ဖူးနဲ့ တူပါတယ်လို့ ပြောတော့ သူတို့က ဟုတ်ပါတယ် သေချာပါတယ်လို့ကို ပြန်ပြောသေးတယ်။ သူတို့ထဲက တယောက်ဆို ကျနော့်ကို ခင်ဗျား ဘာသိလို့လည်း ဒါဆရာတော်ကြီးတွေ တောင် ပြောနေတဲ့ ကိစ္စလို့ ပြန်ပြောလိုက်သေးတယ်။ သူတို့ ကျနော် ဒီမှာ စာရေးနေတာရယ် ကျနော့် ကလောင်နာမည်ရယ်ကို လုံးဝ မသိဘူး။ ကျနော်ကလည်း သူငယ်ချင်းတွေကို သိပ်မပြောပြဘူး။
      ဒါပေတော့ သူတို့ ပြောတာလည်း အဓိပ္ပါယ်တော့ ရှိတယ်ဗျ။ အကြောင်းမဲ့ မဟုတ်လောက်ဘူး။ ကြည့်လေ မိုးပြာဂိုဏ်းသားတွေ ပြနေတဲ့ လင့်ခ်ထဲကို ဝင်ကြည့်လိုက်တော့ မန်းဂေဇက် လိုဂိုကြီးနဲ့ အရိယသစ္စာတရား အညွှန်းလို့ ခေါင်းစဉ် တပ်ထားတာ။ သဂျီးကတော့ သူဘာမှကို မသိရပါဘူးလို့ ပြောနေတာပဲ။ ကိုယ့်ဘာသာ စဉ်းစားပြီး တွေးကြည့်ပေါ့ဗျာ။
      နောက်ပြီး အခု သူတို့ရဲ့ ဖေ့ဘုတ်စ် ဆိုတာလည်း နေရာကို အမေရိကားလို့ ပြထားတယ်ဗျ။ တွေးရခက်ကြီးပဲ။
      သူတို့ ဂိုဏ်းရဲ့ ဖွဲ့စည်းပုံက အတော်ကို စနစ်ကျတယ်ဗျ။ ဂိုဏ်းချုပ်ကြီး ရှိတယ်။ ဂိုဏ်းချုပ်ကြီးကတော့ အားလုံး သိပြီးသားအတိုင်း လောလောဆယ် မြေအောက် အကျဉ်းစခန်းထဲမှာ ရှိတယ်။ အဲဒါ သူတို့က ဒုဂိုဏ်းချုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆက်လှုပ်ရှား နေကြတာ။ ဒုဂိုဏ်းချုပ်ကြီးကတော့ သတင်းပဲ ကြားပြီး အပြင်ကို လူလုံးထွက်မပြဘူး လိုက်ကာနောက်က လှုပ်ရှားနေတာ။ သူ့ကျင့်နေတဲ့ ပညာက တော်တော် မြင့်နေပြီလို့ ပြောတယ်။ ဒါပေမယ့် ခက်တာက သူ့ပညာက အဆင့်မြင့်လာလေလေ ကျားမဟုတ် မမဟုတ် ဘဝကို ကူးပြောင်းလာလေလေပဲတဲ့။ အဲဒီ ဒုဂိုဏ်းချုပ်ကြီး အောက်မှာ လက်ဝဲရံ လက်ယာရံ ဆိုပြီး ဂိုဏ်းထောက်နှစ်ယောက် ရှိတယ်။ သူတို့ နာမည်က ရှင်အရိယာနဲ့ မောင်မိုးပြာတဲ့။ ဟိုတလောက အဖြူရောင် အထက်လမ်းဂိုဏ်းသားတွေက သူတို့ နှစ်ယောက်ကို ဝိုင်းတိုက်တာ ဒဏ်ရာ တော်တော် ရသွားတယ်တဲ့။ သေပြီလိုလို ဘာလိုလိုလည်း ပြောကြတယ်။ အဲဒီ နှစ်ယောက် အောက်မှာမှ မိုးပြာဂိုဏ်းရဲ့ ဂိုဏ်းစောင့် မင်းကြီးလေးပါးဆိုတာ ရှိတယ်။ သူတို့ကတော့ ကိုအောက်အော့ဖ် မိုးချမ်းမြေ့ မောင်ဂွနဲ့ realman ဆိုသူတွေပဲ။ အဲဒီ အထဲမှာတော့ ကိုအောက်အော့ဖ်က နည်းနည်းလေး ပညာမြင့်တယ်။ ကျန်တဲ့ လူတွေကတော့ တိမ်မြှပ်နေတာ ကြာပြီ။ ဘာလို့လည်းဆိုတာ့ အထက်လမ်း ဂိုဏ်းသားတွေက သူတို့ကို တွေ့တာနဲ့ ဝိုင်းတိုက်တော့တာပဲ။ အထက်လမ်းဂိုဏ်းနဲ့ မိုးပြာလို မိစ္ဆာဂိုဏ်း ဆိုတာက တကယ့်ကို ပြဒါတလမ်း သံတလမ်းပဲလေ။ ဂိုဏ်းစောင့်မင်းတွေထဲမှာ ပညာအမြင့်ဆုံး ဆိုတဲ့ ကိုအောက်အော့ဖ်တောင် ဟိုတလောက အထက်လမ်း ဂိုဏ်းသားတယောက်ရဲ့ အမှန်အကန်တိုက်ကွက်တွေနဲ့ တွေ့ပြီး ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ဒါကတော့ ကိုကြောင်ကြီး ကွန်မန့်ကလေးကို ဆက်ရေးတာပါ။
      ကဲ အခုတော့ ပို့စ်နဲ့ ဆိုင်တာ နည်းနည်း ပြောပါမယ်။ ဘာပြောရမှန်းတောင် မသိဘူး။ တခါမှ ဒီလို ဘာပြောရမှန်း မသိတာမျိုး မဖြစ်ဘူးဖူး။ ဘာလို့လည်းဆိုတာ့ ကျနော် တခါမှ စိတ်ဝင်စားပြီး မပါခဲ့ဖူးလို့ပဲ။ ဒီလိုပါ ဆောင်းပါးရှင်ရေ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ။ မဲနဲ့ပဲရွေးရွေး အဖွဲ့နဲ့ပဲ ရွေးရွေး အားသာချက် အားနည်းချက်ကတော့ ရှိမှာပဲ။ ကျနော့် အမြင်ကတော့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ရေးတာ ကိုယ်စိတ်ကျေနပ်မှုရရင် ပြီးတာပါပဲ။ ကိုယ်ရေးတာ တကယ်တော့ ကိုယ်အသိဆုံးပါပဲ။ မသိဘူးဆိုတာ အလကားပြောတာ။ ကျနော့် အမြင်ပေါ့လေ။ နောက်ပြီး အဲဒီပို့စ်မှာ ပါတဲ့ အကြောင်းအရာရဲ့ ကျယ်ပြန့်မှုနဲ့ ပေးတဲ့ ကွန်မန့်တွေရဲ့ လေးနက်မှု အင်အားကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ တခုတော့ ရှိတာပေါ့လေ။ ရသစာပေလို ကဗျာလို ဟာမျိုးကျတော့ အတွေးအမြင်လို သမိုင်းလို နိုင်ငံရေးလို ဆောင်းပါးတွေလောက် အားကြီးတဲ့ ကွန်မန့်တွေ ရဖို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ဒါလည်း တကယ်တော့ လုပ်နိုင်ရင် ရပါတယ်။ တကယ် ကျွမ်းကျင်တဲ့ လူဆိုရင်တော့ စာဖတ်သူကို ရသစာလို ဟာမျိုးထဲကို ခေါ်သွားပြီးတော့ သူပေးချင်တဲ့ အိုင်ဒီယာကို ပေးလို့ရပါတယ်။ ခက်တော့ ပိုခက်ပါတယ်။ သွယ်ဝိုက်ပြီး ပေးရမှာကိုး။
      ကျနော် ထင်တာတော့ စည်တယ် မစည်ဘူး ဖြစ်နေတာက ရွေးတဲ့ နည်းစနစ်ထက် ကောင်းကောင်း ရေးနိုင်တဲ့လူတွေ မရေးတာ များလို့ ဖြစ်နေတာပါ။ ကျနော်က ပို့စ်တိုင်းကို ဝင်မဖတ်ဘူး။ ဒါပေမယ့် တခါတလေ အသစ်လား ဆိုပြီး ဝင်ကြည့်လိုက်တယ်။ ရေးတာက တကယ့်ကို တိုတိုလေး။ အဲဒီမှာမှ စာလုံးပေါင်းတွေ အများကြီး မှားနေသေးတယ်။ ကျနော်က သတ်ပုံ စစ်တဲ့လူ မဟုတ်ပါဘူး။ စာလုံးပေါင်း ဆိုတာက အရိုက်မှားတာ အမှတ်မှားရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ခေါင်းစဉ်လို ဟာမျိုးမှာ မမှားသင့်တဲ့ စာလုံးကြီး မှားနေတာမျိုးလည်း တွေ့တယ်။ ရေးတာလည်း မကောင်းတဲ့ အခါကျတော့ ဝင်ပြီး ကွန်မန့်ရေးလည်း ဖတ်သွားပါတယ်နော် ဆိုတာလောက်ပဲ ရေးလို့ ရတော့မှာပေါ့။
      တခါမှ ကျနော်ကိုယ်တိုင်တော့ ဘယ်သူ့ကိုမှ မဲပေးပြီး ရွေးတာတို့ ဘာတို့ မလုပ်သလို တခါတလေ ဘာတွေ စကာတင် ထည့်ထားမှန်းလည်း မသိပါဘူး။ အဓိကကတော့ ရေးသူ ကိုယ်တိုင်က ကိုယ်ရေးတာ ကိုယ်စိတ်ကျေနပ်ဖို့ပဲ လိုပါတယ်။ ကျနော်ကတော့ ကျနော် ရေးပြီးသားတွေ အကုန် စိတ်ကျေနပ်တယ်။ တကယ်ပြောတာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော် စိတ်မဝင်စားဘူး။ သူများကို သရော်ထားတာ တိုက်ခိုက်ထားတာတွေတောင် စိတ်ကျေနပ်တယ်။ ဘာလို့လည်းဆိုတော့ ဗြောင်ရေးတာ မဟုတ်ပဲ မဆိုင်တဲ့ လူတွေကို ရယ်ခိုင်း ပြုံးခိုင်းပြီးမှ ဆိုင်တဲ့လူကို နာအောင် လုပ်ထားတာတွေမို့လို့။
      အဓိကကတော့ စည်တာ မစည်တာက ရွေးတဲ့ စနစ်ကြောင့် မဟုတ်ပါဘူး။ ရေးနိုင်တဲ့ လူတွေ အကြောင်းအမျိုးမျိုးကြောင့် မရေးလို့ပါ။

  • Ma Ma

    September 24, 2013 at 8:46 am

    မန်းဂဇက်ချစ်သူများ စာပေဆုဆိုပြီး စလုပ်ကတည်းက သဂျီးမပါပါဘူး။

    သူက သံဃာ့အား ဘုရားမလွန်ဆန်နိုင် ဆိုသလို …….
    ရွာသူားတစ်စုက လုပ်ချင်တာကို ဘေးကပံ့ပိုးပေးနေတာပါ။

    (အခုလည်​း ရွာထဲမယ်​ အလကား​နေအလကား ကိုယ်​့ထမင်​းကိုစားပြီး အရှက်​ကွဲစရာများဖြစ်​​နေမလား.. လို့ ။)
    အဲလိုထင်ရင်လည်း ထင်ချင်စရာပါပဲ။

    ပြန်တွေးကြည့်လိုက်တော့ ကိုယ်တိုင်လည်း တခါမှ ဆုမရဖူးပါဘူး။
    ပြောရမယ်ဆို ဆန်ကာတင်စာရင်းထဲတောင်ပါဖူးရဲ့လား မသိ။ 😛

    ကိုယ်တိုင်ကတော့ ဒီရွာထဲမှာ ဝင်ဖတ်ရင်း ကွန်မန့်ပေးရင်းနဲ့ ကိုယ့်အမြင်အတွေးတွေကို ချပြတဲ့သဘောနဲ့ စာရေးတွေ ရေးတင်လို့ရနေတာကိုပဲ ကျေနပ်နေတာ။

    တစ်သက်နဲ့တစ်ကိုယ် ဒီလိုစာတွေရေးဖြစ်မယ်လို့ တခါမှ မစဉ်းစားခဲ့ဖူးကြောင်း ဟိုးအရင်ကတည်းက မကြာခဏပြောဖူးပါတယ်။

    ကိုယ့်အဆင့်က ဘာမှမရှိတာ ကိုယ်တိုင်သိသူမို့…..
    ဆုရသွားသူတွေကို မုဒိတာပွားရုံနဲ့ ဝမ်းသာနေတာပါပဲ။

    ကိုယ်ကိုယ်တိုင် စာပေရေးရာမှာ ဘာမှ တတ်သိကျွမ်းကျင်တာမဟုတ်ပဲ
    ဖတ်ရွေးအဖွဲ့မှာပါပြီး ဖတ်ရွေးပေးခဲ့တယ်ဆိုတာက အများစုပေါင်းလုပ်ဆောင်မှုကို ဖြစ်မြောက်စေလိုတဲ့ စေတနာတစ်ခုတည်းနဲ့ပါ။

    ဖတ်ရွေးအင်အားနည်းလာတာက တကြောင်း၊ လူတစ်စုရဲ့ရွေးချယ်မှုထက် လူအများရဲ့ ရွေးချယ်မှုက ပိုပြီးမျှတမှန်ကန်မယ်လို့ ယူဆတာက တကြောင်းတို့ကြောင့် အများဗုတ်တဲ့စနစ်ကို ပြောင်းလိုက်ကြတာဖြစ်ပါတယ်။

    အရင်ဖတ်ရွေးတဲ့စနစ်ကို နှစ်သက်သူများရင် ဖတ်ရွေးပေးမယ့် အင်အားလိုပါတယ်။

    အရင်လို ဖတ်ရွေးဖို့အတွက် အဓိကအခက်အခဲက လူတိုင်းကိုယ်စီ ကိုယ့်အလုပ်နဲ့ကိုယ်မို့ ရေရှည်မှာ အချိန်ပေးပြီး မဖတ်နိုင် မရွေးနိုင်ကြတာပါပဲ။

    ဖတ်ရွေးနိုင်သူရှိရင် ဖတ်ရွေးကြပြီး ဆုပေးပွဲလုပ်ရင်း ရွာသူားတွေ ရင်းရင်းနှီးနှီးခင်ခင်မင်မင် တွေ့ဆုံကြရတာ ပျော်စရာပါ။

    • အခုလိုမမဂျီးရှင်းပြတော့လည်း ဟုတ်ပါတယ်။
      ဖတ်ရွေးတဲ့လူတွေကိုယ်တိုင်ကမှအချိန်သိပ်မပေးနိုင်တော့တာ။
      ကိုယ်တွေကိုယ်တိုင်တောင်မှ ဖတ်ရွေးဖို့မပြောနဲ့ကိုယ့်ပိုစ့်ကိုယ်တင်ချင်ရင်တောင် ရီပလိုင်းပြန်မလုပ်နိုင်မှာစိုးတာကြောင့် တော်တော်အချိန်ရမှတင်ဖြစ်တာပါ။
      ဘာပဲဖြစ်ဖြစ် စည်စည်ကားကားပျော်ပျော်ရွှင်ရွှင်တော့ရှိနေပါသေးတယ်။
      အချိန်တိုင်းမဟုတ်တောင်မှ တစ်ပတ်၂ရက်လောက်ပွဲကျနေရင်ကို စည်လှပါပြီ။
      တခြားဆိုဒ်တွေမှာလည်း တော်တော်လေးခြောက်သွေ့တာမှဒါ့ထက်အပုံကြီးဆိုးလှပါတယ်။
      လူတွေက အချိန်မပေးနိုင်တာပါ။

  • kyeemite

    September 24, 2013 at 9:22 am

    ကျနော် မနေ့ကတော့ ကွန်မန့်ပေးထားခဲ့ပါတယ်
    ညကတော့ ပို့စ်တစ်ပုဒ်ရေးခဲ့တယ်
    ဒီမနက်တော့ စိတ်ထဲမှာ ရွာသူားတွေအများစုရဲ့
    ထင်မြင်ချက်နဲ့ အကြံဉာဏ်တွေ စောင့်ကြည့်အုံးမယ်လို့ သဘောရပါတယ်
    စောင့်ဖတ်ပါရစေအုံး.. 🙁

  • Foreign Resident

    September 24, 2013 at 9:42 am

    အင်းးးးးးးးး ။
    အကြောင်း တစ်ခု က တော့ တက်လာ ပေါ်လာပြန်ပြီ ။

    ခရီးသည်ကြီး says:
    ” အထူးသဖြင်​့ ရွာလူကြီးများ မသိချင်​​ထောင်​ ​မ​ထောင်​​နေပါနဲ့ .. ”
    ဆိုတော့လည်း နဲနဲ ဝင်ပြောရတော့ မပေါ့ ။

    ၁ ။
    အမှန်က အဘ ဖတ်ရွေးထဲ ရောက်နေတာ ၊ မထင်မှတ်ပဲ ဘုမသိ ဘမသိ နှင့်ပါ ။
    ရန်ကုန်က ညစာစားပွဲ တစ်ခုမှာ ၊ အသံ တွေ ဆူညံနေတဲ့ ကြားထဲက ၊
    ကို ဘလက်ကြီးက ဖတ်ရွေး ဆိုတာမျိုး လုပ်ချင်တယ် ဆိုတော့ ၊
    အင်း ကောင်းသားပဲ ဆိုတာလောက်ပဲ ပြန်ဖြေခဲ့ပါတယ် ။
    အဲဒီ အချိန်တုန်းက ဘာရယ်လဲ ၊ သေချာ သိဝူးရယ် ။

    အဲဒီ နောက်ပိုင်း ဖတ်ရွေး အဖွဲ့ ဆိုပြီး စာရင်း ထွက်လာတော့ မှ ၊
    ကိုယ့်နာမည်ကြီး ပါလာတော့မှ ၊ အင် ငါလဲ အဖွဲ့ဝင် ဖြစ်နေပါလား ဆိုပြီး သိရတာပါ ။

    ဂဇတ် ကောင်းကျိုး လုပ်တာ ဖြစ်တာရယ် ၊ ကိုယ့် မိတ်ဆွေတွေ လုပ်တာဖြစ်တာရယ်ကြောင့် ၊
    တတ်နိုင်သလောက် အဆင်တစ်ပြေဖြစ်အောင် ၊ ပူးပေါင်းပါဝင်ခဲ့ပါတယ် ။

    တတ်နိုင်သလောက် ဆိုရာမှာလဲ ၊ အဘ မှာကလဲ ၊ သင်္ဘောလိုက်နေရတာ ဆိုတော့ ၊
    Internet Connection က နေ့တိုင်း မရတဲ့ အခါကျတော့ ၊
    Connection ရတဲ့ နေ့လေးတွေမှာ ဆို ၊ မဖတ်ဖြစ်ခဲ့တဲ့ ၊
    Connection မရတဲ့ နေ့တွေက Post တွေကို စုပြုံ Download ဆွဲထား ၊
    အချိန်လည်း အားတဲ့ ၊ မျက်စိ လဲ ခံနိုင်တဲ့ နေ့တွေမှ အေးဆေး Off Line ပြန်ဖတ် ပေါ့လေ ။

    အဲလို Download ဆွဲ ပြီး Off Line ဖတ်ရတာ ဖြစ်တဲ့ အတွက် ၊
    Post တွေမှာ Comment တွေ သိပ် မပေးဖြစ်ခဲ့တာကို ခွင့်လွှတ်ကြပါကွယ် ။

    အဘ က ထဲထဲဝင်ဝင် လူအား နည်းပညာအား မစိုက်နိုင်တော့လည်း ၊
    ငွေအား နှင့်ပဲ အဓိက ပံ့ပိုးဖြစ်နေပါတယ် ။

    ဒီ November မှာတော့ အဘ သင်္ဘောက ဆင်းပြီး ၊ ဩဇီ ပြန်မှာ ဖြစ်လေတော့ ၊
    ဂဇက် ဘက်ကို အချိန် များများ ပေးနိုင်တော့မှာ ဖြစ်ပါတယ် ။

    ၂ ။
    အမှန် ကတော့ သူကြီး နှင့် ဒီအဖွဲ့ နှင့်က ဘာမှ မဆိုင်ဘူးရယ် ။
    ( ဒီအဖွဲ့ အောင်မြင်တာ ကျဆုံးတာ ဟာ သူကြီး ရဲ့ ပယောဂ မပါဘူးလို့ ဆိုတာပါ )
    အဘ တို့ ဖတ်ရွေး အဖွဲ့ဝင်တွေကသာ ၊ သူကြီး ရဲ့ Web Site ပေါ်မှာ လုပ်နေတာ မို့လို့ ၊
    အဘ တို့ E-mail နှင့် ဆွေးနွေးနေတာတွေကို ၊ သူကြီး ကို cc ပို့ပေးပါတယ် ။

    သူကြီး ဖက်ကလည်း ၊
    ဒီ ဖတ်ရွေး အဖွဲ့ဝင်တွေဟာ ဂဇက် ကောင်းကျိုး အတွက် လုပ်နေတယ်လို့ ယုံကြည်လို့ ၊
    ဒီ ဖတ်ရွေး အဖွဲ့ဝင်တွေကို ရွာ လူကြီးတွေလို့ ပြန်သဘောထား ပေးခဲ့တယ် ။
    ဒါပါပဲ ။

    ၃ ။
    အစပိုင်းမှာ ၊ ဖတ်ရွေး အဖွဲ့ဆိုပြီး စ ဖွဲ့ပြီး ၊ ဖတ်ရွေး အဖွဲ့ကပဲ ရွေးခဲ့ရတာက ၊
    အဘ တို့ လူကြီးတွေ ရဲ့ အတွေ့အကြုံတွေ အရ ၊
    စစချင်း အမြစ် မခိုင်စဉ်မှာ ၊ ဒီအဖွဲ့ဝင်တွေရဲ့ လူအား / ငွေအား ကိုပဲ ၊
    အဓိက အားကိုး အားထား လုပ်မယ်ဆိုပြီး ၊ လုပ်ခဲ့ရတာ ပါ ။
    ( ဒီ အဖွဲ့ဝင်တွေကို ထွက်မရအောင် အတင်း စည်းလုံးပစ်လိုက်တဲ့ သဘောလဲ ပါသပေါ့ )

    နောက်ပိုင်းမှာ ဒီမိုဆန်ဆန် ပြောင်းရမယ် ဆိုတာ သိပါတယ် ၊ လက်ခံထားပါတယ် ။
    နို့ ၊ ကိုယ်တွေကချည်း နှစ်ပေါက်တဲ့အထိ လုပ်လာခဲ့တော့လည်း ၊
    လူ ( မျက်စိ ) ပင်ပန်းတဲ့ ဒါဏ်က တော်တော် ထိပါတယ် ။
    ထမင်းစားဖို့ အတွက် တခြားအလုပ်တွေလဲ အချိန်ပေးရသေးသကိုး ။

    ၄ ။
    ဒါပေမယ့် ၊ ပြဿနာက ။
    က ။ ဒီမိုဆန်ဆန် Vote စံနစ် ကို ဘယ်အချိန် ပြောင်းကြမလဲ ။
    ခ ။ Vote စံနစ် ကို ပြောင်းဖို့ ရွာသူားများရဲ့ အားပေး ထောက်ခံမှု လုံလောက်ပြီလား ။
    အဲဒါတွေက ဆုံးဖြတ် စရာ ဖြစ်ခဲ့ပါတယ် ။
    ( Ps ; အဘ ကိုယ်တိုင်ကတော့ ပြောင်းဖို့ စောနေသေးတယ်လို့ ယူဆခဲ့ပါတယ် )

    ၅ ။
    ဒါပေမယ့်လည်း ၊ အပေါ်မှာ ဦးဦးပါလေရာ ပြောခဲ့သလိုပေါ့ ။

    ဦးဦးပါလေရာ says:
    ” ထစ်ကနဲရှိ အားလုံး ပါဝင်တာတို့ … ဒီမို… တို့ ထရံ စပါကလင်တို့ …
    အဲဒါတွေ ဖေါချင်း သောချင်း သုံးမှ ခေတ်မီတာကလား…..
    အဲတော့ကာ … သူ့ဟာသူ ခေတ်မီမီလေး ဂိ နေတာ ( ခေတ်မီမီလေး ဂိ နေတာ ) ကို
    ဘာမျှမတတ်နိုင်ပဲ လက်မှိုင်ချ စောင့်ကြည့်နေရပါကြောင်း ….. ”

    အဲဒီ အချိန်က ရွာသူား ( တစ်ချို့ ) ရဲ့ အသံ ကို နားစွင့်ကြည့်ပြီး ၊
    ဒီမိုဆန်ဆန် Vote စံနစ် ကို နဲနဲလေး စောပြီး ပြောင်းပေးခဲ့ကြပါတယ် ။
    ပြောင်းခါစက တော်တော့်ကို ကသုတ် ကရက် နိုင်ခဲ့ရပါတယ် ။

    မှန်တာကို ဒဲ့ ( ဒဲ့ ) ပြောရရင် ၊
    လက်မပါဘဲ ၊ ဘေး ပြောနေတဲ့သူတွေရဲ့ အသံကို ပို ဦးစားပေးခဲ့မိတယ်လို့ ပြောရမလား မသိ ။
    သူတို့ စိတ်ကြိုက် လုပ်ပေးလိုက်ရင် ၊ သူတို့တွေ များ အားတက်သရော ပါဝင်လာမလားလို့ ။
    နောက်ဆုံးတော့ ၊ ကိုယ့်ဆီက အမာခံ လူရင်းတွေ အားလျော့သွားတာပဲ တွေ့ခဲ့ရတယ် ။
    ( ကိုယ်တွေကပဲ ကွက်ပြီး လုပ်ပိုင်ခွင့်ယူထားတယ်လို့လဲ အပြော မခံချင်ဘူးလေ )

    ၆ ။
    အဘ တစ်ဦးထဲရဲ့ သဘောထားကို ပြောရရင် ။
    ဒီမိုဆန်ဆန် Vote စံနစ် ကို ပြောင်းခဲ့တာ ၊ အချိန် နဲနဲ စောသွားတယ် ထင်ပါတယ် ။

    ရွာသူားတွေ ကိုယ်တိုင် Vote ခွင့်ရတဲ့အတွက် ၊ ပိုမို စိတ်ပါဝင်စားပြီး ၊
    ပိုမို အသက်ဝင်လာမယ်လို့ မျှော်လင့်ခဲ့တာပါ ။
    ( ဒါပေမယ့် ၊ မှန်တာပြောရရင် အားရလောက်စရာတော့ ဖြစ်မလာခဲ့ပါဘူး )

    ရ ။
    သို့သော်လည်း ၊ သို့သော်လည်း ၊ သို့သော်လည်း ၊
    ( အဘ ကိုယ်တိုင် ၊ Vote စံနစ် ကို ပြောင်းတာ ၊ အချိန် နဲနဲ စောသွားတယ်လို့ ထင်သော်ငြားလည်း )

    အခု အချိန်မှာတော့ ၊ Vote စံနစ် ကို ပြောင်းခဲ့ပြီးသွားပါပြီ ။

    စံနစ် တစ်ခုကနေ စံနစ် တစ်ခုကို ၊ ခဏ ခဏ ပြောင်းပြစ်နေလို့လဲ မသင့်ပါဘူး ။

    အထူးသဖြင့် ၊
    အခု နည်းပညာအား လူအား ငွေအား နှင့် ၊
    ဝိုင်းဝန်းပေးနေတဲ့ သူတွေ စိတ်ဓါတ်ကျသွားပါလိမ့်မယ် ။

    ဘေးက ဝေဖန်တာတွေက သိပ်မခက်ပါဘူး ၊ ဒါပေမယ့် ၊
    တကယ် အနစ်နာခံပြီး ဝိုင်းကြ ဝန်းကြမယ့်သူကတော့ ၊
    ဒီလူလေး ၂ ယောက် နှင့် တစ်ပိုင်း ရှိတာရယ် ။

    ဒါကြောင့် ၊ နောက်ဆုံး ပြောရရင် ၊
    အဘ ကတော့ လက်ရှိ ပြောင်းပြီးသားကြီး ဖြစ်နေတဲ့ ၊
    Vote စံနစ် ကိုပဲ ( မထူးတော့ပြီမို့ ) ဆက်ထားလိုက်ဖို့ ဆန္ဒပြုပါတယ် ။

    • KZ

      September 24, 2013 at 9:54 am

      အဘရယ်။
      ဝင်ပါဦးမယ်။
      ဟိ။
      ခု ထင်သာ ဗုဒ် စစ်စတမ် ပြောင်းတော့ရော အရင် ထရန်စပဲရန့်ဖြစ်ဖို့ အော်နေတဲ့သူတွေ အားတက်သရော ပါလာသလားဟင်။
      ကိုယ် နှစ်သက်တဲ့ ပို့(စ) ၃ ခုလောက် ကိုရော အီးမေး(လ) ပို့ပေးတဲ့ ထိရော အားထုတ်ပေးကြရဲ့လားးးးး (ဒါကတော့ မိုက်မိုက် သိပါလိမ့်မယ်။)
      ကျနော် က အရင် စစ်စတမ်သွားတာ ပိုကြိုက်သလားပဲ။
      နှစ်သက်တဲ့ အကြောင်းပြချက်လေးနဲ့မို့ ကိုယ့်ကြိုက်ရာ ထင်သလိုမြင်သလို ရွေးတာမဟုတ်မှန်း သိသာပါတယ် အဘရယ်။
      ပြောချင်တဲ့ သူတွေ ဆိုတာတော့ လေက အလကားရတာ အကုန်ခံပြီး ပြောကြမှာပဲ။
      အပြောတွေ အတိုင်း လိုက် ပြောင်းရရင်လည်း မြည်းတစ်ကောင်နဲ့ ဟို သားအဖအလုပ်များသလိုဖြစ်တော့မယ်။

      😀

      အို မသိတော့ပါဘူးလေ။ အဆင်ပြေသလိုသာ ရှေ့ဆက်ကြပါ။
      ကူနိုင်တာကူပါ့မယ်

      • ခရီးသည်ကြီး

        September 24, 2013 at 10:07 am

        ဘကြီး​ဖောခင်​ဗျ !
        အဘ တာဝန်​ယူထားတဲ့ သ​င်္ဘော က​ကေိာက်​​ဆောင်နဲ့တိုက်​ပြီးမြှုတ်​​တော့မယ်​ဆိုရင်​ ?
        ၁။ ဆက်​​မောင်​းမလား
        ၂။ပြန်​လှည်​့မလား
        ၃။ ချက်​ခြင်​းရပ်​မလား

        ​ကွေ့​ရှောင်​သွားမယ်​လို့​တော့မ​ပြောနဲ့ အ​ဖြေထဲမှာမပါဘူး 🙂

      • အလင်းဆက်

        September 24, 2013 at 10:45 am

        ကျွန်တော်လည်း..
        ဒီ ရွာထဲက စာပေလက်ရာကောင်းတွေထဲကမှ အကြိုက်ဆုံးတွေ…ရွေးထုတ်နေတာ ကို ဆက်ရှ်ိနေစေချင်သေးတယ် ။
        အခုဆို..အကောင်းဆုံးတွေ ထဲက.. အကောင်းဆုံးလေးတေါကို ရွေးထုတ်ပြီး..အမှတ်တရ စာအုပ်ကလေးတောင်..
        လုပ်ဖြစ်ခဲ့ပြီ…လေ ။
        ကျွန်တော်တော့..အဲဒီလို စာအုပ်လေး ဖြစ်လာတာကို ဝမ်းသာလို ့မဆုံးဘူး ။
        ဒီတော့…. ဆက်လုပ်ဖို့သာ..ဆန္ဒ ရှိပါတယ် ။

        ဆက်လုပ်ဖို ့.. တတ်နိုင်သလောက်လည်း.ကူနေဦးမယ် ။

        ဘယ်လိုနည်းလမ်းက အကောင်းဆုံးလဲ… အလုပ်သင့်ဆုံးလဲ…ဆိုတာတွေတော့..လူကြီးတွေ.. လမ်း.ကြောင်းပေးကြပေါ့ ။
        အနောက်က လိုက်ဖို ့.. အသင့်ပါ ။ မှီသလောက် လိုက်မယ်ဗျာ..။

        :kwi:

        • Mလုလင်

          September 24, 2013 at 12:53 pm

          “ကျွန်တော်တော့..အဲဒီလို စာအုပ်လေး ဖြစ်လာတာကို ဝမ်းသာလို ့မဆုံးဘူး”

          စီစဉ်သူ GreenRose လဲ . . တော်တော် ဝမ်းသာ ရှာမှာပါ။ အလင်းဆက် ရေ . . . . . . . .

      • kyeemite

        September 24, 2013 at 10:52 am

        ခု ထင်သာ ဗုဒ် စစ်စတမ် ပြောင်းတော့ရော အရင် ထရန်စပဲရန့်ဖြစ်ဖို့ အော်နေတဲ့သူတွေ အားတက်သရော ပါလာသလားဟင်။
        ကိုယ် နှစ်သက်တဲ့ ပို့(စ) ၃ ခုလောက် ကိုရော အီးမေး(လ) ပို့ပေးတဲ့ ထိရော အားထုတ်ပေးကြရဲ့လားးးးး (ဒါကတော့ မိုက်မိုက် သိပါလိမ့်မယ်။)

        အဖြေက “နိုး” ပါကေဇီရေ

    • kyeemite

      September 24, 2013 at 10:49 am

      I agree on this

      မှန်တာကို ဒဲ့ ( ဒဲ့ ) ပြောရရင် ၊
      လက်မပါဘဲ ၊ ဘေး ပြောနေတဲ့သူတွေရဲ့ အသံကို ပို ဦးစားပေးခဲ့မိတယ်လို့ ပြောရမလား မသိ ။
      သူတို့ စိတ်ကြိုက် လုပ်ပေးလိုက်ရင် ၊ သူတို့တွေ များ အားတက်သရော ပါဝင်လာမလားလို့ ။
      နောက်ဆုံးတော့ ၊ ကိုယ့်ဆီက အမာခံ လူရင်းတွေ အားလျော့သွားတာပဲ တွေ့ခဲ့ရတယ် ။
      ( ကိုယ်တွေကပဲ ကွက်ပြီး လုပ်ပိုင်ခွင့်ယူထားတယ်လို့လဲ အပြော မခံချင်ဘူးလေ )

  • ခရီးသည်ကြီး

    September 24, 2013 at 9:50 am

    ရွာသူရွာသားအားလုံး မင်္ဂလာ ပါဗျ ..
    အ​ကြောင်​းအရာတစ်​ခုတည်​းကို အများစုက
    သ​ဘောတူမျှပြီး​ဆွေး​နွေထားကြလို့ တစ်​ဦးခြင်​း စာမပြန်​​တော့ပါဘူး ။
    ​နောက်​ထပ်​အမြင်​များ၊ သ​ဘောခါးများလည်​းဝင်​​ရောက်​ မှတ်​ချက်​​ပေး​စေချင်​တယ်​ဗျ။
    အနီအစိမ်​း​​တွေကအကျိူးမရှိရင်​ပယ်​ဖြျက်​လိုက်​ရင်​ဘယ်​လို​နေမလဲ။သဂျီးစဉ်​းစားသင်​့ပါပြီ ။အ​ဟောင်​းက အ​ရေးမစိုက်​ဘူး ..ဒါ​ပေသိ အသစ်​​တွေက စိတ်​ညစ်​ကြမယ်​ ။
    ကွန်​မန်​့​တွေအရဖတ်​​ရွေးပုံစံ ​ပြောင်​း​စေချင်​ကြမယ်​လို့ ယူဆတယ်​ ။
    အရင်​ပုံစံပြန်​လုပ်​ရင်​ လူပြန်​​ခေါ်ပါ ။ယခင်​လူများလည်​း ပြန်​ပါဝင် ရပါမယ်​။
    တချို့ ဖတ်​​ရွေးကိုဝင်​ကူ​ပေမယ်​့ နံမည်​မ​ဖော်​​စေချင်​သူ​တွေကို ထိန်​ချန်​​ပေးထားသင်​့ပါတယ်​။ တခုအကြံ​ပေးချင်​တာက …
    အကြိုက်​တူစာ​ပေဆု​ပေးတယ်​ဆိုတာ တိုင်​းပြည်​အုပ်​ချုပ်​တာမဟုတ်​ဘူးဗျ။
    ​နေရာတကာ ဒီမိုးက​ရေစီး လုပ်​​နေလို့မရဘူး။
    ခင်​ဗျားတို့လုပ်​တာ မလိုအပ်​ဘဲပွင်​့လင်​းမြင်​သာ​နေ​တော့
    ဖင်​​ပြောင်​ရဲမှ ​ဂေဇက်​မှာစာ​ရေးရမလိုဖြစ်​​နေပြိီ ။
    ခင်​ဗျားတို့က​တော့ စာ​ကောင်​း​ပေ​ကောင်​းဆိုပီး စင်​​ပေါ်တင်​​ပေးလိုက်​တာပဲ …
    စင်​​ပေါ်လည်​း​ရောက်​​ကော မန်​ဘာမဟုတ်​တဲ့​ကောင်​​တွေပါဗုတ်​​တော့

    တကယ်​​ကော ဖတ်​ကြလို့ဗုတ်​တာလား..
    ရမ်​းသမ်​း ဗုတ်​တယ်​ဆိုရင်​​ စင်​​ပေါ်တင်​​ပေးပြီး ပါးရိုက်​ခံခိုင်​းတာမျိုးဖြစ်​​နေပြီ။
    သဂျီး​ပြောဖူးတယ်​ .. ဇီးရိုး ​ဖြစ်​​နေတာဘဲ​ရွေးဗုတ်​တယ်​ တဲံ့။ ကျုပ်​လည်​း တစ်​ပုဒ်​မှမဖတ်​ဘဲ ဗုတ်​နဲတာ​တွေ​ရွေးဗုတ်​ခဲ့တယ်​ ။ ကိုယ်​ချင်​းစာလို့ဗျ ။
    ဒီ​လောက်​ဆို သ​ဘော​ပေါက်​​လောက်​ပါပြီဗျ ။
    အကျိုးမရှိတာသိသိကြီးနဲ့ ဆက်​မလုပ်​ကြပါနဲ့​တော့ ။

    အားလူံးကို​လေးစားခင်​မင်​ပါတယ်​ဗျ
    ခရီးသည်​ကြီး

  • ရွှေတိုက်စိုး

    September 24, 2013 at 10:48 am

    အင်း ခရီးသည်ကြီးလို မျက်နှာပြောင်တိုက် ရမ်းနိုင်တဲ့သူလိုနေတာ..
    အခုပဲကြည့်တော့….. အားလုံးဗို.ထ်ဆိုတော့ ငြိမ်ငြိမ်လေး ဗို.ထ်နေကြပြီး… ခရီးသည်ကြီး ထဖွမှ အားလုံး မကြိုက်တာတွေချည်ဖြစ်နေပါလား…ဘူမှလဲ အတိုက်အခံမလုပ်ကြဘူး…. အေးဒါပဲ.. ဒါလဲ နာအေးတယ်…
    ကျုပ်လဲ အဲဒီ အထဲကပဲ.. သူများ ထက် ထူး နဖူး ပါမှ မပေါက်ရဲဘူး….ဝိုင်းဆော်ခံရမှာစိုးလို… ဟိဟိ

    အဲဒီတော့ကား…..ဖတ်ရွေးအဖွဲဆိုတဲ့ခေါင်းစဉ်ကို က အဖွဲ.ပါဆို.. တရွာလုံး မပါဘူးလေ..နောဗျာ..
    ကဲ့ ဒီတော့ကား….ဖတ်ရွေးအဖွဲ.က ဘာဆက်လုပ်သင့်သလဲ ဆိုတော့.ကား…… အင်း….ဒါလူကြီးတွေကိစ္စပါ.. ကလေး ကလေး နေရာနေတာပဲကောင်းတယ်….နော်ဗျာ.. ကိုရင်ခရီးသည်ကြီး…… :hee: :hee:

  • kai

    September 24, 2013 at 11:06 am

    နိုင်ငံရေးနည်းအရဖြေရှင်းနိုင်တဲ့..အဖြေတခုပြောပြမယ်…

    ဆိုတော့…
    ၁) အများစုအတွက်… ဗုတ်စနစ်ဆက်လုပ်ပါ.. ၁မဲ..။
    ၂) ရွာလူကြီးများက.. ဖတ်ရွေးလည်း.. ဆက်လုပ်ပါ..။ ၁မဲ..။
    ၃) ပုံနှိပ်အတွက်.. ကျုပ်လည်း.. ရွေးပါ့မယ်…။ ၁မဲ…။
    အဲဒီ၃မဲကနေ… စစ်ထုတ်ရွေးလို့ရပါတယ်..။
    ဒါလေးမြား… :kwi:

    • amatmin

      September 24, 2013 at 1:27 pm

      ဖတ်ရွေးမရှိမှ ရွာပြန်စည်ကားမယ်ယုံကြည်တဲ့ …
      ကိုယ့်ဆြာတွေအတွက်လည်း
      (၁ မဲ ) ထည့်ပေးမှ တရားမယ်ထင့်..။ 😛

  • ရွှေတိုက်စိုး

    September 24, 2013 at 1:24 pm

    အော်ကျုပ် ထပ်လျှာရှည်ချင်သေးတယ်.. အပေါ်က ကော့မန်.တွေ ဖတ်လာလိုက်တာ ဘာသိလိုက်ရလဲဆိုတော…
    ရွာစည်ဖို.နဲ. ဖတ်ရွေးကို တွဲတွဲပြောနေကြတာပါကလား… ရွာစည်တာက သပ်သပ် ဖတ်ရွေးကသပ်သပ် လို.ကျုပ်ထင်တာပဲဗျာ…
    ဖတ်ရွေးကပဲ ဆုပေးလို. ရွာထဲ ပို.စ်တွေ တင်လိုက်ကြတာ တော်တို. မြင်ဘူးကြသလား.. နဲသွားတာပဲရှိတယ်.. အလုပ်တစ်ခု မှာ ရှုံချတဲ့သူနဲ. လက်ခံသူ နှစ်မျိုးပဲရှိတယ် ထင်တာ အခု ဖျက်လို.ဖျက်စီးလုပ်လိုသူ ဝင်ကလန်.သူတွေပါရှိနေတော့ကား…..
    ရွာစည်အောင်ဆိုရင်တော့.. အရင်တုန်းက စကားကြမ်းကြမ်းပြောတတ်တဲ့ ဘုပြောတတ်တဲ့ ဘက်ကန်တတ်တဲ့ သရောတတ်တဲ့ အမှန်ကို စာလုံးအလှလေးတွေနဲ.ထေ့တတ်တဲ့.. ပို.စ်ပိုင်ရှင်တွေ…
    ဟာသဉာဏ်ပြေးတဲ့ အချော်ကချွတ်ရေးတတ်တဲ့ ပို.စ်ပိုင်ရှင်တွေ… အတည်ပြောပြီး ရသမြောက်အောင်ရေးတတ်တဲ့ ပို.စ်ပိုင်ရှင်တွေ… ဒီလိုလူတွေ တဖြည်းဖြည်းပျောက်ကွယ်ပြီး…. အာလာပ သလာပ… ဟေးးးးထမင်းစားပြီးပြီလား…..အေးစားပြီးပြီ နင့်ကို မတွေ.တာတောင်ကြာပေါ့.. အေးငါမအားလို.လေ.. ခရီးသွားနေတာ….. အဲအဲ အဲလို ကော့မန်.အဲလိုပို.စ်တွေ များလာလို.ကတော့….. စည်မယ်အားကြီးကြီး…

    အဲဒီတော့ ရွာစည်ဖို.နဲ. ဖတ်ရွေး ဖို.က သီးခြားစီဖြစ်ပါကြောင်းးးးးးးးးးး

    မှတ်ချက်။ ။ ပို.စ်တစ်ပုဒ်ကို အမှတ် ၁၀ဝ ပေးရင်ဖြင့် ရွာစည်ရုံတင်မက လျှံပါထွက်လာနိုင်ကြောင်းးး သဂျီးမင်းအာ ဝင်ကလန်.ခဲ့ပါသည်……အဟီးးးးးးးးးးးး :kwi: :hee:

  • KZ

    September 24, 2013 at 1:32 pm

    ကိုယ်မရှိလို့ ရွာမစည်တော့တာလို့ ထင်တဲ့သူတွေ ပြန်လာဖို့ လိုမယ်ထင်တယ်။
    အဟိ။
    😀

    အပြောတွေကတော့ ရွာမစည်တော့လို့ မဝင်တော့ဘူးပေါ့။
    ဟိ။
    ပြီးတော့ နာတို့ မလာတော့လို့ ရွာကြီးခြောက်ကပ်နေပြီပေါ့။
    အဲလို သူတွေလည်း ရှိတာပဲ။
    😀
    မည်သူ့ကိုမှ မရည်ရွယ်ပါ။
    တိုက်ဆိုင်မှုရှိရင် တည့်တည့်ပြောခြင်းဖြစ်သည်။

    :mrgreen:

    • amatmin

      September 24, 2013 at 1:45 pm

      ဟမ်…။
      ဒါနာ့ကိုပြောတာနေမှာ..။ 😛
      ဂနေ့ ရန်စမယ်လို့ ကြွေးကြော်ထားတာ.ဂလိုပြောမို့လား..ဟင်
      ကျုပ်ပြောဖူးတဲ့ ဇဂါးတွေမှာ.အဲ့ဂလို ပါဖူးပါဘူးနော်…နော်.။
      😀

      • KZ

        September 24, 2013 at 1:53 pm

        ပရောဂမှန်တော့ တည့်တည့်ပြောတယ်မှတ်ပြီး တုန်ဆင်းလာတာပဲ။
        ဟေးဟေးဟေးးးးးး
        :mrgreen:
        အေးပေါ့အေ။
        ရှင်တို့က ရွာကြီးစည်ကားချိန် ပျော်ရွှင်ဖူးတဲ့ သူတွေ ဆိုတော့ကာ စင်ပေါ်ကပါ။
        အနော်တို့ အသစ်တွေက ပညာရည် မပြည့်ဝပါဘူးးးး
        ခုခိ ခုခိ ခုခိ

        😀

        • amatmin

          September 24, 2013 at 2:14 pm

          ဘာာာ …စင်ပေါ်ကလူ..ဟတ်လား..။

          ကြမ်းလားလေကြား..ဆြာတွေ ကြားသွားရင် အခက်..။
          ကျုပ်တသက် မန်းလေးဂေဇက်မှာ ဆြာကြီးပါလို့ ပြောဖူးတာ အိမ်ကအမေပဲ ရှိဖူးဒယ်..။ 😛
          ဘာလို့ဆို.အရက်သောက်တာ သူကမကြိုက်.
          ကိုယ်ကပွဲတွေဆက်.ဒီတော့..သောက်မိတိုင်း
          မန်းလေးဂဇက်က.ဆြာကြီးတွေနဲ့ပါလို့ ပြောရထှာ ရယ်.။
          😀
          (ဒါနဲ့ မကေဇီနဲ့ မတွေ့တာကြာပီမို့.. ဂလိုမပြောရတာကြာလို့.ပို့စ်ထဲမယ်ပြောနေမိတာ
          ခွင့်လွတ်ပါ.ခရီးသည်ကြီး ခင်ဗျာ့ )

  • amatmin

    September 24, 2013 at 1:37 pm

    လောလောဆယ်….
    ၁။ဖတ်ရွေး ကိုယ့်ဘာသာရွေး..နဲ့
    ၁။ဗုတ် စနစ်ချပြ…
    ဒီစနစ်နှစ်ခုပဲကောင်းတာရှိသေးမို့..
    ကိုယ့်အကြိုက် ရွေးဘာဆိုရင်တော့..
    ဖတ်ရွေးတွေဖတ်ပီး ရွေးပီး ချပြတဲ့ အရင်ပုံစံကို ..
    အားပေးပါတယ်ဗျ..။
    ဗုတ်စနစ် လုပ်မယ်ဆိုတုန်းကလည်း ဂလိုပဲပြောပီး ပိုကောင်းမလားထောက်ခံခဲ့သေးတာရယ်.။ 😀

  • လုံမလေးမွန်မွန်

    September 24, 2013 at 1:53 pm

    ဖတ်ရွေး အမှတ်ပေး စနစ်ကို ကြိုက်ပါ၏..ဒါမယ့် စကာတင်လေးတွေ တက်လာတာကိုမြင်မိတော့ ပို့စ်တွေအကုန်မဖတ်နိုင်တဲ့အခြေအနေမှာ အဲ့ဒီစကာတင်လေးတွေကို ကြိုက်တာရွေးချင်စိတ် ပေါက်မိရော… အဲ့ဒီမှာ စကာတင်ကို ဗုတ်နဲ့ပေးခိုင်းမယ်ဆိုတော့ ဝမ်းသာတာပေါ့.. ငါကြိုက်တာလေးတွေ ရွေးလို့ရပြီဆိုပြီး… အဲ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီစကာတင်ကိုပါ အကုန်မဖတ်နိုင်တဲ့ အခြေအနေရောက်ပြန်ရော… ဆိုတော့ ဘာဆိုဘာမှလုပ်မပေးနိုင်တဲ့အခြေအနေမို့လို့ ဒီအတိုင်းကို ထိုင်ကြည့်နေမိပါကြောင်း…

    ဖတ်ရွေးနဲ့ ရွာစည်တာနဲ့တော့ ဘာမှမဆိုင်ဘူးလို့ ထင်မိပါတယ်… ဖတ်ရွေးက တစ်ကြောင်းပို့စ် နှစ်ကြောင်းပို့စ်တွေ တက်နေတဲ့အချိန်မှာ တကယ်ရေးတဲ့သူတွေရဲ့ ပို့စ်တွေ နောက်ရောက်ကုန်တဲ့အတွက် အဲဒါတွေကို ထိန်းလို့လည်းရအောင်၊ နောက် ကြိုက်မိတဲ့စာလေးတွေလည်း ပြန်ရှယ်တဲ့သဘောလည်းဖြစ်အောင် ငွေအား၊ လူအား၊ အချိန်အားတွေနဲ့ ဖတ်ရွေးဆိုပြီး ထလုပ်တယ်… အနော်တို့ကတော့ လုံးဝအားပေးတယ်.. ကိုယ့်စာလေးတွေလည်း ဖတ်ဖြစ်ကြတယ်… သူများတွေရဲ့ ကောင်းတဲ့စာတွေကိုလည်း (အရေးအသားကောင်းတာ၊ အကြောင်းအရာကောင်းတာမရွေးဘဲ တစ်ခုခုပေးနိုင်တဲ့စာတွေကိုလည်း) စကာတင်အနေနဲ့ ပြန်ဖတ်ရတယ်… ဒါပေမယ့် ဖတ်ရွေး ဘယ်လောက်ပင်ပန်းလည်းဆိုတာ သိတဲ့အတွက် ဆက်လုပ်ပါလို့ အားပေးရမှာလည်း အားနာမိပါတယ်… ဗုတ်စနစ်ကျတော့လည်း လူတိုင်းက မပါဝင်ကြတော့ မန်ဘာအုန်းတီး လုပ်လို့မရ..ဖွင့်ပေးပြန်တော့လည်း ပို့စ်တွေတောင် ရဲပလောင်းခတ်နေတာ.. ဗုတ်ကတော့ ပြောမနေနဲ့တော့…

    ဆိုတော့ တကယ်တော့ ဗုတ်စနစ်ကို ကြိုက်ပါတယ်.. စနစ်ကောင်းရဲ့နဲ့ လူတွေမစည်းလုံး၊ မပါဝင်လို့ ကျရှုံးတယ်လို့ မြင်မိတယ်.. ဆိုတော့ ရွာသားတွေကို ဖွင့်ပေးပြီး ဗုတ်ခွင့်ပေးတာ မပါဝင်ကြမှတော့မဗုတ်ခိုင်းနဲ့တော့…

    အားနာနာနဲ့ပဲ ပြောပါမယ်… စကာတင်ကို အရင်လိုလေးပဲရွေးပေးစေချင်ပါတယ်… ဖတ်ရွေးက အရင်လိုပဲ အမှတ်စနစ်နဲ့သွားစေချင်ပါတယ်.. စကာတင်တက်လာပြီး ပို့စ်မကြေညာခင်စပ်ကြားမှာ ပါဝင်ချင်တဲ့ရွာသားတွေက ကိုယ်ကြိုက်မိတာလေးတွေကိုလည်း ဖတ်ရွေးအမှတ်စနစ်အတိုင်း ရွေးပြီး မေးလ်ပို့ပေး… ပြီးရင် အားလုံးပေါင်းပြီး ဆုကိုကြေညာဆိုရင်ရောဟင်င်င်…

    ရွာစည်ဖို့ကတော့ လူဟောင်းတွေပါ စာပြန်ရေးဖို့ လိုမလားလို့… :mrgreen:
    ပြောကြည့်တာနော်… ဟီး…

  • kyeemite

    September 24, 2013 at 2:06 pm

    လူဟောင်းတော်တော်များများက ရွာမှာသာရေးနာရေးရှိမှ
    တခါတလေပြန်ဝင်မန့်ကြတာ…အခုလိုပေါ့..“ဖတ်ရွေး” နာရေး သတင်းမေးကြတာဝမ်းသာပါ၏။
    အများစုကတော့ “ဖေ့စ်ဘုတ်”ဆိုတဲ့ ရွှေမြို့တော်ကြီးတက်သွားပြီးပျော်နေတာ
    ရွာတောင်သတိမရ… 👿

    • ရွှေတိုက်စိုး

      September 24, 2013 at 2:16 pm

      အန် ဖတ်ရွေး နာရေး ဆိုပါလား…… လှသဗျ…
      အဲဒီ သေသွားတဲ့ ဖတ်ရွေးကို အသက်ပြန်သွင်းဖို. ….. ဗိန်းဒေါဆရာ သုံးလေးယောက်ရှိတယ်.. အဲဒီလူတွေ ကို ခေါ်ပြန်အသက်သွင်းခိုင်းလိုက် ဦးမိုက်….

      ကြီးမှ မိုက်နေလိုက်တာ… ဆက်မိုက်ပလိုက်ဦးမိုက် ပြန်မလိမ္မာနေနဲ.တော့…..နော်…. :kwi:

    • လုံမလေးမွန်မွန်

      September 24, 2013 at 2:18 pm

      တိန်..အနော့်ကို ပြောသလားဟင်င်..
      အနော့်အခြေအနေက ဝင်မန့်လို့ မရလို့ပါ… ဟင့်… ရွာကိုဖွင့်ရင် ဖုန်းထဲမှာ ဘီလိုကြီးပေါ်မှန်းမတိဝူး..လော့အင်လုပ်လို့လည်းမရ… မန့်လို့လည်းမရ..ဖတ်ရုံသာဖတ်ရတဲ့ဘွပါ..အခုတောင် ငတက်ပြားဆီက ပညာနဲ့ ခိုးကြောင်ခိုးဝှက် လာမန့်ရကြောင်းပါ.ရေမြေ့ရှင်ဘုရား.. 🙁

      ကံဆိုးစွာနဲ့ အိမ်မှာဆို ကိုးနတ်ရှင်က 3G မတက်လို့ E နဲ့တစ်ပြီး လုံးဝဖွင့်မရသောကြောင့် ကွန်ပူတာတောင် ချောင်ထိုးထားတာကြာလှပါပီ ဖျာ့… 🙁

      နောက် မာတာမိခင်ကျေးဇူးရှင်နဲ့ အတူတူနေတဲ့သကာလ ရုံးဆင်းကျောင်းဆင်း အင်တာနက်ဆိုင်ကိုလည်း မျက်စောင်းပင် လှည့်မထိုးမိတော့ပါ ဖျာ့… 🙁

      • ခရီးသည်ကြီး

        September 24, 2013 at 2:28 pm

        …… ဟား ဟားဟားး ဟား းးး ….
        ဖတ်​​ရွေး နာ​ရေးတဲ့
        ဟားဟားဟားးဟားဟားဟားဟားား….
        ကဲ …ဘာလုပ်​မှာလဲ?
        အကျိုးအပစ်​​တွေ​တော့စုံ​နေပြီ
        တခုခုလုပ်​ဖို့ ဆုံးဖြတ်​ကြဖို့သင်​့ပြီဗျ​

      • အရီးခင်

        September 24, 2013 at 2:42 pm

        အဟမ်း …. အဟမ်း ….
        မာတာမိခင် က အဓိက အကြောင်း ဘဲလားကွဲ့။ 😉

        • လုံမလေးမွန်မွန်

          September 24, 2013 at 3:25 pm

          အရီးလည်း နိုင်ငံရေးပြောတယ်… ဟင့်.. အမေက အိမ်မကပ်ရင် မဆူဘဲ ငိုလို့ အိမ်မြဲနေပါကြောင်း… 🙂

  • အရီးခင်

    September 24, 2013 at 2:27 pm

    စာအသွားအလာတွေ ကြည့်ပြီး မြစာကလေး ဝင်ပွါးကြည့်ဦးမယ်။
    ဒီမှာ ပထမ အဆင့် အနေ နဲ့ အဓိက ၂မျိုး ကြည့်နိုင်တယ်။
    (၁) ကိုယ့်စာ ကို ကိုယ်ကြိုက်သလို ဝင်ရေးမယ်။ စောင့်ကြည့် အမှတ်ပေးနေတာ မကြိုက်ဘူး။
    (၂) ကိုယ့်စာကို စိတ်ဝင်တစားဖတ်ပြီး ရွေးချယ် ဖို့ ကြည့်နေတဲ့ စနစ် ကို ကြိုက်တယ်။

    အဲဒါမှာ ဘယ်လို ကို ပို ကြိုက်လဲ ဒီအချိန်မှာ ပိုပြီး ကွဲကွဲပြားပြား သိချင်ပါရဲ့။
    အောက်မှာ မှတ်ချက် ၂ခု တွဲပါတယ်။
    ကြိုက်တဲ့ ဟာ ကို ဝင်ပြီး စိမ်းပေးသွားကြည့်ကြပါလား။
    ဒါလဲ ဗုတ် တစ်မျိုး ပေါ့။
    ဗုတ် ဖြုတ်ဖို့ ပွဲ မှာ ဗုတ်ခိုင်း နေတာ အားတော့ နာပါရဲ့။
    တကယ်ဘဲ ရှင်းရှင်း သိချင်လို့ပါ။

    (၁) မှာ စိမ်းတာများရင် ဆက်စဉ်းစားပေါ့။
    (၂) မှာ စိမ်းတာများရင် စောင့်ကြည့်ရွေး တဲ့ ကဏ္ဍ ကို တာ့တာ လုပ်သင့်သပေါ့။

    ဒီကိစ္စမှာ စာဝင်ရေး နေတဲ့ မန်ဘာတိုင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားစေရေး အတွက် ဝင်ရောက် ပူးပေါင်းကြပါလား။
    ဘာမှ မပူးပေါင်း ရင်တော့ လဲ ရှေ့မှာ လမ်းပျောက် နေပြီ လို့ တွေးရပါမယ်။

    (အဲ – အတွေးကြီး တွေး ၊ အရေး ကြီး ရေး ပြီး မှ မန်ဘာ ဆို ရွာ ထဲ အစိမ်း/ အနီ ပေး မရ တာ မို့
    (Log out) ပြန်လုပ်ပြီး မန်ဘာ မဟုတ်သယောင် ဟန်ဆောင်လို့ စိမ်း ပေးကြပါ ဗျို့) 😉

    (အဲ – ဒါလဲ မဟုတ် သေးဘူး။ ဒါက (Log in ) မဝင် ရင် ဝင်လို့ မရဘူး။) 😉

    ဆိုတော့ကာ …………………..
    ရေးပြီးမှတော့ တင်လိုက်ပြီ။ ဟားတိုက် ရီပြီးသာ ဖတ်သွားကြတော့။
    နောက် ကလိမ်ကကျစ် နည်း တစ်မျိုး စဉ်းစားဦးမယ်။
    ဒီတော့ တွေ့ပြီ မဟုတ်လား။ လက်တွေ့ သက်သေဘဲ။
    တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် ဟုတ် နေတာ က တစ်ခြား အကြောင်း ကန့်သတ်ချက်တွေကြောင့် အလုပ် မဖြစ်တာ။
    ဟိုအကြောင်း ဒီအကြောင်း အပြစ် မပုံဘဲ အလုပ်ဖြစ်အောင် ဝိုင်း စဉ်းစားကြပါဦး။
    စာရေးတင်နေသူတွေ ရဲ့ သဘော ကိုတော့ ရှင်းရှင်း သိချင်တယ်။

    ပုံ
    ရွာ ဆီပင်သာရာ ယေး ကြိုး များစားနေပြီး (ဗိုက်ဆာလို့) ဝင် အမှိုက်ဖွသူ ကဘာ ဆြာမကြီး
    မြစာကလေး
    😛

    • ခရီးသည်ကြီး

      September 24, 2013 at 2:48 pm

      အရီးခင်​ ရ..
      လူ​တွေဖတ်​​စေချင်​လို့စာ​ရေးတင်​တာ ဟုတ်​လား..
      ​သေ​သေချာချာဖတ်​တာနဲ့​ဖော​ရှောဖတ်​တာ ဘယ်​ဟာပိုကြိုက်​သလဲလို့​မေးရင်​
      ရူး​နေတဲ့သူဘဲ ​ဖော​ရှောဖတ်​တာကြိုက်​မှာဗျ
      မဖတ်​​စေချင်​မှ​တော့ဗျာ ….
      ကွန်​မတ်​့မှာ​တောင်​ကြိုက်​သလို​ဝေဖန်​ကြတာဘဲ …
      ကျုပ်​သ​ဘောက​တော့ လမ်​း​ဟောင်​းကိုပြန်​လှည်​့ပြီး အရင်​အတိုင်​းဆက်​လုပ်​တာ သ​ဘောတူပါတယ်​
      ပူး​ပေါင်​းပါဝင်​မည်​့သူ ၄ ​ယောက်​လည်​း သတင်​းကြားထားပါတယ်​ဗျ။
      (ဂဇက်​ရွာလမ်​း​ဟောင်​းပြန်​လှည်​့​တော့ ကျိန်​း​ကြေသွားပြီးမြန်​မာပြည်​လည်​း ​နောက်​ပြန်​မလှည်​့​တော့ဘူး​ပေါ့ဗျ….​နောက်​တာ​နော်​ )

    • e tone

      September 24, 2013 at 3:27 pm

      အရီးလတ်ရဲ့

      (၁) ကိုယ့်စာ ကို ကိုယ်ကြိုက်သလို ဝင်ရေးမယ်။ စောင့်ကြည့် အမှတ်ပေးနေတာ မကြိုက်ဘူး။

      ဆိုတာကို ပိုသဘောကျပါတယ် …. အဟီး …. :mrgreen:

      ဟီး .. ဝုတ်ဒယ်လေ … ကိုယ်ရေးတတ်တာကလည်း ၊ ဖွတ်ချက်ဖွတ်ချက်လောက်ဆိုတော့ …. ၊ ပြိုင်ပွဲ အတွက်လို့ ရည်ရွယ်ပြီး တကယ့်ကို အားနဲ့ အင်နဲ့ ထည့်ရေးထားတဲ့ ပို့စ်တွေကြား …. ချမပြရဲတော့ဘူး ။ ကိုယ်အသုံးမကျတာ အရည်ချင်းမရှိတာ လူသိမှာ ကြောက်တာမဟုတ်ပါဘူး …. ။ ပိုစ့်ကောင်းတွေကြား ၊ ကိုယ့်ရေးတင်လိုက်တဲ့ အဆင့်မမှီတဲ့စာကြောင့် ၊ စာဖတ်သူတွေကို အချိန်ဖြုန်းစေသလို ဖြစ်မှာကို အားနာမိတာကြောင့်ပါပဲ ။

      ဒါပေမယ့် ဖတ်ရွေးကြီး ရှိခြင်း မရှိခြင်းအပေါ်မှာတော့ ဖီလင်မရှိဘူး…. ဒါကတော့ ကိုယ်တိုင်ကိုက ရွာထဲ မရောက်ဖြစ်ပဲ … ပလက်ကျွတ်ပြီး ဖွဘုတ်ပေါ် ပေါတောတော ရေးရတာကို ပိုနှစ်သက်လာမိလို့ပါပဲ ။

  • အရီးခင်

    September 24, 2013 at 2:32 pm

    ဒီ ရွာမှာ လက်ရှိ စာရေးနေသူ အယောက် အစိတ် တောင် ပြည့်ရဲ့ လား လက်ချိုး ရေကြည့် နေတာ။ 😉

  • ကိုမိုက်ရေ
    လူဆိုတာ တစ်ခါတစ်လေတော့လဲ ကိုယ့်ကို တန်ဘိုးထားတယ်လို့ ထင်တဲ့နေရာမှာ ပျော်တတ်တာ သဘာဝပါဘဲ။

  • ဦးကျောက်ခဲ

    September 24, 2013 at 2:51 pm

    ဖတ်ရွေးကို အင်အားဖြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားပါတယ် ခင်ဗျ…
    အလုပ်မအားသော်လည်း ကျရာနေရာက ဝိုင်းကူပါရစေ…
    မှန်ရာကိုပြောရရင်တော့ အခုဗုတ်စံနစ်မှာ၊ ပျော့ကွက် ဟာကွက်တွေရှိနေသေးတယ်…
    ကြိုက်သလောက် ဗုတ်လို့ရနေတယ် ခင်ဗျ… တစ်မျိုးမကောင်း တစ်မျိုးပြောင်းကြတာပေါ့…
    😀

  • အရီးခင်

    September 24, 2013 at 2:55 pm

    တာဝန်အနေနဲ့ လစဉ် အချိန်ကိုက် လုပ်ရတာ ဝန် ဖြစ်နေနိုင်တာ မို့ ဝန်မပိ ဘဲ အလွယ် ဆက်သွားနိုင်မဲ့ နည်းလမ်း တွေ စဉ်းစားကြတာပေါ့။

    ဥပမာ-
    တစ်ဦးတစ်ဖွဲ့ အသေမဟုတ်ဘဲ လူများများစု ပြီး မျှလိုက်ရင်
    ငါး ယောက် လောက် ကို တစ်လထား။ ကိုယ်တာဝန်ကျတဲ့ လ မှာ ဖတ်။ လူ ၆၀။ (12 * 5)
    နည်းပညာ အတွက် ၁၂ ယောက် နဲ့ ဆို အမာခံ လူ (၆ဝ + ၁၂) = ၇၂ ဝန်းကျင် လိုတာ ရနိုင်ပါတယ် ထင်ရဲ့။
    လူတစ်ယောက် တစ်နှစ် မှ တစ်ခါဘဲဆိုတော့ ဘယ်သူ့ ဆီမှာမှ ဝန်မပိတော့ဘူး ထင်ရဲ့။
    အထင် :-))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))

    • ရွှေတိုက်စိုး

      September 24, 2013 at 3:54 pm

      အရီး အရင်တုန်းကလဲ အဲလိုလုပ်ခဲ့တာပါပဲဗျာ.. အဲလိုဆိုရင်ဖြစ်မယ်မထင်…
      ကျွန်တော်ကတော့… ဖတ်ရွေးအဖွဲ.ကို သီးသီးသန်.သန်. လူ တစ်ကာ ပြောချင်ရာပြော ကိုယ်လုပ်ချင်ရာညှိလုပ်တတ်တဲ့ ၅ယောက်လောက် ကို ဦးစီး တစ်ယောက်လောက်နဲ. ၆ယောက် အတည်အတန်.ဖွဲ.စေချင်တယ်…
      ပြီးမှ အဲဒီအဖွဲ.ထဲက တစ်ယောက်မလုပ်နိုင်လို. ထွက်တယ်ဆိုရင် အဲဒီနေရာ အတွက် အဲဒီ ဖတ်ရွေးခြောက်ယောက်က ဘယ်သူကို ထည့်သင့်လဲ ဆွေးနွေးပြီး ရွေးထားသူကို ဖိတ်ခေါ် သူကမလုပ်ချင်ဘူးဆို နောက်တစ်ယောက်ထပ်ဖိတ် ….. ဒါဆို ပိုအဆင်ပြေမယ်ထင်တယ်…

      ဖတ်ရွေးအဖွဲ.တွေ စာဖတ်ရတာ အလုပ်ရှုပ်မှန်းသိပါတယ်… ဒါပေမယ့် တစ်နေ.တစ်ခါ မဝင်ပဲ ဘယ်သူမှ မနေပါဘူး… အဲလို ဖတ်ရင် ကိုယ်ကြိုက်တယ်ထင်တာလေး… ရွေးထည့်ပေးလိုက်ကြပေါ့…

      ကျုပ်စိတ်ကူးထဲက ဖတ်ရွေးများ..
      တကယ်လို. ဦးဦးပါလေရာများ စိတ်ပါသေးရင်…. ဦးစီးမှူး အဖြစ် ရှိစေချင်တယ်ဗျို…
      ဦးမိုက်ကြီးကတော့ ဦးစီးလက်ထောက်ပေါ့..
      အန်တီ ပဒုမ္မာ
      အန်တီ ကေဇီ
      ဦးဦးအမတ်မင်း
      မန်းတလေးကိုယ်စားလှယ် လေးပေါက်…
      ထောက်ပို. အံစာဒုံး

      တို.ပဲဖြစ်ပါတယ်….. စိတ်ကူးပြောတာနော်…..

  • မဟာရာဇာ အံစာတုံး

    September 24, 2013 at 3:40 pm

    ခင်ဗျားတို့က ဗုတ်စနစ် မကောင်းဘူးပြောနေကြတော့
    ဗုတ်လုပ်ပေးတဲ့ ကျုပ်ဟာ ခွေးလုံးလုံး ဖြစ်သွားတာပေါ့။
    အဲ့ဒါ လာပြောတာ။

    • amatmin

      September 24, 2013 at 3:51 pm

      ဗုတ် စနစ်ကို ရွေးမိတာဖတ်ရွေးတဖွဲ့လုံးနီးပါးသဘောပါ.။
      (ငြိမ်နေမိသူရော.ထောက်ခံမိသူရော..တင်ပြသူတွေရောပေါ့.)
      ခင်ဗျား အကောင်အထည်ဖော်ပီး လုပ်ပေးလို့.
      ဂလို အကျိုးအပြစ်တွေ့ရတာပါဗျ.။
      ဘိုအံက ဗုတ်လို့ရအောင်လုပ်ပေးတာနဲ့တင်.
      ခွေးမဟုတ်မှန်း သိကြပါတယ်ဗျာ.။
      ိစိတ်မထိခိုက်ဘာ နဲ့..။ 😛

    • KZ

      September 24, 2013 at 4:00 pm

      စစ်စတမ်ကို မကြိုက်ဘူးပြောတာနဲ့ လုပ်ပေးတဲ့သူကို အပြစ်တင်တာနဲ့ အကွာကြီးပါ မောင်လေးရယ်။
      🙂

    • ရွှေတိုက်စိုး

      September 24, 2013 at 4:00 pm

      ညည်းနှယ့်အေ.. ညည်းခွေးမဖြစ်ပါဘူး…..ညည်းက အံချာဒုံး..
      မျက်နှာ ခြောက်ခေါက်ချိုးနဲ.ဟာ ဘယ်နှယ့် ခွေးဖြစ်ရမဒုံး….တိတ်တိတ်ငိုနဲ.တိတ်တိတ်

    • ဦးကျောက်ခဲ

      September 24, 2013 at 4:09 pm

      ဘယ်သူ ကျုပ်တူယေးကို ခွေးလို့ ပြောတာလဲ…
      ကျောက်စ်တဲ့ကွ၊ အကောင်ထွားရင် ဇက်ကြောပါဆွဲပေးလိုက်မယ်…
      စိတ်ကြီးတယ်၊ လေလည်ရင် အသံပြင်းတယ်… ဘာမှတ်လဲ…
      😀

    • Mr. MarGa

      September 24, 2013 at 7:39 pm

      အေး
      နင်ကသာ ခွေးဆိုရင်
      နင့်ကို ကူတဲ့ ငါကတော့
      ခွေးအကူကို ဖြစ်သွားပြီဟ
      အာဝူးးး

      • ခင် ခ

        September 25, 2013 at 12:09 am

        မောင်အံစာတုံးကလဲ အခုပြောနေကြတာ ဗုတ်စနစ်ရွေးတာကိုပြောနေတာလေ ဗုတ်လုပ်ပေးတဲ့ သူမကောင်းဘူးလို့ ပြောတာဟုတ်ဘူးဗျ။ အဲဒီတော့ မောင်ရင်ကို ပြောတာမဟုတ်လို့ အဲလိုမမှတ်ပါနဲ့ဗျ။မောင်မာဃရောပေါ့။ မောင်ရင်တို့ကအဲလိုမှတ်ရင် မောင်ရင်တို့နဲ့ တစ်ဝိုင်းတည်းထိုင်ကာ စားသောက်ခဲ့ဖူးတဲ့ ကျုပ်ကရော ဘာမိတ်ဆွေလို့ ဆိုရမလဲဗျ။

    • မောင်အံရယ် မင်းက ဗုတ်လုပ်ဘို့ကူညီပေးတာပါ။
      အဲတော့ မင်းက ခွေးမဖြစ်ပါဘူး။
      မင်းက မင်းတတ်နို်င်သလောက်ကူညီလုပ်ပေးတဲ့လူအစစ်ပါ။

  • ခင် ခ

    September 24, 2013 at 4:39 pm

    ဖတ်ရွေးကို ဒီလ ကစပြီး လောလောဆယ် အပြီးအပြတ် ဖျက်သိမ်းလိုက်ပေါ့။
    အရင်ဆုကြေငြာထားတဲ့ စာပေဆု(၃) လ စာဆုကို လာမည့်တွေ့ဆုံပွဲမှာ ပေးဖို့စီစဉ်ပေါ့။
    ပြီးခဲ့တဲ့ ဒုတိယ အကြိမ်တွေ့ဆုံပွဲမှာ နောက်(၆)လပြီးရင် ထပ်ပြီးဆုံကြဖို့ လုပ်မယ်လို့ ကိုကြီးမိုက် ပြောခဲ့ပြီးသားမို့ အဲဒါတော့ လုပ်ဖြစ်ရင်ကောင်းမယ်။ အဲလိုတွေ့ဆုံပွဲဖြစ်ဖို့ တတ်နိုင်တဲ့အပိုင်းက ကူညီပါ့မယ်။
    အဲဒီပွဲမှာ ဖတ်ရွေးလုပ်မယ်ဆို ဘယ်လိုပုံစံလုပ်မလဲ တရားဝင်ကြေငြာနိုင်အောင် ဒီကြားကာလမှာ ရွာလူကြီးများ ဖတ်ရွေးလုပ်မယ်လို့ စိတ်ဝင်စားသူများ တိုင်ပင်ဆွေးနွေး နည်းလမ်းသတ်မှတ်ပေါ့ဗျာ။
    အခုလို ၃ လတာလောက် ဖတ်ရွေးမရှိဘူးဖယ်ပေးစဉ် ဖတ်ရွေးကြောင့်ရွာမစည်တာ ဖတ်ရွေးနဲ့ရွာစည် တာမဆိုင်တာပါ ဆိုတဲ့သူတွေ တကယ်ပိုစ့်တင် မတင် စောင့်ကြည့်ပေါ့ဗျာ။

    အဲဒီလို ခေတ္တရပ်ပြီး ဖတ်ရွေးကို ပုံစံသစ်နဲ့ ပြန်စမယ်ဆိုရင် ရွာပြင်ဇနပုဒ်တဲလေးမှာ ဆီမီးမှိန်မှိန်နဲ့ နေတဲ့ ခင်ခ ကို လာပြီးခေါ်လိုက်ဗျာ ပုဆိုးပြင်ဝတ်ပြီး လိုက်ခဲ့မယ်။
    တစ်ခုတော့ရှိတယ် လေထိုးရင် လေလျှော် သူတွေနဲ့တော့ ခေါ်မလာနဲ့။

    အပေါ်က အဘဖောပြောသလို ဖတ်ရွေးက ဗုတ်စနစ်လုပ်တာတော့ တကယ်စောပါတယ်လို့ မြင်သည်။

  • Mr. MarGa

    September 24, 2013 at 7:35 pm

    အင်း….
    အတော်တောင် အရှိန်ရနေပါပေါ့
    ရွာမှာ အုံးအုံးကြွက်ကြွက် ဖြစ်နေချိန်ဆို ကျုပ်က တာဝတိံသာမှာ ရောက်နေတာ များနေသကိုး
    ကဲကဲ
    မီရာနေရာကနေ လိုက်ပြောမယ်ဗျာ
    ပြောရရင် ဗုတ်စနစ်ကို မိတ်ဆက်ပေးတာက ဖတ်ရွေးအဖွဲ့ထဲက တချို့က
    တကယ့်တကယ် စပြီး အစဖော်၊ စ လုပ်ကြတာက ကဗျာပြခန်းမှာ စ လုပ်တာ (အဲဒီတုန်းက ကျုပ်တို့ ကဗျာချစ်သူတွေ အကြီးအကျယ် ငြင်းခဲ့ ခုန်ခဲ့ကြပြီး နောက်ဆုံးမှာမှ ဗုတ်စနစ်ကို စခဲ့တာပါ)
    ရှေ့ရှေ့က စနစ်တွေကို အသေအချာ လေ့လာပြီး မျှမျှတတ ရှိအောင်၊ နာမည် မပျက်ရလေအောင်၊ ဗုတ်ကိုလည်း အဆိုး မမြင်အောင်၊ အတော်တွေးပြီး လုပ်ခဲ့တာပါ။
    ဗုတ်စနစ်ကို ပြန် အသက်သွင်းလာတာ ကဗျာပြခန်းပါ။
    အခုလက်ရှိအထိတော့ ကဗျာပြခန်းမှာ ဗုတ်စနစ်က အဆင်ပြေနေဆဲလို့ ပြောလို့ရတယ်။
    ဒါပေသိ ဖတ်ရွေးနဲ့ကျ ဗုတ်စနစ်က အဖုအထစ်လေးတွေ ရှိလာတယ်။
    အခု ခရီးသည်ကြီး ပြောသလိုပေါ့ စင်ပေါ်တင်ပြီး အရှက်ခွဲသလို ဖြစ်နေတယ်။
    ဒါပေမင့် အဲဒီတုန်းက ဦးမာဃ ဗုတ်ဘက်ကို ပို အလေးသာခဲ့ပါတယ်။ ဖတ်ရွေးဗုတ်ကိုလည်း အဆင်ပြေမယ်လို့ ယူဆခဲ့သူတွေထဲမှာ ပါပါတယ်။
    ဒါပေမင့် အခု ဖတ်ရွေးစနစ်အတွက် နည်းတစ်နည်းကို ရွေးပါ ဆိုရင်တော့ ဦးမာဃ ဗုတ်ကို အားမပေးချင်တော့ဘူး။
    ဘာကြောင့်လဲ ဆိုတော့ ဘယ်လိုပဲ ရွေးချယ်ရွေးချယ် ပို့စ်တွေတော့ ထုတ်ပေးရတာပဲလေ။
    ပို့စ်တွေ ရွေးပေးတဲ့သူတွေ မရှိဘဲနဲ့တော့ ဗုတ်လဲ လုပ်လို့ရမှာ မဟုတ်ဘူး
    အရင်စနစ်မှာလဲ ပို့စ်ကတော့ ရွေးရတာပဲ။
    ရွေးရတဲ့ အတူတူမှတော့ ဒီအတိုင်း အနှစ်သက်ဆုံး အနေနဲ့ ရွေးလိုက်တာပဲ ကောင်းပါတယ်။
    အဲ ဖတ်ရွေးအဖွဲကြောင့် ရွာစည်တယ် မစည်ဘူး ဆိုတာကိုတော့ လက်ရှိ မှာ ဝင်ရေး၊ ဝင်မန့်နေကြတဲ့ သူတွေပဲ ဆုံးဖြတ်ကြပါစေဦး။
    သူတို့ ဘာကြောင့် ရေးနေ၊ မန့်နေကြတာလဲ၊
    ဒီ ဖတ်ရွေးကြောင့်လား
    သူတို့ကိုယ်တိုင် ရေးချင်၊ မန့်ချင်လို့လား
    တွေးကြည့်ကြပေါ့ဗျာ။
    ရွာစည်ခြင်း မစည်ခြင်းကို ဖတ်ရွေးရှိခြင်း မရှိခြင်းနဲ့ တိုင်းတာတော့ သိပ် မဟုတ်သေးဘူး
    ဖတ်ရွေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရေးချင်တဲ့သူကတော့ ရေးနေမှာ၊ မန့်တဲ့သူတွေကလည်း မန့်နေမှာပဲလေ။
    နေရင်းထိုင်ရင်း ရွာမစည်တာ ဘာကြောင့် ညာကြောင့် ဆိုပြီး ဘေးကနေ ဝေဖန်ချက်ပေး ဖတ်ရွေးကိုပါ ခလုတ်တိုက်နေကြတာတော့ သိပ် မဟုတ်သေးဘူးထင့်
    နောက်ပြီး ဒီ ဖတ်ရွေးကိုသာ ခလုတ်တိုက်တာရယ် ဒီမှာ ဘယ်သူတွေ တကယ်လုပ်နေတယ်၊ ဘယ်သူတွေက ဘေးမှာထိုင်ပြီး ပြောရုံပဲ ပြောနေတယ်ဆိုတာ သိပ် တွေးကြည့်နေစရာ မလိုဘဲနဲ့ကို မြင်ကြမှာပါ။
    အများသဘောတူညီချက်ကို ယူချင်ပါတယ်။ ယူလဲယူသင့်ပါတယ်။
    ဒါပေမင် ့အများညီလို့ ဤကို ကျွဲဖတ်နေကြရင်တော့ ဒီဆုံးဖြတ်ချက်တွေ အလကားပဲ ဖြစ်လိမ့်မယ်။
    အခုလဲ ဖတ်ရွေးမှာ လူမရှိဘူး ဦးမာဃ သိတယ်။ ဘယ်သူတွေ ဒိုင်ခံ လုပ်နေသလဲ ဆိုတာ ပြောစရာတောင် မလိုဘူး။
    ကိုယ်တိုင်လဲ လုံးစေ့ပတ်စေ့ ကူနိုင်လို့ ပြောနေတာတော့ မဟုတ်ပါဘူး၊ ဦးမာဃ ဘာကြီးမှလည်း မဟုတ်ပါဘူး။
    ဒါပေမင့် ကိုယ်တိုင် လုပ်နိုင်မယ် ထင်တဲ့ တာဝန်ကို ယူထားတယ်၊ အစကတော့ လူမသိ သူမသိ နောက်ကွယ်က ကူမယ် ပြောတာပါ ဒါပေမင့် ဘေးထိုင်နေသူတွေကြောင့် လိုအပ်နေတဲ့ (တကယ်တော့ တစ်ယောက်ထဲ ကြဲနေရတဲ့) နည်းပညာပိုင်းကို တာဝန်ယူမယ် ဆိုပြီး အသေအချာ ပြောလိုက်တာ။
    ကိုယ်တိုင်လဲ ဖတ်မပေးနိုင်၊ ရွေးမပေးနိုင်ဘူး။ ဖတ်ပေးနေ၊ ရွေးနေတဲ့သူတွေ ဘယ်လိုလုပ်နေကြလဲ ဆိုတာ တစ်လ ဖတ်ပေးရုံနဲ့တင် သိတယ်။
    ဖတ်ရွေးအဖွဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဦးမာဃကတော့ ကူနိုင်တဲ့နေရာကနေ ကူနေဦးမှာပါ။
    ဖတ်ရွေးအဖွဲ့ ဘယ်လို ဆက်သွားမယ် ဆိုတာကတော့ တကယ် လုပ်နေကြတဲ့ ဦးစီးဦးဆောင်သူတွေ ဆုံးဖြတ်ပါလိ်မ့်မယ်။
    သူတို့ ဆုံးဖြတ်ချက်အတိုင်း ဦးမာဃကတော့ ဆက်လုပ်စေချင်တာပဲ။
    ဖတ်ရွေးရဲ့ နောက်တန်းမှာ ဦးမာဃ တစ်တပ်တစ်အား ပါပေးပါမယ် ဆိုတာကိုတော့ ထပ်ပြီး ပြောချင်ပါတယ်။
    နည်းပညာနဲ့ ပတ်သက်ရင်လည်း နိုင်သလောက် ကူသွားပါမယ်။
    လွပ်လွပ်လပ်လပ် ငြင်းခုံကြတာပေါ့လေ။

  • ကိုရင်စည်သူ

    September 24, 2013 at 9:54 pm

    ကျော်က ခလေးဆိုတော့ ကလေးနေရာကပဲ ဝင်ပြောပါရစေ..
    ဗော့စနစ်ဟာ ကောင်းပေးမယ့်လည်း စခဲ့တဲ့အချိန်ဟာ အင်မတန်စောနေသေးပါတယ်။
    အချိန်တစ်ခုယူပီး စမ်းသပ်ကာလလေး တစ်ခုလုပ်သင့်ခဲ့တယ် မြင်ပါတယ်..
    ကျော့်ကတော့ ရွာထဲမှာ တကယ်စာရေး အချိန်ပေး ကြိုးစားနေတဲ့လူတွေထဲက ဘယ်သူရရကျေနပ်ပေမယ့်
    တစ်နှစ်မှ သုံးခေါက်လောက် ပို့စ်ဝင်တင်ပြီး ရသွားတာကျတော့ ဖီလင်မလာပြန်ဘူးပေါ့ဗျာ..။
    စာရေးဆရာတစ်ယောက်ရဲ့ အရည်အသွေးနဲ့ အတွေးအခေါ်၊ performance အဲ့လာတွေကိုကြည့်ပီးလဲ
    ဖတ်ရွေးက စီစီစစ်စစ်ရွေးပေးသင့်တယ် ထင်တယ်ဗျာ.. ကျော့် အမြင်တော့ ဖတ်ရွေးအဖွဲ့ကပဲ အကောင်းဆုံး
    လေးငါးပုဒ် ပမာဏကိုသာ စီစစ်ပြီး ဇကာတင်မှ ဗော့ခိုင်းလိုက်ရင် တန်ဖိုးရှိတဲ့ စာပေဆုတစ်ခုဖြစ်မှာမယ်တော့
    ကျော့်က မြင်တယ်…
    ခရီးသည်ကြီး အဘဖောကို မေးသလို ကျော့်သာ ကပ်ပတိန်တစ်ယောက်ဖြစ်ပြီး ကျောက်ဆောင်ကို ဝင်တိုက်မိရင်တော့
    သင်္ဘောပေါ်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ Safety ကို အဓိကထားမှာဖြစ်တဲ့အတွက်… သင်္ဘောကိုသာ ပစ်ထားခဲ့ပြီး
    Abondon Ship လုပ်တွားမှာပါ။ ဘီလိုဖြစ်ဖြစ် သွေးမကွဲဖို့က အဓိကမဟုတ်လားဗျာ.. :mrgreen:

    • KZ

      September 25, 2013 at 8:57 am

      ဪ အဲလာဆို ပို့(စ) အကောင်းကို တခါတည်း တင်လို့ မရဘူးပေါ့နော။
      လူဟောင်းဖြစ်အောင် များများတင်ပြီး ရမှ ဖီး လာကြမှာပေါ့နော်။
      အဲလိုလားးးးးး

      အဟွတ်!!

      😀

  • ဦးကြောင်ကြီး

    September 25, 2013 at 9:19 am

    ဖတ်ရွဲ့အဖွဲ့ဂျီး အောင်မြင်ဗို့ တရုတ်သဗုံ ကြေးမုံဂျီးကို အဖွဲ့ဒဲ ပင့်ဖိတ်ရမယ်ဗျ.. ဒါမှ တရုတ်ကူမြူနစ် ပါတီဂနေ အလှူငွေ ဒလဟော ရမှာ…။

  • လုံမလေးမွန်မွန်

    September 25, 2013 at 9:40 am

    နားလည်သလောက်ကတော့ ဖတ်ရွေးရဲ့ theme က အရေးအသားကောင်းတာတွေ၊ သတ်ပုံမှန်တာတွေ၊ စာလုံးရေပြည့်တာတွေ အပေါ်မှာ ရွေးတာ မဟုတ်ပါဘူး… စာတွေကို ဖတ်မိရင်းနဲ့ ကိုယ့်အကြိုက်နဲ့ တူတာလေးတွေကို မှတ်ထားပြီး ဖတ်ရွေးအဖွဲ့ဝင်အားလုံးရဲ့ အကြိုက်တူနဲ့ ပို့စ်က ဆုရသွားတယ်… အာတီဒုံလည်း ခဏခဏရှင်းပါတယ်…အကောင်းဆုံးမဟုတ်ဘူး..အကြိုက်ဆုံးပို့စ်ပါဆိုပြီး…

    ဆိုတော့ ဒီလို အကြိုက်ဆုုံးပို့စ်က ရွာသားဟောင်းရေးတာလည်း ဖြစ်နိုင်သလို အခုမှဝင်ရေးတဲ့သူရဲ့ ပို့စ်လည်း ဖြစ်နိုင်ပါတယ်… အဟောင်းကို မျက်နှာနာလို့ သူ့ပို့စ်ကို ကြိုက်လိုက်မယ်လို့ ကိုယ့်စိတ်ကို ထိန်းချုပ်လို့မှ မရတာ… သူကတော့ ရေးတာကြာပြီ..သူ့ကို ပေးလိုက်ပါဦးမယ်လို့လည်း လုပ်လို့ မရဘူးလေ.. ဆိုတော့ လူတစ်ကိုယ်အကြိုက်တစ်မျိုးမှာ ကိုယ်က အကောင်းဆုံးတွေးပြီး တင်လိုက်ပေမယ့်လည်း လူတိုင်းရဲ့ အကြိုက်ဆုံးတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့… အဓိကက ဖတ်ရွေးဆုကို အကြီးကြီးတွေးနေကြလို့ လက်ရှောင်တယ်ပဲ မြင်မိတယ်.. တကယ်တော့ ဖတ်ရွေးဆုက ပေါ့ပေါ့ပါးပါးပါပဲ… သူတို့အကြိုက်တူရင် ရွေး..အကြိုက်မတူတော့လည်း ကျန်ခဲ့ပေါ့… အဓိကက ကိုယ့်ပို့စ်မှာ အရေးတယူနဲ့ ကွန်မန့်ပေး ဆွေးနွေးကြရင် ပြီးတာပဲ… (ကွန်မန့်နည်းရင်တော့ ငိုချင်တယ်.. 🙂 ) ဒီကြားထဲကမှ ကိုယ်ကြိုက်တာနဲ့ မတူရင် ကိုယ်ပါ ဝင်ရွေးပေးလိုက်ပေါ့… အနည်းဆုံးတော့ ကိုယ်ကြိုက်တဲ့ပို့စ်လေး စကာတင်ထဲ ပါသွားတာပေါ့…

    ကိုယ်လည်း ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ လူကြီးတွေ ကြီးတော်နွားအလကားကျောင်းနေတဲ့ စေတနာကိုတော့ ဝင်ပြီး ကွန်ပလိန်းမတက်ချင်ဘူး… ဘာပဲပြောပြော သူတို့စေတနာကြောင့် လွတ်သွားတဲ့ ပို့စ်ကောင်းလေးတွေ ပြန်ဖတ်ဖြစ်တယ်… တွေ့ဆုံပွဲမှာ ပျော်ရတယ်… ဒါဘာဗျဲ…

Leave a Reply