က ပြ ချင် ပါ သော် လည်း….
ပရိတ်သတ်ကြီး .. ပရိတ်သတ်ကြီး ဒီ မင်းသားလေးက ပရိတ်သတ်ကြီးကို ကကွက်ဆန်းတွေနဲ့ ကပြဦးမယ် အဲ က ပြ ချင် ပါ သော် လည်း… ကျန်းမာရေးက မကောင်း ဆိုတော့…….. ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ မင်းသာလို ၀တ်စားရင်း လူရွှင်တော်တွေ ပြက်ခဲ့ကြတဲ့ ပြက်လုံးက အခုတော့ ကိုယ်တိုင် ပြောရမဲ့ ဘ၀ ကို ရောက်နေတာပါ ကိုမိုက်ကြီး ရွာထိပ်က ဗျို့ ဟစ်တာလဲ မြင်နေ ကြားနေရ ရွာသား တော်တော်များများကလဲ ချောင်းဟန့်သံ ပေးကြနဲ့ မို့ ဒီက မင်းသားလေးကလဲ ကပြချင်ပေမဲ့ ကျန်းမာရေးက မ ကောင်းးးးးးးးးးးးး မို့
ဒီ ရွာ ဆိုတာ တကယ်တော့ ကျနော့ အတွက်တော့ ဒုတိယ ဘ၀ ပါ ဆိုရင် မမှားတဲ့ နေရပါ ၊ နေ့စဉ် မနက်ပိုင်း ကွန်ပျူတာ ရှေ့ စရောက်ကတဲက တခြားဘာ အလုပ်မှ မလုပ်နိုင်တော့ ပဲ ဂဇက် မှ ဂဇက် ဖြစ်ခဲ့ရတဲ့ ကာလရှည်ကြီး တစ်ခုကိုလဲ ဖြတ်သန်းခဲ့ဘူးပါတယ် ၊ မဖြစ်ချေသေးဘူး လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ဦးမှ ဆိုပြီး ရွာထဲ လမ်းသလား ချင်စိတ်ကို ကြိတ်မှိတ်မြိုသိပ်ရင်း ရွာဘေးက နေ အလုပ်အားချိန်လေး ရံဖန်ရံခါ လာလာ ချောင်းကြည့် ရတဲ့ နေ့ရက်တွေလဲ ရှိခဲ့ ပါတယ် ၊ အခုကာလကတော့ အလုပ်မှာလဲ အချိန်ပိုဆင်းလို့ အရှုတ် တွေ ရှင်းနေရ ၊ မိသားစုမှာလဲ ကျန်းမာရေးကိစ္စလေးတွေနဲ့ မို့ ရွာထဲကိုဝင် လူ လုံး မပြနိုင်တဲ့ ဘ၀ ရောက်နေရတာပါ ၊ တကယ်ကို က ချင်ပေမဲ့ တကယ်ကို ကျန်းမာရေးက မကောင်းတာ မို့ ရွာပြင်ကနေ မျှော်ကြည့်နေရတဲ့ မင်းသားလေးဘ၀ကို နားလည်ပေးကြပါလို့ .. ရွာထဲမှာ မတင်ဖြစ်ပေမဲ့ နေ့စဉ် လှုပ်ရှားနေရတဲ့ ဘ၀မှာ တွေ့ကြုံလာရတဲ့ အဖြစ်လေးတွေ ရွာသူားတွေ ကို ပြောပြချင်တာလေးတွေကို စိတ်နဲ့ ရေးထားတဲ့ ပို့စ်လေးတွေကတော့ အများကြီးပါ ၊ အချိန်ရခိုက်လေးတွေ ပြန်ဝင်လာပါ့မယ် အချိန်ပို ရရင် ပို့စ် တွေလဲ တင်ပါ့မယ် ၊ မြင်ရ မမြင်ရ ရွာသူား အားလုံးကိုလဲ သတိရနေပါတယ် လွမ်းနေပါတယ် လို့ .. နော နော
အသံလေးကြာတာနဲ့ဘဲ အားရှိပါတယ် ကိုနိုရေ ….
အများစုက တိုက်တိုက်ဆိုင်ဆိုင် မက တိုင်ကြတာပါ..
ချောင်းကြည့်တယ်လို့.သိရရင်ဘဲ……
Was this answer helpful?
LikeDislikeခုတော့ လူလုံးပြလို့ရဘီပေါ့နော်… ကြောင်ရီးတို့ ကပုတို့လာကြဟဲ့…..
Was this answer helpful?
LikeDislikeကိုနိုကြီး..မင်္ဂလာပါဗျာ…
လူတွေမှာအကြောင်းအမျိုးမျိုးနဲ့ မအားကြရတဲ့အထဲ
အားချိန်ကလေးရွာထဲဝင်ဖို့ကြိုးစားရင် ရွာကအ၀င်ခက်နေပြန်တော့
ပိုပျောက်ကုန်ကြတာပေါ့….မကပြနိုင်သေးတာနားလည်ပါတယ်ကိုနိုရေ
တစ်ခါ တစ်ခါ အခုလို ချိုမိုင်မိုင်လေးလောက်နဲ့ ၀င်ဖျော်ဖြေသွားလည်း
အားရှိပါတယ်ဗျာ..ကျေးကျေးပါ
ဆုံကြအုံးမယ်လေ..ပျော်ပျော်ပါးပါးပေါ့
Was this answer helpful?
LikeDislikeအူးလေးရဲ့တွေ ဖတ်ချင်ပါတယ်ဗျာ တကယ်ပါ။ မိသားစု ကျန်းမာရေးတွေလည်း အမြန်ဆုံး ကောင်းမွန်ပါစေလို့
Was this answer helpful?
LikeDislikeမကပြနိုင်သော်လည်း မင်းသားပန်တျာနိုက လူလုံးပြ အသံပေးတော့…

ပရိသတ်က ခွေးလွှတ်ရမှာပေါ့… ကျန်းမာရေးဂရုစိုက်ဗျို့…
Was this answer helpful?
LikeDislikeမွန်မွန်
ဝင်ဖတ် ၀င်မန့် ပေးတာ ကျေးဇူးပါနော
အချိန် နဲ့ အခြေအနေ ပေးတာနဲ့ ၀င်ရေးပါ့မယ်
အမြင်တမျိုး ပြောင်းသွားအောင် မွန်မွန်တို့ နှစ်ယောက်ပေါင်း ပို့စ် တစ်ပုဒ် ရေးကြည့်ပါလား
သတို့သားလောင်းကြီး ပြင်ဆင်နေရင်း နဲ့ ရင်ခုန်နေပြီလား ဗျ
ကိုယ်ရင်လောင်း ဆိုရင်တော့ သစ်ပင်မတက်နဲ့ ရေမကူးနဲ့ တူတူမပုန်းနဲ့ တာကြတာပဲ
သတို့သားလောင်းကြီးလဲ အပေါ်မတက်နဲ့ ချောင်ထဲ မ၀င်နဲ့ ကျန်းမာရေး ဂရုစိုက် အားရှိအောင် နေလို့ မှာရတော့မှာပဲ
Was this answer helpful?
LikeDislikeဟွန့်။
ဒမာ ……..
၂ ပါးသွား က မယ် ဆိုလို့ ဝတ်စုံပြည့်နဲ့ စောင့်နေရတာ။
ဒီလူဂျီးးးးးးးးး
နေမကောင်းချင်ယောင်ဆောင်နေတာလားးးးးးးး
Was this answer helpful?
LikeDislikeမတွေ့မမြင်ရ…တော်တော်ကြာပြီပေါ့…
ထွက်လာတော့လည်း… ကျမ်းမာရေးတဲ့…
ပျော်အောင်နေပါဗျာ…
Was this answer helpful?
LikeDislikeကေဇီ နှမ အလိုကျ မောင်ကြီးက နှစ်ပါးသွားလေး ကပြချင်တာပေါ့လို့
ပြောင်းဆိုရမလို လို… ၀င်အားပေးတာ ကျေးဇူးပါနော
ဒေါ်ဆွိ တင်တဲ့ ပို့စ် အများစုက အစားသောက်အကြောင်းတွေမို့ ဟင်းချက်ကောင်းသူ တစ်ယောက်ဖြစ်မှာပဲ
ဒေါ်ဆွိ ရတဲ့သူတော့ ကံကောင်းမှာ သေချာတယ်
သူကြီးရေ ကျနောကိုယ်တိုင်က တော့ အလတ်ကြီး ပါ ( အခုထိပေါ့)
အလုပ်ကိစ္စတွေနဲ့ ၊ အမေနေမကောင်း ဆေးခန်းတွေ ပြနေရ
အဖွားဆုံး ဆိုတဲ့ ကိစ္စတွေ ကြောင့် သူကြီးရဲ့ ရွာထဲ အရောက်အပေါက်နဲ နေရတာပါ
us အစိုးရ ဘတ်ဂျက် မရတဲ့ အကျိုးသက်ရောက်မှု သူကြီးနဲ့ တော့ လွတ်ပါတယ်နော
ဆိုင် မဆိုင် မသိပေမဲ့ အမေကြီးကန် ဆိုတာနဲ့ ကိုယ်သိတာ အိုဘားမား နဲ့ သူကြီးပဲ ရှိတာမို့
နဲနဲတော့ ပူရတယ်
Was this answer helpful?
LikeDislikeကိုဂျီးနို မကြာမကြာလာလည်ပါ။
Was this answer helpful?
LikeDislikeကြိုဆိုပါတယ် ကိုနိုကြီးရေ…။

Was this answer helpful?
LikeDislikeအရင်ဆုံး လာအားပေးတဲ့ အတွက် ကျေးဇူးပါ ကိုဆာမိ ခင်ဗျာ
မနက်က တင်ပြီး အစည်းအဝေး လျော့နဲရေး အစည်းအဝေး တက်နေရတာနဲ့ အခုမှ ပြန်ဝင်ရတယ်
လူချင်း မမြင်ရသေးပေမဲ့ စိတ်ထဲတော့ တော်တော် ရင်းနှီးနေပြီး အဆင်ပြေရင် ဆုံချင်ပါသေးရဲ့
wOw ရေ
ဖြစ်နိုင်ရင်တော့ လူလုံးရော လူပြားရော ပြချင်တာ
ပြခွင့်ရတဲ့ သူတွေ အခွင့်အရေး ရတုန်းလေး ပြကြပါ
တော်ကြာ စိတ်တော့ ရှိရဲ့ အခြေအနေက မပေးဆို မလွယ်ဘူး
ဘယ်လောက်ကြီး မအားကြတယ် ပြောပြော ကိုမိုက်ကြီး ဗျို့ဟစ် သံနဲ့ ရွာထဲ ပြန်ဝင်လာတဲ့သူ မနည်းဘူးနော့ ကိုမိုက် အစွမ်းက မသေးဘူးရယ်
Was this answer helpful?
LikeDislikeကိုဆာမိ၊wOw၊ ကိုမိုက်တို့ကို ရေးတာလေးက ဒီ အောက်ရောက်သွားတယ် ဆောရီးပါခင်ဗျ
မသဲနုအေး ရေ
မအားဘူး ဆိုပေမဲ့ အခုလို မေးသူ ခေါ်သူ ရှိတော့ မကြာမကြာ လာလည် နိုင်အောင် ကြိုးစားပါ့မယ်
ကိုချော လေသံကလဲ တစိမ်းဆန်လိုက်တာဗျာ
အရင်လို ရင်းရင်းနှီးနှီး ပြောစမ်းပါ
လှည်းတန်းက ကောင်မလေးကို မိတ်ဆက်ပေးတဲ့ လေသံမျိုးလေးပေါ့
Was this answer helpful?
LikeDislikeမင်းသားလေး ကိုနို ကျမ္မာပါစေဗျာ…။
တခါမှတော့ မဆုံဘူးပေမယ့် ရွာသားချင်းတော့ သွေးနီးတာပေါ့…။
ကျနော်တို့ ပို့ စ်တင်တယ်ဆိုတာကလည်း အင်တာနက်လိုင်းကောင်းနေလို့ တင်ဖြစ်တာ လွယ်နေတာပါ..။
အင်တာနက်လိုင်းမကောင်းလို့  စာတွေ ဆက်တိုက် မတင်ဖြစ်တာတွေ သိရကြားရတော့ အလိုလို အားနာတာ…။
ကိုယ်တွေထက် စာရေးကောင်းတဲ့ အမာခံ ရွာသားတွေကို အင်တာနက်လိုင်းကောင်းဖြစ်စေချင်တယ်…။
ကျနော်တို့ က သစ်မရခင် ၀ါးကွပ်တဲ့သဘောမျိုးပါ…။
မြန်မြန်လဲ..ကျမ္မာပါစေ..။ စာတွေလည်း ရေးနိုင်ပါစေ
Was this answer helpful?
LikeDislikeမင်းသားလေး
စဉ်းစားရေး
လင်းအားဖွေး
အင်းယားဈေး
နင်းပြားခွေး
ဗျင်းထားပေး
သင်းပျားမွှေး
တွင်းငါးကျွေး..
Was this answer helpful?
LikeDislike